၂၀၂၀ ခုနှစ်ရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးမှာ နာမည်ကျော်တွေမဟုတ်ဘဲ အတ္တလန္တာတိုက်စစ်မှူး မူရီရယ် ဖြစ်နေ

အချက်အလက်စစ်တမ်းတွေကောက်ယူတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုရဲ့ဖော်ပြမှုမှာတော့ ၂၀၂၀ ခုနှစ်အတွင်း ဥရောပထိပ်သီး လိဂ် ၅ ခုမှာ ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးအဖြစ် အတ္တလန္တာတိုက်စစ်မှူး မူရီရယ်ကို ဖော်ပြထားပါတယ်။ ဒီစာရင်းရဲ့ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ နာမည်ကျော်ကစားသမားတွေပါဝင်ခဲ့ပြီး စီရော်နယ်ဒိုက အဆင့်-၃ နေရာမှာရှိခဲ့ပေမယ့် မက်ဆီ ကတော့ ပါဝင်ခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ကစားခဲ့တဲ့အချိန်မိနစ်နဲ့ သွင်းဂိုးတွေကို အချိုးကျတွက်ချက်ရမှာတော့ အတ္တလန္တာတိုက်စစ်မှူး မူရီရယ် က နံပါတ် ၁ နေရာမှာရှိနေခဲ့တာဖြစ်ပြီး ကစားခွင့်ရခဲ့တဲ့ ၄၈၇ မိနစ်မှာ ၈ ဂိုးအထိသွင်းယူခဲ့တာကြောင့် ကစားချိန် ၆၁ မိနစ် တိုင်းသွင်းဂိုးတစ်ဂိုးရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ ဆမ်ဒိုးရီးယားတိုက်စစ်မှူး ဘွန်နာဇို လီက ရှိနေတာဖြစ်ပြီး ၃၈၇ မိနစ်မှာ ၅ ဂိုးသွင်းယူနိုင်တာကြောင့် ၇၇ မိနစ်ကစားတိုင်း တစ်ဂိုးရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့က ၈၁ မိနစ်ကစားပြီးတိုင်း သွင်းဂိုးတစ်ဂိုး ရရှိခဲ့တယ် ဆိုပေမယ့် ကစားချိန်ပိုများသလို သွင်းဂိုးလည်းပိုများခဲ့တဲ့ စီရော်နယ်ဒိုက တတိယနေရာမှာရှိနေခဲ့တာဖြစ်ပါတယ်။ စီရော် နယ်ဒိုဟာ ၁၆၉၃ မိနစ်မှာ သွင်းဂိုး ၂၁ ဂိုးရခဲ့တာဖြစ်ပြီး ဟာလန်းကတော့ ၁၀၅၉ မိနစ်မှာ ၁၃ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါ တယ်။ဘိုင်ယန်မြူးနစ်အတွက်ခြေစွမ်းပြဂိုးတွေသွင်းခဲ့တဲ့ လီဝန်ဒေါစကီးနဲ့ ဗီရိုနာကြယ်ပွင့် ပက်ဇီနီတို့ကတော့ ၈၄ မိနစ် ကစားပြီးတိုင်း သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားဖြစ်တဲ့ နေမာက ဒီစာရင်းမှာ အဆင့်-၇ နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ နေမာ ဟာ ၂၀၂၀ခုနှစ်မှာ ၄၅၀ မိနစ်ကစားပြီး ၅ ဂိုးသွင်းယူနိုင်တာကြောင့် မိနစ် ၉၀ ကစားပြီးတိုင်း သွင်းဂိုးတစ်ဂိုးရခဲ့တာလည်း ဖြစ်ပါတယ်။ မန်စီးတီးတိုက်စစ်မှူးအဂူရိုနဲ့ ရိုးမားတိုက်စစ်မှူး ကာလီနစ်တို့က ဒီစာရင်းမှာ အဆင့်၈၊၉ နေရာတွေမှာရှိခဲ့ပြီး ဥရောပရွှေဖိနပ်ဆု ရခဲ့တဲ့ အင်မိုဘီလီကတော့ အဆင့်-၁၀ နေရာမှာပဲ ရှိခဲ့တာဖြစ်ပါတယ်။

zawgyi version

၂၀၂၀ ခုႏွစ္ရဲ႕ ေၾကာက္စရာအေကာင္းဆံုး တိုက္စစ္မွဴးမွာ နာမည္ေက်ာ္ေတြမဟုတ္ဘဲ အတၱလႏၲာတိုက္စစ္မွဴး မူရီရယ္ ျဖစ္ေန

အခ်က္အလက္စစ္တမ္းေတြေကာက္ယူတဲ့ ဝက္ဘ္ဆိုဒ္တစ္ခုရဲ႕ေဖာ္ျပမႈမွာေတာ့ ၂၀၂၀ ခုႏွစ္အတြင္း ဥေရာပထိပ္သီး လိဂ္ ၅ ခုမွာ ေၾကာက္စရာအေကာင္းဆံုးတိုက္စစ္မွဴးအျဖစ္ အတၱလႏၲာတိုက္စစ္မွဴး မူရီရယ္ကို ေဖာ္ျပထားပါတယ္။ ဒီစာရင္းရဲ႕ ထိပ္ဆံုး ၁၀ ဦးစာရင္းမွာ နာမည္ေက်ာ္ကစားသမားေတြပါဝင္ခဲ့ၿပီး စီေရာ္နယ္ဒိုက အဆင့္-၃ ေနရာမွာရွိခဲ့ေပမယ့္ မက္ဆီ ကေတာ့ ပါဝင္ခဲ့ျခင္းမရွိတာ ေတြ႕ရပါတယ္။

