ရှော်ကေးကို လေးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဂန္တဝင်ကစားသမား အိုလီဗာခန်းရဲ့ စံချိန်ကို ချိုးဖျက်လိုက်တဲ့ နူအာ


ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှော်ကေးနဲ့ ပွဲစဉ်မှာတော့ ပေးဂိုးမပေးခဲ့ရတာကြောင့် ကစားသမားဘဝဟာ ဂိုးမပေးရတဲ့လိဂ်ပွဲက ၁၉၆ အထိရှိခဲ့ပြီး ကစားသမားဟောင်း အိုလီဗာခန်းရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီစံချိန်ကိုတော့ အိုလီဗာခန်းဟာ လွန်ခဲ့တဲ့ ၁၃ နှစ် က ပေးဂိုးမရှိတဲ့ပွဲ ၁၉၆ ပွဲစံချိန်ကို တင်ထားခဲ့နိုင်တာပဲ ဖြစ်ပါတယ်။


အိုလီဗာခန်းအနေနဲ့ ပေးဂိုးမရှိတဲ့ပွဲအရေအတွက် ၁၉၆ ပွဲရဖို့အတွက် ဘိုင်ယန်မြူးနစ်နဲ့ ကာရှုဟာ အသင်းတွေမှာ ၅၅၇ ပွဲ ကစားခဲ့ရတာဖြစ်ပေမယ့် နူအာကတော့ ဘိုင်ယန်မြူးနစ်နဲ့ အသင်းဟောင်း ရှော်ကေးအတွက် ၄၂၃ ပွဲကစားပြီးချိန်မှာ ရရှိခဲ့ တာကြောင့် အိုလီဗာခန်းရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဖော်ပြခံရတာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားတာ ၁၀ နှစ်ရှိပြီဖြစ်တဲ့ နူအာအနေနဲ့ ပြီးခဲ့တဲ့နွေရာသီကမှ အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိရှိမယ့် စာချုပ်သက်တမ်းတိုး ခဲ့တယ်လို့လည်း သိရပါတယ်။


နောက်ဆုံးလိဂ် ၃ ပွဲဆက်နိုင်ပွဲရပြီးနောက် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်ဟာ ဒုတိယနေရာက လစ်ပ်ဇစ်ကို ၇ မှတ်အထိ ဖြတ်ထားနိုင်ပါတယ်။ ရှော်ကေးကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက်အနိုင်ဂိုး နှစ်ဂိုးသွင်းယူ ပေးခဲ့ တဲ့ တိုက်စစ်မှူး မူလာက အစောပိုင်းမှာ ရှော်ကေးအသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကနေ ဂိုးမပေးခဲ့ရတာက အသင်း ရဲ့ နိုင်ပွဲအတွက် အရေးပါတယ်လို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

zawgyi version

ေရွာ္ေကးကို ေလးဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲမွာ ဂႏၲဝင္ကစားသမား အိုလီဗာခန္းရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္လိုက္တဲ့ ႏူအာ
ကမ႓ာ့အေကာင္းဆံုးဂိုးသမားတစ္ဦးအျဖစ္ သတ္မွတ္ခံရတဲ့ ဘိုင္ယန္ျမဴးနစ္ဟာ ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေရွာ္ေကးနဲ႔ ပြဲစဥ္မွာေတာ့ ေပးဂိုးမေပးခဲ့ရတာေၾကာင့္ ကစားသမားဘဝဟာ ဂိုးမေပးရတဲ့လိဂ္ပြဲက ၁၉၆ အထိရွိခဲ့ၿပီး ကစားသမားေဟာင္း အိုလီဗာခန္းရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒီစံခ်ိန္ကိုေတာ့ အိုလီဗာခန္းဟာ လြန္ခဲ့တဲ့ ၁၃ ႏွစ္ က ေပးဂိုးမရွိတဲ့ပြဲ ၁၉၆ ပြဲစံခ်ိန္ကို တင္ထားခဲ့ႏိုင္တာပဲ ျဖစ္ပါတယ္။
အိုလီဗာခန္းအေနနဲ႔ ေပးဂိုးမရွိတဲ့ပြဲအေရအတြက္ ၁၉၆ ပြဲရဖို႔အတြက္ ဘိုင္ယန္ျမဴးနစ္နဲ႔ ကာရႈဟာ အသင္းေတြမွာ ၅၅၇ ပြဲ ကစားခဲ့ရတာျဖစ္ေပမယ့္ ႏူအာကေတာ့ ဘိုင္ယန္ျမဴးနစ္နဲ႔ အသင္းေဟာင္း ေရွာ္ေကးအတြက္ ၄၂၃ ပြဲကစားၿပီးခ်ိန္မွာ ရရွိခဲ့ တာေၾကာင့္ အိုလီဗာခန္းရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္လို႔ ေဖာ္ျပခံရတာပဲ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ကစားတာ ၁၀ ႏွစ္ရွိ္ၿပီျဖစ္တဲ့ ႏူအာအေနနဲ႔ ၿပီးခဲ့တဲ့ေႏြရာသီကမွ အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိရွိမယ့္ စာခ်ဳပ္သက္တမ္းတိုး ခဲ့တယ္လို႔လည္း သိရပါတယ္။
ေနာက္ဆံုးလိဂ္ ၃ ပြဲဆက္ႏိုင္ပြဲရၿပီးေနာက္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘိုင္ယန္ျမဴးနစ္ဟာ ဒုတိယေနရာက လစ္ပ္ဇစ္ကို ၇ မွတ္အထိ ျဖတ္ထားႏိုင္ပါတယ္။ ေရွာ္ေကးကို အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္အႏိုင္ဂိုး ႏွစ္ဂိုးသြင္းယူ ေပးခဲ့ တဲ့ တိုက္စစ္မွဴး မူလာက အေစာပိုင္းမွာ ေရွာ္ေကးအသင္းရဲ႕ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြကေန ဂိုးမေပးခဲ့ရတာက အသင္း ရဲ႕ ႏိုင္ပြဲအတြက္ အေရးပါတယ္လို႔ ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။

