၁၄၉ စက္ကန့်အတွင်း အံသြဖွယ်ရလဒ်နဲ့အတူ ဆီမီးဖိုင်နယ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ကစားတဲ့ ပီအက်စ်ဂျီ-အတ္တလန္တာတို့ ပွဲစဉ်မှာ ပီအက်စ်ဂျီအနေနဲ့ အတ္တလန္တာရဲ့ ဦး ဆောင်ဂိုးကြောင့် နောက်ကနေလိုက်ကစားခဲ့ရပြီး ပွဲပြီးခါနီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီရဲ့ သွင်းဂိုး ၂ဂိုးအတွက် ကြာမြင့်ချိန်က ၁၄၉ စက္ကန့်ပဲ ရှိခဲ့တာကြောင့် ပီအက်စ်ဂျီအနေနဲ့ အံသြသင့်ဖွယ်ရလဒ်နဲ့အတူ ဆီမီး ဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။

အမ်ဘတ်ပီအနေနဲ့ ပွဲထွက်လူစာရင်းမှာ မပါခဲ့တာကြောင့် နေမာအနေနဲ့ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ခဲ့ရပြီး အကောင်း ဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နေမာအနေနဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပေမယ့် အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ချုပိုမိုတင်း ကိုပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။နေမာအနေနဲ့ ပီအက်စ်ဂျီရဲ့ သွင်းဂိုးနှစ်ဂိုးစလုံးမှာ ပါ ဝင်ပတ်သက်ခဲ့တာလည်း ဖြစ်ပါတယ်။

နေမာဟာ အတ္တလန္တာနဲ့ပွဲမှာ ဘောလုံးနဲ့အတူ ပြိုင်ဘက်ကစားသမားကို ဖြတ်ကျော်နိုင်မှု ၁၆ ကြိမ်အထိရှိခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းမှာ ပွဲတစ်ပွဲအတွင်း ပြိုင်ဘက်ကစားသမားကို ဘောလုံးနဲ့အတူဖြတ်ကျော်နိုင်မှု စံချိန်တင်ထားတဲ့ မက်ဆီ၊ ဇနက်တီတို့ရဲ့ စံချိန်ကိုလိုက်မီနိုင်ခဲ့တယ်လို့ သိရပါတယ်။ မက်ဆီက ၂၀၀၈ ခုနှစ်နဲ့ ဇနက်တီက ၂၀၀၃ ခုနှစ်တွေ မှာ စံချိန်မှတ်တမ်းကို ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ နေမာက “ ပြိုင်ပွဲကထွက်ရမယ့်အကြောင်းကို မစဉ်းစားခဲ့သလို အိမ်လည်းမပြန်ချင်ခဲ့ပါဘူး။ဗိုလ်လုပွဲအထိ သွားချင်ခဲ့တာပါ။ အတ္တလန္တာကို အနိုင်ရခဲ့တာကြောင့် အသင်းသားတွေအားလုံးပျော်ရွှင်နေကြပါတယ်။ အသင်းမှာ အတွေ့ အကြုံကောင်းတွေရှိသလို ကောင်းမွန်တဲ့ကစားသမားစုဖွဲ့မှုလည်း ရှိပါတယ်။ခက်ခဲတဲ့အခြေအနေတွေမှာတောင် ကျွန်တော် တို့ အရှုံးမပေးခဲ့ပါဘူး။ ဗိုလ်လုပွဲရောက်ဖို့ တစ်ပွဲပဲလိုတော့တာကြောင့် ဆီမီးဖိုင်နယ်မှာလည်း အနိုင်ရအောင် ကြိုးစားသွား မှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

