ဂျာဒွန်ဆန်ချို ၊ အန်ဆုဖာတီ ၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ဂရင်းဝုဒ် နဲ့ ဖိုဒန်တို့ကို ကျော်ဖြတ်ပြီး ၂၀၂၀ လူငယ်ရွှေဘောလုံးဆုကို ဆွတ်ခူးသွားတဲ့ ဟာလန်း

ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ အသင်းဖော် ဂျာဒွန်ဆန်ချိုကို ကျော်ဖြတ်ပြီး ၂၀၂၀ လူငယ်ရွှေဘောလုံးဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ အီတလီသတင်းစာ Tuttosport ကကျင်းပတဲ့ လူငယ်ရွှေ့ဘောလုံးဆုဟာ ဥရောပလိဂ်တစ်ဝန်းက အသက်၂၁နှစ်အရွယ် နဲ့…

အသင်းရဲ့ အဓိက ဗဟို နောက်ခံလူ (၂) ယောက် လက်ရွေးစင်အသင်းတွေမှာ ဒဏ်ရာရသွားလို့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်း စိတ်ပျက်နေ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ (၂) ယောက်စလုံးဖြစ်တဲ့ ရာမိုစ့် နဲ့ ဗာရာနီတို့ဟာ လက်ရွေးစင်အသင်းမှာ ဒဏ်ရာအသီးသီးရခဲ့ကြပါတယ်။ ရာမိုစ့်ဟာ ဂျာမနီကို စပိန်အသင်းက (၆-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ…

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရာနီကို ခေါ်ယူမယ့် အခွင့်အရေးရရှိနေတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဗဟိုနောက်ခံလူ ဗာရာနီကို ခေါ်ယူရန် လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ပြင်သစ်လက်ရွေးစင်နောက်ခံလူကို ယူနိုက်တက်အသင်းက ဆက်သွယ်စုံစမ်းခဲ့ဖူးပြီး ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။ သို့သော်လည်း ယခုအခါ ယူနိုက်အသင်းဟာ စာချုပ်သက်တမ်း…

ဘာစီလိုနာကနေ မက်ဆီထွက်သွားရင်တောင် လာလီဂါကို အောင်မြင်မှုရအောင်လုပ်မယ်လို့ ပြောခဲ့တဲ့ တီဘက်စ်


လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဖြစ်တဲ့ ဂျားဗီးယားတီဘက်စ်က အသင်းပြောင်းရွှေ့ဖို့သတင်းတွေထွက်နေပြီး လာမယ့် ရာသီမှာ ဘာစီလိုနာကနေ ထွက်ဖို့ သေချာသလောက်ရှိနေတဲ့ မက်ဆီမရှိတော့ဘူးဆိုရင်တောင် လာလီဂါကို အောင်မြင်မှု ရအောင်လုပ်မယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်တွေဖြစ်တဲ့ နေမာ၊ စီရော်နယ်ဒို ထွက်သွားမှုကြောင့် လာလီဂါပြိုင်ပွဲအနေနဲ့ ထိခိုက်မှုတွေရှိခဲ့ပြီး မက်ဆီထွက်ခွာသွားပါက လာလီဂါရဲ့ပုံရိပ် ကို ထိခိုက်နိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ မန်စီးတီးဟာ မက်ဆီရဲ့စာချုပ်ပါလျော်ကြေး ယူရို သန်း ၇၀၀ ကို ပေးပြီးခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက တားမြစ်ခဲ့လို့သာ မက်ဆီ အနေနဲ့ ဘာစီလိုနာမှာ စာချုပ်သက်တမ်းကုန်အထိ ရှိနေတာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ ဥက္ကဌနေရာအပြောင်း အလဲဖြစ်သွားတာကြောင့်လည်း အသင်းမှာမက်ဆီဆက်ရှိနေမယ်လို့လည်း ခန့်မှန်းမှုတွေ ထွက်ပေါ်နေတယ်လို့ သိရပါ တယ်။


လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဌ တီဘက်စ်က “ အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ မက်ဆီကို ဘာစီလိုနာမှာပဲ ဆက်ရှိ နေစေချင်ပါတယ်။ နေမာ နဲ့ စီရော်နယ်ဒိုတို့ ထွက်သွားပြီးနောက် မက်ဆီကိုပါ ထပ်ပြီး မဆုံးရှုံးချင်ပါဘူး။ ဒါပေမယ့် ဘော လုံးလောက,က အများကြီး အပြောင်းအလဲဖြစ်စေပါတယ်။ တကယ်လို့ ဘာစီလိုနာကနေ မက်ဆီထွက်သွားခဲ့မယ်ဆိုရင် လည်း လာလီဂါကို အောင်မြင်တဲ့လိဂ်တစ်ခုဖြစ်အောင် လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာကေန မက္ဆီထြက္သြားရင္ေတာင္ လာလီဂါကို ေအာင္ျမင္မႈရေအာင္လုပ္မယ္လို႔ ေျပာခဲ့တဲ့ တီဘက္စ္
လာလီဂါေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠဌ ျဖစ္တဲ့ ဂ်ားဗီးယားတီဘက္စ္က အသင္းေျပာင္းေရႊ႕ဖို႔သတင္းေတြထြက္ေနၿပီး လာမယ့္ ရာသီမွာ ဘာစီလိုနာကေန ထြက္ဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ မက္ဆီမရွိေတာ့ဘူးဆိုရင္ေတာင္ လာလီဂါကို ေအာင္ျမင္မႈ ရေအာင္လုပ္မယ္လို႔ ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြမွာ ကမ႓ာ့အေကာင္းဆံုးကစားသမားစာရင္းဝင္ေတြျဖစ္တဲ့ ေနမာ၊ စီေရာ္နယ္ဒို ထြက္သြားမႈေၾကာင့္ လာလီဂါၿပိဳင္ပြဲအေနနဲ႔ ထိခိုက္မႈေတြရွိခဲ့ၿပီး မက္ဆီထြက္ခြာသြားပါက လာလီဂါရဲ႕ပံုရိပ္ ကို ထိခိုက္ႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ပရီးမီးယားလိဂ္ကလပ္ျဖစ္တဲ့ မန္စီးတီးဟာ မက္ဆီရဲ႕စာခ်ဳပ္ပါေလ်ာ္ေၾကး ယူ႐ို သန္း ၇၀၀ ကို ေပးၿပီးေခၚယူဖို႔ လုပ္ေဆာင္ခဲ့ေပမယ့္ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြက တားျမစ္ခဲ့လို႔သာ မက္ဆီ အေနနဲ႔ ဘာစီလိုနာမွာ စာခ်ဳပ္သက္တမ္းကုန္အထိ ရွိေနတာပဲ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းမွာ ဥကၠဌေနရာအေျပာင္း အလဲျဖစ္သြားတာေၾကာင့္လည္း အသင္းမွာမက္ဆီဆက္ရွိေနမယ္လို႔လည္း ခန္႔မွန္းမႈေတြ ထြက္ေပၚေနတယ္လို႔ သိရပါ တယ္။
လာလီဂါေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠဌ တီဘက္စ္က “ အမွန္အတိုင္းေျပာရမယ္ဆိုရင္ေတာ့ မက္ဆီကို ဘာစီလိုနာမွာပဲ ဆက္ရွိ ေနေစခ်င္ပါတယ္။ ေနမာ နဲ႔ စီေရာ္နယ္ဒိုတို႔ ထြက္သြားၿပီးေနာက္ မက္ဆီကိုပါ ထပ္ၿပီး မဆံုးရႈံးခ်င္ပါဘူး။ ဒါေပမယ့္ ေဘာ လံုးေလာက,က အမ်ားႀကီး အေျပာင္းအလဲျဖစ္ေစပါတယ္။ တကယ္လို႔ ဘာစီလိုနာကေန မက္ဆီထြက္သြားခဲ့မယ္ဆိုရင္ လည္း လာလီဂါကို ေအာင္ျမင္တဲ့လိဂ္တစ္ခုျဖစ္ေအာင္ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

ဝိုင်နယ်လ်ဒမ်း ကို (၅) နှစ်စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းလိုက်တဲ့ လီဗာပူးလ်အသင်း

