ဘိုင်ယန်မြူးနစ်ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲကို ရွှေ့ပြောင်းရုပ်ရှင်ရုံကနေ အတူကြည့်ခဲ့တဲ့ ယာယာတိုရေးနဲ့ အက်ရှ်လေကိုး

ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေဖြစ်တဲ့ ယာယာတိုရေးနဲ့ အက်ရှ်လေကိုးတို့ဟာ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့နဲ့ မိုင် ပေါင်း ၁၄၀၀ ကျော်ဝေးတဲ့ လန်ဒန်မြို့မှာ ပြုလုပ်တဲ့ ရွှေ့ပြောင်းရုပ်ရှင်ရုံကနေ ဘိုင်ယန်မြူးနစ်နဲ့ လိုင်ယွန်တို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ပရိသတ်တွေနဲ့ အတူ ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဘိုင် ယန်မြူးနစ်က လိုင်ယွန်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။


Hotels.com ကနေစီစဉ်တာဖြစ်ပြီး လန်ဒန်မြို့မှာ ရှိတဲ့ The Dream Screen မဂ္ဂဇင်းက ကျင်းပတဲ့ ဒီပွဲကိုတော့ ယာယာ တိုရေးနဲ့ အက်ရှ်လေးကိုးတို့က ပရိသတ်တွေနဲ့အတူ လာရောက်ပူးပေါင်းပြီး ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ယာယာတိုရေး၊ အက်ရှ်လေကိုးတို့နဲ့ အတူ လူသန်ကြီးလို့ နာမည်ကြီးနေတဲ့ ဝိုင်ကမ်ဘီတိုက်စစ်မှူး အကင်ဖန်ဝါ၊ အင်္ဂလန်ကစားသမား ဟောင်း စကော့မင်တို တို့လည်း လာရောက်ကြည့်ရှုတယ်လို့ သိရပါတယ်။


ရွှေ့ပြောင်းရုပ်ရှင်ရုံနဲ့ ပြခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ လိုင်ယွန်တို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို ပရိသတ်တွေအနေနဲ့ ဇိမ်ရှိတဲ့ခုံတွေနဲ့ ထိုင်ပြီးကြည့်ရှုခဲ့ကြသလို အစားအသောက်တွေစားပြီး ပြောဆိုဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲကို ဗြိတိန်မှာ ရှိတဲ့ နာမည်ကျော်အများအပြားလည်း လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပြီး ဗြိတိန်ရုပ်သံ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Love Island ရဲ့ ၂၀၁၉ ဆုရှင် ပက်ဂီတာလေ လာရောက်ကြည့်ရှုခဲ့ပါတယ်။


အသက် ၃၇ ခုနှစ်ရှိနေပြီဖြစ်တဲ့ ယာယာတိုရေးက “ ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ တကယ်ကိုကြီးကျယ်တဲ့ပွဲတစ်ပွဲ ဖြစ် လာမှာပါ။ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်တို့ဟာ အသင်းကြီးတွေဖြစ်တာကြောင့် တကယ့်ပွဲကောင်းတစ်ပွဲကို တွေ့မှာပါ” လို့ ပြောခဲ့ပါတယ်။ Hotels.com ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ တရားဝင်မိတ်ဖက် လုပ်ငန်းတစ်ခုဖြစ်ပြီး ဘောလုံးပွဲတွေကို ကွင်း တွင်းကြည့်ရှုလို့ မရသေးချိန်မှာ လန်ဒန်မြို့ရဲ့ကောင်းကင်းအလင်းရောင်ကို နောက်ခံထားပြီး ဘောလုံးပွဲတွေကို ပြသခဲ့တာ ဖြစ်ပါတယ်။

