ဂျာဒွန်ဆန်ချို ၊ အန်ဆုဖာတီ ၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ဂရင်းဝုဒ် နဲ့ ဖိုဒန်တို့ကို ကျော်ဖြတ်ပြီး ၂၀၂၀ လူငယ်ရွှေဘောလုံးဆုကို ဆွတ်ခူးသွားတဲ့ ဟာလန်း

ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ အသင်းဖော် ဂျာဒွန်ဆန်ချိုကို ကျော်ဖြတ်ပြီး ၂၀၂၀ လူငယ်ရွှေဘောလုံးဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ အီတလီသတင်းစာ Tuttosport ကကျင်းပတဲ့ လူငယ်ရွှေ့ဘောလုံးဆုဟာ ဥရောပလိဂ်တစ်ဝန်းက အသက်၂၁နှစ်အရွယ် နဲ့…

အသင်းက ထွက်ခွာတော့မယ့် ဘိုတန်းနေရာအတွက် အူပါမီကာနိုကို အစားထိုး ခေါ်ယူရန် ဘိုင်ယန်မြူးနစ်ကို တိုက်တွန်းလိုက်တဲ့ ဂန္တဝင်ကစားသမားဟောင်း

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္တဝင်ကစားသမား လိုသာမက်သီးယပ်စ်က ပေါင် ၄၅ သန်းတန် လိုက်ပ်ဇ်စ်ဗဟိုနောက်ခံလူ အူပါမီကာနိုကို ခေါ်ယူသင့်တယ်လို့ အသင်းဟောင်းကိုတိုက်တွန်းပြောသွားခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းရဲ့ ဗဟိုနောက်ခံလူ ဘိုတန်းနဲ့ အလာဘာ တို့ဟာ…

လိုက်ပ်ဇစ်တိုက်စစ်ကစားသမား ဒန်နီအိုလ်မို ကို နွေရာသီမှာ ခေါ်ယူချင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒန်နီအိုလ်မိုကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီတုန်းက ခေါ်ယူချင်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ဇန်နဝါရီအပြောင်းအရွှေ့မှ ဒိုင်နမိုဇာဂရက်ကနေ လိုက်ပ်ဇစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး…

အာဆင်နယ်နောက်ခံလူ ကိုလာဆီနက်ကို ခေါ်ယူရန် ပစ်မှတ်ထားနေတဲ့ လေဗာကူဆင်အသင်း

လေဗာကူဆင်အသင်းဟာ အာဆင်နယ်နောက်ခံလူ ကိုလာဆီနက်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဒီရာသီအာဆင်နယ်အသင်းမှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေပြီး ပရီးမီးယားလိဂ်မှာ တစ်ပွဲပဲ…

လိုက်ပ်ဇ်ကွင်းလယ်လူ ဆာဘစ်ဇာ ကို ခေါ်ယူရန် စဉ်းစားနေတဲ့ စပါးအသင်း

စပါးအသင်းဟာ လိုက်ပ်ဇစ်ကွင်းလယ်လူ ဆာဘစ်ဇာကို ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စပါးအသင်းရဲ့ ကွင်းလယ်လူ ဒယ်လီအလီဟာ ပုံမှန်ခြေစွမ်းမပြနိုင်တော့လို့ ပရီးမီးယားလိဂ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို နောက်ထပ်ရွေးချယ်စရာရှိအောင် အင်အားဖြည့်တင်းချင်နေတာဖြစ်ပါတယ်။…

ဂွါဒီယိုလာနေရာမှာ အစားထိုးရန် ဂျူလီယန်နာဂယ်စ်မန်းကို စောင့်ကြည့်နေတဲ့ မန်စီးတီးအသင်း

မန်စီးတီးအသင်းဟာ အသင်းကနေ ဂွါဒီယိုလာ ထွက်ခွာဖြစ်ပါက အစားထိုးရန် လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်စ်မန်းကို စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ စပိန်လူမျိုးနည်းပြကြီးဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်နေလို့ အနာဂတ်နဲ့ ပတ်သက်ပြီး…

