အကောင်းဆုံးကစားခဲ့ပေမယ့် ဒီထက်ပိုပြီး မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ပြောကြား

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ်ကစားခဲ့တဲ့ လစ်ပ်ဇစ်နဲ့ပွဲမှာ အသင်းအနေနဲ့ အကောင်းဆုံးကစားခဲ့ပေမယ့် နောက်တစ်ဆင့်တက်ရောက်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ အက် သလက်တီကိုဟာ လစ်ပ်ဇစ်နဲ့ ပွဲမှာ ပွဲပြီးခါနီးပေးလိုက်ရတဲ့ ဂိုးကြောင့် နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ပြောင်းလဲလိုက်တဲ့ပုံစံအရ ကွာတားအဆင့်ပွဲစဉ်တွေကစပြီး တစ်ကျော့တည်းယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် နှစ်သင်း စလုံးအနေနဲ့ ထိန်းကစားနေခဲ့ကြပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ လစ်ပ်ဇစ်က အဲလ်မိုရဲ့သွင်း ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာ ပင်နယ်တီကနေတဆင့် ဂျာအိုဖိလစ်က အက်သလက်တီကိုအတွက်ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ၈၈ မိနစ်မှာ အဒမ်က လစ်ပ်ဇစ်အတွက် အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် အက်သလက်တီကိုတို့ ပြိုင်ပွဲက နေ ထွက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဆီမြွန်နီက “လစ်ပ်ဇစ်က အက်သလက်တီကိုထက်ပိုကောင်းခဲ့တယ်လို့ ပြောရမှာပါ။နိုင်ပွဲရဖို့အတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ ရသလို သူရဲ့ကစားဟန်က ပိုပြီးမြန်နေခဲ့ပါတယ်။ဒီပွဲမှာ ရှုံးခဲ့တာက တစ်ရာသီလုံးကြိုးစားခဲ့ ရတာတွေထက် ပိုများတာ ကြောင့် နာကျင်ရပါတယ်။ ဒီပွဲမှာ ရှုံးခဲ့တာကြောင့် နောက်ပွဲတွေ ကစားဖို့မရှိတော့လို့ လာမယ့်ရာသီ အတွက် ပြင်ဆင်သွားပါမယ်” လို့ပြောခဲ့ပါတယ်။

လစ်ပ်ဇစ်အနေနဲ့ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံ လိဂ်သမိုင်းမှာတော့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်တဲ့ ၃၂ သင်းမြောက်အသင်းဖြစ်လာခဲ့ပါတယ်။ အသက် ၃၃ နှစ်ပဲ ရှိသေးတဲ့ လစ်ပ်ဇစ်နည်းပြ နာဂျယ်စမန်းအနေနဲ့လည်း ဆီမီးဖိုင်နယ်ကို အသက်အငယ်ဆုံးနဲ့ တက်ရောက်နိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာရဲ့ ၃၈ နှစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

အေကာင္းဆုံးကစားခဲ့ေပမယ့္ ဒီထက္ပိုၿပီး မစြမ္းေဆာင္ႏိုင္ခဲ့ဘူးလို႔ အက္သလက္တီကိုနည္းျပ ဆီႁမြန္နီ ေျပာၾကား
အက္သလက္တီကိုနည္းျပ ဆီႁမြန္နီက ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အျဖစ္ကစားခဲ့တဲ့ လစ္ပ္ဇစ္နဲ႔ပြဲမွာ အသင္းအေနနဲ႔ အေကာင္းဆံုးကစားခဲ့ေပမယ့္ ေနာက္တစ္ဆင့္တက္ေရာက္ေအာင္ေတာ့ မစြမ္းေဆာင္ႏိုင္ခဲ့ဘူးလို႔ ေျပာခဲ့ပါတယ္။ အက္ သလက္တီကိုဟာ လစ္ပ္ဇစ္နဲ႔ ပြဲမွာ ပြဲၿပီးခါနီးေပးလိုက္ရတဲ့ ဂိုးေၾကာင့္ ႏွစ္ဂိုးတစ္ဂိုးနဲ႔ ရႈံးၿပီး ၿပိဳင္ပြဲကေန ထြက္ခဲ့ရတာပဲ ျဖစ္ ပါတယ္။
ၿပိဳင္ပြဲရဲ႕ေျပာင္းလဲလိုက္တဲ့ပံုစံအရ ကြာတားအဆင့္ပြဲစဥ္ေတြကစၿပီး တစ္ေက်ာ့တည္းယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ ႏွစ္သင္း စလံုးအေနနဲ႔ ထိန္းကစားေနခဲ့ၾကၿပီး ပထမပိုင္းမွာ ဂိုးမရွိသေရက်ခဲ့ပါတယ္။ ဒုတိယပိုင္းအစမွာ လစ္ပ္ဇစ္က အဲလ္မိုရဲ႕သြင္း ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၁ မိနစ္မွာ ပင္နယ္တီကေနတဆင့္ ဂ်ာအိုဖိလစ္က အက္သလက္တီကိုအတြက္ေခ်ပဂိုးကို သြင္းယူခဲ့ပါတယ္။ ၈၈ မိနစ္မွာ အဒမ္က လစ္ပ္ဇစ္အတြက္ အႏိုင္ဂိုးသြင္းယူခဲ့တာေၾကာင့္ အက္သလက္တီကိုတို႔ ၿပိဳင္ပြဲက ေန ထြက္ခဲ့ရတာပဲ ျဖစ္ပါတယ္။
ဆီႁမြန္နီက “လစ္ပ္ဇစ္က အက္သလက္တီကိုထက္ပိုေကာင္းခဲ့တယ္လို႔ ေျပာရမွာပါ။ႏိုင္ပြဲရဖို႔အတြက္ ခက္ခက္ခဲခဲႀကိဳးစားခဲ့ ရသလို သူရဲ႕ကစားဟန္က ပိုၿပီးျမန္ေနခဲ့ပါတယ္။ဒီပြဲမွာ ရႈံးခဲ့တာက တစ္ရာသီလံုးႀကိဳးစားခဲ့ရတာေတြထက္ ပိုမ်ားတာ ေၾကာင့္ နာက်င္ရပါတယ္။ ဒီပြဲမွာ ရႈံးခဲ့တာေၾကာင့္ ေနာက္ပြဲေတြ ကစားဖို႔မရွိေတာ့လို႔ လာမယ့္ရာသီ အတြက္ ျပင္ဆင္သြားပါမယ္” လို႔ေျပာခဲ့ပါတယ္။
လစ္ပ္ဇစ္အေနနဲ႔ အသင္းသမိုင္းတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ကို ပထမဆံုးတက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ခ်န္ပီယံ လိဂ္သမိုင္းမွာေတာ့ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္တဲ့ ၃၂ သင္းေျမာက္အသင္းျဖစ္လာခဲ့ပါတယ္။ အသက္ ၃၃ ႏွစ္ပဲ ရွိေသးတဲ့ လစ္ပ္ဇစ္နည္းျပ နာဂ်ယ္စမန္းအေနနဲ႔လည္း ဆီမီးဖိုင္နယ္ကို အသက္အငယ္ဆံုးနဲ႔ တက္ေရာက္ႏိုင္တဲ့ နည္းျပအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး ဘာစီလိုနာနည္းျပေဟာင္း ဂြါဒီယိုလာရဲ႕ ၃၈ ႏွစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။