၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ နှစ်ဦးစလုံး မပါတော့

၂၀၀၄-၀၅ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို လီဗာပူးအသင်းရပြီးနောက်မှာတော့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုဟာ သက်ဆိုင်ရာကလပ်အသင်းတွေနဲ့အတူ တစ်ယောက်မဟုတ်တစ်ယောက် ဆီမီးဖိုင်နယ်အဆင့် တွေမှာပါဝင်ခဲ့ပေမယ့် ဒီနှစ်ချန်ပီယံလိဂ်ရဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာတော့ မက်ဆီ၊ စီရော်နယ်ဒို တို့နှစ်ယောက် စလုံး ပါဝင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအနေနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာရှုံးခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခဲ့ရသလို ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက ရှုံးထွက် ၁၆ သင်းအဆင့်မှာ လိုင်ယွန်ကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာ မက်ဆီ၊စီရော်နယ်ဒို တို့ နှစ်ယောက်စလုံး မပါတာဟာ ၂၀၀၄-၀၅ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို သူတို့နှစ်ယောက်ပဲ ရရှိနေ တာဖြစ်ပြီး ၂၀၁၈ ခုနှစ်တစ်နှစ်ပဲ ရီးရဲလ်ကွင်းလယ်ကစားသမား မိုဒရစ်က ရရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ချန်ပီယံ လိဂ်ဖလားကို ၄ ကြိမ်အထိ ရရှိထားတဲ့သူဖြစ်ပေမယ့် ၂၀၁၄-၁၅ ခုနှစ်နောက်ပိုင်းမှာတော့ ချန်ပီယံအဖြစ်ရယူနိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

စီရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ယူနိုက်တက်နဲ့ ၁ကြိမ်၊ ရီးရဲလ်နဲ့ ၄ကြိမ်ရရှိထားတာကြောင့် စုစုပေါင်း ၅ ကြိမ်အထိ ရယူထားနိုင်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အက်သလက် တီကိုနဲ့ ဘာစီလိုနာတို့ ပြိုင်ပွဲကနေ ရှုံးပြီးထွက်ခဲ့ရအပြီးမှာတော့ ၂၀၀၆-၀၇ ခုနှစ်နောက်ပိုင်း စပိန်ကလပ်အသင်းတွေမပါ တဲ့ ပထမဆုံးအကြိမ်အဖြစ် စပိန်ကလပ်အသင်းတွေမပါတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ဖြစ်လာခဲ့ပါတယ်။

zawgyi version

၁၅ ႏွစ္အတြင္း ပထမဆံုးအႀကိမ္ အျဖစ္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ပြဲစဥ္ေတြမွာ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ ႏွစ္ဦးစလံုး မပါေတာ့
၂၀၀၄-၀၅ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဖလားကို လီဗာပူးအသင္းရၿပီးေနာက္မွာေတာ့ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒိုဟာ သက္ဆိုင္ရာကလပ္အသင္းေတြနဲ႔အတူ တစ္ေယာက္မဟုတ္တစ္ေယာက္ ဆီမီးဖိုင္နယ္အဆင့္ ေတြမွာပါဝင္ခဲ့ေပမယ့္ ဒီႏွစ္ခ်န္ပီယံလိဂ္ရဲ႕ ဆီမီးဖိုင္နယ္အဆင့္ပြဲစဥ္ေတြမွာေတာ့ မက္ဆီ၊ စီေရာ္နယ္ဒို တို႔ႏွစ္ေယာက္ စလံုး ပါဝင္ေတာ့မွာ မဟုတ္ဘူးလို႔ သိရပါတယ္။
ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီအေနနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အျဖစ္ကစားခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲမွာရႈံးခဲ့ၿပီးေနာက္ ၿပိဳင္ပြဲကေန ထြက္ခဲ့ရသလို ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုက ရႈံးထြက္ ၁၆ သင္းအဆင့္မွာ လိုင္ယြန္ကို ရႈံးၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရတာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္ပြဲစဥ္ေတြမွာ မက္ဆီ၊စီေရာ္နယ္ဒို တို႔ ႏွစ္ေယာက္စလံုး မပါတာဟာ ၂၀၀၄-၀၅ ခုႏွစ္ေနာက္ပိုင္းမွာ ပထမဆံုးအႀကိမ္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။
၂၀၀၈ ခုႏွစ္ကတည္းက မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ဟာ ကမ႓ာ့အေကာင္းဆံုးကစားသမားဆုကို သူတို႔ႏွစ္ေယာက္ပဲ ရရွိေန တာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္တစ္ႏွစ္ပဲ ရီးရဲလ္ကြင္းလယ္ကစားသမား မိုဒရစ္က ရရွိခဲ့တာျဖစ္ပါတယ္။ မက္ဆီအေနနဲ႔ ခ်န္ပီယံ လိဂ္ဖလားကို ၄ ႀကိမ္အထိ ရရွိထားတဲ့သူျဖစ္ေပမယ့္ ၂၀၁၄-၁၅ ခုႏွစ္ေနာက္ပိုင္းမွာေတာ့ ခ်န္ပီယံအျဖစ္ရယူႏိုင္ခဲ့ျခင္း မရွိဘူးလို႔ သိရပါတယ္။
စီေရာ္နယ္ဒိုကေတာ့ ခ်န္ပီယံလိဂ္ခ်န္ပီယံအျဖစ္ ယူႏိုက္တက္နဲ႔ ၁ႀကိမ္၊ ရီးရဲလ္နဲ႔ ၄ႀကိမ္ရရွိထားတာေၾကာင့္ စုစုေပါင္း ၅ ႀကိမ္အထိ ရယူထားႏိုင္တဲ့ ကစားသမားတစ္ေယာက္လည္းျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ အက္သလက္ တီကိုနဲ႔ ဘာစီလိုနာတို႔ ၿပိဳင္ပြဲကေန ရႈံးၿပီးထြက္ခဲ့ရအၿပီးမွာေတာ့ ၂၀၀၆-၀၇ ခုႏွစ္ေနာက္ပိုင္း စပိန္ကလပ္အသင္းေတြမပါ တဲ့ ပထမဆံုးအႀကိမ္အျဖစ္ စပိန္ကလပ္အသင္းေတြမပါတဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္ေတြ ျဖစ္လာခဲ့ပါတယ္။