၂၀၂၀ ခုႏွစ္အတြင္း ကစားခဲ့တဲ့အခ်ိန္မိနစ္နဲ႔ သြင္းဂိုးေတြကို အခ်ိဳးက်တြက္ခ်က္ရမွာေတာ့ အတၱလႏၲာတိုက္စစ္မွဴး မူရီရယ္ က နံပါတ္ ၁ ေနရာမွာရွိေနခဲ့တာျဖစ္ၿပီး ကစားခြင့္ရခဲ့တဲ့ ၄၈၇ မိနစ္မွာ ၈ ဂိုးအထိသြင္းယူခဲ့တာေၾကာင့္ ကစားခ်ိန္ ၆၁ မိနစ္ တိုင္းသြင္းဂိုးတစ္ဂိုးရရွိသူအျဖစ္ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။ ဒုတိယေနရာမွာေတာ့ ဆမ္ဒိုးရီးယားတိုက္စစ္မွဴး ဘြန္နာဇို လီက ရွိေနတာျဖစ္ၿပီး ၃၈၇ မိနစ္မွာ ၅ ဂိုးသြင္းယူႏိုင္တာေၾကာင့္ ၇၇ မိနစ္ကစားတိုင္း တစ္ဂိုးရရွိခဲ့တာပဲ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္တိုက္စစ္မွဴးစီေရာ္နယ္ဒိုနဲ႔ ေဒါ့မြန္တိုက္စစ္မွဴး ဟာလန္းတို႔က ၈၁ မိနစ္ကစားၿပီးတိုင္း သြင္းဂိုးတစ္ဂိုး ရရွိခဲ့တယ္ ဆိုေပမယ့္ ကစားခ်ိန္ပိုမ်ားသလို သြင္းဂိုးလည္းပိုမ်ားခဲ့တဲ့ စီေရာ္နယ္ဒိုက တတိယေနရာမွာရွိေနခဲ့တာျဖစ္ပါတယ္။ စီေရာ္ နယ္ဒိုဟာ ၁၆၉၃ မိနစ္မွာ သြင္းဂိုး ၂၁ ဂိုးရခဲ့တာျဖစ္ၿပီး ဟာလန္းကေတာ့ ၁၀၅၉ မိနစ္မွာ ၁၃ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါ တယ္။ဘိုင္ယန္ျမဴးနစ္အတြက္ေျခစြမ္းျပဂိုးေတြသြင္းခဲ့တဲ့ လီဝန္ေဒါစကီးနဲ႔ ဗီ႐ိုနာၾကယ္ပြင့္ ပက္ဇီနီတို႔ကေတာ့ ၈၄ မိနစ္ ကစားၿပီးတိုင္း သြင္းဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ကမ႓ာ့ေစ်းအႀကီးဆံုးကစားသမားျဖစ္တဲ့ ေနမာက ဒီစာရင္းမွာ အဆင့္-၇ ေနရာမွာ ရပ္တည္ေနခဲ့တာျဖစ္ပါတယ္။ ေနမာ ဟာ ၂၀၂၀ခုႏွစ္မွာ ၄၅၀ မိနစ္ကစားၿပီး ၅ ဂိုးသြင္းယူႏိုင္တာေၾကာင့္ မိနစ္ ၉၀ ကစားၿပီးတိုင္း သြင္းဂိုးတစ္ဂိုးရခဲ့တာလည္း ျဖစ္ပါတယ္။ မန္စီးတီးတိုက္စစ္မွဴးအဂူ႐ိုနဲ႔ ႐ိုးမားတိုက္စစ္မွဴး ကာလီနစ္တို႔က ဒီစာရင္းမွာ အဆင့္၈၊၉ ေနရာေတြမွာရွိခဲ့ၿပီး ဥေရာပေရႊဖိနပ္ဆု ရခဲ့တဲ့ အင္မိုဘီလီကေတာ့ အဆင့္-၁၀ ေနရာမွာပဲ ရွိခဲ့တာျဖစ္ပါတယ္။

ဘရွတ်ကလင်းဘက်ခမ်းရဲ့ မင်္ဂလာဆောင်အတွက် ဗြိတိန်မင်းသားဟယ်ရီနဲ့ဇနီးတို့ကို ဦးစားပေးဖိတ်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

အင်္ဂလန်အသင်းခေါင်းဆောင်းဟောင်း ဖြစ်တဲ့ဒေးဗစ်ဘက်ခမ်းဟာ သူရဲ့သား ဘရွတ်ကလင်းဘက်ခမ်းရဲ့ လာမယ့်နှစ်မှာ ကျင်းပမယ့် မင်္ဂလာဆောင်အတွက် ဗြိတိန်မင်းသားဟယ်ရီနဲ့ ဇနီးမီဂန်မာကယ်လ်တို့ကို ဦးစားပေး ဖိတ်ကြားခဲ့တယ်လို့ သိ ရပါတယ်။တော်ဝင်စုံတွဲအနေနဲ့ များပြားလှတဲ့ကိစ္စတွေကြောင့် မင်္ဂလာဆောင်တက်ရောက်နိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ ရက်ကို ကြိုတင်ပြီး အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၁ ရှိပြီဖြစ်တဲ့ ဘရွတ်ကလင်းဘက်ခမ်းဟာ လာမယ့်နှစ်မှာ အမေရိကန်မော်ဒယ်တစ်ဦးဖြစ်တဲ့ နီကိုလာပက်ဇ်နဲ့ လက်ထပ်ထိမ်းမြားမှာပဲ ဖြစ်ပါတယ်။ မင်းသားဟယ်ရီနဲ့မီဂန် မာကယ်လ်တို့ဟာ ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတိုရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ “ ဘရွတ်ကလင်းအနေနဲ့ သူရဲ့မင်္ဂလာ ဆောင်မှာ သူ့မိဘတွေရဲ့ အဆက်အသွယ်ကြောင့် နာမည်ကျော်တဲ့သူတွေ တက်ရောက်လာမှာမို့ ကျေးဇူးတင်သင့်တယ်” လို့ ပြောခဲ့ပါတယ်။

ဘရွတ်ကလင်းရဲ့ ခေါင်းကိုင်ဖခင်ဖြစ်တဲ့ ဆာအဲလ်တန်ဂျွန်ကလည်း မင်းသားဟယ်ရီနဲ့မီဂန်မာကယ်တို့ကလည်း ဒေးဗစ် ဘက်ခမ်းတို့နဲ့ ရင်းနှီးတာကြောင့် မင်္ဂလာဆောင်ကို တက်ရောက်လာမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဘရွတ်ကလင်းရဲ့ မင်္ဂလာဆောင်မှာတော့ ဒေးဗစ်ဘက်ခမ်းရဲ့ နောက်ထပ်သားတွေဖြစ်တဲ့ ရိုမီယို(၁၇နှစ်)နဲ့ ခရုဇ်(၁၅နှစ်တို့)က သတို့သား အရံ လုပ်ဆောင်မှာဖြစ်ပြီး သမီးဖြစ်တဲ့ ဟာပါဘက်ခမ်းကတော့ အပျိုရံအဖြစ် လုပ်ဆောင်မယ်လို့ သိရပါတယ်။

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးသမားဘဝကို အနားယူပြီးနောက် စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပြီး မော်ဒယ်တစ်ဦးလည်းလည်း လုပ်ဆောင်နေပါတယ်။ UNICEF ယူကေရဲ့ သံတမန်တစ်ဦးလည်းဖြစ်တဲ့ ဒေး ဗစ်ဘက်ခမ်းဟာ မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းရဲ့ ရှယ်ယာပိုင်ဆိုင်တစ်ဦးလည်း ဖြစ်ပါတယ်။

 

zawgyi version

ဘရြတ္ကလင္းဘက္ခမ္းရဲ႕ မဂၤလာေဆာင္အတြက္ ၿဗိတိန္မင္းသားဟယ္ရီနဲ႔ဇနီးတို႔ကို ဦးစားေပးဖိတ္ခဲ့တဲ့ ေဒးဗစ္ဘက္ခမ္း