အပြောင်းအရွှေ့ရာသီတုန်းက အန်ဖီးလ်ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းကို လီဗာပူးလ်အသင်းဟာ စာချုပ်သစ်တစ်ရပ် နဲ့ ကမ်းလှမ်းလိုက်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဝိုင်နယ်လ်ဒမ်းဟာ ပရီးမီးယားလိဂ် ချန်ပီယံအသင်းရဲ့ အဓိက…

ဆွာရက်ဇ်မှာ ကိုဗစ်တွေ့ခဲ့တာကြောင့် ဘာစီလိုနာနဲ့ ပြန်ရင်ဆိုင်ရမယ့်ပွဲကို လွဲချော်မယ်လို့ သိရ


နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ ထွက်ခဲ့ပြီး ချန်ပီယံပြိုင်ဘက် အက်သလက်တီကို,ကို ရောက်ရှိခဲ့တဲ့ ဆွာရက်ဇ်ဟာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတာကြောင့် နိုင်ငံတကာပွဲစဉ်တွေအပြီး ကစားမယ့် အသင်းဟောင်း ဘာစီလို နာနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဆွာရက်ဇ်ဟာ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ခဲ့တာ မကြာသေးပေမယ့် အသင်းရဲ့အတွက် ခြေစွမ်းပြနေတဲ့ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။


အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရကြောင်းကို ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က အတည် ပြုခဲ့တာဖြစ်ပြီး သီးခြားနေထိုင်ဖို့အတွက် လမ်းညွှန်ခဲ့တယ်လို့လည်း သိရပါတယ်။ ဆွာရက်ဇ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအ ဖြစ် ဘရာဇီးနဲ့ကစားမယ့်ပွဲကို လွဲချော်မှာဖြစ်သလို သီတင်းပတ်အကုန်မှာ ကစားမယ့်အသင်းဟောင်းဘာစီလိုနာနဲ့ ပွဲစဉ် ကိုလည်း လွဲချော်မှာ ဖြစ်တယ်လို့ သိရပါတယ်။


ဥရုဂွေးဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက “ ပွဲတစ်ပွဲမကစားခင်မှာ အသင်းနဲ့ သက်ဆိုင်တဲ့သူအားလုံးကို စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာတော့ ဆွာရက်ဇ်အပြင် ဂိုးသမားမူနော့ဇ်နဲ့ အသင်းရဲ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဖာရယ်လ်တို့မှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန်တဲ့သူတွေ မှာတော့ မတွေ့ခဲ့ပါဘူး။” လို့ပြောခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အက်သလက်တီကိုအ တွက် ခြောက်ပွဲမှာ ငါးဂိုးသွင်းယူထားတဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။

zawgyi version

ဆြာရက္ဇ္မွာ ကိုဗစ္ေတြ႕ခဲ့တာေၾကာင့္ ဘာစီလိုနာနဲ႔ ျပန္ရင္ဆိုင္ရမယ့္ပြဲကို လြဲေခ်ာ္မယ္လို႔ သိရ
ေႏြရာသီအေျပာင္းအေရႊ႕မွာ ဘာစီလိုနာကေန ထြက္ခဲ့ၿပီး ခ်န္ပီယံၿပိဳင္ဘက္ အက္သလက္တီကို,ကို ေရာက္ရွိခဲ့တဲ့ ဆြာရက္ဇ္ဟာ ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရတာေၾကာင့္ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီး ကစားမယ့္ အသင္းေဟာင္း ဘာစီလို နာနဲ႔ ရင္ဆိုင္ရမယ့္ပြဲစဥ္မွာ ပါဝင္ကစားႏိုင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ဆြာရက္ဇ္ဟာ အက္သလက္တီကိုအသင္းကို ေျပာင္းေရႊ႕ခဲ့တာ မၾကာေသးေပမယ့္ အသင္းရဲ႕အတြက္ ေျခစြမ္းျပေနတဲ့ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။
အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဆြာရက္ဇ္မွာ ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရေၾကာင္းကို ဥ႐ုေဂြးေဘာလံုးအဖြဲ႕ခ်ဳပ္က အတည္ ျပဳခဲ့တာျဖစ္ၿပီး သီးျခားေနထိုင္ဖို႔အတြက္ လမ္းၫႊန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဆြာရက္ဇ္ဟာ ကမ႓ာ့ဖလားေျခစစ္ပြဲအ ျဖစ္ ဘရာဇီးနဲ႔ကစားမယ့္ပြဲကို လြဲေခ်ာ္မွာျဖစ္သလို သီတင္းပတ္အကုန္မွာ ကစားမယ့္အသင္းေဟာင္းဘာစီလိုနာနဲ႔ ပြဲစဥ္ ကိုလည္း လြဲေခ်ာ္မွာ ျဖစ္တယ္လို႔ သိရပါတယ္။
ဥ႐ုေဂြးေဘာလံုးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူတစ္ဦးက “ ပြဲတစ္ပြဲမကစားခင္မွာ အသင္းနဲ႔ သက္ဆိုင္တဲ့သူအားလံုးကို စစ္ေဆးမႈျပဳလုပ္ခဲ့ရာမွာေတာ့ ဆြာရက္ဇ္အျပင္ ဂိုးသမားမူေနာ့ဇ္နဲ႔ အသင္းရဲ႕ဝန္ထမ္းတစ္ဦးျဖစ္တဲ့ ဖာရယ္လ္တို႔မွာ ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး က်န္တဲ့သူေတြ မွာေတာ့ မေတြ႕ခဲ့ပါဘူး။” လို႔ေျပာခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ အက္သလက္တီကိုအ တြက္ ေျခာက္ပြဲမွာ ငါးဂိုးသြင္းယူထားတဲ့ တိုက္စစ္မွဴးတစ္ဦးလည္း ျဖစ္ပါတယ္။

