ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတဲ့အသင်းက ဆုကြေးဘယ်လောက်ရမယ်ဆိုတာကို Goal.com က ဖော်ပြခဲ့

သတင်းဌာနတစ်ခုဖြစ်တဲ့ Goal.com အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့်အသင်းအနေနဲ့ ဆုကြေးဘယ်လောက်ရမယ် ဆိုတာကို ဖော်ပြခဲ့ပါတယ်။ တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပြိုင်ပွဲတွေကို အခက်အခဲတွေ ကြားက ပြန်လည်ကျင်းပခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကလည်း ဒီအထဲမှာပါဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ပြိုင်ပွဲ ကစားပုံကို ပြောင်းလဲပြီး ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ပရိသတ်စိတ်ဝင်စားမှုများတဲ့ ပြိုင်ပွဲဖြစ်တာကြောင့် အုပ်စုအဆင့်ကိုရောက်တဲ့အဆင့်တွေတောင် ရုပ် သံထုတ်လွှင့်ကြေးတွေကြောင့် ငွေကြေးများစွာရရှိတဲ့ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ဒါပေမယ့် ၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ ချန်ပီ ယံလိဂ်မှာ ဗိုလ်စွဲမယ့်အသင်းရရှိမယ့်ဆုကြေးနဲ့ အဆင့်တိုင်းမှာရမယ့်ဆုကြေးတွေကို Goal.com ဖော်ပြခဲ့တာဖြစ်ပါတယ်။

Goal.com ရဲ့ဖော်ပြမှုမှာတော့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတဲ့အသင်းအနေနဲ့ ယူရို ၁၉ သန်းကို ဆုကြေးအဖြစ်ရရှိမှာဖြစ်ပြီး ဒုတိ ယရတဲ့အသင်းကတော့ ယူရို ၁၅ သန်းရရှိမှာဖြစ်ပါတယ်။ ဆီမီးတက်ရောက်နိုင်ခဲ့တဲ့အသင်းတွေက ယူရို ၁၂ သန်းရရှိမှာ ဖြစ်ပြီး ကွာတားဖိုင်နယ်တက်ရောက်ခဲ့တဲ့အသင်းတွေကတော့ ယူရို ၁၀သန်းခွဲရရှိမှာဖြစ်ပါတယ်။ ရှုံးထွက်အဆင့်ကို တက် ရောက်နိုင်ခဲ့တဲ့အသင်းတွေက ယူရို ၉သန်းခွဲရရှိမှာပဲ ဖြစ်ပါတယ်။

အုပ်စုအဆင့်ကို ရောက်ရှိခဲ့တဲ့အသင်းတွေအနေနဲ့ ယူရို ၁၅.၂၅ သန်းရရှိမှာဖြစ်ပြီး အုပ်စုအဆင့်ပွဲစဉ်တွေမှာ သရေကျခဲ့ မယ်ဆိုရင် ယူရို ကိုးသိန်း၊ အနိုင်ရခဲ့မယ်ဆိုရင် ယူရို ၂.၇သန်း ရရှိမှာဖြစ်ပါတယ်။ဒီလိုတွက်ချက်မှုတွေအရ အသင်းတစ် သင်းဟာ အုပ်စုပွဲစဉ်တွေမှာပွဲတိုင်းအနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ရရှိခဲ့မယ်ဆိုရင် ယူရို ၈၂.၄၅ သန်း ရရှိမယ်လို့သိရပါတယ်။ ယူအီးအက်ဖ်အေအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ယူရို ၂၉၂ သန်းအထိ အကုန်အကျခံပြီး ကျင်းပတာဖြစ်ပါတယ်။

zawgyi version