အဂၤလန္အသင္းေခါင္းေဆာင္းေဟာင္း ျဖစ္တဲ့ေဒးဗစ္ဘက္ခမ္းဟာ သူရဲ႕သား ဘရြတ္ကလင္းဘက္ခမ္းရဲ႕ လာမယ့္ႏွစ္မွာ က်င္းပမယ့္ မဂၤလာေဆာင္အတြက္ ၿဗိတိန္မင္းသားဟယ္ရီနဲ႔ ဇနီးမီဂန္မာကယ္လ္တို႔ကို ဦးစားေပးဖိတ္ၾကားခဲ့တယ္လို႔ သိ ရပါတယ္။ေတာ္ဝင္စံုတြဲအေနနဲ႔ မ်ားျပားလွတဲ့ကိစၥေတြေၾကာင့္ မဂၤလာေဆာင္တက္ေရာက္ႏိုင္ဖို႔အတြက္ သတ္မွတ္ထားတဲ့ ရက္ကို ႀကိဳတင္ၿပီး အေၾကာင္းၾကားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
အသက္ ၂၁ ရွိၿပီျဖစ္တဲ့ ဘရြတ္ကလင္းဘက္ခမ္းဟာ လာမယ့္ႏွစ္မွာ အေမရိကန္ေမာ္ဒယ္တစ္ဦးျဖစ္တဲ့ နီကိုလာပက္ဇ္နဲ႔ လက္ထပ္ထိမ္းျမားမွာပဲ ျဖစ္ပါတယ္။ မင္းသားဟယ္ရီနဲ႔မီဂန္ မာကယ္လ္တို႔ဟာ ေဒးဗစ္ဘက္ခမ္းနဲ႔ ဗစ္တိုးရီးယားတိုရဲ႕ ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြလည္း ျဖစ္ပါတယ္။ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့ “ ဘရြတ္ကလင္းအေနနဲ႔ သူရဲ႕မဂၤလာ ေဆာင္မွာ သူ႔မိဘေတြရဲ႕ အဆက္အသြယ္ေၾကာင့္ နာမည္ေက်ာ္တဲ့သူေတြ တက္ေရာက္လာမွာမို႔ ေက်းဇူးတင္သင့္တယ္” လို႔ ေျပာခဲ့ပါတယ္။
ဘရြတ္ကလင္းရဲ႕ ေခါင္းကိုင္ဖခင္ျဖစ္တဲ့ ဆာအဲလ္တန္ဂြ်န္ကလည္း မင္းသားဟယ္ရီနဲ႔မီဂန္မာကယ္တို႔ကလည္း ေဒးဗစ္ ဘက္ခမ္းတို႔နဲ႔ ရင္းႏွီးတာေၾကာင့္ မဂၤလာေဆာင္ကို တက္ေရာက္လာမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ဘရြတ္ကလင္းရဲ႕ မဂၤလာေဆာင္မွာေတာ့ ေဒးဗစ္ဘက္ခမ္းရဲ႕ ေနာက္ထပ္သားေတြျဖစ္တဲ့ ႐ိုမီယို(၁၇ႏွစ္)နဲ႔ ခ႐ုဇ္(၁၅ႏွစ္တို႔)က သတို႔သား အရံ လုပ္ေဆာင္မွာျဖစ္ၿပီး သမီးျဖစ္တဲ့ ဟာပါဘက္ခမ္းကေတာ့ အပ်ိဳရံအျဖစ္ လုပ္ေဆာင္မယ္လို႔ သိရပါတယ္။
အသက္ ၄၅ ႏွစ္ရွိၿပီျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းဟာ ေဘာလံုးသမားဘဝကို အနားယူၿပီးေနာက္ စီးပြားေရးလုပ္ငန္းေတြကို လုပ္ကိုင္ေနၿပီး ေမာ္ဒယ္တစ္ဦးလည္းလည္း လုပ္ေဆာင္ေနပါတယ္။ UNICEF ယူေကရဲ႕ သံတမန္တစ္ဦးလည္းျဖစ္တဲ့ ေဒး ဗစ္ဘက္ခမ္းဟာ ေမဂ်ာလိဂ္ကလပ္ အင္တာမီယာမီအသင္းရဲ႕ ရွယ္ယာပိုင္ဆိုင္တစ္ဦးလည္း ျဖစ္ပါတယ္။

၂၀၂၀- ၂၁ ဘောလုံးရာသီရဲ့ လိဂ်ပြိုင်ပွဲတွေကို ဘယ်အချိန် ပြန်စမှာလဲ

ဘောလုံးရာသီတွေဟာ ပုံမှန်ဆိုရင် မေလအကုန်မှာ ပြီးဆုံးလေ့ရှိပေမယ့် ၂၀၁၉-၂၀ ဘောလုံးရာသီမှာတော့ ကိုဗစ်ရောဂါ ကြောင့် ဘောလုံးပြိုင်ပွဲတွေကို ၃ လတာ ရပ်နားခဲ့ရပြီး ပြန်ကစားခဲ့တဲ့ အချိန်တွေ မတူခဲ့တာကြောင့် အချို့လိဂ်ပြိုင်ပွဲတွေ ပြီးဆုံးသွားပေမယ့် အချို့လိဂ်ပြိုင်ပွဲတွေကတော့ မပြီးဆုံးသေးပါဘူး ဒါကြောင့် လာမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီကို ဘယ်အချိန် စတင်ကျင်းပမလဲဆိုတာ ဘောလုံးဝါသနာရှင်တိုင်း သိချင်နေတဲ့ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။

ဘောလုံးပွဲကြည့်ရှုသူ အများဆုံးကြည့်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ၂၀၂၀-၂၁ ဘော လုံးရာသီကို စတင်မှာလို့ Goal.com ရဲ့ဖော်ပြချက်အရ သိပါတယ်။ သြဂုတ်လအတွင်းမှာ ကျင်းပဖို့ ရှိနေတဲ့ ဥရောပပြိုင်ပွဲ တွေပြီးဆုံးတာနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်စတင်နိုင်ဖို့အတွက် တာဝန်ရှိသူတွေက ဆောင်ရွက်နေတာပဲ ဖြစ်ပါ တယ်။ ရာသီပြန်စချိန်မှာ ဥရောပပြိုင်ပွဲကစားခဲ့ရတဲ့အသင်းတွေရဲ့ ကစားသမားတွေကတော့ နားရက်အနည်းငယ်ပဲ ရရှိမှာ ဖြစ်ပါတယ်။

လာလီဂါပြိုင်ပွဲကလည်း စက်တင်ဘာ ၁၂ ရက်နေ့မှာ စတင်ပြီး ၂၀၂၁ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ရာသီပိတ်သိမ်းဖို့ ပြင် ဆင်ထားတယ်လို့ သိရပါတယ်။ စီးရီးအေပြိုင်ပွဲကတော့ တရားဝင်ပြန်ကျင်းပနေ့ကို မထုတ်ပြန်သေးပေမဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ ပြန်လည်ကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။အီတလီနိုင်ငံက လိဂ်ပြိုင်ပွဲတွေမှာ စီးရီးအေ၊စီးရီးဘီ၊ စီးရီး စီ ပြိုင်ပွဲအထိ တစ်ပြိုင်တည်း ရာသီပြီးဆုံးအတွက် ပြင်ဆင်ရတာကြောင့် စီးရီးအေပွဲတွေကို စောပြီးကျင်းပရတာဖြစ်ပါတယ်။

ဘွန်ဒက်လီဂါပြိုင်ပွဲကိုတော့ စက်တင်ဘာ ၁၈ ရက်နေ့မှာစတင်ကျင်းပပြီး မေလ ၂၂ ရက်နေ့မှာ ပြီးဆုံးဖို့ ပြင်ဆင်ထားပါ တယ်။ လိဂ်ပြိုင်ပွဲ ၈နှစ်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကိုတော့ အခြားအသင်းတွေအနေနဲ့ ယှဉ်နိုင်ဖို့ခက်နေဦးမှာ ဖြစ်ပါတယ်။ကိုဗစ်ကြောင့်ရပ်နားခဲ့ပြီး ပြန်ကစားဖြစ်ခဲ့တဲ့ လီဂူး-၁ ပြိုင်ပွဲကတော့ ၂၀၂၀-၂၁ ဘောလုံးရာသီကို သြဂုတ်လ ၂၂ ရက်နေ့မှာစတင်ပြီး မေလ ၂၃ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

