ပေါင်၂၅ သန်းတန် ဘရာဇီးကြယ်ပွင့် လိုင်လီနောက်ခံလူကို ခေါ်ယူရန် ပြင်ဆင်လာတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေတဲ့ လိုင်လီနောက်ခံလူ ဂါဘရီရယ်မက်ဂဲလ်ဟေ့စ်ကို ခေါ်ယူရန် ပြင်ဆင်လာပြီဖြစ်တယ်လို့ သတင်းများအရ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ဒီနွေရာသီမှာ ဥရောပ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ထဲ…

ပီအက်စ်ဂျီ ကွင်းလယ်ခံစစ်ကစားသမား ဂေယီကို ခေါ်ယူရန် မျက်စိကျနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂေယီကို ပရီးမီးယားလိဂ်ဆီ ပြန်ခေါ်ယူရန် ဆက်သွယ်နေတယ်လို့ သိရပါတယ်။ ပြင်သစ်ကထွက်ပေါ်လာတဲ့ သတင်းများအရ အက်စတွန်ဗီလာ နဲ့ အဲဗာတန် ကွင်းလယ်ခံစစ်ကစားသမားဟောင်းဟာ ပီအက်စ်ဂျီအသင်းမှာ တစ်နှစ်ကစားပြီးနောက် အသင်းက ထွက်ခွာဖွယ်ရှိနေတာ…

ပီအက်စ်ဂျီကို ပြောင်းလာပြီးနောက် အကောင်းဆုံးခြေစွမ်းရနေလို့ ချန်ပီယံလိဂ်ဖလားရချင်တယ်လို့ ပြောခဲ့တဲ့ နေမာ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာက အသင်းကိုပြောင်းရွှေ့လာတဲ့အချိန်ကတည်းကစပြီး အခုချိန်ထိမှာ လက်ရှိခြေစွမ်း က အကောင်းဆုံးဖြစ်နေကြောင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်းကို ပြောဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီ ဟာ နေမာကို ၂၀၁၇ ခုနှစ်နွေရာသီအပြောင်းအရွှေ့တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ခေါ်ယူခဲ့ တာဖြစ်ပြီး ချန်ပီယံလိဂ်ရဖို့အတွက် အဓိကပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတွေရနေတဲ့ နေမာဟာ စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ဖို့ နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရဖို့အတွက် ပြင်သစ်မြေကိုပြောင်းရွှေ့ကစားခဲ့တာဖြစ်တယ်လို့ သတင်းတွေရဲ့ဖော်ပြမှုအရ သိရပါတယ်။ ဒါပေမယ့် နေမာဟာ ဘာစီလိုနာမှာ ရခဲ့တဲ့အောင်မြင်မှုလောက်တောင် ပီအက်စ်ဂျီမှာ ရယူနိုင်ခဲ့ခြင်းမရှိတာတွေ့ရပါတယ်။ နေမာဟာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံ ဆုတွေကို ရရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၈၂ ပွဲမှာ သွင်းဂိုး ၇၀ အထိသွင်းယူပေးထားနိုင်တဲ့ နေမာအနေနဲ့ ပြီးခဲ့တဲ့နွေရာသီတုန်း က အသင်းဟောင်း ဘာစီလိုနာကို ပြန်ပြောင်းဖို့အတွက် သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့ဘဲ ပီအက်စ်ဂျီမှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ အခြားသတင်းတွေမှာတော့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဆိုတဲ့ အသုံး အနှုန်းတွေကြောင့် နေမာအနေနဲ့ ခြေစွမ်းပြနိုင်ဖို့အတွက် ဖိအားတွေပိုများခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။

အသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေတဆင့် နေမာက “ ပီအက်စ်ဂျီမှာ ရောက်နေခဲ့တာ သုံးနှစ်ရှိပြီဖြစ်ပြီး အတွေ့အကြုံတွေ အများ ကြီးရခဲ့ပါတယ်။ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ရခဲ့ပြီး စိတ်ညစ်စရာက တစ်ခုပဲရှိပါတယ်။ဒါကတော့ ဒဏ်ရာ ရရှိမှုပါ။ ဒဏ်ရာရခဲ့မယ်ဆိုရင် ကျွန်တော်အနေနဲ့ ဘောလုံးကစားနိုင်မှာမဟုတ်ပါဘူး။အသင်းဖော်တွေကလည်း ခြေစွမ်းပြ နိုင်ဖို့ အတွက် ဝိုင်းပြီး ကူညီကြပါတယ်။ ကျွန်တော်တို့အားလုံး ချန်ပီယံလိဂ်ဖလားကိုလိုချင်နေကြသလို ကစားဖို့အတွက် လည်း အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ပီအက္စ္ဂ်ီကို ေျပာင္းလာၿပီးေနာက္ အေကာင္းဆံုးေျခစြမ္းရေနလို႔ ခ်န္ပီယံလိဂ္ဖလားရခ်င္တယ္လို႔ ေျပာခဲ့တဲ့ ေနမာ
ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴးေနမာက အသင္းကိုေျပာင္းေရႊ႕လာတဲ့အခ်ိန္ကတည္းကစၿပီး အခုခ်ိန္ထိမွာ လက္ရွိေျခစြမ္း က အေကာင္းဆံုးျဖစ္ေနေၾကာင္းနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအတြက္ အဆင္သင့္ျဖစ္ေနေၾကာင္းကို ေျပာဆိုခဲ့ပါတယ္။ ပီအက္စ္ဂ်ီ ဟာ ေနမာကို ၂၀၁၇ ခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ကမ႓ာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂၂သန္းနဲ႔ ေခၚယူခဲ့ တာျဖစ္ၿပီး ခ်န္ပီယံလိဂ္ရဖို႔အတြက္ အဓိကပစ္မွတ္ထားခဲ့တာျဖစ္ပါတယ္။
ဘာစီလိုနာအသင္းနဲ႔အတူ ေအာင္ျမင္မႈေတြရေနတဲ့ ေနမာဟာ စိန္ေခၚမႈအသစ္ေတြကိုရင္ဆိုင္ဖို႔ နဲ႔ ကမ႓ာ့အေကာင္းဆံုး ကစားသမားဆုရဖို႔အတြက္ ျပင္သစ္ေျမကိုေျပာင္းေရႊ႕ကစားခဲ့တာျဖစ္တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပမႈအရ သိရပါတယ္။ ဒါေပမယ့္ ေနမာဟာ ဘာစီလိုနာမွာ ရခဲ့တဲ့ေအာင္ျမင္မႈေလာက္ေတာင္ ပီအက္စ္ဂ်ီမွာ ရယူႏိုင္ခဲ့ျခင္းမရွိတာေတြ႕ရပါတယ္။ ေနမာဟာ ဘာစီလိုနာနဲ႔အတူ ခ်န္ပီယံလိဂ္နဲ႔ ဖီဖာကလပ္ကမ႓ာ့ဖလားခ်န္ပီယံ ဆုေတြကို ရရွိခဲ့တဲ့သူလည္း ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းအတြက္ ၿပိဳင္ပြဲစံု ၈၂ ပြဲမွာ သြင္းဂိုး ၇၀ အထိသြင္းယူေပးထားႏိုင္တဲ့ ေနမာအေနနဲ႔ ၿပီးခဲ့တဲ့ေႏြရာသီတုန္း က အသင္းေဟာင္း ဘာစီလိုနာကို ျပန္ေျပာင္းဖို႔အတြက္ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ အေျပာင္းအေရႊ႕မျဖစ္ခဲ့ဘဲ ပီအက္စ္ဂ်ီမွာပဲ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။ အျခားသတင္းေတြမွာေတာ့ ကမ႓ာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးဆိုတဲ့ အသံုး အႏႈန္းေတြေၾကာင့္ ေနမာအေနနဲ႔ ေျခစြမ္းျပႏိုင္ဖို႔အတြက္ ဖိအားေတြပိုမ်ားခဲ့ရတယ္လို႔ ေဖာ္ျပၾကပါတယ္။
အသင္းရဲ႕ဝက္ဘ္ဆိုဒ္ကေနတဆင့္ ေနမာက “ ပီအက္စ္ဂ်ီမွာ ေရာက္ေနခဲ့တာ သံုးႏွစ္ရွိၿပီျဖစ္ၿပီး အေတြ႕အၾကံဳေတြ အမ်ား ႀကီးရခဲ့ပါတယ္။ေပ်ာ္ရႊင္စရာေကာင္းတဲ့ အခိုက္အတန္႔ေတြကို ရခဲ့ၿပီး စိတ္ညစ္စရာက တစ္ခုပဲရွိပါတယ္။ဒါကေတာ့ ဒဏ္ရာ ရရွိမႈပါ။ ဒဏ္ရာရခဲ့မယ္ဆိုရင္ ကြ်န္ေတာ္အေနနဲ႔ ေဘာလံုးကစားႏိုင္မွာမဟုတ္ပါဘူး။အသင္းေဖာ္ေတြကလည္း ေျခစြမ္းျပ ႏိုင္ဖို႔ အတြက္ ဝိုင္းၿပီး ကူညီၾကပါတယ္။ ကြ်န္ေတာ္တို႔အားလံုး ခ်န္ပီယံလိဂ္ဖလားကိုလိုခ်င္ေနၾကသလို ကစားဖို႔အတြက္ လည္း အဆင္သင့္ျဖစ္ေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။

