အတ္တလန္တာနဲ့ ပွဲအတွက် အမ်ဘတ်ပီ ကြံခိုင်မှု ပြည့်ဝနေပြီလို့ ပြောခဲ့တဲ့ ပီအက်စ်ဂျီနည်းပြ တူချယ်လ် ခြေထောက်ကျိုးနေ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ဒီနေ့ညမှာ ယှဉ်ပြိုင်ရမယ့် အတ္တလန္တာနဲ့ ပွဲအတွက် အဓိကတိုက်စစ်မှူး အမ်ဘတ်ပီ အနေနဲ့ ကြံခိုင်မှုပြည့်ဝနေပြီလို့ ပီအက်စ်ဂျီနည်းပြ တူချယ်လ်ကပြောခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ ခြေထောက်ကျိုးနေ ပြီး ခြေထောက်ကို အကာအကွယ်ပြုထားရတဲ့ ဖိနပ်ကိုစီးနေရတယ်လို့ သိရပါတယ်။ အမ်ဘတ်ပီဟာ စိန့်အက်တီယန်နဲ့ ကစားခဲ့တဲ့ ပြင်သစ်အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဒဏ်ရာရခဲ့ပြီး အနားယူနေခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြ တူချယ်လ်က “ အမ်ဘတ်ပီအနေနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ပါ တယ်။ အတ္တလန္တာနဲ့ပွဲမှာ သူအနေနဲ့ ပါဝင်ကစားသွားဖို့ရှိပါတယ်။ သူပြန်ကစားနိုင်တာက ကျွန်တော်တို့အားလုံးကို ပျော် ရွှင်စေပါတယ်။” လို့ ပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။အမ်ဘတ်ပီမှာ ဒီရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ဂိုး ၃၀ သွင်းပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိပြုလုပ်ထားနိုင်သူ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကစားဖို့ ပေါ်တူဂီနိုင်ငံကို ရောက်ရှိလာတဲ့ ပီအက်စ်ဂျီမှာ အသင်းရဲ့အဓိက,ကစားသမားတွေဖြစ်တဲ့ ကာဗာနီနဲ့ မူနီယာတို့ ပါဝင်မလာတော့ကြောင်းသိရပါတယ်။ မူနီယာက ဒေါ့မွန်အသင်းကိုပြောင်းရွှေ့သွားတာဖြစ်ပြီး ကာဗာနီက စာချုပ်သက်တမ်းကုန်ဆုံးသွားတာဖြစ်ပါတယ်။ဒါအပြင်နောက်ထပ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဗာရက်တီ ကလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ပေါ်တူဂီကို လိုက်ပါနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

အမ်ဘတ်ပီအနေနဲ့ ဒဏ်ရာကသက်သာလာပြီး ပွဲကစားဖို့ အဆင်သင့်ရှိနေပြီလို့ ပြောခဲ့တဲ့ တူချယ်လ်ကတော့ လေ့ကျင့် ရေးကွင်းမှာ ထိခိုက်မိခဲ့တာကြောင့် ခြေထောက်မှာဒဏ်ရာရရှိခဲ့ပြီး ခြေထောက်ကို အကာအကွယ်ပြုလုပ် ထားရတဲ့ဖိနပ်ကို စီးထားရတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီတောင်ပံကစားသမားဒီမာရီယာကတော့ အမ်ဘတ်ပီပြန်ကစားနိုင်တာကြောင့် နေမာအနေနဲ့ ဖိအားတွေလျော့ကျသွားစေတယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

အတၱလႏၲာနဲ႔ ပြဲအတြက္ အမ္ဘတ္ပီ ၾကံခိုင္မႈ ျပည့္ဝေနၿပီလို႔ ေျပာခဲ့တဲ့ ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္လ္ ေျခေထာက္က်ိဳးေန
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အျဖစ္ ဒီေန႔ညမွာ ယွဥ္ၿပိဳင္ရမယ့္ အတၱလႏၲာနဲ႔ ပြဲအတြက္ အဓိကတိုက္စစ္မွဴး အမ္ဘတ္ပီ အေနနဲ႔ ၾကံခိုင္မႈျပည့္ဝေနၿပီလို႔ ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္လ္ကေျပာခဲ့ေပမယ့္ သူကိုယ္တိုင္ကေတာ့ ေျခေထာက္က်ိဳးေန ၿပီး ေျခေထာက္ကို အကာအကြယ္ျပဳထားရတဲ့ ဖိနပ္ကိုစီးေနရတယ္လို႔ သိရပါတယ္။ အမ္ဘတ္ပီဟာ စိန္႔အက္တီယန္နဲ႔ ကစားခဲ့တဲ့ ျပင္သစ္အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ဒဏ္ရာရခဲ့ၿပီး အနားယူေနခဲ့တာျဖစ္ပါတယ္။
ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္လ္က “ အမ္ဘတ္ပီအေနနဲ႔ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ပါ တယ္။ အတၱလႏၲာနဲ႔ပြဲမွာ သူအေနနဲ႔ ပါဝင္ကစားသြားဖို႔ရွိပါတယ္။ သူျပန္ကစားႏိုင္တာက ကြ်န္ေတာ္တို႔အားလံုးကို ေပ်ာ္ ရႊင္ေစပါတယ္။” လို႔ ပြဲမတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။အမ္ဘတ္ပီမွာ ဒီရာသီမွာ ပီအက္စ္ဂ်ီ အတြက္ ၿပိဳင္ပြဲစံု ၃၄ ပြဲမွာ ဂိုး ၃၀ သြင္းၿပီး ဂိုးဖန္တီးမႈ ၁၈ ႀကိမ္အထိျပဳလုပ္ထားႏိုင္သူ ျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကစားဖို႔ ေပၚတူဂီႏိုင္ငံကို ေရာက္ရွိလာတဲ့ ပီအက္စ္ဂ်ီမွာ အသင္းရဲ႕အဓိက,ကစားသမားေတြျဖစ္တဲ့ ကာဗာနီနဲ႔ မူနီယာတို႔ ပါဝင္မလာေတာ့ေၾကာင္းသိရပါတယ္။ မူနီယာက ေဒါ့မြန္အသင္းကိုေျပာင္းေရႊ႕သြားတာျဖစ္ၿပီး ကာဗာနီက စာခ်ဳပ္သက္တမ္းကုန္ဆံုးသြားတာျဖစ္ပါတယ္။ဒါအျပင္ေနာက္ထပ္ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဗာရက္တီ ကလည္း ေျခသလံုးႂကြက္သားဒဏ္ရာေၾကာင့္ ေပၚတူဂီကို လိုက္ပါႏိုင္ခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။
အမ္ဘတ္ပီအေနနဲ႔ ဒဏ္ရာကသက္သာလာၿပီး ပြဲကစားဖို႔ အဆင္သင့္ရွိေနၿပီလို႔ ေျပာခဲ့တဲ့ တူခ်ယ္လ္ကေတာ့ ေလ့က်င့္ ေရးကြင္းမွာ ထိခိုက္မိခဲ့တာေၾကာင့္ ေျခေထာက္မွာဒဏ္ရာရရွိခဲ့ၿပီး ေျခေထာက္ကို အကာအကြယ္ျပဳလုပ္ထားရတဲ့ဖိနပ္ကို စီးထားရတယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီေတာင္ပံကစားသမားဒီမာရီယာကေတာ့ အမ္ဘတ္ပီျပန္ကစားႏိုင္တာေၾကာင့္ ေနမာအေနနဲ႔ ဖိအားေတြေလ်ာ့က်သြားေစတယ္လို႔ ေျပာခဲ့ပါတယ္။