 

zawgyi version

၂၀၂၀- ၂၁ ေဘာလံုးရာသီရဲ႕ လိဂ္ၿပိဳင္ပြဲေတြကို ဘယ္အခ်ိန္ ျပန္စမွာလဲ

ေဘာလံုးရာသီေတြဟာ ပံုမွန္ဆိုရင္ ေမလအကုန္မွာ ၿပီးဆံုးေလ့ရွိေပမယ့္ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာေတာ့ ကိုဗစ္ေရာဂါ ေၾကာင့္ ေဘာလံုးၿပိဳင္ပြဲေတြကို ၃ လတာ ရပ္နားခဲ့ရၿပီး ျပန္ကစားခဲ့တဲ့ အခ်ိန္ေတြ မတူခဲ့တာေၾကာင့္ အခ်ိဳ႕လိဂ္ၿပိဳင္ပြဲေတြ ၿပီးဆံုးသြားေပမယ့္ အခ်ိဳ႕လိဂ္ၿပိဳင္ပြဲေတြကေတာ့ မၿပီးဆံုးေသးပါဘူး ဒါေၾကာင့္ လာမယ့္ ၂၀၂၀-၂၁ ေဘာလံုးရာသီကို ဘယ္အခ်ိန္ စတင္က်င္းပမလဲဆိုတာ ေဘာလံုးဝါသနာရွင္တိုင္း သိခ်င္ေနတဲ့ ေမးခြန္းတစ္ခုပဲ ျဖစ္ပါတယ္။
ေဘာလံုးပြဲၾကည့္ရႈသူ အမ်ားဆံုးၾကည့္တဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကေတာ့ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ ၂၀၂၀-၂၁ ေဘာ လံုးရာသီကို စတင္မွာလို႔ Goal.com ရဲ႕ေဖာ္ျပခ်က္အရ သိပါတယ္။ ၾသဂုတ္လအတြင္းမွာ က်င္းပဖို႔ ရွိေနတဲ့ ဥေရာပၿပိဳင္ပြဲ ေတြၿပီးဆံုးတာနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ျပန္လည္စတင္ႏိုင္ဖို႔အတြက္ တာဝန္ရွိသူေတြက ေဆာင္ရြက္ေနတာပဲ ျဖစ္ပါ တယ္။ ရာသီျပန္စခ်ိန္မွာ ဥေရာပၿပိဳင္ပြဲကစားခဲ့ရတဲ့အသင္းေတြရဲ႕ ကစားသမားေတြကေတာ့ နားရက္အနည္းငယ္ပဲ ရရွိမွာ ျဖစ္ပါတယ္။
လာလီဂါၿပိဳင္ပြဲကလည္း စက္တင္ဘာ ၁၂ ရက္ေန႔မွာ စတင္ၿပီး ၂၀၂၁ ခုႏွစ္ ေမလ ၂၃ ရက္ေန႔မွာ ရာသီပိတ္သိမ္းဖို႔ ျပင္ ဆင္ထားတယ္လို႔ သိရပါတယ္။ စီးရီးေအၿပိဳင္ပြဲကေတာ့ တရားဝင္ျပန္က်င္းပေန႔ကို မထုတ္ျပန္ေသးေပမဲ့ စက္တင္ဘာ ၁ ရက္ေန႔မွာ ျပန္လည္က်င္းပႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။အီတလီႏိုင္ငံက လိဂ္ၿပိဳင္ပြဲေတြမွာ စီးရီးေအ၊စီးရီးဘီ၊ စီးရီး စီ ၿပိဳင္ပြဲအထိ တစ္ၿပိဳင္တည္း ရာသီၿပီးဆံုးအတြက္ ျပင္ဆင္ရတာေၾကာင့္ စီးရီးေအပြဲေတြကို ေစာၿပီးက်င္းပရတာျဖစ္ပါ တယ္။
ဘြန္ဒက္လီဂါၿပိဳင္ပြဲကိုေတာ့ စက္တင္ဘာ ၁၈ ရက္ေန႔မွာစတင္က်င္းပၿပီး ေမလ ၂၂ ရက္ေန႔မွာ ၿပီးဆံုးဖို႔ ျပင္ဆင္ထားပါ တယ္။ လိဂ္ၿပိဳင္ပြဲ ၈ႏွစ္ဆက္ ခ်န္ပီယံျဖစ္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ကိုေတာ့ အျခားအသင္းေတြအေနနဲ႔ ယွဥ္ႏိုင္ဖို႔ခက္ေနဦးမွာ ျဖစ္ပါတယ္။ကိုဗစ္ေၾကာင့္ရပ္နားခဲ့ၿပီး ျပန္ကစားျဖစ္ခဲ့တဲ့ လီဂူး-၁ ၿပိဳင္ပြဲကေတာ့ ၂၀၂၀-၂၁ ေဘာလံုးရာသီကို ၾသဂုတ္လ ၂၂ ရက္ေန႔မွာစတင္ၿပီး ေမလ ၂၃ ရက္ေန႔မွာ ၿပီးဆံုးမွာ ျဖစ္ပါတယ္။

မေဂျာလိဂ်ပြိုင်ပွဲမှာ ရာသီအစ ငါးပွဲဆက် ရှုူံးထားတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ကလပ် အင်တာမီယာမီ

မေဂျာလိဂ်ပြိုင်ပွဲကို ဒီနှစ်မှ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အင်္ဂလန်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမီယာ မီအသင်းဟာ ပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ် ၅ ပွဲစလုံးကို ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ အင်တာမီယာမီ အသင်းအနေနဲ့ မတ်လက စပြီး ယှဉ်ပြိုင်ခဲ့တဲ့ အဖွင့်ပွဲ ၂ပွဲစလုံး ရှုံးနိမ့်ခဲ့သလို ကိုဗစ်အလွန်မှာ ပြန်ကစားတဲ့ ပွဲ ၃ပွဲစလုံးလည်း ရှုံးထားတာကြောင့် ပွဲစဉ် ၅ ပွဲပြီးချိန်မှာ ရမှတ်မရသေးတဲ့ အသင်းဖြစ်နေပါတယ်။

အသင်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေးဗစ်ဘက်ခမ်းက “ အချို့လမ်းတွေက အဝေးကြီးသွားရတာကြောင့် အသက်ရှုဖို့ အချိန်လိုအပ်ပါတယ်။ မန်ချက်စတာ၊ရီးရဲလ်၊ပရီးမီးယားလိဂ်၊ လာလီဂါတွေကို တစ်ရက်တည်းနဲ့ တည်ဆောက် နိုင်ခဲ့တာမဟုတ်ပါဘူး။ကစားသမားတွေအပါအဝင်အသင်းမှာရှိတဲ့သူတိုင်း ကြိုးစားနေတာကိုသိပါတယ်။အသင်းအတွက် ဂုဏ်ယူရသလို စိတ်ရှည်တာကလည်း အားသာချက်တစ်ခုပါပဲ” လို့ ပြောခဲ့ပါတယ်။

အင်တာမီယာမီအသင်းနည်းပြ ဒီယေဂိုအလွန်ဆို အသင်းအနေနဲ့ လက်ရှိထက်ပိုကောင်းအောင် ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ ဒီယေဂို အလွန်ဆိုက “ တစ်လအတွင်းမှာ အသင်းအနေနဲ့ အများကြီးတိုး တက်လာပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ကစားသမားအချို့ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် သူတို့က အသင်းကို ဒီထက် ကောင်းအောင် လုပ်ပေးနိုင်ပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