လီဗာပူးလ်နောက်ခံလူ မာတစ်ပ် ကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမယ့် ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီအသင်းဟာ လီဗာပူးလ်နောက်ခံလူ မာတစ်ပ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူရန် ကြိုးစားလာဖွယ်ရှိတယ်လို့ သတင်းအရ သိရပါတယ်။ အသင်းရဲ့ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗား ဒီလအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ လီဂူး…

ရီးရဲလ်မက်ဒရစ် နဲ့ လေဗာကူဆင်အသင်းတို့ကလည်း စိတ်ဝင်စားနေတဲ့ အသက် ၁၉ နှစ်အရွယ် မိုနာကိုနောက်ခံလူ ဘက်ဒီယာရှီးလ် ကို ယူနိုက်တက် က ခေါ်ယူရန် ဆက်သွယ်

ယူနိုက်တက်အသင်းဟာ ဥရောပ ထိပ်သီးကလပ်အသင်းတွေက စိတ်ဝင်စားနေတဲ့ မိုနာကို အသင်းက အသက် ၁၉ နှစ်အရွယ် ပြင်သစ်နောက်ခံလူ ဘက်ဒီယာရှီးလ် ခေါ်ယူရန် ဆက်သွယ်လိုက်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ယူနိုက်တက်အသင်းဟာ လျင်မြန်တဲ့…

မိုနာကို က ဗာရာနီ လက်သစ် ကို ခေါ်ယူရန် ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ မိုနာအသင်းက ခံစစ်ကြယ်ပွင့်ဘက်ဒီယာရှီးလ် ကို ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ စပိန်က သတင်းများအရ သိရပါတယ်။ ပြင်သစ်ဆယ်ကျော်သက်ကစားသမားရဲ့ တန်ကြေးဟာ ယူရို ၃၅ သန်း ဖြစ်ပြီး လီဂူး…

ဂျာဒွန်ဆန်ချိုနေရာမှာ အစားထိုးရန် ယူနိုက်တက်ကစားသမား ဒီပေးကို ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်အသင်း

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ဂျာဒွန်ဆန်ချို ခေါ်ယူရန် ကြိုးစားနေတာဖြစ်လို့ ဒေါ့မွန်အသင်းကလည်း အစားထိုးမယ့် ကစားသမားကို ရည်ရွယ်ထားပြီးပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ အိုးထရက်ဖိုဒ့်မှာ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်ကစားခဲ့တဲ့ ကြယ်ပွင့်ဟောင်း…

ကာဗာနီ ကို ဘိုင်ယန်မြူးနစ်အသင်းကပါ စိတ်ဝင်စားလာလို့ လိဒ်ယူနိုက်တက်အသင်းလက်လွှတ်ရတော့မှာလား

ကာဗာနီကို ဘိုင်ယန်မြူးနစ်အသင်းကပါ စိတ်ဝင်စားလာလို့ လိဒ်ယူနိုက်တက်အသင်းအတွက် ပိုပြီး ခက်ခဲဖွယ်ရှိနေပါတယ်။(၇) နှစ်ကြာကစားပြီးနောက် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ ရနိုင်ပြီး ဘင်ဖီကာ ကို ပြောင်းရွှေ့ဖွယ်ရှိနေတာဖြစ်ပါတယ်။…