LEGO နဲ့ လုပ်ထားတဲ့ ဘောလွန်းဒီအောဆု ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ပိုလန်ရက်ပါ Quebonafide ဆီက LEGO နဲ့ လုပ်ထားတဲ့ ဘောလွန်းဒီအောဆုကို လက်ဆောင်ရရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင်း ၂၀၂၀ ဘောလွန်းဒီအောဆုကို ပယ်ဖျက်ခဲ့တာဖြစ်လို့ လီဝန်ဒေါစကီးဟာ အဆိုပါ…

အသက် ၁၇ နှစ်အရွယ် ဘယ်လင်ဂမ်ကို အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ခေါ်ယူလိုက်တဲ့ နည်းပြ ဆောက်ဂိတ်

ဒေါ့မွန်အသင်းနဲ့ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဘယ်လင်ဂမ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးရဲ့ ခေါ်ယူခြင်းကို ခံလိုက်ရပါတယ်။ ကွင်းလယ်ကစားသမားဟာ ဒဏ်ရာရရှိလို့ အသင်းရဲ့ လူစာရင်းကနေ နှုတ်ထွက်သွားတဲ့ ဂျိမ်းစ်ဝပ်ပရောင်းစ် နေရာမှာ အစားထိုးဝင်ရောက်လာသူဖြစ်ပါတယ်။ အသက်…

ဘိုင်ယန်မြူးနစ် နောက်ခံလူ ဘိုတန်းကို ခေါ်ယူရန် စဉ်းစားနေတဲ့ စပါးအသင်း

စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့်နောက်ခံလူ ဘိုတန်းကို ခေါ်ယူရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ ဘွန်ဒက်စ်လီဂါကလပ်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်နေပေမယ့် အသင်းအတွက်…

မော့ကိုကို ရဲ့ သွေးသားထဲမှာ ဂိုးသွင်းနိုင်တဲ့ စွမ်းရည်အပြည့်ရှိနေတယ်လို့ ပြောခဲ့တဲ့ ဒေါ့မန်စီအီးအို ဝက်ဇ်ကီ


ဒေါ့မန်အသင်းရဲ့ စီအီးအို ဝက်ဇ်ကီက အသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ မော့ကိုကိုရဲ့ သွေးသားထဲမှာ ဂိုးသွင်းနိုင်တဲ့ စွမ်းရည်အပြည့်အဝရှိနေတယ်လို့ ပြောခဲ့ပါတယ်။ အသက် ၁၅ နှစ်သာရှိသေးတဲ့ ဂျာမနီလူငယ်ကစားသမား မော့ကိုကို ဟာ ဒေါ့မန်အသင်းရဲ့ အနာဂတ်အတွက် မျှော်လင့်အထားခံရဆုံး လူငယ်ကစားသမားတစ်ဦးလည်းဖြစ်ပြီး လက်ရှိတိုက် စစ်မှူး ဟာလန်းရဲ့ခြေရာကို လိုက်မီမယ့်သူအဖြစ်လည်း သတ်မှတ်ခံရသူ ဖြစ်ပါတယ်။


မော့ကိုကိုဟာ လက်ရှိမှာ အသက် ၁၅ နှစ်သာရှိသေးပေမယ့် ဂျာမနီယူ-၂၀ အသင်းအတွက် ကစားပေးနေသူဖြစ်ပြီး သူရဲ့ ခြေစွမ်းကြောင့် ဒေါ့မန်အသင်းနည်းပြ ဖာဗရီအနေနဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီး ကစားမယ့် ဟာသာဘာလင်နဲ့ပွဲစဉ် အတွက် မော့ကိုကို ကိုရွေးချယ်ထားတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့မှာ မွေးနေ့ကျရောက်မယ့် မော့ကိုကို အတွက် ဒေါ့မန်အသင်းရဲ့လက်ဆောင်ဖြစ်တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