အင်တာမီယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းအနေနဲ့ နာမည်ကျော်ကစားသမားတွေကို အသင်းထံလာရောက်ကစားဖို့ ကမ်းလှမ်းထားပြီး အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုကိုလည်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။စီရော်နယ်ဒိုရဲ့ နိုင်ငံအသင်းဖော် နာနီက “ လွန်ခဲ့တဲ့နှစ်တွေမှာ စီရော်နယ်ဒိုအနေနဲ့ မေဂျာလိဂ်မှာကစားချင်တယ်လို့ ပြောဖူးပါတယ်။ ဒါက ၁၀၀ ရာခိုင်နှုန်းမဟုတ်ပေမယ့် အခွင့်အရေးတစ်ခုပါ။” လို့ ESPN ကို ပြောခဲ့ပါတယ်။

အောင်မြင်ကျော်ကြားမူဒဏ်ကြောင့်ဘဝပျက်ခဲ့ရတဲ့ ဘရာဇီးလ်ဘောလုံးသမားများ

zawgyi version

ေမဂ်ာလိဂ္ၿပိဳင္ပြဲမွာ ရာသီအစ ငါးပြဲဆက္ ရႈံူးထားတဲ့ ေဒးဗစ္ဘက္ခမ္းရဲ႕ ကလပ္ အင္တာမီယာမီ

ေမဂ်ာလိဂ္ၿပိဳင္ပြဲကို ဒီႏွစ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ အဂၤလန္ကစားသမားေဟာင္း ေဒးဗစ္ဘက္ခမ္းပိုင္ဆိုင္တဲ့ အင္တာမီယာ မီအသင္းဟာ ၿပိဳင္ပြဲရဲ႕အဖြင့္ပြဲစဥ္ ၅ ပြဲစလံုးကို ရႈံးနိမ့္ခဲ့တယ္လို႔ သိရပါတယ္။ အင္တာမီယာမီအသင္းအေနနဲ႔ မတ္လက စၿပီး ယွဥ္ၿပိဳင္ခဲ့တဲ့ အဖြင့္ပြဲ ၂ပြဲစလံုး ရႈံးနိမ့္ခဲ့သလို ကိုဗစ္အလြန္မွာ ျပန္ကစားတဲ့ ပြဲ ၃ပြဲစလံုးလည္း ရႈံးထားတာေၾကာင့္ ပြဲစဥ္ ၅ ပြဲၿပီးခ်ိန္မွာ ရမွတ္မရေသးတဲ့ အသင္းျဖစ္ေနပါတယ္။
အသင္းရဲ႕အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ ေဒးဗစ္ဘက္ခမ္းက “ အခ်ိဳ႕လမ္းေတြက အေဝးႀကီးသြားရတာေၾကာင့္ အသက္ရႈဖို႔ အခ်ိန္လိုအပ္ပါတယ္။ မန္ခ်က္စတာ၊ရီးရဲလ္၊ပရီးမီးယားလိဂ္၊ လာလီဂါေတြကို တစ္ရက္တည္းနဲ႔ တည္ေဆာက္ ႏိုင္ခဲ့တာမဟုတ္ပါဘူး။ကစားသမားေတြအပါအဝင္အသင္းမွာရွိတဲ့သူတိုင္း ႀကိဳးစားေနတာကိုသိပါတယ္။အသင္းအတြက္ ဂုဏ္ယူရသလို စိတ္ရွည္တာကလည္း အားသာခ်က္တစ္ခုပါပဲ” လို႔ ေျပာခဲ့ပါတယ္။
အင္တာမီယာမီအသင္းနည္းျပ ဒီေယဂိုအလြန္ဆို အသင္းအေနနဲ႔ လက္ရွိထက္ပိုေကာင္းေအာင္ ကစားသမားသစ္ေတြ ေခၚယူသြားဖို႔ ရွိေနတယ္လို႔ ေျပာခဲ့ပါတယ္။ ဒီေယဂို အလြန္ဆိုက “ တစ္လအတြင္းမွာ အသင္းအေနနဲ႔ အမ်ားႀကီးတိုး တက္လာပါတယ္။ ကြ်န္ေတာ္တို႔ လိုခ်င္တဲ့ကစားသမားအခ်ိဳ႕ကိုသာ ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ သူတို႔က အသင္းကို ဒီထက္ ေကာင္းေအာင္ လုပ္ေပးႏိုင္ပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
အင္တာမီယာမီအသင္းပိုင္ရွင္ ေဒးဗစ္ဘက္ခမ္းအေနနဲ႔ နာမည္ေက်ာ္ကစားသမားေတြကို အသင္းထံလာေရာက္ကစားဖို႔ ကမ္းလွမ္းထားၿပီး အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုကိုလည္း ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။စီေရာ္နယ္ဒိုရဲ႕ ႏိုင္ငံအသင္းေဖာ္ နာနီက “ လြန္ခဲ့တဲ့ႏွစ္ေတြမွာ စီေရာ္နယ္ဒိုအေနနဲ႔ ေမဂ်ာလိဂ္မွာကစားခ်င္တယ္လို႔ ေျပာဖူးပါတယ္။ ဒါက ၁၀၀ ရာခိုင္ႏႈန္းမဟုတ္ေပမယ့္ အခြင့္အေရးတစ္ခုပါ။” လို႔ ESPN ကို ေျပာခဲ့ပါတယ္။

၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ဥရောပထိပ်သီးလိဂ် ၅ခုရဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက် ဖွင့်ရက်နဲ့ ပိတ်ရက်များ

ပုံမှန်ဘောလုံးရာသီတစ်ခုမှာဆိုရင် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို ဇူလိုင်လဆန်းပိုင်းမှာ ဖွင့်လှစ်ပြီး သြဂုတ်လကုန် နဲ့ စက်တင်ဘာလဆန်းပိုင်းတွေမှာ ပိတ်လေ့ရှိပါတယ်။ဒါပေမယ့် ဒီရာသီမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် လိဂ်ပြိုင်ပွဲတွေ ကို ၃ လကျော်ရပ်နားထားခဲ့ရတာကြောင့် အခုချိန်ထိ လိဂ်ပြိုင်ပွဲတွေဟာ မပြီးဆုံးသေးဘဲ ယှဉ်ပြိုင်နေရတဲ့လိဂ်တွေရှိပါ တယ်။ လာမယ့်ဘောလုံးရာသီဖြစ်တဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ဥရောပထိပ်သီးလိဂ် ၅ခုရဲ့ နွေရာသီအပြောင်း အရွှေ့ စတင်မယ့်ရက်နဲ့ ပိတ်မယ့်ရက်တွေကို Goal.com ဖော်ပြပေးလိုက်ပါတယ်။

ပုံမှန်ဘောလုံးရာသီဆိုရင် ဇွန်လ ၁၀ ရက်နေ့မှာ ဈေးကွက်စတင်မှာဖြစ်ပြီး စက်တင်ဘာ ၁ရက်နေ့မှာ ပိတ်သိမ်းမယ့် ပရီးမီး ယားလိဂ် နွေရာသီဈေးကွက်ကတော့ လာမယ့်ဇူလိုင်လ ၂၇ ရက်နေ့မှာ တရားဝင်ဖွင့်လှစ်မှာဖြစ်ပြီး အောက်တိုဘာလ ၅ ရက်နေ့မှာ ပြီးဆုံးမှာပဲဖြစ်ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့မှာမှ ပြိုင်ပွဲပြီးဆုံးခဲ့တဲ့ လာလီဂါပြိုင်ပွဲကတော့ နွေရာသီဈေးကွက် ကို ဇူလိုင်လ ၁ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပေမယ့် ယူအီးအက်ဖ်အေ ကတော့ အောက်တိုဘာ ၅ ရက်နေ့အထိ ခွင့်ပြုထားတယ်လို့ သိရပါတယ်။

