ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ် တက်ခဲ့တာကြောင့် ချန်ပီယံလိဂ်အပါအဝင် ဖလား ၃ လုံးချန်ပီယံဆုကို ဘယ်အသင်းရမလဲ စောင့်ကြည့်ရတော့မယ်

ဘိုင်ယန်မြူးနစ်ဟာ လိုင်ယွန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သုံးဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ နောက်ထပ်ပြင်သစ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ တို့ နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးချန်ပီယံဆုအပြင် ပြည်တွင်းဖ လားတွေမှာပါ ချန်ပီယံဖြစ်ထားတာကြောင့် ချန်ပီလိဂ်မှာ ချန်ပီယံဖြစ်တဲ့ အသင်းက တစ်ရာသီအတွင်း ဖလား ၃လုံးရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်မှာပဲ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် နည်းပြ ဟန်ဆီဖိလစ်ကတော့ ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီနဲ့ ကစားမယ့်ပွဲမှာ အသင်း အနေနဲ့ ခံစစ်ပိုင်းကို ပိုပြီးအားစိုက်ကစားသွားဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။ လိုင်ယွန်နဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အနေနဲ့ ခံစစ် ပိုင်းမှာ အားနည်းမှုတွေရှိခဲ့ပြီး လိုင်ယွန်ကစားသမားတွေရဲ့ ဂိုးကန်သွင်းမှု မသေချာတာကြောင့်သာ ဦးဆောင်ဂိုးမပေးခဲ့ရ တာ ဖြစ်ပါတယ်။

ဟန်ဆီဖိလစ်က “ လိုင်ယွန်နဲ့ပွဲက ခက်ခဲမယ်ဆိုတာ သိပါတယ်။ သူတို့က ဂျူဗင်တပ်၊မန်စီးတီးတို့ကို ကျော်ဖြတ်လာတဲ့ အသင်းပါ။ တကယ်ကို ခက်ခက်ခဲခဲ ကစားပြီးမှအနိုင်ရခဲ့တာပါ။ ပီအက်စ်ဂျီက လိုင်ယွန်ထက်ပိုပြီး ကစားသမားကောင်း တွေရှိပါတယ်။ နေမာ၊ အမ်ဘတ်ပီတို့လို ထိပ်တန်းကစားသမားကောင်းတွေကြောင့် အသင်းရဲ့ခံစစ်ပိုင်းက အခုထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းဖို့ လိုပါတယ်” လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်ဖြစ်တဲ့ ဂိုးသမားနူအာက လက်ရှိအသင်းရဲ့ စုဖွဲ့မှုဟာ ၂၀၁၃ ခုနှစ်က ဖလား၃ လုံးရခဲ့ တဲ့အသင်းထက် ပိုပြီးကောင်းတယ်လို့ ပြောခဲ့ပါတယ်။ ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တဲ့ အသင်းကနေ နူအာ၊ အလာဘာ၊ ဘိုတန်နဲ့ မူလာတို့ ၄ဦးပဲ လက်ရှိအသင်းမှာ ရှိနေတော့တာ ဖြစ်ပါတယ်။ လိုင်ယွန်နဲ့ ပွဲမှာ ခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့ တဲ့ တောင်ပံကစားသမား ဂနာဘရီကို နည်းပြဟန်ဆီဖိလစ်နဲ့ အသင်းခေါင်းဆောင် နူအာတို့က ချီးကျူးခဲ့ကြပါတယ်။