ပေါင် ၅၅ သန်းပေးပြီး အူပါမီကာနိုကို လီဗာပူးထက် ဦးပြီး ခေါ်ယူနိုင်ဖို့ လုပ်နေတယ်လို့ ဖော်ပြခံရတဲ့ ယူနိုက်တက်


ဥရောပထိပ်သီးအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ လစ်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အနေနဲ့ လုပ်ဆောင်နေပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးထက် လက်ဦးမှုရယူနိုင်မယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လက်ရှိနွေရာသီရောက် အူပါမီကာနိုရဲ့ စာချုပ်ပါလျော်ကြေးက ပေါင် ၃၈ သန်းသာရှိတော့ တာကြောင့် အခြားအသင်းကြီးတွေ စောင့်ကြည့်နေချိန်မှာ ယူနိုက်တက်ကတော့ ပေါင် ၅၅ သန်းအသုံးပြုပြီး ခေါ်ယူဖို့ လုပ် ဆောင်နေတာပဲ ဖြစ်ပါတယ်။


အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ အူပါမီကာနိုဟာ လစ်ပ်ဇစ်အသင်းနဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီအကုန်မှ စာချုပ်သက်တမ်းကုန် ဆုံးမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ရီးရဲလ်နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့အဆင်မပြေဖြစ်ပြီး နောက်မှာ အူပါမီကာနိုကို ခေါ်ယူဖို့အတွက် လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။ လီဗာပူးအသင်းကလည်း ကာလရှည်အ နားယူနေရတဲ့ ဗန်ဒိုက်ခ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အူပါမီကာနိုကို ခေါ်ယူဖို့ စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။


လီဗာပူးအသင်းအနေနဲ့ ဗန်ဒိုက်ခ်၊ ဂိုမက်ဇ်တို့ ဒဏ်ရာကနေ ပြန်သက်သာလာတာကြောင့် အူပါမီကာနိုကို ခေါ်ယူဖို့ နှောင့် နှေးနေတာဖြစ်ပြီး ယူနိုက်တက်ကတော့ လက်ဦးမှုရဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ Sunsport ရဲ့ဖော်ပြချက်အရ တော့ ယူနိုက်တက်ဟာ အူပါမီကာနို ကိုခေါ်ယူဖို့အတွက် ကစားသမားအသက် ၁၆ နှစ်အရွယ်ကတည်းက ကြိုးပမ်းခဲ့ဖူး တယ်လို့လည်း သိရပါတယ်။