သြဂုတ်လ ၂ ရက်နေ့အထိ ပွဲစဉ်တွေကစားဖို့ ကျန်သေးတဲ့ စီးရီးအေပြိုင်ပွဲကတော့ နွေရာသီအပြောင်းအရွှေ့ဈေးကွက် စတင်နေပြီဖြစ်ပြီး အောက်တိုဘာလ ၅ ရက်မှာပဲ ဈေးကွက်ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ကတော့ ပုံမှန်အတိုင်း ဇူလိုင်၁ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ စတင်နေပြီဖြစ် ပေမယ့် အခြားလိဂ်တွေရဲ့အပြောင်းအရွှေ့ကို လိုက်ပြီး ယူအီးအက်ဖ်အေအနေနဲ့ ဘွန်ဒက်လီဂါရဲ့နွေရာသီဈေးကွက် ပိတ်ချိန်ကို ပြောင်းလဲသတ်မှတ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။

ကိုဗစ်ကြောင့် ဘောလုံးပြိုင်ပွဲတွေ ရပ်နားခဲ့ရပြီး အခြားထိပ်သီးလိဂ်တွေပြန်စခဲ့ပေမယ့် အစိုးရရဲ့ထုတ်ပြန်မှုကြောင့် ရာသီ ဖျက်သိမ်းခဲ့တဲ့ လီဂူး-၁ ပြိုင်ပွဲရဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကတော့ ဇွန်လ ၁၀ရက်နေ့ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှာ အစောပိုင်းက ပိတ်သိမ်းဖို့ ဆုံးဖြတ်ထားပေမယ့် နောက်ဆုံးမှာတော့ အောက်တိုဘာ ၅ ရက်နေ့အထိ ဖွင့်လှစ်ထားမယ်လို့ သိရပါတယ်။

၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ ဥေရာပထိပ္သီးလိဂ္ ၅ခုရဲ႕ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ ဖြင့္ရက္နဲ႔ ပိတ္ရက္မ်ား

ပံုမွန္ေဘာလံုးရာသီတစ္ခုမွာဆိုရင္ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ကို ဇူလိုင္လဆန္းပိုင္းမွာ ဖြင့္လွစ္ၿပီး ၾသဂုတ္လကုန္ နဲ႔ စက္တင္ဘာလဆန္းပိုင္းေတြမွာ ပိတ္ေလ့ရွိပါတယ္။ဒါေပမယ့္ ဒီရာသီမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ လိဂ္ၿပိဳင္ပြဲေတြ ကို ၃ လေက်ာ္ရပ္နားထားခဲ့ရတာေၾကာင့္ အခုခ်ိန္ထိ လိဂ္ၿပိဳင္ပြဲေတြဟာ မၿပီးဆံုးေသးဘဲ ယွဥ္ၿပိဳင္ေနရတဲ့လိဂ္ေတြရွိပါ တယ္။ လာမယ့္ေဘာလံုးရာသီျဖစ္တဲ့ ၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ ဥေရာပထိပ္သီးလိဂ္ ၅ခုရဲ႕ ေႏြရာသီအေျပာင္း အေရႊ႕ စတင္မယ့္ရက္နဲ႔ ပိတ္မယ့္ရက္ေတြကို Goal.com ေဖာ္ျပေပးလိုက္ပါတယ္။
ပံုမွန္ေဘာလံုးရာသီဆိုရင္ ဇြန္လ ၁၀ ရက္ေန႔မွာ ေစ်းကြက္စတင္မွာျဖစ္ၿပီး စက္တင္ဘာ ၁ရက္ေန႔မွာ ပိတ္သိမ္းမယ့္ ပရီးမီး ယားလိဂ္ ေႏြရာသီေစ်းကြက္ကေတာ့ လာမယ့္ဇူလိုင္လ ၂၇ ရက္ေန႔မွာ တရားဝင္ဖြင့္လွစ္မွာျဖစ္ၿပီး ေအာက္တိုဘာလ ၅ ရက္ေန႔မွာ ၿပီးဆံုးမွာပဲျဖစ္ပါတယ္။ ဇူလိုင္လ ၁၈ ရက္ေန႔မွာမွ ၿပိဳင္ပြဲၿပီးဆံုးခဲ့တဲ့ လာလီဂါၿပိဳင္ပြဲကေတာ့ ေႏြရာသီေစ်းကြက္ ကို ဇူလိုင္လ ၁ ရက္ေန႔ကတည္းက စတင္ခဲ့တာျဖစ္ၿပီး စက္တင္ဘာ ၁ရက္ေန႔မွာ ၿပီးဆံုးမွာျဖစ္ေပမယ့္ ယူအီးအက္ဖ္ေအ ကေတာ့ ေအာက္တိုဘာ ၅ ရက္ေန႔အထိ ခြင့္ျပဳထားတယ္လို႔ သိရပါတယ္။
ၾသဂုတ္လ ၂ ရက္ေန႔အထိ ပြဲစဥ္ေတြကစားဖို႔ က်န္ေသးတဲ့ စီးရီးေအၿပိဳင္ပြဲကေတာ့ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ စတင္ေနၿပီျဖစ္ၿပီး ေအာက္တိုဘာလ ၅ ရက္မွာပဲ ေစ်းကြက္ပိတ္သိမ္းမွာ ျဖစ္ပါတယ္။ ဘြန္ဒက္လီဂါၿပိဳင္ပြဲရဲ႕ ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္ကေတာ့ ပံုမွန္အတိုင္း ဇူလိုင္၁ ရက္ေန႔ကေန ၾသဂုတ္လ ၃၁ ရက္ေန႔အထိ စတင္ေနၿပီျဖစ္ ေပမယ့္ အျခားလိဂ္ေတြရဲ႕အေျပာင္းအေရႊ႕ကို လိုက္ၿပီး ယူအီးအက္ဖ္ေအအေနနဲ႔ ဘြန္ဒက္လီဂါရဲ႕ေႏြရာသီေစ်းကြက္ ပိတ္ခ်ိန္ကို ေျပာင္းလဲသတ္မွတ္ေပးဖို႔ ရွိတယ္လို႔ သိရပါတယ္။
ကိုဗစ္ေၾကာင့္ ေဘာလံုးၿပိဳင္ပြဲေတြ ရပ္နားခဲ့ရၿပီး အျခားထိပ္သီးလိဂ္ေတြျပန္စခဲ့ေပမယ့္ အစိုးရရဲ႕ထုတ္ျပန္မႈေၾကာင့္ ရာသီ ဖ်က္သိမ္းခဲ့တဲ့ လီဂူး-၁ ၿပိဳင္ပြဲရဲ႕ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ကေတာ့ ဇြန္လ ၁၀ရက္ေန႔ကတည္းက စတင္ခဲ့တာ ျဖစ္ၿပီး စက္တင္ဘာလ ၁ ရက္ေန႔မွာ အေစာပိုင္းက ပိတ္သိမ္းဖို႔ ဆံုးျဖတ္ထားေပမယ့္ ေနာက္ဆံုးမွာေတာ့ ေအာက္တိုဘာ ၅ ရက္ေန႔အထိ ဖြင့္လွစ္ထားမယ္လို႔ သိရပါတယ္။

