ချန်ပီယံလိဂ်မှာ အနိုင်ရခဲ့မယ်ဆိုရင် လူအယောက် ၁၀၀၀ ကျော်ကို ပီဇာမုန့်တွေ ပို့ပေးမယ်လို့ ကတိပေးခဲ့တဲ့ ဒီရွန်

အတ္တလန္တာကွင်းလယ်ကစားသမား ဒီရွန်က ချန်ပီယံလိဂ်မှာ အနိုင်ရခဲ့မယ်ဆိုရင် အသင်းကိုအားပေးတဲ့ပရိသတ် ၁၀၀၀ ကျော်အတွက် ပီဇာမုန့်တွေ ပေးပို့သွားမယ်လို့ ကတိပေးခဲ့ပါတယ်။ အတ္တလန္တာဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာ အောင်မြင်ဖို့အတွက် ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။

အတ္တလန္တာဟာ ဒီနေ့ညမှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဒီရွန်က “ အတ္တလန္တာအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် လူအယောက် ၁၀၀၀ ကျော် အတွက် ပီဇာမုန့်တွေ ပေးပို့သွားမှာပါ။ တကယ်လို့ ချန်ပီယံလိဂ်မှာ အနိုင်မရခဲ့ဘူးဆိုရင် နောက်နှစ်မှာ ချန်ပီယံဖြစ်ဖို့ အတွက် ဆက်ပြီးလုပ်ဆောင်သွားမှာပါ။” လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဒီရွန်က “ ပြိုင်ပွဲရဲ့ ပြောင်းလဲလိုက်တဲ့ပုံစံကြောင့် တစ်ကျော့တည်းကစားရမှာဖြစ်လို့ နှစ်ကျော့ကစားရတာ ထက် ပိုပြီး အားသာမှုရှိပါတယ်။ အတ္တလန္တာအနေနဲ့ မထင်မှတ်တာတွေ လုပ်ပြနိုင်သလို အခက်အခဲတွေလည်း တွေ့နိုင် ပါတယ်။ ဒါပေမယ့် ချန်ပီယံဆုက အဝေးကြီးမလိုတော့ပါဘူး” လို့ ပြောခဲ့ပါတယ်။ အတ္တလန္တာဟာ အုပ်စုအဆင့်တုန်းက ပထမဆုံးကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲစလုံး ရှုံးခဲ့ပြီးမှ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အတ္တလန္တာနည်းပြ ဂတ်စ်ပါရီနီကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြပြီး ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းဆိုတာကို သက်သေပြနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ ဂတ်စ်ပါရီနီက “ ဥရောပမှာ အတွေ့အကြုံနည်းပါတဲ့အသင်းဆိုပေ မယ့် အတ္တလန္တာဟာ အရေးကြီးတဲ့သွင်းဂိုးတွေ၊ စိတ်အားထက်သန်မှုတွေကို ပြနိုင်ခဲ့ပါတယ်။ဆက်ပြီးတော့ ဥရောပအသင်း ကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ပြသနိုင်ဖို့ လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္မွာ အႏိုင္ရခဲ့မယ္ဆိုရင္ လူအေယာက္ ၁၀၀၀ ေက်ာ္ကို ပီဇာမုန္႔ေတြ ပို႔ေပးမယ္လို႔ ကတိေပးခဲ့တဲ့ ဒီရြန္
အတၱလႏၲာကြင္းလယ္ကစားသမား ဒီရြန္က ခ်န္ပီယံလိဂ္မွာ အႏိုင္ရခဲ့မယ္ဆိုရင္ အသင္းကိုအားေပးတဲ့ပရိသတ္ ၁၀၀၀ ေက်ာ္အတြက္ ပီဇာမုန္႔ေတြ ေပးပို႔သြားမယ္လို႔ ကတိေပးခဲ့ပါတယ္။ အတၱလႏၲာဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ကို ပထမဆံုးအႀကိမ္တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္ဖို႔အတြက္ ရည္မွန္းထားတယ္လို႔လည္း သိရပါတယ္။
အတၱလႏၲာဟာ ဒီေန႔ညမွာ ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အျဖစ္ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ ဒီရြန္က “ အတၱလႏၲာအေနနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ရယူႏိုင္ခဲ့မယ္ဆိုရင္ လူအေယာက္ ၁၀၀၀ ေက်ာ္ အတြက္ ပီဇာမုန္႔ေတြ ေပးပို႔သြားမွာပါ။ တကယ္လို႔ ခ်န္ပီယံလိဂ္မွာ အႏိုင္မရခဲ့ဘူးဆိုရင္ ေနာက္ႏွစ္မွာ ခ်န္ပီယံျဖစ္ဖို႔ အတြက္ ဆက္ၿပီးလုပ္ေဆာင္သြားမွာပါ။” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဒီရြန္က “ ၿပိဳင္ပြဲရဲ႕ ေျပာင္းလဲလိုက္တဲ့ပံုစံေၾကာင့္ တစ္ေက်ာ့တည္းကစားရမွာျဖစ္လို႔ ႏွစ္ေက်ာ့ကစားရတာ ထက္ ပိုၿပီး အားသာမႈရွိပါတယ္။ အတၱလႏၲာအေနနဲ႔ မထင္မွတ္တာေတြ လုပ္ျပႏိုင္သလို အခက္အခဲေတြလည္း ေတြ႕ႏိုင္ ပါတယ္။ ဒါေပမယ့္ ခ်န္ပီယံဆုက အေဝးႀကီးမလိုေတာ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။ အတၱလႏၲာဟာ အုပ္စုအဆင့္တုန္းက ပထမဆံုးကစားခဲ့တဲ့ ပြဲစဥ္ ၃ ပြဲစလံုး ရႈံးခဲ့ၿပီးမွ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။
အတၱလႏၲာနည္းျပ ဂတ္စ္ပါရီနီကလည္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္ ေျခစြမ္းျပၿပီး ကမ႓ာ့အေကာင္းဆံုးကလပ္အသင္းဆိုတာကို သက္ေသျပႏိုင္ဖို႕ ႀကိဳးစားသြားမယ္လို႔ ေျပာခဲ့ပါတယ္။ ဂတ္စ္ပါရီနီက “ ဥေရာပမွာ အေတြ႕အၾကံဳနည္းပါတဲ့အသင္းဆိုေပ မယ့္ အတၱလႏၲာဟာ အေရးႀကီးတဲ့သြင္းဂိုးေတြ၊ စိတ္အားထက္သန္မႈေတြကို ျပႏိုင္ခဲ့ပါတယ္။ဆက္ၿပီးေတာ့ ဥေရာပအသင္း ႀကီးဆိုတဲ့ ဂုဏ္ပုဒ္ကို ျပသႏိုင္ဖို႔ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။