zawgyi version

ေပါင္ ၅၅ သန္းေပးၿပီး အူပါမီကာႏိုကို လီဗာပူးထက္ ဦးၿပီး ေခၚယူႏိုင္ဖို႔ လုပ္ေနတယ္လို႔ ေဖာ္ျပခံရတဲ့ ယူႏိုက္တက္
ဥေရာပထိပ္သီးအသင္းႀကီးေတြရဲ႕ စိတ္ဝင္စားျခင္းခံေနရတဲ့ လစ္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို ေခၚယူဖို႔အတြက္ ယူႏိုက္တက္အေနနဲ႔ လုပ္ေဆာင္ေနၿပီး ပရီးမီးယားလိဂ္ၿပိဳင္ဘက္ လီဗာပူးထက္ လက္ဦးမႈရယူႏိုင္မယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ လက္ရွိေႏြရာသီေရာက္ အူပါမီကာႏိုရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးက ေပါင္ ၃၈ သန္းသာရွိေတာ့ တာေၾကာင့္ အျခားအသင္းႀကီးေတြ ေစာင့္ၾကည့္ေနခ်ိန္မွာ ယူႏိုက္တက္ကေတာ့ ေပါင္ ၅၅ သန္းအသံုးျပဳၿပီး ေခၚယူဖို႔ လုပ္ ေဆာင္ေနတာပဲ ျဖစ္ပါတယ္။
အသက္ ၂၂ ႏွစ္ရွိၿပီျဖစ္တဲ့ အူပါမီကာႏိုဟာ လစ္ပ္ဇစ္အသင္းနဲ႔ ၂၀၂၁-၂၂ ေဘာလံုးရာသီအကုန္မွ စာခ်ဳပ္သက္တမ္းကုန္ ဆံုးမွာ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ ရီးရဲလ္ေနာက္ခံလူ ဗာရန္းကို ေခၚယူဖို႔အဆင္မေျပျဖစ္ၿပီး ေနာက္မွာ အူပါမီကာႏိုကို ေခၚယူဖို႔အတြက္ လုပ္ေဆာင္လာတာပဲ ျဖစ္ပါတယ္။ လီဗာပူးအသင္းကလည္း ကာလရွည္အ နားယူေနရတဲ့ ဗန္ဒိုက္ခ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ အူပါမီကာႏိုကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတာပဲ ျဖစ္ပါတယ္။
လီဗာပူးအသင္းအေနနဲ႔ ဗန္ဒိုက္ခ္၊ ဂိုမက္ဇ္တို႔ ဒဏ္ရာကေန ျပန္သက္သာလာတာေၾကာင့္ အူပါမီကာႏိုကို ေခၚယူဖို႔ ေႏွာင့္ ေႏွးေနတာျဖစ္ၿပီး ယူႏိုက္တက္ကေတာ့ လက္ဦးမႈရဖို႔ လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။ Sunsport ရဲ႕ေဖာ္ျပခ်က္အရ ေတာ့ ယူႏိုက္တက္ဟာ အူပါမီကာႏို ကိုေခၚယူဖို႔အတြက္ ကစားသမားအသက္ ၁၆ ႏွစ္အရြယ္ကတည္းက ႀကိဳးပမ္းခဲ့ဖူး တယ္လို႔လည္း သိရပါတယ္။

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ တိုလစ်ဆိုကို ခေါ်ယူရန် ပစ်မှတ်ထားလာပြန်တဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား တိုလစ်ဆိုကို ခေါ်ယူရန် နောက်တစ်ကြိမ် ပစ်မှတ်ထားလာပြန်တယ်လို့ သတင်းများအရ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ပြင်သစ်လက်ရွေးစင်ကစားသမားကို ပြီးခဲ့တဲ့နွေရာသီကလည်း ခေါ်ယူရန် ရည်ရွယ်ခဲ့ပေမယ့် သူ့အစား ဗန်ဒီဘိခ်ကိုပဲ ခေါ်ယူခဲ့တာ…

နွေရာသီမှာ အဂူရို နဲ့ အလာဘာ တို့လို အလွတ်ခေါ်လို့ရမယ့် ကစားသမားတွေကို အလစ်ခေါ်ရန် ရည်ရွယ်နေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ မန်စီးတီးန ဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အဂူရို နဲ့ အလာဘာတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ရန် မျှော်လင့်နေပါတယ်။ မန်စီးတီးအသင်းမှာ (၁၀) နှစ်ကစားခဲ့တဲ့ အဂူရိုဟာ…

ဆာနေး ရောင်းချမယ်ဆိုတဲ့ သတင်းတွေက ပေါက်ကရတွေလို့ ဆိုလိုက်တဲ့ ဘိုင်ယန်မြူးနစ်အကြီးအကဲ

