အဲဗာတန်နဲ့ ပွဲမှာ (၂) မှတ်ဆုံးရှုံးခဲ့တာကို စိတ်ပျက်နေတယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က စနေနေ့က အဲဗာတန်နဲ့ (၃-၃) သရေကျခဲ့တဲ့ပွဲကို အသင်းအနေနဲ့ သင်ခန်းစာယူရမယ်လို့ ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပထမပိုင်းပြီးတဲ့အချိန်အထိ (၂-ဝ) နဲ့ ဦးဆောင်နေခဲ့ပြီး (၃) မှတ်ရမယ်လို့…

ဘာကြောင့် ဆွန်ဟောင်မင်က ဂိုးသွင်းပြီးရင် ကင်မရာရိုက်တဲ့ပုံနဲ့ အောင်ပွဲခံတာလဲ …


ဘောလုံးသမားတစ်ယောက်အနေနဲ့ ဂိုးသွင်းယူပြီးတဲ့အချိန်မှာ အောင်ပွဲခံတဲ့အမူအရာ အမျိုးမျိုးရှိကြပါတယ်။ ကိုယ်သွင်း ယူလိုက်တဲ့ ဂိုးတစ်ဂိုးအတွက် အောင်ပွဲခံမှုမှာ ပရိသတ်တွေအတွက် ထူးထူးခြားခြား အောင်ပွဲခံတဲ့ကစားသမားတွေလည်း ရှိပါတယ်။ ဒီအထဲမှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်တစ်ယောက်တည်းလည်း ပါဝင်ပါတယ်။ ဆွန်ဟောင်မင်အနေနဲ့ ဂိုး သွင်းယူပြီးတိုင်း ကင်မရာနဲ့ ဓါတ်ပံရိုက်တဲ့ပုံစံ အောင်ပွဲခံလေ့ရှိတာ တွေ့ရပါတယ်။


အောင်ပွဲခံမှုပုံစံအနေအထားနဲ့ ပတ်သက်ပြီး Sky Sports ရဲ့ အင်တာဗျူးတစ်ခုမှာတော့ ဆွန်ဟောင်မင်က “ လွန်ခဲ့တဲ့ တစ် နှစ်လောက်တုန်းက ကျွန်တော်အနေနဲ့ ဂိုးသွင်းယူပြီးရင် အောင်ပွဲခံဖို့ပုံစံကို စဉ်းစားခဲ့ပါတယ်။ အောင်ပွဲခံပုံအမျိုးမျိုး ရှိတဲ့ ကြားက ဂိုးသွင်းယူနိုင်တာဟာ အမှတ်ရစရာကောင်းတဲ့ တစ်ခုဖြစ်တာကြောင့် မှတ်တမ်းတင်တဲ့ပုံနဲ့ လက်ကို ကင်မရာပုံစံ လုပ်ပြီး ဓါတ်ပုံရိုက်တဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့တာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆွန်ဟောင်မင်ဟာ အာရှဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းနဲ့အတူ ရွှေတံဆိပ်ဆု ရရှိခဲ့တာကြောင့် စစ်မှုထမ်းရမယ့် ၂၁ လတာကာလကို ကင်းလွတ်ခွင့်ရခဲ့ပြီး စပါးနည်းပြဖြစ်လာတဲ့ မော်ရင်ဟိုရဲ့ လက်အောက်မှာ ခြေစွမ်းပြနိုင်တဲ့ကစား သ မားတစ်ယောက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိခြေစွမ်းပြနိုင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဆွန်ဟောင်မင်က ပျော်ရွှင်မိ တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