အဖေဖြစ်သူက ဂျာမနီနိုင်ငံသားဖြစ်တာကြောင့် ဂါနာနိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် မော့ကိုကိုဟာ ဂါနာနဲ့ ဂျာမနီ လက်ရွေးစင် အသင်းတွေကို ရွေးချယ်ဖို့ အခွင့်အရေးရှိနေပါတယ်။ မော့ကိုကိုအနေနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာကစားမယ့် ဟာသာဘာ လင်နဲ့ ပွဲမှာသာ ကစားခွင့်ရခဲ့မယ်ဆိုရင် အသင်းရဲ့သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင် ထားတဲ့ ဆီလက်စတိန်းဘာဘာယာရိုရဲ့ ၁၆ နှစ် ၊၂လနဲ့ ၂၅ ရက်စံချိန်ကို ကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။

zawgyi version

ေမာ့ကိုကို ရဲ႕ ေသြးသားထဲမွာ ဂိုးသြင္းႏိုင္တဲ့ စြမ္းရည္အျပည့္ရွိေနတယ္လို႔ ေျပာခဲ့တဲ့ ေဒါ့မန္စီအီးအို ဝက္ဇ္ကီ
ေဒါ့မန္အသင္းရဲ႕ စီအီးအို ဝက္ဇ္ကီက အသင္းရဲ႕လူငယ္ကစားသမားျဖစ္တဲ့ ေမာ့ကိုကိုရဲ႕ ေသြးသားထဲမွာ ဂိုးသြင္းႏိုင္တဲ့ စြမ္းရည္အျပည့္အဝရွိေနတယ္လို႔ ေျပာခဲ့ပါတယ္။ အသက္ ၁၅ ႏွစ္သာရွိေသးတဲ့ ဂ်ာမနီလူငယ္ကစားသမား ေမာ့ကိုကို ဟာ ေဒါ့မန္အသင္းရဲ႕ အနာဂတ္အတြက္ ေမွ်ာ္လင့္အထားခံရဆံုး လူငယ္ကစားသမားတစ္ဦးလည္းျဖစ္ၿပီး လက္ရွိတိုက္ စစ္မွဴး ဟာလန္းရဲ႕ေျခရာကို လိုက္မီမယ့္သူအျဖစ္လည္း သတ္မွတ္ခံရသူ ျဖစ္ပါတယ္။
ေမာ့ကိုကိုဟာ လက္ရွိမွာ အသက္ ၁၅ ႏွစ္သာရွိေသးေပမယ့္ ဂ်ာမနီယူ-၂၀ အသင္းအတြက္ ကစားေပးေနသူျဖစ္ၿပီး သူရဲ႕ ေျခစြမ္းေၾကာင့္ ေဒါ့မန္အသင္းနည္းျပ ဖာဗရီအေနနဲ႔ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီး ကစားမယ့္ ဟာသာဘာလင္နဲ႔ပြဲစဥ္ အတြက္ ေမာ့ကိုကို ကိုေရြးခ်ယ္ထားတယ္လို႔ သိရပါတယ္။ ႏိုဝင္ဘာ ၂၀ ရက္ေန႔မွာ ေမြးေန႔က်ေရာက္မယ့္ ေမာ့ကိုကို အတြက္ ေဒါ့မန္အသင္းရဲ႕လက္ေဆာင္ျဖစ္တယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အေဖျဖစ္သူက ဂ်ာမနီႏိုင္ငံသားျဖစ္တာေၾကာင့္ ဂါနာႏိုင္ငံမွာ ေမြးဖြားခဲ့ေပမယ့္ ေမာ့ကိုကိုဟာ ဂါနာနဲ႔ ဂ်ာမနီ လက္ေရြးစင္ အသင္းေတြကို ေရြးခ်ယ္ဖို႔ အခြင့္အေရးရွိေနပါတယ္။ ေမာ့ကိုကိုအေနနဲ႔ ႏိုဝင္ဘာ ၂၁ ရက္ေန႔မွာကစားမယ့္ ဟာသာဘာ လင္နဲ႔ ပြဲမွာသာ ကစားခြင့္ရခဲ့မယ္ဆိုရင္ အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆံုးကစားသမားအျဖစ္ စံခ်ိန္တင္ ထားတဲ့ ဆီလက္စတိန္းဘာဘာယာ႐ိုရဲ႕ ၁၆ ႏွစ္ ၊၂လနဲ႔ ၂၅ ရက္စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္မွာပဲ ျဖစ္ပါတယ္။