အာဆင်နယ်နောက်ခံလူ မူစတာဖီကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူရန် မျက်စိကျနေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းမှာ ကစားခွင့် ပျောက်ဆုံးနေတဲ့ ဗဟိုနောက်ခံလူ မူစတာဖီကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အံ့အားသင့်ဖွယ် ခေါ်ယူရန် ကြိုးစားနိုင်တယ်လို့ သတင်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားမူစတာဖီရဲ့…

ဟာလန်းကိုခေါ်ယူနိုင်ဖို့ ရှိခဲ့ပေမယ့် ကစားဟန်မတူတာကြောင့် မခေါ်ဖြစ်ခဲ့ဘူးလို့ ပြောခဲ့တဲ့ ဘာစီလိုနာ ဒါရိုက်တာဟောင်း


ဘာစီလိုနာအသင်းရဲ့ဒါရိုက်တာဟောင်းတစ်ဦးဖြစ်တဲ့ ဂျားဗီးယားဘော်ဒို့စ်က အသင်းအနေနဲ့ ၂၀၁၉ ခုနှစ်က ဒေါ့မန် တိုက်စစ်မှူးဟာလန်းကို ခေါ်ယူဖို့အခွင့်အရေးရခဲ့ပေမယ့် ကစားဟန် မတူတာကြောင့် မခေါ်ယူခဲ့တာဖြစ်တယ်လို့ ပြောခဲ့ ပါတယ်။ ဘာစီလိုနာဟာ အသက်အရွယ်ရလာတဲ့ အဓိကတိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နေရာကို အစားထိုးဖို့အတွက် ဟာလန်း ကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။


ဆဲလ်ဘတ်အသင်းကနေ ဟာလန်းအနေနဲ့ ဒေါ့မန်အသင်းကို ပေါင် ၁၈ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူရဲ့ခြေစွမ်းပြနိုင်မှု ကြောင့် အသင်းကြီးတွေကခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်နဲ့ လာလီဂါ ထိပ်သီးရီးရဲလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး ဟာလန်းကတော့ ရီးရဲလ်မှာကစားချင်တယ်လို့ ထုတ်ဖော် ပြောဆိုမှုတွေ ရှိခဲ့ဖူးပါတယ်။


