တီမိုဝါနာ မရှိတော့ပေမယ့် အက်သလက်တီကိုနဲ့ပွဲအတွက် အသင်းရဲ့တိုက်စစ်ကို ယုံကြည်မှုရှိကြောင်း လစ်ပ်ဇစ်နည်းပြ နာဂျယ်စမန်း ပြောဆို

လစ်ပ်ဇစ်နည်းပြ နာဂျယ်စမန်းက အသင်းမှာ အဓိကတိုက်စစ်မှူး တီမိုဝါနာမရှိတော့ပေမယ့် အက်သလက်တီကိုနဲ့ကစား မယ့် ချန်ပီယံလိဂ်ပွဲအတွက် အသင်းရဲ့တိုက်စစ်ကို ယုံကြည်မှုအပြည့်အဝရှိကြောင်း ပြောခဲ့ပါတယ်။ တီမိုဝါနာဟာ လစ်ပ် ဇစ်အတွက် ချန်ပီယံလိဂ်ပွဲစဉ်တွေမကစားတော့ဘဲ ချဲလ်ဆီးကိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။တီမိုဝါနာဟာ လစ်ပ်ဇစ် အတွက် ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၃၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

လစ်ပ်ဇစ်အနေနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် တီမိုဝါနာမရှိတော့တာကြောင့် အသင်း ရဲ့ တိုက်စစ်ပိုင်းမှာ အားနည်းမှုတွေရှိသွားတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပေမယ့် လစ်ပ်ဇစ်နည်းပြ နာဂျယ်စမန်းက “ တီမိုဝါနာမရှိတော့ပေမယ့် အသင်းက အပြောင်းအလဲအများကြီးမရှိသွားပါဘူး။သူရဲ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသ မားတွေ ရှိပါတယ်” လို့ပြောခဲ့ပါတယ်။

ပွဲမတိုင်ခင် သတင်းစားရှင်းလင်းပွဲမှာတော့ နာဂျယ်စမန်းက “ ဘောလုံးကစားတယ်ဆိုတာ ၁၁ ယောက်စုပေါင်းပြီး ကစား ရတာပါ။ တီမိုဝါနာရဲ့ နေရာအတွက် ကစားသမားအဆင်သင့်ရှိပါတယ်။ အက်သလက်တီကိုနဲ့ပွဲမှာ တီမိုဝါနာလိုမျိုး စွမ်း ဆောင်နိုင်တဲ့သူကို တွေ့ရမှာပါ။ တီမိုဝါနာရှိနေမယ်ဆိုရင်လည်း အသင်းအတွက် ဂိုးတွေအများကြီးသွင်းယူနိုင်ဦးမှာပါ” လို့ ပြောခဲ့ပါတယ်။

အက်သလက်တီကိုနဲ့ ကစားမယ့်ပွဲအတွက် လစ်ပ်ဇစ်မှာ ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး ရှလစ်ခ်အနေနဲ့ ပြန်လည်ပါဝင်လာဖို့ ရှိနေပေမယ့် ဘယ်နောက်ခံလူဖြစ်တဲ့ ဟယ်စတန်ဘတ်ကတော့ နောက်ကျောဒဏ်ရာကြောင့် ပါဝင် ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။နာဂျယ်စမန်းက ဆီမြွန်နီရဲ့ ဦးဆောင်မှုအောက်မှာ အက်သလက်တီကိုဟာ အသင်းကောင်းတစ်သင်းဆိုပေမယ့် နှစ်ကျော့မဟုတ်ဘဲ တစ်ကျော့ပဲ ကစားရတာကြောင့် အနိုင်ရဖို့အခွင့်အရေး တန်းတူ ရှိကြောင်းပြောခဲ့ပါတယ်။