zawgyi version

ဘာေၾကာင့္ ဆြန္ေဟာင္မင္က ဂိုးသြင္းၿပီးရင္ ကင္မရာ႐ိုက္တဲ့ပံုနဲ႔ ေအာင္ပြဲခံတာလဲ …
ေဘာလံုးသမားတစ္ေယာက္အေနနဲ႔ ဂိုးသြင္းယူၿပီးတဲ့အခ်ိန္မွာ ေအာင္ပြဲခံတဲ့အမူအရာ အမ်ိဳးမ်ိဳးရွိၾကပါတယ္။ ကိုယ္သြင္း ယူလိုက္တဲ့ ဂိုးတစ္ဂိုးအတြက္ ေအာင္ပြဲခံမႈမွာ ပရိသတ္ေတြအတြက္ ထူးထူးျခားျခား ေအာင္ပြဲခံတဲ့ကစားသမားေတြလည္း ရွိပါတယ္။ ဒီအထဲမွာ စပါးတိုက္စစ္မွဴး ဆြန္ေဟာင္မင္တစ္ေယာက္တည္းလည္း ပါဝင္ပါတယ္။ ဆြန္ေဟာင္မင္အေနနဲ႔ ဂိုး သြင္းယူၿပီးတိုင္း ကင္မရာနဲ႔ ဓါတ္ပံ႐ိုက္တဲ့ပံုစံ ေအာင္ပြဲခံေလ့ရွိတာ ေတြ႕ရပါတယ္။
ေအာင္ပြဲခံမႈပံုစံအေနအထားနဲ႔ ပတ္သက္ၿပီး Sky Sports ရဲ႕ အင္တာဗ်ဴးတစ္ခုမွာေတာ့ ဆြန္ေဟာင္မင္က “ လြန္ခဲ့တဲ့ တစ္ ႏွစ္ေလာက္တုန္းက ကၽြန္ေတာ္အေနနဲ႔ ဂိုးသြင္းယူၿပီးရင္ ေအာင္ပြဲခံဖို႔ပံုစံကို စဥ္းစားခဲ့ပါတယ္။ ေအာင္ပြဲခံပံုအမ်ိဳးမ်ိဳး ရွိတဲ့ ၾကားက ဂိုးသြင္းယူႏိုင္တာဟာ အမွတ္ရစရာေကာင္းတဲ့ တစ္ခုျဖစ္တာေၾကာင့္ မွတ္တမ္းတင္တဲ့ပံုနဲ႔ လက္ကို ကင္မရာပံုစံ လုပ္ၿပီး ဓါတ္ပံု႐ိုက္တဲ့ပံုစံနဲ႔ ေအာင္ပြဲခံခဲ့တာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆြန္ေဟာင္မင္ဟာ အာရွဖလားၿပိဳင္ပြဲမွာ ေတာင္ကိုရီးယားအသင္းနဲ႔အတူ ေရႊတံဆိပ္ဆု ရရွိခဲ့တာေၾကာင့္ စစ္မႈထမ္းရမယ့္ ၂၁ လတာကာလကို ကင္းလြတ္ခြင့္ရခဲ့ၿပီး စပါးနည္းျပျဖစ္လာတဲ့ ေမာ္ရင္ဟိုရဲ႕ လက္ေအာက္မွာ ေျခစြမ္းျပႏိုင္တဲ့ကစား သ မားတစ္ေယာက္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ လက္ရွိေျခစြမ္းျပႏိုင္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဆြန္ေဟာင္မင္က ေပ်ာ္ရႊင္မိ တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။

မန်စီးတီးကို ရှုံးရင် လီဗာပူးလ်အသင်းရဲ့ ချန်ပီယံဆုဖလား ကာကွယ်မှု လမ်းဆုံးသွားပြီလို့ ဆိုလိုက်တဲ့ ဂန္တဝင်ကစားသမားဟောင်း မာဖီ

လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း မာဖီဟာ စနေနေ့ကစားမယ့် မန်စီးတီးနဲ့ လီဗာပူးလ်ပွဲမှာ သူ့အသင်းဟောင်းအနေနဲ့ ရှုံးပွဲတွေ့သွားပါက ချန်ပီယံသရဖူကာကွယ်မှု လမ်းဆုံးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ “လီဗာပူးလ်အသင်းရဲ့ ချန်ပီယံသရဖူကာကွယ်မှုက အခုပြီးသွားပြီလို့ ကျွန်တော် မရေးသေးပါဘူး။…

ရော်နယ်ဒိုက အသက် (၄၀) အရွယ်အထိ ကစားနိုင်တယ်လို့ ဆိုလိုက်တဲ့ ရီးရဲလ်မက်ဒရစ်ကြံ့ခိုင်ရေးနည်းပြဟောင်း

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြံ့ခိုင်ရေးနည်းပြဟောင်း ဂျီယိုဗန်နီမော်ရီက ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသက် (၄၀) အရွယ်အထိကစားနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ ကြံ့ခိုင်ရေးနည်းပြ မော်ရီ နဲ့ ဒီနေ့မှာ အသက် (၃၆) နှစ်ပြည့်သွားပြီဖြစ်တဲ့…

