လိုင်ယွန်နဲ့ ကစားရတယ်ဆိုပေမယ့် ပေါ့ဆလို့ မရကြောင်း အသင်းသားတွေကို သတိပေးပြောဆိုခဲ့တဲ့ ဟန်ဆီဖိလစ်

ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖိလစ်က ဒီနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဖြစ်တဲ့ လိုင်ယွန်နဲ့ပွဲမှာ အသင်း သားတွေအနေနဲ့ လိုင်ယွန်နဲ့ ကစားရတာဖြစ်တယ်ဆိုပြီး ပေါ့ပေါ့ဆဆ ကစားလို့မရကြောင်းပြောခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ခြေစွမ်းပြပြီး ဘာစီလိုနာကို ရှစ်ဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အသင်းသားတွေအနေနဲ့ စိတ်ဓာတ်တက်ကြွနေတာကြောင့် ဟန်ဆီဖိလစ်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။

ဟန်ဆီဖိလစ်က “ လိုင်ယွန်မှာ ကစားသမားကောင်းတွေရှိပြီး လက်ရှိခြေစွမ်းအရလည်း အကောင်းဆုံးဖြစ်နေပါတယ်။ သူတို့ ကျော်ဖြတ်လာတဲ့အသင်းတွေကို ကြည့်ရင် သူတို့ကိုလျော့တွက်လို့ မရဘူးဆိုတာကို တွေ့ရမှာပါ။ လက်ရှိအနေ အထားအရ ဘိုင်ယန်မြူးနစ်က ဗိုလ်လုပွဲတက်ဖို့ ရေပန်းစားတယ်ဆိုပေမယ့် ပေါ့ဆလို့တော့မရပါဘူး” လို့ပြောခဲ့ပါတယ်။ လိုင်ယွန်ဟာ ရှုံးထွက် ၁၆ သင်းအဆင့်မှာ ဂျူဗင်တပ်နဲ့ ကွာတားဖိုင်နယ်အဆင့်မှာ မန်စီးတီးတို့ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင် နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖိလစ်က လိုင်ယွန်နည်းပြရူဒီဂါစီယာနဲ့ ပတ်သက်ပြီးတော့လည်း “ ဂါစီယာဟာ နည်းစနစ် ပိုင်း ကျွမ်းကျင်တဲ့ နည်းပြတစ်ယောက်ပါ။ ခံစစ်ကစားနေတဲ့ အသင်းကနေ ချက်ချင်းတိုက်စစ်ကို ပြောင်းလဲနိုင်သလို၊ တိုက်စစ်ကနေလည်း ခံစစ်ကို ပြောင်းလဲနိုင်ပါတယ်။ ဘိုင်ယန်နဲ့ ကစားမယ့်ပွဲအတွက်လည်း သူအနေနဲ့ အကောင်းဆုံး ပြင် ဆင်လာမှာပါ။ ပွဲအပြီးအဖြေကတော့ စိတ်ဝင်စားစရာကောင်းသလို မထင်မှတ်တာတွေလည်း ဖြစ်လာနိုင်ပါတယ်” လို့ ပြော ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဆီမီးဖိုင်နယ်ရောက်ခဲ့တဲ့ အသင်းလေးသင်းမှာ ချန်ပီယံလိဂ်ဖလားကို ရထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး ဗိုလ်စွဲဖို့အတွက်လည်း ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့ လိုင်ယွန်ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားအပါအဝင် ဖလား ၃ လုံးရယူဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