ယူနိုက်တက် ကြယ်ပွင့်ဟောင်း အိန်ဂျယ်ဂိုးမက်စ် ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူရန် လိုင်လီအသင်း စိတ်ဝင်စား

ပြင်သစ်ကလပ် လိုင်လီဟာ ယူနိုက်တက် ကြယ်ပွင့်ဟောင်း အိန်ဂျယ်ဂိုးမက်စ်ကို စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် သဘောတူညီမှု မရရှိခဲ့တဲ့ အိန်ဂျယ်ဂိုးမက်စ် ဟာ အသင်းကနေ ထွက်ခွာပြီး…

အသင်းကြီးတွေအပါအဝင် စိတ်ဝင်စားခံနေရတဲ့ ကာဗာနီအနေနဲ့ ဘင်ဖီကာကို ပြောင်းရွှေ့တော့မယ်လို့ သိရ

ပီအက်စ်ဂျီအသင်းကနေ ထွက်ဖို့ သေချာနေပြီး ဥရောပထိပ်သီးလိဂ် ၅ ခုက ထိပ်သီးကလပ်အသင်းတွေ အပါအဝင် ပရီးမီး ယားလိဂ်ကို တန်းတက်လာတဲ့ လိဒ်ယူနိုက်တက်ကလည်း ခေါ်ယူဖို့ ဆက်သွယ်ခံနေရတဲ့ ကာဗာနီဟာ ပေါ်တူဂီကလပ် ဘင်ဖီကာကို ပြောင်းရွှေ့ဖို့ အတွက် သဘောတူညီမှု ရရှိခဲ့ပြီး အသေးစိတ်အချက်အလက်တွေပဲ ညှိနှိုင်းဖို့ ကျန်တော့တယ် လို့ သိရပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကာဗာနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘင်ဖီကာအသင်းက ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး၂နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာ အပြောင်းအရွှေ့ကို တရားဝင်အသိအမှတ်ပြုနိုင်မယ်လို့လည်း သိရပါတယ်။ ပရီးမီးယားလိဂ်ကို တန်းတက်လာနိုင်တဲ့ လိဒ်ဟာ ကာဗာနီကိုခေါ်ယူဖို့အတွက် အစောပိုင်းတုန်းက ကစားသမားရဲ့အေးဂျင့် ဖြစ်သူနဲ့ စကားပြောဆိုမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဥရုဂွေးဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဆီဘတ်ဂျီယိုဗန်နယ်လီရဲ့ ဖော်ပြမှုမှာတော့ ကာဗာနီရဲ့အေးဂျင့်ဖြစ်သူအနေနဲ့ ဘင်ဖီကာ တာဝန်ရှိသူတွေကို ပထမအကြိမ်တွေ့ဆုံမှုဟာ ပြောင်းရွှေ့ဖို့အတွက် အပေါင်းလက္ခဏာတွေ အများစုရရှိခဲ့ပြီး ဒုတိယ အကြိမ်တွေ့ဆုံမှုမှာတော့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရခဲ့တာလို့ သိရပါတယ်။လက်ရှိမှာ ကာဗာနီရဲ့ အကို ဝမ်းကွဲလည်း ဖြစ်ပြီး အေးဂျင့်လည်းဖြစ်သူက ဘင်ဖီကာအသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဘင်ဖီကာအသင်းဥက္ကဌ လူးဝစ်ဖိလစ်ပီဗီယာရာကလည်း အသင်းတာဝန်ရှိသူတွေနဲ့ ကစားသမားရဲ့အေးဂျင့်တို့ဆွေးနွေး နေတဲ့အကြောင်းကို အတည်ပြုပြောခဲ့ပါတယ်။ ဘင်ဖီကာအနေနဲ့ ကာဗာနီကို ချန်ပီယံလိဂ်ကစားခွင့်ရမယ်ဆိုတဲ့ ကမ်းလှမ်း ခဲ့တာဖြစ်ပြီး ကာဗာနီကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ကစားဖို့ အလိုရှိနေတာကြောင့် အခြားအသင်းတွေထက် ဘင်ဖီကာ ကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

zawgyi version

အသင္းႀကီးေတြအပါအဝင္ စိတ္ဝင္စားခံေနရတဲ့ ကာဗာနီအေနနဲ႔ ဘင္ဖီကာကို ေျပာင္းေရႊ႕ေတာ့မယ္လို႔ သိရ

