အဲလ်ဖွန်ဆိုဒေးဗီးစ်အနေနဲ့ ဘယ်တောင်ပံနာမည်ကျော်တွေဖြစ်တဲ့ ရွိုင်ယန်ဂစ်၊ ဂါရတ်ဘေးလ်တို့နဲ့ နှိုင်းယှဉ်ဖော်ပြခံရ

အောက်ဖို့ဒ်နည်းပြ ကားလ်ရော်ဘင်ဆန်က ဘိုင်ယန်မြူးနစ်မှ ဘယ်နောက်ခံလူ အဲလ်ဖွန်ဆိုဒေးဗီးစ်ကို ဘယ်တောင်ပံ တွင် ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ရွိုင်ယန်ဂစ်၊ ဂါရတ်ဘေးလ်တို့နဲ့ နှိုင်းယှဉ်ခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံးဘယ်နောက်ခံလူ တစ်ဦးဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ အဲလ်ဖွန်ဆိုဒေး ဗီးစ်ဟာ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို ရှစ်ဂိုးနှစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

The World Game ကနေတဆင့် ရော်ဘင်ဆန်က “ အဲလ်ဖွန်ဆိုဒေးဗီးစ်ရဲ့တိုးတက်မှုကို မြင်ရတဲ့သူကို ပြုံးပျော်နေကြ မှာပါ။ ကျွန်တော်လည်း ဘောလုံးလောကထဲက သူတစ်ဦးဖြစ်သလို သူရဲ့ပရော်ဖက်ရှင်နယ်ပွဲဦးထွက် အခွင့်အရေးကို ပေး ခဲ့သူလည်းဖြစ်ပါတယ်။ဒေးဗီးစ်ရဲ့ ခြေစွမ်းတိုးတက်မှုက အံသြဖွယ်ကောင်းလောက်အောင်ဖြစ်သွားပြီး တစ်ချိန်မှာ ကမ္ဘာ့ အကောင်းဆုံးနောက်ခံလူ တစ်ဦးဖြစ်လာမှာပါ” လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ရော်ဘင်ဆန်က “ ဘာစီလိုနာနဲ့ ကစားတဲ့ပွဲတုန်းက ဆီမီဒိုရဲ့နောက် ၃၊၄ ကိုက်အကွာလောက်ကနေ အမီ လိုက်နိုင်ခဲ့တာကို ကြည့်ပြီး ရွိုင်ယန်ဂစ်ရဲ့ငယ်ဘဝကို ပြန်မြင်နေရသလိုပါပဲ။ အသက်ငယ်သေးပေမယ့် ဘိုင်ယန်မြူးနစ်အ တွက် အရေးကြီးအစိတ်အပိုင်းတစ်ခုဆိုတာ ဒေးဗီးစ်အနေနဲ့ ပြနိုင်ခဲ့ပါတယ်။ ၂၀၁၉ ဇန်နဝါရီမှ ဘိုင်ယန်မြူးနစ်ကို ဒေးဗီးစ် ရောက်ခဲ့ပေမယ့် အခုဆိုရင် ဦးစားပေးကစားဖြစ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။

အဲလ်ဖွန်ဆိုဒေးဗီးစ်ရဲ့ ခြေစွမ်းပြနိုင်မှုကြောင့် အင်္ဂလန်နောက်ခံလူတစ်ဦးဖြစ်တဲ့ အက်ရ်ှလေကိုး နဲ့ ဆင်တူတယ်လို့ ဖော်ပြ ကြပေမယ့် ရော်ဘင်ဆန်ကတော့ ဒေးဗီးစ်အနေနဲ့ ဂါရတ်ဘေးလ်လိုမျိုး ခြေစွမ်းပြနိုင်မယ့်သူလို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဂါရတ်ဘေးလ်အနေနဲ့ အသက် ၂၁ နှစ်အရွယ်တုန်းက ဘယ်နောက်ခံလူအဖြစ်ကစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တိုက်စစ်တောင်ပံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