zawgyi version

တီမိုဝါနာ မရွိေတာ့ေပမယ့္ အက္သလက္တီကိုနဲ႔ပြဲအတြက္ အသင္းရဲ႕တိုက္စစ္ကို ယံုၾကည္မႈရွိေၾကာင္း လစ္ပ္ဇစ္နည္းျပ နာဂ်ယ္စမန္း ေျပာဆို
လစ္ပ္ဇစ္နည္းျပ နာဂ်ယ္စမန္းက အသင္းမွာ အဓိကတိုက္စစ္မွဴး တီမိုဝါနာမရွိေတာ့ေပမယ့္ အက္သလက္တီကိုနဲ႔ကစား မယ့္ ခ်န္ပီယံလိဂ္ပြဲအတြက္ အသင္းရဲ႕တိုက္စစ္ကို ယံုၾကည္မႈအျပည့္အဝရွိေၾကာင္း ေျပာခဲ့ပါတယ္။ တီမိုဝါနာဟာ လစ္ပ္ ဇစ္အတြက္ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမကစားေတာ့ဘဲ ခ်ဲလ္ဆီးကိုေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။တီမိုဝါနာဟာ လစ္ပ္ဇစ္ အတြက္ ၿပိဳင္ပြဲစံု ၄၅ ပြဲမွာ ၃၄ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၁၂ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
လစ္ပ္ဇစ္အေနနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ေပမယ့္ တီမိုဝါနာမရွိေတာ့တာေၾကာင့္ အသင္း ရဲ႕ တိုက္စစ္ပိုင္းမွာ အားနည္းမႈေတြရွိသြားတယ္လို႔ မီဒီယာေတြက ေဖာ္ျပခဲ့ၾကေပမယ့္ လစ္ပ္ဇစ္နည္းျပ နာဂ်ယ္စမန္းက “ တီမိုဝါနာမရွိေတာ့ေပမယ့္ အသင္းက အေျပာင္းအလဲအမ်ားႀကီးမရွိသြားပါဘူး။သူရဲ႕ေနရာမွာ အစားထိုးႏိုင္မယ့္ ကစားသ မားေတြ ရွိပါတယ္” လို႔ေျပာခဲ့ပါတယ္။
ပြဲမတိုင္ခင္ သတင္းစားရွင္းလင္းပြဲမွာေတာ့ နာဂ်ယ္စမန္းက “ ေဘာလံုးကစားတယ္ဆိုတာ ၁၁ ေယာက္စုေပါင္းၿပီး ကစား ရတာပါ။ တီမိုဝါနာရဲ႕ ေနရာအတြက္ ကစားသမားအဆင္သင့္ရွိပါတယ္။ အက္သလက္တီကိုနဲ႔ပြဲမွာ တီမိုဝါနာလိုမ်ိဳး စြမ္း ေဆာင္ႏိုင္တဲ့သူကို ေတြ႕ရမွာပါ။ တီမိုဝါနာရွိေနမယ္ဆိုရင္လည္း အသင္းအတြက္ ဂိုးေတြအမ်ားႀကီးသြင္းယူႏိုင္ဦးမွာပါ” လို႔ ေျပာခဲ့ပါတယ္။
အက္သလက္တီကိုနဲ႔ ကစားမယ့္ပြဲအတြက္ လစ္ပ္ဇစ္မွာ ဒူးဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ တိုက္စစ္မွဴး ရွလစ္ခ္အေနနဲ႔ ျပန္လည္ပါဝင္လာဖို႔ ရွိေနေပမယ့္ ဘယ္ေနာက္ခံလူျဖစ္တဲ့ ဟယ္စတန္ဘတ္ကေတာ့ ေနာက္ေက်ာဒဏ္ရာေၾကာင့္ ပါဝင္ ကစားႏိုင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။နာဂ်ယ္စမန္းက ဆီႁမြန္နီရဲဲ႕ ဦးေဆာင္မႈေအာက္မွာ အက္သလက္တီကိုဟာ အသင္းေကာင္းတစ္သင္းဆိုေပမယ့္ ႏွစ္ေက်ာ့မဟုတ္ဘဲ တစ္ေက်ာ့ပဲ ကစားရတာေၾကာင့္ အႏိုင္ရဖို႔အခြင့္အေရး တန္းတူ ရွိေၾကာင္းေျပာခဲ့ပါတယ္။