ဘာစီလိုနာဒါရိုက်တာဟောင်းက ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Mundo Deportivo ကနေတဆင့် “ ကျွန်တော်အနေနဲ့ ဥက္ကဌ ဟောင်း ဘာတိုမီယူရဲ့အယူအဆတွေအရ အသင်းရဲ့ကစားဟန်နဲ့မတူတဲ့ကစားသမားတစ်ယောက်ကို မခေါ်ယူခဲ့တာပါ။ ဟာလန်းက တိုက်စစ်မှူးကောင်းတစ်ယောက်ပါ။ ဆွာရက်ဇ်ရဲ့နေရာမှာ အကောင်းဆုံးအစားထိုးမှုဖြစ်လာနိုင်ပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ စိတ်ဝင်စားခဲ့ခြင်းမရှိခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဟာလန္းကိုေခၚယူႏိုင္ဖို႔ ရွိခဲ့ေပမယ့္ ကစားဟန္မတူတာေၾကာင့္ မေခၚျဖစ္ခဲ့ဘူးလို႔ ေျပာခဲ့တဲ့ ဘာစီလိုနာ ဒါ႐ိုက္တာ ေဟာင္း
ဘာစီလိုနာအသင္းရဲ႕ဒါ႐ိုက္တာေဟာင္းတစ္ဦးျဖစ္တဲ့ ဂ်ားဗီးယားေဘာ္ဒို႔စ္က အသင္းအေနနဲ႔ ၂၀၁၉ ခုႏွစ္က ေဒါ့မန္ တိုက္စစ္မွဴးဟာလန္းကို ေခၚယူဖို႔အခြင့္အေရးရခဲ့ေပမယ့္ ကစားဟန္ မတူတာေၾကာင့္ မေခၚယူခဲ့တာျဖစ္တယ္လို႔ ေျပာခဲ့ ပါတယ္။ ဘာစီလိုနာဟာ အသက္အရြယ္ရလာတဲ့ အဓိကတိုက္စစ္မွဴး ဆြာရက္ဇ္ရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ဟာလန္း ကို ေခၚယူဖို႔ သတင္းေတြထြက္ေပၚခဲ့တာပဲ ျဖစ္ပါတယ္။
ဆဲလ္ဘတ္အသင္းကေန ဟာလန္းအေနနဲ႔ ေဒါ့မန္အသင္းကို ေပါင္ ၁၈ သန္းနဲ႔ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး သူရဲ႕ေျခစြမ္းျပႏိုင္မႈ ေၾကာင့္ အသင္းႀကီးေတြကေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကလပ္ ယူႏိုက္တက္နဲ႔ လာလီဂါ ထိပ္သီးရီးရဲလ္တို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရၿပီး ဟာလန္းကေတာ့ ရီးရဲလ္မွာကစားခ်င္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုမႈေတြ ရွိခဲ့ဖူးပါတယ္။
ဘာစီလိုနာဒါ႐ိုက္တာေဟာင္းက ႐ုပ္သံလိုင္းတစ္ခုျဖစ္တဲ့ Mundo Deportivo ကေနတဆင့္ “ ကြ်န္ေတာ္အေနနဲ႔ ဥကၠဌ ေဟာင္း ဘာတိုမီယူရဲ႕အယူအဆေတြအရ အသင္းရဲ႕ကစားဟန္နဲ႔မတူတဲ့ကစားသမားတစ္ေယာက္ကို မေခၚယူခဲ့တာပါ။ ဟာလန္းက တိုက္စစ္မွဴးေကာင္းတစ္ေယာက္ပါ။ ဆြာရက္ဇ္ရဲ႕ေနရာမွာ အေကာင္းဆံုးအစားထိုးမႈျဖစ္လာႏိုင္ေပမယ့္ အသင္းတာဝန္ရွိသူေတြကေတာ့ စိတ္ဝင္စားခဲ့ျခင္းမရွိခဲ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

နောက်နွေရာသီမှာ မက်ဆီ အသင်းကနေ ထွက်ခွာသွားပါက ပေါင်သန်း ၃၀ ဆုံးရှုံးဦးမယ့် ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ မက်ဆီသာ နောက်နွေရာသီမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရန် ဆုံးဖြတ်လိုက်ပါက နူးကမ့်ကလပ်အသင်းကနေ အာဂျင်တီးနား ကစားသမားကို သစ္စာရှိကြေး ပေါင်သန်း ၃၀ ပေးရမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။…

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဖြစ်တဲ့ နည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘာစီလိုနာ နဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်းဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်နေပြီး အသင်းဟောင်း…