ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့်အသင်းတွေကို ဟောကိန်းထုတ်ခဲ့တဲ့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါး

အာဆင်နယ်အသင်းကို နှစ် ၂၀ ကျော်ကြာကိုင်တွယ်ခဲ့တဲ့ နည်းပြအာစင်ဝင်းဂါးအနေနဲ့ လာမယ့်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရနိုင်တဲ့အသင်းကို ရွေးချယ်ခဲ့ပြီး မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ဟာ ချန်ပီယံလိဂ်ရနိုင်တဲ့အသင်းတွေလို့ ပြောဆိုခဲ့ တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို ၅ လတာရပ်နားခဲ့ရပြီး ဒီလမှာမှ ပြိုင်ပွဲပုံစံအသစ် နဲ့ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ ရှုံးထွက် ၁၆သင်းအဆင့် ဒုတိယအကျော့ကစားဖို့ ကျန်နေသေးတယ်ဆိုပေမယ့် ပထမအကျော့ကရီးရဲလ် ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရထားတာကြောင့် ကွာတားဖိုင်နယ်တက်ရောက်ဖို့များနေပါတယ်။ ပြောင်းလဲလိုက်တဲ့ပြိုင်ပွဲ ပုံစံအရ ကွာတားဖိုင်နယ်ရောက်နေတဲ့အသင်းတွေဟာ ချန်ပီယံဖြစ်ဖို့ အတွက် သုံးပွဲပဲ ကစားရမှာဖြစ်တာကြောင့် ကစားသ မားအင်အားတောင့်တင်းတဲ့အသင်းတွေအနေနဲ့ ချန်ပီယံဆုရဖို့အတွက် အခွင့်အရေးများနေတာပဲ ဖြစ်ပါတယ်။

ပြည်တွင်းဖလားတွေမှာ အောင်မြင်မှုရထားတဲ့ ပီအက်စ်ဂျီအနေနဲ့လည်း ကွာတားဖိုင်နယ်မှာ ဥရောပအတွေ့အကြုံနည်းတဲ့ အတ္တလန္တာနဲ့ ကစားရမှာဖြစ်တာကြောင့် အသာရဖို့များနေသလို ဆီမီးဖိုင်နယ်တက်နိုင်ခဲ့မယ်ဆိုရင်လည်း လစ်ပ်ဇစ်-အက် သလက်တီကို အတွဲကအနိုင်ရတဲ့အသင်းနဲ့ ကစားရမှာမို့ ဆက်ပြီးအသာရနေတာဖြစ်ပါတယ်။ကာတာအားကစားရင်းနှီးမြုပ် နှံသူတွေ ပိုင်ဆိုင်ပြီးနောက်မှာ ပီအက်သစ်ဂျီဟာ ချန်ပီယံလိဂ်ရဖို့အတွက် ကစားသမားကောင်းတွေကိုခေါ်ယူအားဖြည့်ခဲ့ တာဖြစ်ပါတယ်။

လက်ရှိမှာ ဖီဖာရဲ့ဘောလုံးဖွံဖြိုးတိုးတက်မှုခေါင်းဆောင်အဖြစ်လုပ်ကိုင်နေတဲ့ အာစင်ဝင်းဂါးက “ ဒီနှစ်ချန်ပီယံလိဂ်ဖလား ကို မန်စီးတီးနဲ့ ပီအက်စ်ဂျီ နှစ်သင်းတည်းက တစ်သင်းရနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကို၊ ဘာစီလိုနာ တို့ဟာ အသင်းကောင်းတွေဆိုပေမယ့် ကျွန်တော်အတွက်တော့ ဒီနှစ်သင်းက ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးပဲ ဖြစ်ပါ တယ်။ ချန်ပီယံလိဂ်ကစားခွင့်ရတဲ့ အသင်းတွေက အသင်းကောင်းတွေဆိုပေမယ့် ဒီနှစ်သင်းကိုယှဉ်နိုင်ဖို့တော့ ခက်ပါ လိမ့်မယ် ” လို့ပြောခဲ့ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲမယ့္အသင္းေတြကို ေဟာကိန္းထုတ္ခဲ့တဲ့ အာဆင္နယ္နည္းျပေဟာင္း အာစင္ဝင္းဂါး