အက်စတွန်ဗီလာနဲ့ ပွဲမှာ အသင်းရဲ့ အရေးပါတဲ့ဘယ်နောက်ခံလူ တီယာနေး ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ဒီတစ်ပတ်ကစားမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပွဲ၌ သူ့အသင်းမှာ တီယာနေး ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကြားရက်က ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ အဝေးကွင်းမှာ…

လင်ဂတ်ကို အပြီးသတ်ခေါ်ယူရန် ရည်ရွယ်ထားတဲ့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ အသင်းနဲ့ ပွဲဦးထွက်မှာ ခြေစွမ်းပြကစားခဲ့သွားတဲ့ လင်ဂတ်ကို အပြီးသတ် ခေါ်ယူရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လင်ဂတ်ဟာ ယူနိုက်တက်အသင်းကနေ ဝက်စ်ဟမ်းအသင်းဆီကို ရာသီကုန်အထိ အငှားနဲ့ ရောက်လာခဲ့သူဖြစ်ပြီး…

ပွဲထွက်လူစာရင်းမှာ အူဘာမီးယန်း ပါဝင်ကစားခွင့်ရဖို့ အာမခံချက်မရှိဘူးလို့ ဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက အသင်းခေါင်းဆောင် အူဘာမီးယန်းအနေနဲ့ အသင်းရဲ့ ပွဲထွက် (၁၁) ယောက်လူစာရင်းမှာ ပါဝင်ကစားခွင့်ရဖို့ အာမခံချက်မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။ အူဘာမီးယန်းဟာ မကြာသေးခင်ကမှ သူ့ရဲ့ မိခင်တိုင်းပြည်ကို သွားရောက်ပြီး…

‌နွေရာသီရောက်တာနဲ့ ဒေ့ါမွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ နွေရာသီရောက်တာနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန် အဆင်သင့်ပြင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အရည်အသွေးမြင့်လူငယ်တိုက်စစ်မှူးမှာ စာချုပ်ဖျက်သိမ်းကြေး ပါရှိထားပေမယ့် သူ့ကို ခေါ်ယူရန် ဥရောပက ထိပ်သီးအသင်းတော်တေ်ာများများက စိတ်ဝင်စားနေကြတာ…

ရူဘင်ဒိုင်ယက်စ်ကို ရတာ ကွန်ပနီကို အစားပြန်ရသလိုပဲ ဆိုပြီး ပြောခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ရစ်ချတ်ဒန်း


မန်စီးတီးအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ရစ်ချတ်ဒန်းက အသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ဘင် ဖီကာကနေ နောက်ခံလူ ရူဘင်ဒိုင်ယက်စ်ကို ခေါ်ယူနိုင်ခဲ့တာက တကယ်ကောင်းခဲ့ပြီး ရူဘင်ဒိုင်ယက်စ်ကို ခေါ်ယူနိုင်ခဲ့တာ က ကွန်ပနီကို အစားပြန်ရသလိုမျိုး အသင်းအတွက် အကျိုးရှိစေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ရူဘင်ဒိုင်ယက်စ်အတွက် မန် စီးတီးအနေနဲ့ ပေါင် ၆၄.၅ သန်းပေးခဲ့ရပေမယ့် အကျိုးရှိတဲ့ခေါ်ယူမှုဖြစ်ခဲ့တယ်လို့လည်း ရစ်ချတ်ဒန်းက ပြောခဲ့ပါတယ်။


အသက် ၂၃ နှစ်သာရှိသေးတဲ့ ရူဘင်ဒိုင်ယက်စ်ဟာ မန်စီးတီးအသင်းကို ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၉ ပွဲမှာ ၁၃ ပွဲပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို အခြားပြိုင်ပွဲတွေမှာလည်း ၇ ပွဲကစားပြီး ၅ ပွဲပေးဂိုးမရှိအောင် စွမ်း ဆောင်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါအပြင် မန်စီးတီးဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံပွဲ ၂၀ မှာ ၄ ဂိုးသာပေးခဲ့ရတာ ကြောင့် အသင်းရဲ့ခံစစ်မှာ ဒိုင်ယက်စ်ရဲ့ ပါဝင်စွမ်းဆောင်နိုင်မှုက အရေးပါခဲ့တာပဲ ဖြစ်ပါတယ်။