ဘိုင်ယန်မြူးနစ်အကြီးအကဲ ရူမင်နစ်ဂီက ပြီးခဲ့တဲ့ (၆) လကမှ မန်စီးတီးအသင်းကနေ ခေါ်ယူထားတဲ့ ဆာနေးကို ရောင်းချတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ အီတီဟတ်ကွင်းကနေ ပေါင် ၅၅ သန်းနဲ့ ရောက်ရှိလာကတည်းက…

ယူနိုက်တက်၊ မန်စီးတီးနဲ့ ချဲလ်ဆီးတို့က ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အူပါမီကာနိုကို လက်ဦးမှုရယူဖို့ လုပ်နေတဲ့ ဘိုင်ယန် မြူးနစ်


ဘိုင်ယန်မြူးနစ်အသင်းက ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ဖွင့်ထားချိန်မှာတော့ လစ်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့အတွက် လုပ်ဆောင်နေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ အူပါမီကာနိုရဲ့ ခြေစွမ်းကြောင့် ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ ယူနိုက်တက် ၊ မန်စီးတီးနဲ့ ချဲလ်ဆီးတို့က စောင့်ကြည့်နေပေမယ့် သူရဲ့ ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် ခေါ်ယူဖို့ နှောင့်နှေးနေတာပဲ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ် စီအီးအိုဖြစ်တဲ့ ရူမင်နစ်ကီက အူပါမီကာနိုကို ခေါ်ယူဖို့အတွက် လုပ်ဆောင်နေတာကို အတည်ပြုသွားခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေ မခေါ်ယူခင်မှာ အရခေါ်နိုင်ဖို့ လုပ်ဆောင်သွားမှာလို့လည်း ပြောသွားခဲ့ပါတယ်။ အူပါမီ ကာနိုကလည်း ဒီရာသီအကုန်မှာ လစ်ပ်ဇစ်ကနေ ထွက်ပြီး အခြားအသင်းကို ပြောင်းရွှေ့ဖို့အလိုရှိနေတာကြောင့် ဇန်နဝါရီ ဈေးကွက်မပိတ်ခင်မှာပဲ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်လာတယ်လို့ သိရပါတယ်။


အူပါမီကာနိုဟာ လစ်ပ်ဇစ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားတာကြောင့် သူရဲ့ စာချုပ်ပါ လျော်ကြေးဖြစ်တဲ့ ပေါင် ၄၅ သန်းကို ပေးချေနိုင်မှာသာ ခေါ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအ နေနဲ့ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အူပါမီကာနိုကို ခေါ်ယူဖို့ အလိုရှိနေပေမယ့် စာချုပ်ပါလျော်ကြေးကို ပေးချေလိုခြင်း မရှိတာကြောင့် ဘိုင်ယန်မြူးနစ်အနေနဲ့ လက်ဦးမှုရယူနိုင်ဖို့ အခွင့်အရေးရှိနေတယ်လို့လည်း သိရပါတယ်။

zawgyi version

ယူႏိုက္တက္၊ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔က ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ အူပါမီကာႏိုကို လက္ဦးမႈရယူဖို႔ လုပ္ေနတဲ့ ဘိုင္ယန္ ျမဴးနစ္
ဘိုင္ယန္ျမဴးနစ္အသင္းက ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္ထားခ်ိန္မွာေတာ့ လစ္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို ေပါင္ ၄၅ သန္းနဲ႔ ေခၚယူဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။ အူပါမီကာႏိုရဲ႕ ေျခစြမ္းေၾကာင့္ ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္တဲ့ ယူႏိုက္တက္ ၊ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔က ေစာင့္ၾကည့္ေနေပမယ့္ သူရဲ႕ ေျပာင္းေရႊ႕ေၾကးျမင့္မားမႈေၾကာင့္ ေခၚယူဖို႔ ေႏွာင့္ေႏွးေနတာပဲ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ စီအီးအိုျဖစ္တဲ့ ႐ူမင္နစ္ကီက အူပါမီကာႏိုကို ေခၚယူဖို႔အတြက္ လုပ္ေဆာင္ေနတာကို အတည္ျပဳသြားခဲ့ၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းေတြ မေခၚယူခင္မွာ အရေခၚႏိုင္ဖို႔ လုပ္ေဆာင္သြားမွာလို႔လည္း ေျပာသြားခဲ့ပါတယ္။ အူပါမီ ကာႏိုကလည္း ဒီရာသီအကုန္မွာ လစ္ပ္ဇစ္ကေန ထြက္ၿပီး အျခားအသင္းကို ေျပာင္းေရႊ႕ဖို႔အလိုရွိေနတာေၾကာင့္ ဇန္နဝါရီ ေစ်းကြက္မပိတ္ခင္မွာပဲ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕မယ္ဆိုတဲ့ ခန္႔မွန္းမႈေတြလည္း ထြက္ေပၚလာတယ္လို႔ သိရပါတယ္။
အူပါမီကာႏိုဟာ လစ္ပ္ဇစ္အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိရွိမယ့္ စာခ်ဳပ္သစ္တစ္ရပ္ကို ခ်ဳပ္ဆိုထားတာေၾကာင့္ သူရဲ႕ စာခ်ဳပ္ပါ ေလ်ာ္ေၾကးျဖစ္တဲ့ ေပါင္ ၄၅ သန္းကို ေပးေခ်ႏိုင္မွာသာ ေခၚယူႏိုင္မွာပဲျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကလပ္အသင္းေတြအ ေနနဲ႔ အသက္ ၂၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အူပါမီကာႏိုကို ေခၚယူဖို႔ အလိုရွိေနေပမယ့္ စာခ်ဳပ္ပါေလ်ာ္ေၾကးကို ေပးေခ်လိုျခင္း မရွိတာေၾကာင့္ ဘိုင္ယန္ျမဴးနစ္အေနနဲ႔ လက္ဦးမႈရယူႏိုင္ဖို႔ အခြင့္အေရးရွိေနတယ္လို႔လည္း သိရပါတယ္။