zawgyi version

ဗိုလ္လုပြဲကို ဘိုင္ယန္ျမဴးနစ္ တက္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္အပါအဝင္ ဖလား ၃ လံုးခ်န္ပီယံဆုကို ဘယ္အသင္းရမလဲ ေစာင့္ၾကည့္ရေတာ့မယ္
ဘိုင္ယန္ျမဴးနစ္ဟာ လိုင္ယြန္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္မွာ သံုးဂိုးျပတ္နဲ႔ အႏိုင္ရၿပီးေနာက္ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ဗိုလ္လုပြဲမွာ ေနာက္ထပ္ျပင္သစ္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ ပီအက္စ္ဂ်ီနဲ႔ ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီ တို႔ ႏွစ္သင္းစလံုးဟာ ၿပီးခဲ့တဲ့ရာသီမွာ အမွတ္ေပးခ်န္ပီယံဆုအျပင္ ျပည္တြင္းဖ လားေတြမွာပါ ခ်န္ပီယံျဖစ္ထားတာေၾကာင့္ ခ်န္ပီလိဂ္မွာ ခ်န္ပီယံျဖစ္တဲ့ အသင္းက တစ္ရာသီအတြင္း ဖလား ၃လံုးရတဲ့ အသင္းအျဖစ္ မွတ္တမ္းဝင္မွာပဲ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ နည္းျပ ဟန္ဆီဖိလစ္ကေတာ့ ဗိုလ္လုပြဲကိုတက္ေရာက္ႏိုင္ခဲ့ေပမယ့္ ပီအက္စ္ဂ်ီနဲ႔ ကစားမယ့္ပြဲမွာ အသင္း အေနနဲ႔ ခံစစ္ပိုင္းကို ပိုၿပီးအားစိုက္ကစားသြားဖို႔ ရွိတယ္လို႔ ေျပာခဲ့ပါတယ္။ လိုင္ယြန္နဲ႔ပြဲမွာ ဘိုင္ယန္ျမဴးနစ္အေနနဲ႔ ခံစစ္ ပိုင္းမွာ အားနည္းမႈေတြရွိခဲ့ၿပီး လိုင္ယြန္ကစားသမားေတြရဲ႕ ဂိုးကန္သြင္းမႈ မေသခ်ာတာေၾကာင့္သာ ဦးေဆာင္ဂိုးမေပးခဲ့ရ တာ ျဖစ္ပါတယ္။
ဟန္ဆီဖိလစ္က “ လိုင္ယြန္နဲ႔ပြဲက ခက္ခဲမယ္ဆိုတာ သိပါတယ္။ သူတို႔က ဂ်ဴဗင္တပ္၊မန္စီးတီးတို႔ကို ေက်ာ္ျဖတ္လာတဲ့ အသင္းပါ။ တကယ္ကို ခက္ခက္ခဲခဲ ကစားၿပီးမွအႏိုင္ရခဲ့တာပါ။ ပီအက္စ္ဂ်ီက လိုင္ယြန္ထက္ပိုၿပီး ကစားသမားေကာင္း ေတြရွိပါတယ္။ ေနမာ၊ အမ္ဘတ္ပီတို႔လို ထိပ္တန္းကစားသမားေကာင္းေတြေၾကာင့္ အသင္းရဲ႕ခံစစ္ပိုင္းက အခုထက္ပိုၿပီး စြမ္းေဆာင္ရည္ေကာင္းဖို႔ လိုပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းေခါင္းေဆာင္ျဖစ္တဲ့ ဂိုးသမားႏူအာက လက္ရွိအသင္းရဲ႕ စုဖြဲ႕မႈဟာ ၂၀၁၃ ခုႏွစ္က ဖလား၃ လံုးရခဲ့ တဲ့အသင္းထက္ ပိုၿပီးေကာင္းတယ္လို႔ ေျပာခဲ့ပါတယ္။ ဖလား ၃ လံုးခ်န္ပီယံျဖစ္ခဲ့တဲ့ အသင္းကေန ႏူအာ၊ အလာဘာ၊ ဘိုတန္နဲ႔ မူလာတို႔ ၄ဦးပဲ လက္ရွိအသင္းမွာ ရွိေနေတာ့တာ ျဖစ္ပါတယ္။ လိုင္ယြန္နဲ႔ ပြဲမွာ ေျခစြမ္းျပၿပီး ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ တဲ့ ေတာင္ပံကစားသမား ဂနာဘရီကို နည္းျပဟန္ဆီဖိလစ္နဲ႔ အသင္းေခါင္းေဆာင္ ႏူအာတို႔က ခ်ီးက်ဴးခဲ့ၾကပါတယ္။