အာဆင္နယ္အသင္းကို ႏွစ္ ၂၀ ေက်ာ္ၾကာကိုင္တြယ္ခဲ့တဲ့ နည္းျပအာစင္ဝင္းဂါးအေနနဲ႔ လာမယ့္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုရႏိုင္တဲ့အသင္းကို ေရြးခ်ယ္ခဲ့ၿပီး မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီတို႔ဟာ ခ်န္ပီယံလိဂ္ရႏိုင္တဲ့အသင္းေတြလို႔ ေျပာဆိုခဲ့ တာျဖစ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္တို႔ကို ၅ လတာရပ္နားခဲ့ရၿပီး ဒီလမွာမွ ၿပိဳင္ပြဲပံုစံအသစ္ နဲ႔ ျပန္လည္က်င္းပမွာ ျဖစ္ပါတယ္။
မန္စီးတီးအေနနဲ႔ ရႈံးထြက္ ၁၆သင္းအဆင့္ ဒုတိယအေက်ာ့ကစားဖို႔ က်န္ေနေသးတယ္ဆိုေပမယ့္ ပထမအေက်ာ့ကရီးရဲလ္ ကြင္းမွာ ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရထားတာေၾကာင့္ ကြာတားဖိုင္နယ္တက္ေရာက္ဖို႔မ်ားေနပါတယ္။ ေျပာင္းလဲလိုက္တဲ့ၿပိဳင္ပြဲ ပံုစံအရ ကြာတားဖိုင္နယ္ေရာက္ေနတဲ့အသင္းေတြဟာ ခ်န္ပီယံျဖစ္ဖို႔ အတြက္ သံုးပြဲပဲ ကစားရမွာျဖစ္တာေၾကာင့္ ကစားသ မားအင္အားေတာင့္တင္းတဲ့အသင္းေတြအေနနဲ႔ ခ်န္ပီယံဆုရဖို႔အတြက္ အခြင့္အေရးမ်ားေနတာပဲ ျဖစ္ပါတယ္။
ျပည္တြင္းဖလားေတြမွာ ေအာင္ျမင္မႈရထားတဲ့ ပီအက္စ္ဂ်ီအေနနဲ႔လည္း ကြာတားဖိုင္နယ္မွာ ဥေရာပအေတြ႕အၾကံဳနည္းတဲ့ အတၱလႏၲာနဲ႔ ကစားရမွာျဖစ္တာေၾကာင့္ အသာရဖို႔မ်ားေနသလို ဆီမီးဖိုင္နယ္တက္ႏိုင္ခဲ့မယ္ဆိုရင္လည္း လစ္ပ္ဇစ္-အက္ သလက္တီကို အတြဲကအႏိုင္ရတဲ့အသင္းနဲ႔ ကစားရမွာမို႔ ဆက္ၿပီးအသာရေနတာျဖစ္ပါတယ္။ကာတာအားကစားရင္းႏွီးျမဳပ္ ႏွံသူေတြ ပိုင္ဆိုင္ၿပီးေနာက္မွာ ပီအက္သစ္ဂ်ီဟာ ခ်န္ပီယံလိဂ္ရဖို႔အတြက္ ကစားသမားေကာင္းေတြကိုေခၚယူအားျဖည့္ခဲ့ တာျဖစ္ပါတယ္။
လက္ရွိမွာ ဖီဖာရဲ႕ေဘာလံုးဖြံၿဖိဳးတိုးတက္မႈေခါင္းေဆာင္အျဖစ္လုပ္ကိုင္ေနတဲ့ အာစင္ဝင္းဂါးက “ ဒီႏွစ္ခ်န္ပီယံလိဂ္ဖလား ကို မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီ ႏွစ္သင္းတည္းက တစ္သင္းရႏိုင္ပါတယ္။ ဘိုင္ယန္ျမဴးနစ္၊ အက္သလက္တီကို၊ ဘာစီလိုနာ တို႔ဟာ အသင္းေကာင္းေတြဆိုေပမယ့္ ကြ်န္ေတာ္အတြက္ေတာ့ ဒီႏွစ္သင္းက ဗိုလ္စြဲဖို႔အတြက္ ေရပန္းအစားဆံုးပဲ ျဖစ္ပါ တယ္။ ခ်န္ပီယံလိဂ္ကစားခြင့္ရတဲ့ အသင္းေတြက အသင္းေကာင္းေတြဆိုေပမယ့္ ဒီႏွစ္သင္းကိုယွဥ္ႏိုင္ဖို႔ေတာ့ ခက္ပါ လိမ့္မယ္ ” လို႔ေျပာခဲ့ပါတယ္။