လီဗာပူးလ် တိုက်စစ်မှူး အိုရီဂီ နဲ့ လက်စတာ တိုက်စစ်ကစားသမား အီဟန်နာချို တို့ကို ခေါ်ယူရန် မျက်စိကျနေတဲ့ လိုက်ပ်ဇစ်

ဂျာမန်ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်အသင်းဟာ ပရီးမီးယားလိဂ်က တိုက်စစ်မှူးတွေကို ခေါ်ယူပြီး အသင်းရဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းချင်နေတယ်လို့ သိရပါတယ်။ ဒီဆောင်းရာသီဈေးကွက်မှာ လိုက်ပ်ဇစ်အသင်းတာဝန်ရှိသူတွေဟာ ဈေးကွက်အတွင်း တိုက်စစ်မှူး အသစ်တစ်ယောက်ကို ခေါ်ယူချင်နေတာဖြစ်ပြီး…

ဟာလန်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၆ သန်းထက် ပိုပေးပြီး ခေါ်ယူရန် ရည်ရွယ်ထားတဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆိးအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ဒီနွေရာသီမှာ သူတို့ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးထက် ပိုပေးပြီး ခေါ်ဆောင်ရန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဟာလန်းဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် (၁၇) ပွဲကစားကာ (၁၉)…

ဖရန့်ဖတ်ကို ပြန်ရောက်ပြီး ပထမဆုံးပွဲမှာတင် (၂) ဂိုးသွင်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာဂျိုဗစ်

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာဂျိုဗစ်ဟာ ဖရန့်ဖတ်အသင်းဆီကို ပြန်ရောက်ပြီး ရှော်ကေးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ခြေစွမ်းပြကစားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ တိုက်စစ်မှူးဟာ ပွဲကစားချိန် ၂၈ မိနစ်အကျန်မှာ လူစားဝင်ရောက်ကစားခဲ့ပြီး…

လက်ရှိခံစစ်ကြောင့် ဘိုင်ယန်မြူးနစ်တစ်သင်းလုံး ဖိအားတွေနဲ့ ရင်ဆိုင်နေရသလို ဖြစ်နေတယ်လို့ ပြောခဲ့တဲ့ ဖိလစ်


ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီဖိလစ်က လက်ရှိအသင်းရဲ့ခံစစ်ကြောင့် အသင်းနဲ့သက်ဆိုင်သူအားလုံး ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ၅ပွဲ ၅ ပွဲစလုံးပြိုင်ဘက် အသင်းတွေရဲ့ ဂိုးသွင်းယူခြင်းကိုခံခဲ့ရပြီး နောက်ဆုံး ၂ ပွဲဆက်လည်း အရေးနိမ့်ခဲ့ပါတယ်။ ဂလက်ဘတ်ကို ရှုံးတဲ့ပွဲမှာ ဆိုရင်လည်း နှစ်ဂိုးပြတ်အနိုင်ရနေပြီးမှာ ရှုံးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက ချန်ပီယံဖလားအပါအဝင် တစ်ရာသီတည်း ဖလားသုံးလုံးရရှိခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ဟာ ဒီနှစ်မှာ လည်း ထပ်မံရယူဖို့ ကြိုးစားနေခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ပိုကယ်ဖလား ပွဲစဉ်မှာ ဘွန်ဒက်လီဂါ-၂ ကလပ်ဟိုစတိန်းကီးလ် ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတာကြောင့် ဖလားသုံးလုံး အိပ်မက်ပျက်ခဲ့ရသလို မီဒီယာတွေရဲ့ ဝေဖန်ခြင်းကိုလည်း အကြီးအကျယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။