ပီအက္စ္ဂ်ီအသင္းကေန ထြက္ဖို႔ ေသခ်ာေနၿပီး ဥေရာပထိပ္သီးလိဂ္ ၅ ခုက ထိပ္သီးကလပ္အသင္းေတြ အပါအဝင္ ပရီးမီး ယားလိဂ္ကို တန္းတက္လာတဲ့ လိဒ္ယူႏိုက္တက္ကလည္း ေခၚယူဖို႔ ဆက္သြယ္ခံေနရတဲ့ ကာဗာနီဟာ ေပၚတူဂီကလပ္ ဘင္ဖီကာကို ေျပာင္းေရႊ႕ဖို႔ အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီး အေသးစိတ္အခ်က္အလက္ေတြပဲ ၫွိႏႈိင္းဖို႔ က်န္ေတာ့တယ္ လို႔ သိရပါတယ္။
အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ကာဗာနီကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဘင္ဖီကာအသင္းက ေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး၂ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမွာျဖစ္ပါတယ္။ လာမယ့္ဗုဒၶဟူးေန႔မွာ အေျပာင္းအေရႊ႕ကို တရားဝင္အသိအမွတ္ျပဳႏိုင္မယ္လို႔လည္း သိရပါတယ္။ ပရီးမီးယားလိဂ္ကို တန္းတက္လာႏိုင္တဲ့ လိဒ္ဟာ ကာဗာနီကိုေခၚယူဖို႔အတြက္ အေစာပိုင္းတုန္းက ကစားသမားရဲ႕ေအးဂ်င့္ ျဖစ္သူနဲ႔ စကားေျပာဆိုမႈေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။
ဥ႐ုေဂြးဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဆီဘတ္ဂ်ီယိုဗန္နယ္လီရဲ႕ ေဖာ္ျပမႈမွာေတာ့ ကာဗာနီရဲ႕ေအးဂ်င့္ျဖစ္သူအေနနဲ႔ ဘင္ဖီကာ တာဝန္ရွိသူေတြကို ပထမအႀကိမ္ေတြ႕ဆံုမႈဟာ ေျပာင္းေရႊ႕ဖို႔အတြက္ အေပါင္းလကၡဏာေတြအမ်ားစုရရွိခဲ့ၿပီး ဒုတိယ အႀကိမ္ေတြ႕ဆံုမႈမွာေတာ့ အေျပာင္းအေရႊ႕အတြက္ သေဘာတူညီမႈ ရခဲ့တာလို႔ သိရပါတယ္။လက္ရွိမွာ ကာဗာနီရဲ႕ အကို ဝမ္းကြဲလည္း ျဖစ္ၿပီး ေအးဂ်င့္လည္းျဖစ္သူက ဘင္ဖီကာအသင္းတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။
ဘင္ဖီကာအသင္းဥကၠဌ လူးဝစ္ဖိလစ္ပီဗီယာရာကလည္း အသင္းတာဝန္ရွိသူေတြနဲ႔ ကစားသမားရဲ႕ေအးဂ်င့္တို႔ေဆြးေႏြး ေနတဲ့အေၾကာင္းကို အတည္ျပဳေျပာခဲ့ပါတယ္။ ဘင္ဖီကာအေနနဲ႔ ကာဗာနီကို ခ်န္ပီယံလိဂ္ကစားခြင့္ရမယ္ဆိုတဲ့ ကမ္းလွမ္း ခဲ့တာျဖစ္ၿပီး ကာဗာနီကိုယ္တိုင္ကလည္း ခ်န္ပီယံလိဂ္ကစားဖို႔ အလိုရွိေနတာေၾကာင့္ အျခားအသင္းေတြထက္ ဘင္ဖီကာ ကို ေရြးခ်ယ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။