ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို မေ့မထားဖို့ သတိပေးလိုက်တဲ့ ဘာနာဒိုဆေးလ်ဗား

မန်စီးတီး အသင်းရဲ့ တောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗား ကချန်ပီယံလိဂ်မှာ ရီးရဲလ် နဲ့ရင်ဆိုင်ဖို့ ကျန်ရှိနေသေးပြီး သူတို့ကို ဖယ်ထုတ်မထားသင့်သေးကြောင်းသတိပေးပြောဆိုသွားခဲ့ပါတယ်။မန်စီးတီး နဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ တွေ့ဆုံနေကြတာဖြစ်ပြီး ဒီဗိုင်းရပ်စ် ကာလမတိုင်ခင်မှာ ပထမအကျော့ ယှဉ်ပြိုင်ထားခဲ့ကြတာဖြစ်ပါတယ်။ပထမအကျော့ ဘာနေဗျုး မှာ ကစားခဲ့စဉ်က မန်စီးတီး ဟာ အဝေးကွင်းမှာ (၁-၂) နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ဒါပေမဲ့ လည်း အီတီဟတ် မှာ ယှဉ်ပြိုင်ရဦးမယ့် ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ် ကို လျှော့မတွက်သင့်ကြောင်းနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့အတွက် သေချာမှုမရှိသေးဘူးလို့ မန်စီးတီး တောင်ပံကစားသမားက သတိပေးသွားခဲ့ပါတယ်။

ဘီနာဒိုဆေးလ်ဗား ဟာ AS သတင်းစာနဲ့ တွေ့ဆုံရာမှာ ‘ ပွဲတွေအားလုံးပြန်ပြီး စတင်ကြတော့မယ်၊မက်ဒရစ် လိုအသင်နဲ့ ကစားရင် ဘာမှ သေချာတယ်ဆိုတာမရှိပါဘူး၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကမှ ကျွန်တော်တို့ဟာ ဖလားတွေအများကြီးနဲ့ ထိတွေ့ခဲ့ရတာပါပြးခဲ့တဲ့နှစ်က ဘာစီလိုနာ ကိုပဲကြည့်ပါဦး၊ သူတို့ လီဗာပူး ကို (၃-ဝ) နဲ့ အနိုင်ရရှိထားပေမယ့် ဒုတိယအကျော့မှာ (၄) ဂိုးပြတ်ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတယ်ဒါကြောင့် ဥရောပချန်ပီယံ (၁၃) ကြိမ်အထိ ရထားတဲ့ ရီးရဲလ်မက်ဒရစ် ကို ကျွန်တော်တို့ ချန်မထားသင့်ဘူး
တခြားအသင်းတွေလည်း အတူတူပါပဲ ’ လို့ ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ လာမယ့် ဇွန်လ အတွင်းမှာ ပြန်လည်စတင်မယ်လို့ ကြေငြာထားခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေကတော့ သြဂုတ်လအတွင်းမှာ ကစားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

#Real #Silva #Myanball

Zawgyi

ခ်န္ပီယံလိဂ္မွာ ရီးရဲလ္မက္ဒရစ္ကို ေမ႔မထားဖို႔ သတိေပးလိုက္တဲ႔ ဘာနာဒိုေဆးလ္ဗား

မန္စီးတီး အသင္းရဲ႕ ေတာင္ပံကစားသမား ဘာနာဒိုေဆးလ္ဗား ကခ်န္ပီယံလိဂ္မွာ ရီးရဲလ္ နဲ႔ရင္ဆုိင္ဖို႔ က်န္ရွိေနေသးျပီး သူတို႔ကို ဖယ္ထုတ္မထားသင္႔ေသးေၾကာင္းသတိေပးေျပာဆိုသြားခဲ႔ပါတယ္။မန္စီးတီး နဲ႔ ရီးရဲလ္မက္ဒရစ္ တို႔ဟာ ခ်န္ပီယံလိဂ္ရွံုးထြက္အဆင္႔မွာ ေတြ႕ဆံုေနၾကတာျဖစ္ျပီး ဒီဗိုင္းရပ္စ္ ကာလမတိုင္ခင္မွာ ပထမအေက်ာ႔ ယွဥ္ျပိဳင္ထားခဲ႔ၾကတာျဖစ္ပါတယ္။ပထမအေက်ာ႔ ဘာေနဗ်ဳး မွာ ကစားခဲ႔စဥ္က မန္စီးတီး ဟာ အေ၀းကြင္းမွာ (၁-၂) နဲ႔ အႏိုင္ရရွိခဲ႔ျပီး ေနာက္တစ္ဆင္႔ကိုတက္ေရာက္ဖို႔အတြက္ အေျခအေနေကာင္းတစ္ရပ္ကို ပိုင္ဆိုင္ထားခဲ႔ပါတယ္။ဒါေပမဲ႔ လည္း အီတီဟတ္ မွာ ယွဥ္ျပိဳင္ရဦးမယ္႔ ဒုတိယအေက်ာ႔မွာ ရီးရဲလ္မက္ဒရစ္ ကို ေလွ်ာ႔မတြက္သင္႔ေၾကာင္းနဲ႔ ကြာတားဖိုင္နယ္ကို တက္ေရာက္ဖို႔အတြက္ ေသခ်ာမွုမရွိေသးဘူးလို႔ မန္စီးတီး ေတာင္ပံကစားသမားက သတိေပးသြားခဲ႔ပါတယ္။

ဘီနာဒိုေဆးလ္ဗား ဟာ AS သတင္းစာနဲ႔ ေတြ႕ဆံုရာမွာ ‘ ပြဲေတြအားလံုးျပန္ျပီး စတင္ၾကေတာ႔မယ္၊မက္ဒရစ္ လိုအသင္နဲ႔ ကစားရင္ ဘာမွ ေသခ်ာတယ္ဆိုတာမရွိပါဘူး၊ ျပီးခဲ႔တဲ႔ ႏွစ္အနည္းငယ္အတြင္းကမွ ကြ်န္ေတာ္တို႔ဟာ ဖလားေတြအမ်ားၾကီးနဲ႔ ထိေတြ႔ခဲ႔ရတာပါျပီးခဲ႔တဲ႔ႏွစ္က ဘာစီလုိနာ ကိုပဲၾကည္႔ပါဦး၊ သူတို႔ လီဗာပူး ကို (၃-၀) နဲ႔ အႏိုင္ရရွိထားေပမယ္႔ ဒုတိယအေက်ာ႔မွာ (၄) ဂိုးျပတ္ရွံုးနိမ္႔ျပီး ျပိဳင္ပြဲက ထြက္ခဲ႔ရတယ္ဒါေၾကာင္႔ ဥေရာပခ်န္ပီယံ (၁၃) ၾကိမ္အထိ ရထားတဲ႔ ရီးရဲလ္မက္ဒရစ္ ကို ကြ်န္ေတာ္တို႔ ခ်န္မထားသင္႔ဘူးတျခားအသင္းေတြလည္း အတူတူပါပဲ ’ လို႔ ေျပာၾကားသြားခဲ႔ပါတယ္။

ပရီးမီးယားလိဂ္ပြဲစဥ္ေတြဟာ လာမယ္႔ ဇြန္လ အတြင္းမွာ ျပန္လည္စတင္မယ္လို႔ ေၾကျငာထားခဲ႔ျပီး ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကေတာ႔ ၾသဂုတ္လအတြင္းမွာ ကစားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

#Real #Silva #Myanball