အဲလ္ဖြန္ဆိုေဒးဗီးစ္အေနနဲ႔ ဘယ္ေတာင္ပံနာမည္ေက်ာ္ေတြျဖစ္တဲ့ ရြိဳင္ယန္ဂစ္၊ ဂါရတ္ေဘးလ္တို႔နဲ႔ ႏႈိင္းယွဥ္ေဖာ္ျပခံရ
ေအာက္ဖို႔ဒ္နည္းျပ ကားလ္ေရာ္ဘင္ဆန္က ဘိုင္ယန္ျမဴးနစ္မွ ဘယ္ေနာက္ခံလူ အဲလ္ဖြန္ဆိုေဒးဗီးစ္ကို ဘယ္ေတာင္ပံ တြင္ ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ရြိဳင္ယန္ဂစ္၊ ဂါရတ္ေဘးလ္တို႔နဲ႔ ႏႈိင္းယွဥ္ခဲ့ၿပီး ကမ႓ာ့ အေကာင္းဆံုးဘယ္ေနာက္ခံလူ တစ္ဦးျဖစ္လာလိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။ အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ အဲလ္ဖြန္ဆိုေဒး ဗီးစ္ဟာ ဘိုင္ယန္ျမဴးနစ္က ဘာစီလိုနာကို ရွစ္ဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ ေျခစြမ္းျပကစားႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
The World Game ကေနတဆင့္ ေရာ္ဘင္ဆန္က “ အဲလ္ဖြန္ဆိုေဒးဗီးစ္ရဲ႕တိုးတက္မႈကို ျမင္ရတဲ့သူကို ျပံဳးေပ်ာ္ေနၾက မွာပါ။ ကြ်န္ေတာ္လည္း ေဘာလံုးေလာကထဲက သူတစ္ဦးျဖစ္သလို သူရဲ႕ပေရာ္ဖက္ရွင္နယ္ပြဲဦးထြက္ အခြင့္အေရးကို ေပး ခဲ့သူလည္းျဖစ္ပါတယ္။ေဒးဗီးစ္ရဲ႕ ေျခစြမ္းတိုးတက္မႈက အံၾသဖြယ္ေကာင္းေလာက္ေအာင္ျဖစ္သြားၿပီး တစ္ခ်ိန္မွာ ကမ႓ာ့ အေကာင္းဆံုးေနာက္ခံလူ တစ္ဦးျဖစ္လာမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ေရာ္ဘင္ဆန္က “ ဘာစီလိုနာနဲ႔ ကစားတဲ့ပြဲတုန္းက ဆီမီဒိုရဲ႕ေနာက္ ၃၊၄ ကိုက္အကြာေလာက္ကေန အမီ လိုက္ႏိုင္ခဲ့တာကို ၾကည့္ၿပီး ရြိဳင္ယန္ဂစ္ရဲ႕ငယ္ဘဝကို ျပန္ျမင္ေနရသလိုပါပဲ။ အသက္ငယ္ေသးေပမယ့္ ဘိုင္ယန္ျမဴးနစ္အ တြက္ အေရးႀကီးအစိတ္အပိုင္းတစ္ခုဆိုတာ ေဒးဗီးစ္အေနနဲ႔ ျပႏိုင္ခဲ့ပါတယ္။ ၂၀၁၉ ဇန္နဝါရီမွ ဘိုင္ယန္ျမဴးနစ္ကို ေဒးဗီးစ္ ေရာက္ခဲ့ေပမယ့္ အခုဆိုရင္ ဦးစားေပးကစားျဖစ္ေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
အဲလ္ဖြန္ဆိုေဒးဗီးစ္ရဲ႕ ေျခစြမ္းျပႏိုင္မႈေၾကာင့္ အဂၤလန္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ အက္ရ္ွေလကိုး နဲ႔ ဆင္တူတယ္လို႔ ေဖာ္ျပ ၾကေပမယ့္ ေရာ္ဘင္ဆန္ကေတာ့ ေဒးဗီးစ္အေနနဲ႔ ဂါရတ္ေဘးလ္လိုမ်ိဳး ေျခစြမ္းျပႏိုင္မယ့္သူလို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ဂါရတ္ေဘးလ္အေနနဲ႔ အသက္ ၂၁ ႏွစ္အရြယ္တုန္းက ဘယ္ေနာက္ခံလူအျဖစ္ကစားခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ တိုက္စစ္ေတာင္ပံကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။