ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီး ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် ဘိုင်ယန် ရပ်တည်

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေအပြီး ဝင်ငွေအများဆုံးအသင်းစာရင်းမှာ ဘိုင်ယန်မြူးနစ်က ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ အုပ်စု(B)မှာ (၆)ပွဲ ကစား၊ (၆)ပွဲနိုင်ရလဒ်နဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး (၁၆)သင်းအဆင့်မှာ ချဲလ်ဆီးနဲ့ တွေ့ဆုံနေပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ အုပ်စုပွဲစဉ်တွေအပြီးမှာ ဝင်ငွေ ပေါင်သန်း(၇၀)ရရှိခဲ့ပါတယ်။

အင်တာမီလန်၊ ဒေါ့မွန်တို့ ပါဝင်တဲ့အုပ်စုမှာ ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး နောက်တစ်ဆင့် တက်လာတဲ့ ဘာစီလိုနာက ဝင်ငွေပေါင်(၆၉)သန်း၊ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းက ပေါင်(၆၈)သန်းရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာတော့ မန်စီးတီးအသင်းက ဝင်ငွေအများဆုံးရရှိခဲ့ပြီး ပေါင်(၆၆)သန်းရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကလပ်(၄)သင်းလုံး (၁၆)သင်းအဆင့် တက်ရောက်နိုင်ခဲ့ပြီး (၄)သင်းပေါင်း ဝင်ငွေရရှိမှုက ပေါင် ၂၄၁ သန်းရှိပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စွမ်းဆောင်ရည်အလိုက် ပေးချေတဲ့ ဆုကြေးငွေနဲ့ ရုပ်သံဝင်ငွေကို စာရင်းကောက်ယူပြီး ဘောလုံးဆိုင်ရာ စီးပွားရေးဘလော့ SwissRamble က အခုလို ဖော်ပြခဲ့တာပါ။ ချန်ပီယံလိဂ်လက်ရှိချန်ပီယံ လီဗာပူးအသင်းက ဝင်ငွေ ပေါင် ၆၅ သန်းရရှိခဲ့ပြီး နည်းပြလမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းကတော့ ပေါင် ၆၂ သန်း ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ခွင့်ရခဲ့တဲ့ စပါးအသင်းကတော့ ဝင်ငွေ ပေါင် ၄၉ သန်းပဲ ရရှိခဲ့ပြီး ဒေါ့မွန်၊ နာပိုလီအသင်းတွေထက် ပိုနည်းခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ ရီးရဲလ်အသင်းကတော့ (၁၆)သင်းအဆင့်မှာ မန်စီးတီးနဲ့ တွေ့ဆုံနေပြီး လီဗာပူးကတော့ အက်သလက်တီကိုနဲ့ တွေ့ဆုံနေပါတယ်။  စပါးကတော့ ဘွန်ဒက်စ်လီဂါကလပ် လစ်ဇစ်အသင်းနဲ့ ကစားရမှာပါ။

ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အၿပီး ဝင္ေငြအေကာင္းဆုံးအသင္းအျဖစ္ ဘုိင္ယန္ ရပ္တည္

ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ေတြအၿပီး ဝင္ေငြအမ်ားဆုံးအသင္းစာရင္းမွာ ဘုိင္ယန္ျမဴးနစ္က ထိပ္ဆုံးေနရာ ရပ္တည္ခဲ့ပါတယ္။ ဘုိင္ယန္ျမဴးနစ္ဟာ အုပ္စု(B)မွာ (၆)ပြဲ ကစား၊ (၆)ပြဲႏုိင္ရလဒ္နဲ႔ (၁၆)သင္းအဆင့္ကုိ တက္ေရာက္ႏုိင္ခဲ့ၿပီး (၁၆)သင္းအဆင့္မွာ ခ်ဲလ္ဆီးနဲ႔ ေတြ႔ဆုံေနပါတယ္။ ဘုိင္ယန္ျမဴးနစ္ဟာ အုပ္စုပြဲစဥ္ေတြအၿပီးမွာ ဝင္ေငြ ေပါင္သန္း(၇၀)ရရွိခဲ့ပါတယ္။

အင္တာမီလန္၊ ေဒါ့မြန္တုိ႔ ပါဝင္တဲ့အုပ္စုမွာ ႐ႈံးပြဲမရွိကစားႏုိင္ခဲ့ၿပီး ေနာက္တစ္ဆင့္ တက္လာတဲ့ ဘာစီလုိနာက ဝင္ေငြေပါင္(၆၉)သန္း၊ ေရာ္နယ္ဒုိရဲ႕ ဂ်ဴဗင္တပ္အသင္းက ေပါင္(၆၈)သန္းရရွိခဲ့ပါတယ္။ ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာေတာ့ မန္စီးတီးအသင္းက ဝင္ေငြအမ်ားဆုံးရရွိခဲ့ၿပီး ေပါင္(၆၆)သန္းရရွိခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပရီးမီးယားလိဂ္ကလပ္(၄)သင္းလုံး (၁၆)သင္းအဆင့္ တက္ေရာက္ႏုိင္ခဲ့ၿပီး (၄)သင္းေပါင္း ဝင္ေငြရရွိမႈက ေပါင္ ၂၄၁ သန္းရွိပါတယ္။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ စြမ္းေဆာင္ရည္အလုိက္ ေပးေခ်တဲ့ ဆုေၾကးေငြနဲ႔ ႐ုပ္သံဝင္ေငြကုိ စာရင္းေကာက္ယူၿပီး ေဘာလုံးဆုိင္ရာ စီးပြားေရးဘေလာ့ SwissRamble က အခုလုိ ေဖာ္ျပခဲ့တာပါ။ ခ်န္ပီယံလိဂ္လက္ရွိခ်န္ပီယံ လီဗာပူးအသင္းက ဝင္ေငြ ေပါင္ ၆၅ သန္းရရွိခဲ့ၿပီး နည္းျပလမ္းပတ္ရဲ႕ ခ်ဲလ္ဆီးအသင္းကေတာ့ ေပါင္ ၆၂ သန္း ရရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဗုိလ္လုပြဲ တက္ေရာက္ခြင့္ရခဲ့တဲ့ စပါးအသင္းကေတာ့ ဝင္ေငြ ေပါင္ ၄၉ သန္းပဲ ရရွိခဲ့ၿပီး ေဒါ့မြန္၊ နာပုိလီအသင္းေတြထက္ ပုိနည္းခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆုံးျဖစ္တဲ့ ရီးရဲလ္အသင္းကေတာ့ (၁၆)သင္းအဆင့္မွာ မန္စီးတီးနဲ႔ ေတြ႔ဆုံေနၿပီး လီဗာပူးကေတာ့ အက္သလက္တီကုိနဲ႔ ေတြ႔ဆုံေနပါတယ္။  စပါးကေတာ့ ဘြန္ဒက္စ္လီဂါကလပ္ လစ္ဇစ္အသင္းနဲ႔ ကစားရမွာပါ။