zawgyi version

လိုင္ယြန္နဲ႔ ကစားရတယ္ဆိုေပမယ့္ ေပါ့ဆလို႔ မရေၾကာင္း အသင္းသားေတြကို သတိေပးေျပာဆိုခဲ့တဲ့ ဟန္ဆီဖိလစ္
ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီဖိလစ္က ဒီေန႔ညမွာ ကစားမယ့္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ျဖစ္တဲ့ လိုင္ယြန္နဲ႔ပြဲမွာ အသင္း သားေတြအေနနဲ႔ လိုင္ယြန္နဲ႔ ကစားရတာျဖစ္တယ္ဆိုၿပီး ေပါ့ေပါ့ဆဆ ကစားလို႔မရေၾကာင္းေျပာခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္ ဟာ ကြာတားဖိုင္နယ္အဆင့္မွာ ေျခစြမ္းျပၿပီး ဘာစီလိုနာကို ရွစ္ဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ အသင္းသားေတြအေနနဲ႔ စိတ္ဓာတ္တက္ႂကြေနတာေၾကာင့္ ဟန္ဆီဖိလစ္က အခုလို ေျပာခဲ့တာျဖစ္ပါတယ္။
ဟန္ဆီဖိလစ္က “ လိုင္ယြန္မွာ ကစားသမားေကာင္းေတြရွိၿပီး လက္ရွိေျခစြမ္းအရလည္း အေကာင္းဆံုးျဖစ္ေနပါတယ္။ သူတို႔ ေက်ာ္ျဖတ္လာတဲ့အသင္းေတြကို ၾကည့္ရင္ သူတို႔ကိုေလ်ာ့တြက္လို႔ မရဘူးဆိုတာကို ေတြ႕ရမွာပါ။ လက္ရွိအေန အထားအရ ဘိုင္ယန္ျမဴးနစ္က ဗိုလ္လုပြဲတက္ဖို႔ ေရပန္းစားတယ္ဆိုေပမယ့္ ေပါ့ဆလို႔ေတာ့မရပါဘူး” လို႔ေျပာခဲ့ပါတယ္။ လိုင္ယြန္ဟာ ရႈံးထြက္ ၁၆ သင္းအဆင့္မွာ ဂ်ဴဗင္တပ္နဲ႔ ကြာတားဖိုင္နယ္အဆင့္မွာ မန္စီးတီးတို႔ကို ေက်ာ္ျဖတ္ၿပီး ဆီမီးဖိုင္ နယ္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီဖိလစ္က လိုင္ယြန္နည္းျပ႐ူဒီဂါစီယာနဲ႔ ပတ္သက္ၿပီးေတာ့လည္း “ ဂါစီယာဟာ နည္းစနစ္ ပိုင္း ကြ်မ္းက်င္တဲ့ နည္းျပတစ္ေယာက္ပါ။ ခံစစ္ကစားေနတဲ့ အသင္းကေန ခ်က္ခ်င္းတိုက္စစ္ကို ေျပာင္းလဲႏိုင္သလို၊ တိုက္စစ္ကေနလည္း ခံစစ္ကို ေျပာင္းလဲႏိုင္ပါတယ္။ ဘိုင္ယန္နဲ႔ ကစားမယ့္ပြဲအတြက္လည္း သူအေနနဲ႔ အေကာင္းဆံုး ျပင္ ဆင္လာမွာပါ။ ပြဲအၿပီးအေျဖကေတာ့ စိတ္ဝင္စားစရာေကာင္းသလို မထင္မွတ္တာေတြလည္း ျဖစ္လာႏိုင္ပါတယ္” လို႔ ေျပာ ခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ ဆီမီးဖိုင္နယ္ေရာက္ခဲ့တဲ့ အသင္းေလးသင္းမွာ ခ်န္ပီယံလိဂ္ဖလားကို ရထားတဲ့ တစ္သင္းတည္းေသာ အသင္းျဖစ္ၿပီး ဗိုလ္စြဲဖို႔အတြက္လည္း ေရပန္းအစားဆံုးျဖစ္ေနပါတယ္။ ဘိုင္ယန္ျမဴးနစ္အေနနဲ႔ လိုင္ယြန္ကို အႏိုင္ယူၿပီး ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့မယ္ဆိုရင္ ပီအက္စ္ဂ်ီနဲ႔ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဖလားအပါအဝင္ ဖလား ၃ လံုးရယူဖို႔ ပစ္မွတ္ထားေနတာလည္း ျဖစ္ပါတယ္။