ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် ကစားခွင့်ရဖို့ မသေချာတော့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ

ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့နေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လစ်ပ်ဇစ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် အဓိကတိုက်စစ်မှူး နေ မာက တော့ပွဲပယ်ခံရမယ့် အခြေအနေမှာ ရှိနေပါတယ်။ နေမာဟာ အတ္တလန္တာ၊ လစ်ပ်ဇစ်တို့ကို အနိုင်ရတဲ့ပွဲတွေမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြကစားနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

နေမာအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့အပြီးမှာ လပ်စ်ဇစ်ကစားသမား ဟယ်စတန်ဘတ်နဲ့ အင်္ကျီလဲခဲ့တာ ကြောင့် ယူအီးအက်ဖ်အေရဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးအတွက် တားမြစ်ထားတဲ့ စည်းကမ်းကို ချိုးဖောက်တယ်ဆိုပြီး အရေးယူ ခံရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ယူအီးအက်ဖ်အေစည်းမျဉ်းစာအုပ်ရဲ့ စာမျက်နှာ ၃၁ မှာတော့ ဘောလုံးပွဲတွေပြန် ကစားချိန်မှာ ကစားသမားတွေအနေနဲ့ အင်္ကျီလဲလှယ်ခြင်းမပြုလုပ်ဖို့ တားမြစ်ထားတာ ပါဝင်ခဲ့ပါတယ်။

လစ်ပ်ဇစ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ဒီမာရီယာကို မီဒီယာတွေက ချီးကျူးပြုတွေပြုလုပ်ခဲ့ပါ တယ်။ ဒီမာရီယာအနေနဲ့ ပီအက်စ်ဂျီရခဲ့တဲ့ သုံးဂိုးစလုံးမှာ ပါဝင်ပတ်သက်ခဲ့ပြီး ကိုယ်တိုင်တစ်ဂိုးသွင်းနိုင်သလို ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဒီမာရီယာအနေနဲ့ ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ တာဖြစ်ပါတယ်။

လစ်ပ်ဇစ်နည်းပြ နာဂျယ်စမန်းက “ ပီအက်စ်ဂျီက အသင်းကောင်းတစ်သင်းဖြစ်သလို ဒီပွဲမှာလည်း စွမ်းဆောင်ရည်ပို ကောင်းတာကြောင့် ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့တာပါ။ လစ်ပ်ဇစ်အနေနဲ့ ပွဲအစပိုင်း ၁၀ မိနစ်လောက်မှာ ပီအက်စ်ဂျီကို ယှဉ်ကစားနိုင်ခဲ့ပါတယ်။ဒါပေမယ့် သူတို့ ဦးဆောင်ဂိုးရသွားတဲ့အချိန်မှာတော့ အသင်းအနေနဲ့ သူတို့ကို ယှဉ်မကစားနိုင် တော့ပါဘူး။” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဗိုလ္လုပြဲ တက္ခဲ့ေပမယ့္ ကစားခြင့္ရဖို႔ မေသခ်ာေတာ့တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ေနမာ
ပီအက္စ္ဂ်ီဟာ ၿပီးခဲ့တဲ့ေန႔က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္မွာ လစ္ပ္ဇစ္ကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရၿပီးေနာက္ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ေပမယ့္ အဓိကတိုက္စစ္မွဴး ေန မာက ေတာ့ပြဲပယ္ခံရမယ့္ အေျခအေနမွာ ရွိေနပါတယ္။ ေနမာဟာ အတၱလႏၲာ၊ လစ္ပ္ဇစ္တို႔ကို အႏိုင္ရတဲ့ပြဲေတြမွာ ပီအက္စ္ဂ်ီအတြက္ ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။
ေနမာအေနနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုတက္ေရာက္ႏိုင္ခဲ့အၿပီးမွာ လပ္စ္ဇစ္ကစားသမား ဟယ္စတန္ဘတ္နဲ႔ အက်ႌလဲခဲ့တာ ေၾကာင့္ ယူအီးအက္ဖ္ေအရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ပိုးအတြက္ တားျမစ္ထားတဲ့ စည္းကမ္းကို ခ်ိဳးေဖာက္တယ္ဆိုၿပီး အေရးယူ ခံရဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။ ယူအီးအက္ဖ္ေအစည္းမ်ဥ္းစာအုပ္ရဲ႕ စာမ်က္ႏွာ ၃၁ မွာေတာ့ ေဘာလံုးပြဲေတြျပန္ ကစားခ်ိန္မွာ ကစားသမားေတြအေနနဲ႔ အက်ႌလဲလွယ္ျခင္းမျပဳလုပ္ဖို႔ တားျမစ္ထားတာ ပါဝင္ခဲ့ပါတယ္။
လစ္ပ္ဇစ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ပီအက္စ္ဂ်ီအတြက္ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဒီမာရီယာကို မီဒီယာေတြက ခ်ီးက်ဴးျပဳေတြျပဳလုပ္ခဲ့ပါ တယ္။ ဒီမာရီယာအေနနဲ႔ ပီအက္စ္ဂ်ီရခဲ့တဲ့ သံုးဂိုးစလံုးမွာ ပါဝင္ပတ္သက္ခဲ့ၿပီး ကိုယ္တိုင္တစ္ဂိုးသြင္းႏိုင္သလို ဂိုးဖန္တီးမႈ ႏွစ္ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ ဒီမာရီယာအေနနဲ႔ ပြဲရဲ႕အေကာင္းဆံုးကစားသမားဆုကိုလည္း ရရွိခဲ့ တာျဖစ္ပါတယ္။
လစ္ပ္ဇစ္နည္းျပ နာဂ်ယ္စမန္းက “ ပီအက္စ္ဂ်ီက အသင္းေကာင္းတစ္သင္းျဖစ္သလို ဒီပြဲမွာလည္း စြမ္းေဆာင္ရည္ပို ေကာင္းတာေၾကာင့္ ဗိုလ္လုပြဲကိုတက္ေရာက္ႏိုင္ခဲ့တာပါ။ လစ္ပ္ဇစ္အေနနဲ႔ ပြဲအစပိုင္း ၁၀ မိနစ္ေလာက္မွာ ပီအက္စ္ဂ်ီကို ယွဥ္ကစားႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ သူတို႔ ဦးေဆာင္ဂိုးရသြားတဲ့အခ်ိန္မွာေတာ့ အသင္းအေနနဲ႔ သူတို႔ကို ယွဥ္မကစားႏိုင္ ေတာ့ပါဘူး။” လို႔ ေျပာခဲဲ့ပါတယ္။