၁၄၉ စကၠန္႔အတြင္း အံၾသဖြယ္ရလဒ္နဲ႔အတူ ဆီမီးဖိုင္နယ္ကို ပထမဆံုးတက္ေရာက္ႏိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီ
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အျဖစ္ ကစားတဲ့ ပီအက္စ္ဂ်ီ-အတၱလႏၲာတို႔ ပြဲစဥ္မွာ ပီအက္စ္ဂ်ီအေနနဲ႔ အတၱလႏၲာရဲ႕ ဦး ေဆာင္ဂိုးေၾကာင့္ ေနာက္ကေနလိုက္ကစားခဲ့ရၿပီး ပြဲၿပီးခါနီးမွ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးကို ရရွိခဲ့တာျဖစ္ပါတယ္။ပီအက္စ္ဂ်ီရဲ႕ သြင္းဂိုး ၂ဂိုးအတြက္ ၾကာျမင့္ခ်ိန္က ၁၄၉ စကၠန္႔ပဲ ရွိခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီအေနနဲ႔ အံၾသသင့္ဖြယ္ရလဒ္နဲ႔အတူ ဆီမီး ဖိုင္နယ္ကို ပထမဆံုးအႀကိမ္ တက္ေရာက္ႏိုင္ခဲ့ပါတယ္။
အမ္ဘတ္ပီအေနနဲ႔ ပြဲထြက္လူစာရင္းမွာ မပါခဲ့တာေၾကာင့္ ေနမာအေနနဲ႔ အသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ခဲ့ရၿပီး အေကာင္း ဆံုး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ ေနမာအေနနဲ႕ အေကာင္းဆံုးကစားသမားဆုကို ရရွိခဲ့ေပမယ့္ အသင္းအတြက္ အႏိုင္ဂိုး သြင္းယူေပးခဲ့တဲ့ ခ်ဳပိုမိုတင္း ကိုေပးအပ္ခဲ့တယ္လို႔လည္း သိရပါတယ္။ေနမာအေနနဲ႔ ပီအက္စ္ဂ်ီရဲ႕ သြင္းဂိုးႏွစ္ဂိုးစလံုးမွာ ပါ ဝင္ပတ္သက္ခဲ့တာလည္း ျဖစ္ပါတယ္။
ေနမာဟာ အတၱလႏၲာနဲ႔ပြဲမွာ ေဘာလံုးနဲ႔အတူ ၿပိဳင္ဘက္ကစားသမားကို ျဖတ္ေက်ာ္ႏိုင္မႈ ၁၆ ႀကိမ္အထိရွိခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္သမိုင္းမွာ ပြဲတစ္ပြဲအတြင္း ၿပိဳင္ဘက္ကစားသမားကို ေဘာလံုးနဲ႔အတူျဖတ္ေက်ာ္ႏိုင္မႈ စံခ်ိန္တင္ထားတဲ့ မက္ဆီ၊ ဇနက္တီတို႔ရဲ႕ စံခ်ိန္ကိုလိုက္မီႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ မက္ဆီက ၂၀၀၈ ခုႏွစ္နဲ႔ ဇနက္တီက ၂၀၀၃ ခုႏွစ္ေတြ မွာ စံခ်ိန္မွတ္တမ္းကို ရရွိခဲ့တာျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ေနမာက “ ၿပိဳင္ပြဲကထြက္ရမယ့္အေၾကာင္းကို မစဥ္းစားခဲ့သလို အိမ္လည္းမျပန္ခ်င္ခဲ့ပါဘူး။ဗိုလ္လုပြဲအထိ သြားခ်င္ခဲ့တာပါ။ အတၱလႏၲာကို အႏိုင္ရခဲ့တာေၾကာင့္ အသင္းသားေတြအားလံုးေပ်ာ္ရႊင္ေနၾကပါတယ္။ အသင္းမွာ အေတြ႕ အၾကံဳေကာင္းေတြရွိသလို ေကာင္းမြန္တဲ့ကစားသမားစုဖြဲ႔မႈလည္း ရွိပါတယ္။ခက္ခဲတဲ့အေျခအေနေတြမွာေတာင္ ကြ်န္ေတာ္ တို႔ အရႈံးမေပးခဲ့ပါဘူး။ ဗိုလ္လုပြဲေရာက္ဖို႔ တစ္ပြဲပဲလိုေတာ့တာေၾကာင့္ ဆီမီးဖိုင္နယ္မွာလည္း အႏိုင္ရေအာင္ ႀကိဳးစားသြား မွာပါ” လို႔ ေျပာခဲ့ပါတယ္။