zawgyi version

ဘိုင္ယန္ျမဴးနစ္ရဲ႕ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲကို ေရႊ႕ေျပာင္း႐ုပ္ရွင္ရံုကေန အတူၾကည့္ခဲ့တဲ့ ယာယာတိုေရးနဲ႔ အက္ရွ္ေလ ကိုး
ပရီးမီးယားလိဂ္ကစားသမားေဟာင္းေတြျဖစ္တဲ့ ယာယာတိုေရးနဲ႔ အက္ရွ္ေလကိုးတို႔ဟာ ေပၚတူဂီႏိုင္ငံ လစၥဘြန္းျမဳိ႕နဲ႔ မိုင္ ေပါင္း ၁၄၀၀ ေက်ာ္ေဝးတဲ့ လန္ဒန္ၿမိဳ႕မွာ ျပဳလုပ္တဲ့ ေရႊ႕ေျပာင္း႐ုပ္ရွင္ရံုကေန ဘိုင္ယန္ျမဴးနစ္နဲ႔ လိုင္ယြန္တို႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္ကို ပရိသတ္ေတြနဲ႔ အတူ ၾကည့္ရႈခဲ့တယ္လို႔ သိရပါတယ္။ ဆီမီးဖိုင္နယ္ပြဲစဥ္မွာေတာ့ ဘိုင္ ယန္ျမဴးနစ္က လိုင္ယြန္ကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရၿပီး ဗိုလ္လုပြဲကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။
Hotels.com ကေနစီစဥ္တာျဖစ္ၿပီး လန္ဒန္ၿမိဳ႕မွာ ရွိတဲ့ The Dream Screen မဂၢဇင္းက က်င္းပတဲ့ ဒီပြဲကိုေတာ့ ယာယာ တိုေရးနဲ႔ အက္ရွ္ေလးကိုးတို႔က ပရိသတ္ေတြနဲ႔အတူ လာေရာက္ပူးေပါင္းၿပီး ၾကည့္ရႈခဲ့တာျဖစ္ပါတယ္။ယာယာတိုေရး၊ အက္ရွ္ေလကိုးတို႔နဲ႔ အတူ လူသန္ႀကီးလို႔ နာမည္ႀကီးေနတဲ့ ဝိုင္ကမ္ဘီတိုက္စစ္မွဴး အကင္ဖန္ဝါ၊ အဂၤလန္ကစားသမား ေဟာင္း စေကာ့မင္တို တို႔လည္း လာေရာက္ၾကည့္ရႈတယ္လို႔ သိရပါတယ္။
ေရႊ႕ေျပာင္း႐ုပ္ရွင္ရံုနဲ႔ ျပခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ လိုင္ယြန္တို႔ရဲ႕ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္ကို ပရိသတ္ေတြအေနနဲ႔ ဇိမ္ရွိတဲ့ခံုေတြနဲ႔ ထိုင္ၿပီးၾကည့္ရႈခဲ့ၾကသလို အစားအေသာက္ေတြစားၿပီး ေျပာဆိုေဆြးေႏြးမႈေတြလည္း ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီပြဲကို ၿဗိတိန္မွာ ရွိတဲ့ နာမည္ေက်ာ္အမ်ားအျပားလည္း လာေရာက္ၾကည့္ရႈခဲ့တယ္လို႔ သိရၿပီး ၿဗိတိန္႐ုပ္သံ ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ Love Island ရဲ႕ ၂၀၁၉ ဆုရွင္ ပက္ဂီတာေလ လာေရာက္ၾကည့္ရႈခဲ့ပါတယ္။
အသက္ ၃၇ ခုႏွစ္ရွိေနၿပီျဖစ္တဲ့ ယာယာတိုေရးက “ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကေတာ့ တကယ္ကိုႀကီးက်ယ္တဲ့ပြဲတစ္ပြဲ ျဖစ္ လာမွာပါ။ ပီအက္စ္ဂ်ီ၊ ဘိုင္ယန္ျမဴးနစ္တို႔ဟာ အသင္းႀကီးေတြျဖစ္တာေၾကာင့္ တကယ့္ပြဲေကာင္းတစ္ပြဲကို ေတြ႕မွာပါ” လို႔ ေျပာခဲ့ပါတယ္။ Hotels.com ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ တရားဝင္မိတ္ဖက္ လုပ္ငန္းတစ္ခုျဖစ္ၿပီး ေဘာလံုးပြဲေတြကို ကြင္း တြင္းၾကည့္ရႈလို႔ မရေသးခ်ိန္မွာ လန္ဒန္ၿမိဳ႔ရဲ႕ေကာင္းကင္းအလင္းေရာင္ကို ေနာက္ခံထားၿပီး ေဘာလံုးပြဲေတြကို ျပသခဲ့တာ ျဖစ္ပါတယ္။