ဒီတစ်ပတ်ကစားမယ့် ဘွန်ဒက်လီဂါပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်ဟာ ခြေတက်နေတဲ့ ဖရိုင်းဘတ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ် တာကြောင့် နည်းပြ ဟန်ဆီဖိလစ်အနေနဲ့ အသင်းအတွက် စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။ ဖရိုင်းဘတ်ဟာ နောက်ဆုံးကစားခဲ့ တဲ့ ဘွန်ဒက်လီဂါ ၅ ပွဲဆက်အနိုင်ရထားခဲ့သလို အဲ့ဒီ ၅ ပွဲမှာလည်းပြိုင်ဘက်အသင်းတွေကို အနည်းဆုံး ၂ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

zawgyi version

လက္ရွိခံစစ္ေၾကာင့္ ဘိုင္ယန္ျမဴးနစ္တစ္သင္းလံုး ဖိအားေတြနဲ႔ ရင္ဆိုင္ေနရသလို ျဖစ္ေနတယ္လို႔ ေျပာခဲ့တဲ့ ဖိလစ္
ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပ ဟန္ဆီဖိလစ္က လက္ရွိအသင္းရဲ႕ခံစစ္ေၾကာင့္ အသင္းနဲ႔သက္ဆိုင္သူအားလံုး ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ ေနာက္ဆံုးကစားခဲ့တဲ့ၿပိဳင္ပြဲစံု ၅ပြဲ ၅ ပြဲစလံုးၿပိဳင္ဘက္ အသင္းေတြရဲ႕ ဂိုးသြင္းယူျခင္းကိုခံခဲ့ရၿပီး ေနာက္ဆံုး ၂ ပြဲဆက္လည္း အေရးနိမ့္ခဲ့ပါတယ္။ ဂလက္ဘတ္ကို ရႈံးတဲ့ပြဲမွာ ဆိုရင္လည္း ႏွစ္ဂိုးျပတ္အႏိုင္ရေနၿပီးမွာ ရႈံးခဲ့တာေၾကာင့္ ေဝဖန္ခံခဲ့ရတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံဖလားအပါအဝင္ တစ္ရာသီတည္း ဖလားသံုးလံုးရရွိခဲ့တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္ဟာ ဒီႏွစ္မွာ လည္း ထပ္မံရယူဖို႔ ႀကိဳးစားေနခဲ့တာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ပိုကယ္ဖလား ပြဲစဥ္မွာ ဘြန္ဒက္လီဂါ-၂ ကလပ္ဟိုစတိန္းကီးလ္ ကို ပင္နယ္တီအဆံုးအျဖတ္နဲ႔ ရႈံးၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရတာေၾကာင့္ ဖလားသံုးလံုး အိပ္မက္ပ်က္ခဲ့ရသလို မီဒီယာေတြရဲ႕ ေဝဖန္ျခင္းကိုလည္း အႀကီးအက်ယ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။
ဒီတစ္ပတ္ကစားမယ့္ ဘြန္ဒက္လီဂါပြဲစဥ္မွာလည္း ဘိုင္ယန္ျမဴးနစ္ဟာ ေျခတက္ေနတဲ့ ဖ႐ိုင္းဘတ္နဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ တာေၾကာင့္ နည္းျပ ဟန္ဆီဖိလစ္အေနနဲ႔ အသင္းအတြက္ စိုးရိမ္ေနတာပဲ ျဖစ္ပါတယ္။ ဖ႐ိုင္းဘတ္ဟာ ေနာက္ဆံုးကစားခဲ့ တဲ့ ဘြန္ဒက္လီဂါ ၅ ပြဲဆက္အႏိုင္ရထားခဲ့သလို အဲ့ဒီ ၅ ပြဲမွာလည္းၿပိဳင္ဘက္အသင္းေတြကို အနည္းဆံုး ၂ ဂိုးနဲ႔အထက္ သြင္းယူႏိုင္ခဲ့တာလည္း ေတြ႕ရပါတယ္။