မိန်းမကြောင့် ရီးရဲလ်မှာ ကျောနံပါတ် ၂၃ အင်္ကျီကို ဝတ်ဆင်ခဲ့ရတဲ့ နာမည်ကျော် ဒေးဗစ်ဘက်ခမ်း

ဘောလုံးဂျာစီတွေရဲ့ ကျောနံပါတ်တွေဟာ ကစားသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်သလို ကစားသမား တစ်ယောက်ရဲ့ ပုံရိပ်အဖြစ်လည်း ရှိနေတတ်ပါတယ်။ အာဂျင်တီးနားကစားသမားတွေဖြစ်တဲ့ မာရာဒိုနာနဲ့ မက်ဆီတို့ဆိုရင် ကျောနံပါတ် ၁၀ ကို အမြဲလိုလို ဝတ်ဆင်လေ့ရှိပြီး ယူနိုက်တက်အသင်းမှာလည်း ကျောနံပါတ် ၇ကို နာမည်ကျော်ကစား တွေကိုသာ ပေးဝတ်လေ့ရှိပါတယ်။

 

 

၂၀၀၃ ခုနှစ်က ယူနိုက်တက်ကနေ ရီးရဲလ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ဒေးဗစ်ဘက်ခမ်းအနေနဲ့ ယူနိုက်တက်မှာ သူဝတ် ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်ချင်ပေမယ့် အဲ့ဒီအချိန်တုန်းက ရီးရဲလ်အသင်းခေါင်းဆောင် ရာအူးလ်က နံပါတ် ၇ ဝတ်ဆင်ထားတာကြောင့် ကျောနံပါတ် ၂၃ ဂျာစီကို ရွေးချယ်ပြီး ဝတ်ဆင်ခဲ့ရပါတယ်။ ကျောနံပါတ် ၂၃ ဂျာစီကို ဒေးဗစ် ဘက်ခမ်းအနေနဲ့ ဘာကြောင့်ရွေးချယ်ခဲ့ရသလဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ Goal.com က အခုလိုပဲ ဖော်ပြခဲ့ပါတယ်။

 

 

ဒေးဗစ်ဘက်ခမ်းက ရီးရဲလ်မှာ ကျောနံပါတ် ၂၃ ဂျာစီကိုဝတ်ဆင်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်စကတ်ဘော အသင်းဖြစ်တဲ့ ချီကာဂိုဘူးလ်အသင်းကစားသမား မိုက်ကယ်ဂျော်ဒန်ကို ကြိုက်နှစ်သက်တာကြောင့် ကျောနံပါတ် ၂၃ ကို ရွေးချယ်ခဲ့တာလို့ ပြောခဲ့ပေမယ့် ရီးရဲလ်အားကစားဒါရိုက်တာဟောင်း ဂျော့ဗယ်ဒါနိုကတော့ ဒေးဗစ်ဘက်ခမ်းအနေနဲ့ သူမိန်းမ ဗစ်တိုးရီးယားရဲ့ ပြောစကားကြောင့်သာ ကျောနံပါတ် ၂၃ ကို ဝတ်ဆင်ခဲ့ရတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

 

ဂျော့ဗယ်ဒါနိုက “ ကျွန်တော်တို့ ဘက်ခမ်းကို ကျောနံပါတ် ၄ နဲ့ ၂၃ ဂျာစီတွေ ဝတ်ဆင်ဖို့အတွက် စကားပြောဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော်အမြင်ကိုမေးခဲ့ပြီး ကျွန်တော်က ဂန္တဝင်ကစားသမားတွေဝတ်ဆင်တဲ့ နံပါတ် ၄ ဂျာစီကို ဝတ်ဆင်စေချင်ပေ မယ့် ဗစ်တိုးရီးယားက ကြားကနေဝင်ရောက်ပြီး နံပါတ် ၂၃ ဝတ်ဖို့ ပြောခဲ့တာကြောင့် ဒေးဗစ်ဘက်ခမ်းအနေနဲ့ ရီးရဲလ်မှာ ကျောနံပါတ် ၂၃ ကို ဝတ်ဆင်ခဲ့ရတာပါ” လို့ ပြောခဲ့ပါတယ်။

 

zawgyi version

မိန္းမေၾကာင့္ ရီးရဲလ္မွာ ေက်ာနံပါတ္ ၂၃ အက်ႌကို ဝတ္ဆင္ခဲ့ရတဲ့ နာမည္ေက်ာ္ ေဒးဗစ္ဘက္ခမ္း

ေဘာလံုးဂ်ာစီေတြရဲ႕ ေက်ာနံပါတ္ေတြဟာ ကစားသမားတစ္ေယာက္ရဲ႕ စြမ္းေဆာင္ရည္အေပၚမူတည္သလို ကစားသမား တစ္ေယာက္ရဲ႕ ပံုရိပ္အျဖစ္လည္း ရွိေနတတ္ပါတယ္။ အာဂ်င္တီးနားကစားသမားေတြျဖစ္တဲ့ မာရာဒိုနာနဲ႔ မက္ဆီတို႔ဆိုရင္ ေက်ာနံပါတ္ ၁၀ ကို အၿမဲလိုလို ဝတ္ဆင္ေလ့ရွိၿပီး ယူႏိုက္တက္အသင္းမွာလည္း ေက်ာနံပါတ္ ၇ကို နာမည္ေက်ာ္ကစား ေတြကိုသာ ေပးဝတ္ေလ့ရွိပါတယ္။
၂၀၀၃ ခုႏွစ္က ယူႏိုက္တက္ကေန ရီးရဲလ္အသင္းကို ေျပာင္းေရႊ႕သြားတဲ့ ေဒးဗစ္ဘက္ခမ္းအေနနဲ႔ ယူႏိုက္တက္မွာ သူဝတ္ ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၇ ဂ်ာစီကို ဝတ္ဆင္ခ်င္ေပမယ့္ အဲ့ဒီအခ်ိန္တုန္းက ရီးရဲလ္အသင္းေခါင္းေဆာင္ ရာအူးလ္က နံပါတ္ ၇ ဝတ္ဆင္ထားတာေၾကာင့္ ေက်ာနံပါတ္ ၂၃ ဂ်ာစီကို ေရြးခ်ယ္ၿပီး ဝတ္ဆင္ခဲ့ရပါတယ္။ ေက်ာနံပါတ္ ၂၃ ဂ်ာစီကို ေဒးဗစ္ ဘက္ခမ္းအေနနဲ႔ ဘာေၾကာင့္ေရြးခ်ယ္ခဲ့ရသလဲဆိုတဲ့ အေၾကာင္းျပခ်က္ကိုေတာ့ Goal.com က အခုလိုပဲ ေဖာ္ျပခဲ့ပါတယ္။
ေဒးဗစ္ဘက္ခမ္းက ရီးရဲလ္မွာ ေက်ာနံပါတ္ ၂၃ ဂ်ာစီကိုဝတ္ဆင္ခဲ့တာနဲ႔ ပတ္သက္ၿပီး အေမရိကန္ဘက္စကတ္ေဘာ အသင္းျဖစ္တဲ့ ခ်ီကာဂိုဘူးလ္အသင္းကစားသမား မိုက္ကယ္ေဂ်ာ္ဒန္ကို ႀကိဳက္ႏွစ္သက္တာေၾကာင့္ ေက်ာနံပါတ္ ၂၃ ကို ေရြးခ်ယ္ခဲ့တာလို႔ ေျပာခဲ့ေပမယ့္ ရီးရဲလ္အားကစားဒါ႐ိုက္တာေဟာင္း ေဂ်ာ့ဗယ္ဒါႏိုကေတာ့ ေဒးဗစ္ဘက္ခမ္းအေနနဲ႔ သူမိန္းမ ဗစ္တိုးရီးယားရဲ႕ ေျပာစကားေၾကာင့္သာ ေက်ာနံပါတ္ ၂၃ ကို ဝတ္ဆင္ခဲ့ရတာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
ေဂ်ာ့ဗယ္ဒါႏိုက “ ကြ်န္ေတာ္တို႔ ဘက္ခမ္းကို ေက်ာနံပါတ္ ၄ နဲ႔ ၂၃ ဂ်ာစီေတြ ဝတ္ဆင္ဖို႔အတြက္ စကားေျပာျဖစ္ခဲ့ပါတယ္။ သူက ကြ်န္ေတာ္အျမင္ကိုေမးခဲ့ၿပီး ကြ်န္ေတာ္က ဂႏၲဝင္ကစားသမားေတြဝတ္ဆင္တဲ့ နံပါတ္ ၄ ဂ်ာစီကို ဝတ္ဆင္ေစခ်င္ေပ မယ့္ ဗစ္တိုးရီးယားက ၾကားကေနဝင္ေရာက္ၿပီး နံပါတ္ ၂၃ ဝတ္ဖို႔ ေျပာခဲ့တာေၾကာင့္ ေဒးဗစ္ဘက္ခမ္းအေနနဲ႔ ရီးရဲလ္မွာ ေက်ာနံပါတ္ ၂၃ ကို ဝတ္ဆင္ခဲ့ရတာပါ” လို႔ ေျပာခဲ့ပါတယ္။

