အမ်ဘတ်ပီအနေနဲ့ လစ်ပ်ဇစ်နဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ကစားနိုင်မယ်လို့ ပီအက်စ်ဂျီနည်းပြ တူချယ်လ်ပြောကြား

ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်လ်က ဒီနေ့ညမှာကစားမယ့် လစ်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး အမ်ဘတ်ပီအနေနဲ့ ပွဲထွက်ကစားသမားအဖြစ် ကစားဖို့ ကြံခိုင်မှု ပြည့်ဝနေပြီလို့ ပြောခဲ့ပါ တယ်။ အမ်ဘတ်ပီဟာ အတ္တလန္တာနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲတုန်းက ပွဲပြီးခါနီး မိနစ် ၃၀ အလိုမှ ဝင်ရောက်ကစား ခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြ တူချယ်လ်က “ အမ်ဘတ်ပီအနေနဲ့ ၆ ရက်လောက်အနားရထားတာကြောင့် လစ်ပ်ဇစ်နဲ့ပွဲမှာ ပွဲထွက် ကစားဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ နေမာက အသင်းကိုဦးဆောင်နိုင်တဲ့ ကစားသမားတစ်ယောက်ဆိုပေမယ့် အမ် ဘတ်ပီနဲ့ အတူတွဲပြီး အသင်းကိုအကောင်းဆုံးကစားနိုင်အောင်ကူညီနိုင်မယ်လို့ ယုံကြည်မှုရှိပါတယ်။ အတိတ်တွေကို မပြောချင်တော့ဘဲ အခုအောင်မြင်မှုရဖို့အတွက်ပဲ လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ နောက်ဆုံး ၂၅ နှစ်အတွင်းမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ်ရဖို့ ရည်မှန်းထားတဲ့အသင်းလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ဒီနှစ်မှာ ပြင်သစ်ပြည်တွင်းဖလားအား လုံးကို ရရှိထားတာကြောင့် ချန်ပီယံလိဂ်ကိုပါ အရယူနိုင်ခဲ့မယ်ဆိုရင် တစ်ရာသီအတွင်းမှာ ချန်ပီယံလိဂ်အပါအဝင် ဆု ဖလား ၄လုံးအထိရယူနိုင်တဲ့ အသင်းဖြစ်လာမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်လ်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာတွေ့ရမယ့် လစ်ပ်ဇစ်နည်းပြ နာဂျယ်စမန်းကိုလည်း အသက်ငယ်ပေမယ့် အရည်အချင်းရှိတဲ့ နည်းပြတစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။ အသက် ၃၃ နှစ်ပဲ ရှိသေးတဲ့ နာဂျယ်စမန်းဟာ အော့စ်ဘတ်(2)အသင်းကို တူချယ်လ်ကိုင်တွယ်ခဲ့တုန်းက ကစားသမားအဖြစ်သာရှိသေးပေမယ့် လက်ရှိမှာတော့ အအောင်မြင်ဆုံး လူငယ်နည်းပြတစ်ယောက် ဖြစ်နေပြီပဲ ဖြစ်ပါတယ်။

zawgyi version

အမ္ဘတ္ပီအေနနဲ႔ လစ္ပ္ဇစ္နဲ႔ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ ကစားႏိုင္မယ္လို႔ ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္လ္ေျပာၾကား
ပီအက္စ္ဂ်ီအသင္းနည္းျပ တူခ်ယ္လ္က ဒီေန႔ညမွာကစားမယ့္ လစ္ပ္ဇစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္မွာ အသင္းရဲ႕ အဓိကတိုက္စစ္မွဴး အမ္ဘတ္ပီအေနနဲ႔ ပြဲထြက္ကစားသမားအျဖစ္ ကစားဖို႔ ၾကံခိုင္မႈ ျပည့္ဝေနၿပီလို႔ ေျပာခဲ့ပါ တယ္။ အမ္ဘတ္ပီဟာ အတၱလႏၲာနဲ႔ ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲတုန္းက ပြဲၿပီးခါနီး မိနစ္ ၃၀ အလိုမွ ဝင္ေရာက္ကစား ခဲ့ေပမယ့္ ေျခစြမ္းျပႏိုင္ခဲ့သူ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္လ္က “ အမ္ဘတ္ပီအေနနဲ႔ ၆ ရက္ေလာက္အနားရထားတာေၾကာင့္ လစ္ပ္ဇစ္နဲ႔ပြဲမွာ ပြဲထြက္ ကစားဖို႔အတြက္ အဆင္သင့္ျဖစ္ေနပါၿပီ။ ေနမာက အသင္းကိုဦးေဆာင္ႏိုင္တဲ့ ကစားသမားတစ္ေယာက္ဆိုေပမယ့္ အမ္ ဘတ္ပီနဲ႔ အတူတြဲၿပီး အသင္းကိုအေကာင္းဆံုးကစားႏိုင္ေအာင္ကူညီႏိုင္မယ္လို႔ ယံုၾကည္မႈရွိပါတယ္။ အတိတ္ေတြကို မေျပာခ်င္ေတာ့ဘဲ အခုေအာင္ျမင္မႈရဖို႔အတြက္ပဲ လုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ပီအက္စ္ဂ်ီဟာ ေနာက္ဆံုး ၂၅ ႏွစ္အတြင္းမွာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္ကို ပထမဆံုးအႀကိမ္တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ၿပီး ခ်န္ပီယံလိဂ္ရဖို႔ ရည္မွန္းထားတဲ့အသင္းလည္းျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ ဒီႏွစ္မွာ ျပင္သစ္ျပည္တြင္းဖလားအား လံုးကို ရရွိထားတာေၾကာင့္ ခ်န္ပီယံလိဂ္ကိုပါ အရယူႏိုင္ခဲ့မယ္ဆိုရင္ တစ္ရာသီအတြင္းမွာ ခ်န္ပီယံလိဂ္အပါအဝင္ ဆု ဖလား ၄လံုးအထိရယူႏိုင္တဲ့ အသင္းျဖစ္လာမွာ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းနည္းျပ တူခ်ယ္လ္က ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာေတြ႕ရမယ့္ လစ္ပ္ဇစ္နည္းျပ နာဂ်ယ္စမန္းကိုလည္း အသက္ငယ္ေပမယ့္ အရည္အခ်င္းရွိတဲ့ နည္းျပတစ္ဦးလို႔ ခ်ီးက်ဴးခဲ့ပါတယ္။ အသက္ ၃၃ ႏွစ္ပဲ ရွိေသးတဲ့ နာဂ်ယ္စမန္းဟာ ေအာ့စ္ဘတ္(2)အသင္းကို တူခ်ယ္လ္ကိုင္တြယ္ခဲ့တုန္းက ကစားသမားအျဖစ္သာရွိေသးေပမယ့္ လက္ရွိမွာေတာ့ အေအာင္ျမင္ဆံုး လူငယ္နည္းျပတစ္ေယာက္ ျဖစ္ေနၿပီပဲ ျဖစ္ပါတယ္။