စပါးနောက်ခံလူအော်ရီယာရဲ့ညီဖြစ်သူကိုသေနတ်နဲ့ပစ်သတ်ခဲ့သူရဲတွေဆီကိုယ်တိုင်လာပြီးအဖမ်းခံ

စပါးနောက်ခံလူ အော်ရီယာရဲ့ ညီဖြစ်သူ ခရစ္စတိုဖာအော်ရီယာကို သတ်ခဲ့တဲ့ သံသယရှိသူ ကိုယ်တိုင် ပြင်သစ်ရဲတပ်ဖွဲ့ဆီမှာ လာပြီးအဖမ်းခံခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၆ နှစ်အရွယ် ခရစ္စတိုဖာအော်ရီယာဟာ တနလာၤနေ့ မနက်အစောပိုင်းတုန်းက…

စပါးနောက်ခံလူအော်ရီယာရဲ့ညီဖြစ်သူ ပြင်သစ်မှာသေနတ်နဲ့ ပစ်သတ်ခံရ

စပါးအသင်းညာနောက်ခံလူ အော်ရီယာရဲ့ ညီဖြစ်သူကို ပြင်သစ်က နိုက်ကလပ်တစ်ခုရဲ့ အပြင်ဘက်မှာ သေနတ်နဲ့ ပစ်သတ်ခံထားရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ခရစ္စတိုဖာအော်ရီယာကို တနလာၤနေ့ မနက် ၅ နာရီမှာ တူလောက်စ်တွင် သေနတ်ဒဏ်ရာ…

ဒေးဗစ်ဘက်ခမ်းရဲ့ သားဖြစ်သူ အသက် ၂၁ နှစ်အရွယ် ဘရွတ်ကလင်းဘက်ခမ်း မင်္ဂလာဆောင်တော့မယ်

ဘရွတ်ကလင်းဘက်ခမ်းဟာ သူ့နဲ့ စေ့စပ်ထားတဲ့ နီကိုလာပဲလ်ဇ် နဲ့ နောက်နှစ်မှာ လက်ထပ်တော့ရန် စီစဉ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၁ နှစ်အရွယ် နဲ့ အသက် ၂၅…

ဂျော့ဖလွိုက်အတွက် ၈ မိနစ်နဲ့ ၄၆ စက္ကန့် ဒူးထောက်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီ

အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီဟာ လက်ရှိမှာမေဂျာလိဂ်ကလပ် မွန်ရီးရဲလ် အင်းပက်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူနေပြီး ကိုဗစ်အလွန်မေဂျာလိဂ်ပွဲစဉ်တွေ ပြန်စချိန်မှာတော့ သေဆုံးသွားခဲ့တဲ့ ဂျော့ဖလွိုက်အတွက် Black Lives Matter ဝတ်စုံကို ဝတ်ဆင်ပြီး သူရဲ့နည်းစနစ်ဧရိယာထဲမှာ ၈မိနစ်နဲ့ ၄၆ စက္ကန့်အထိ ဒူးထောက်ခဲ့တယ်လို့ သိရပါတယ်။

 

ပွဲအပြီးမှာ အွန်နရီက “ ကျွန်တော်အနေနဲ့ ၈ မိနစ်နဲ့ ၄၆ စက္ကန့် ဒူးထောက်ခဲ့တယ်ဆိုတာ ကောင်းပါတယ်။ ဂျော့ဖလွိုက်ရဲ့ သေဆုံးမှုအတွက် အမှန်တရားဖြစ်လာဖို့ ဂုဏ်ပြုပေးရပါမယ်။ဒါဟာ ရိုးရှင်းတဲ့ကိစ္စရပ်တစ်ခုပါ”လို့ ပြောခဲ့ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားခဲ့ရပြီး ပြန်ကစားချိန်မှာ Black Lives Matter ရည်မှန်းချက်အတွက် လုပ်ဆောင်မှု တွေကို ဘောလုံးပွဲတွေပြန်မစခင်မှာ ပြုလုပ်လေ့ရှိကြပါတယ်။

မေဂျာလိဂ်ပွဲစဉ်တွေကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပြန်လည်ကစားခဲ့တာဖြစ်ပြီး စတင်ကစားခဲ့တဲ့ အော်လန်ဒိုစီးတီးနဲ့ အင်တာမီ ယာမီအသင်းတို့ မကန်ခင်မှာ လူမည်းကစားသမားတွေအတွက် ပြောင်းလဲမှုတစ်ရပ်ဖြစ်စေဖို့ လှုံဆော်မှုတွေပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။ ဖီလာဒီပီးယားနဲ့ နယူးယောက်စီးတီးတို့ပွဲမှာလည်း အသင်းကစားသမားတွေရဲ့ အကျီနာမည်နေရာမှာ ဂျော့ဖလွိုက်၊ တေလာနဲ့ လူမဆန်တဲ့ ရဲဝန်ထမ်းတွေရဲ့ နာမည်ကိုရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့တာဝန်ရှိသူတွေက “ ကစားသမားတွေဆီက အသံတွေနားထောင်ဖို့အတွက်မလုံလောက်ခဲ့ ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကစားသမားတွေအပြင် ဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့ လူမျိုးရေးခွဲခြားမှုကို ထောက်ခံတဲ့သူ တွေကို တောင်းပန်ပါတယ်။ အထူးသဖြင့်လူမည်းကစားသမားတွေကိုပေါ့။Black Lives Matter လှုပ်ရှားမှုကနေ မှားနေတဲ့ မူဝါဒတွေကို ရှင်းလင်းနိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။