ရစ်ချတ်ဒန်းက “ ကျွန်တော်အနေနဲ့ အသင်းကနေ ကွန်ပနီ ထွက်သွားပြီးနောက်မှာ အသင်းကိုဦးဆောင်နိုင်တဲ့ကစားသမား မရှိတော့တာကြောင့် ငိုခဲ့ဖူးပါတယ်။ အခု ဒိုင်ယက်စ်က အသင်းကိုဦးဆောင်နိုင်တဲ့ကစားသမားမျိုးပါ။ အသက်ငယ်သေး တယ်ဆိုပေမယ့် သူနဲ့ တွဲကစားရတဲ့ လာပေါ်တီ၊ ဂျွန်စတုန်းတို့ကို သူအနေနဲ့ အကောင်းဆုံးဦးဆောင်နိုင်သလို ခံစစ်မှာ လည်း အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့သူပါ” ဆိုပြီး ချီးကျူးသွားခဲ့ပါတယ်။

zawgyi version

႐ူဘင္ဒိုင္ယက္စ္ကို ရတာ ကြန္ပနီကို အစားျပန္ရသလိုပဲ ဆိုၿပီး ေျပာခဲ့တဲ့ အသင္းေခါင္းေဆာင္ေဟာင္း ရစ္ခ်တ္ဒန္း
မန္စီးတီးအသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ရစ္ခ်တ္ဒန္းက အသင္းအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ဘင္ ဖီကာကေန ေနာက္ခံလူ ႐ူဘင္ဒိုင္ယက္စ္ကို ေခၚယူႏိုင္ခဲ့တာက တကယ္ေကာင္းခဲ့ၿပီး ႐ူဘင္ဒိုင္ယက္စ္ကို ေခၚယူႏိုင္ခဲ့တာ က ကြန္ပနီကို အစားျပန္ရသလိုမ်ိဳး အသင္းအတြက္ အက်ိဳးရွိေစခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ႐ူဘင္ဒိုင္ယက္စ္အတြက္ မန္ စီးတီးအေနနဲ႔ ေပါင္ ၆၄.၅ သန္းေပးခဲ့ရေပမယ့္ အက်ိဳးရွိတဲ့ေခၚယူမႈျဖစ္ခဲ့တယ္လို႔လည္း ရစ္ခ်တ္ဒန္းက ေျပာခဲ့ပါတယ္။
အသက္ ၂၃ ႏွစ္သာရွိေသးတဲ့ ႐ူဘင္ဒိုင္ယက္စ္ဟာ မန္စီးတီးအသင္းကို ေရာက္ရွိလာၿပီးေနာက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ၁၉ ပြဲမွာ ၁၃ ပြဲေပးဂိုးမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သလို အျခားၿပိဳင္ပြဲေတြမွာလည္း ၇ ပြဲကစားၿပီး ၅ ပြဲေပးဂိုးမရွိေအာင္ စြမ္း ေဆာင္ထားႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ဒါအျပင္ မန္စီးတီးဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံုပြဲ ၂၀ မွာ ၄ ဂိုးသာေပးခဲ့ရတာ ေၾကာင့္ အသင္းရဲ႕ခံစစ္မွာ ဒိုင္ယက္စ္ရဲ႕ ပါဝင္စြမ္းေဆာင္ႏိုင္မႈက အေရးပါခဲ့တာပဲ ျဖစ္ပါတယ္။
ရစ္ခ်တ္ဒန္းက “ ကၽြန္ေတာ္အေနနဲ႔ အသင္းကေန ကြန္ပနီ ထြက္သြားၿပီးေနာက္မွာ အသင္းကိုဦးေဆာင္ႏိုင္တဲ့ကစားသမား မရွိေတာ့တာေၾကာင့္ ငိုခဲ့ဖူးပါတယ္။ အခု ဒိုင္ယက္စ္က အသင္းကိုဦးေဆာင္ႏိုင္တဲ့ကစားသမားမ်ိဳးပါ။ အသက္ငယ္ေသး တယ္ဆိုေပမယ့္ သူနဲ႔ တြဲကစားရတဲ့ လာေပၚတီ၊ ဂၽြန္စတုန္းတို႔ကို သူအေနနဲ႔ အေကာင္းဆံုးဦးေဆာင္ႏိုင္သလို ခံစစ္မွာ လည္း အေကာင္းဆံုးေျခစြမ္းျပႏိုင္တဲ့သူပါ” ဆိုၿပီး ခ်ီးက်ဴးသြားခဲ့ပါတယ္။

အသင်းကို မုန်းနေသူတွေကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပြီး အသံတိတ်စေမယ်လို့ ပြောခဲ့တဲ့ ယူနိုက်တက်အသင်း ခေါင်းဆောင် မက်ဂွိုင်းယား


ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားက အသင်းကိုမုန်းနေတဲ့အခြားအသင်းပရိသတ်တွေရဲ့ အသံကို ပရီးမီး ယားလိဂ်ချန်ပီယံဆု ရယူပြီး အသံတိတ်သွားအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ လက်ရှိအမှတ် ပေးဇယားဒုတိယနေရာမှာ ရောက်နေတယ်ဆိုပေမယ့် ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ ပရီးမီးယားလိဂ် ချန်ပီ ယံဖြစ်ဖို့ ရေပန်းစားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။


မက်ဂွိုင်းယားက အသင်းရဲ့နည်းပြကြီး ဆာအဲလက်ဖာဂူဆန်ကြောင့် ယူနိုက်တက်အသင်းကို ကြိုက်တဲ့သူနဲ့ မုန်းတဲ့သူတွေ ရှိတာကို နားလည်ပြီး သူအနေနဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့အချိန်မှာ ပထမဆုံးချန်ပီယံဆုကို ရယူနိုင်ဖို့ အလိုရှိနေတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းယားက “ အသင်းကို ရောက် လာပြီးနောက်မှာ အသင်းအနေနဲ့ တိုးတက်မှုအများကြီးရှိလာခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်လာနိုင်ပါပြီ” လို့ Utd Podcast က တဆင့် ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ယူနိုက်တက်အသင်းနောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်မေရဲ့ မေးမြန်းမှုကိုတော့ မက်ဂွိုင်းယားက “ အခြားအသင်းပရိသတ်တွေက ကျွန်တော်တို့ ကျရှုံးတာကိုမြင်ချင်ကြပါတယ်။ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းအ ကြောင်းကို ပြောနေချိန်မှာ အခြားသူတွေက ကျွန်တော်တို့အကောင်းဆုံးလုပ်နိုင်မှာကို အလိုမရှိကြပါဘူး။ အသင်းခေါင်း ဆောင်တစ်ယောက်အနေနဲ့ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ရင်တော့ ကျွန်တော်ရဲ့မျက်နှာမှာ အပြုံးအကြီးကြီးတစ်ခုကို တွေ့မြင်ရမှာပါ” ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

အသင္းကို မုန္းေနသူေတြကို ပရီးမီးယားလိဂ္ခ်န္ပီယံဆု ရယူၿပီး အသံတိတ္ေစမယ္လို႔ ေျပာခဲ့တဲ့ ယူႏိုက္တက္အသင္း ေခါင္းေဆာင္ မက္ဂြိဳင္းယား
ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားက အသင္းကိုမုန္းေနတဲ့အျခားအသင္းပရိသတ္ေတြရဲ႕ အသံကို ပရီးမီး ယားလိဂ္ခ်န္ပီယံဆု ရယူၿပီး အသံတိတ္သြားေအာင္ လုပ္ေဆာင္ရမွာ ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ လက္ရွိအမွတ္ ေပးဇယားဒုတိယေနရာမွာ ေရာက္ေနတယ္ဆိုေပမယ့္ ယူႏိုက္တက္ဟာ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းမွာ ပရီးမီးယားလိဂ္ ခ်န္ပီ ယံျဖစ္ဖို႔ ေရပန္းစားလ်က္ ရွိေနတာပဲ ျဖစ္ပါတယ္။
မက္ဂြိဳင္းယားက အသင္းရဲ႕နည္းျပႀကီး ဆာအဲလက္ဖာဂူဆန္ေၾကာင့္ ယူႏိုက္တက္အသင္းကို ႀကိဳက္တဲ့သူနဲ႔ မုန္းတဲ့သူေတြ ရွိတာကို နားလည္ၿပီး သူအေနနဲ႔ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူထားတဲ့အခ်ိန္မွာ ပထမဆံုးခ်န္ပီယံဆုကို ရယူႏိုင္ဖို႔ အလိုရွိေနတယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဂြိဳင္းယားက “ အသင္းကို ေရာက္ လာၿပီးေနာက္မွာ အသင္းအေနနဲ႔ တိုးတက္မႈအမ်ားႀကီးရွိလာခဲ့ၿပီး ခ်န္ပီယံဆုကို စိန္ေခၚလာႏိုင္ပါၿပီ” လို႔ Utd Podcast က တဆင့္ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ယူႏိုက္တက္အသင္းေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ့ ေဒးဗစ္ေမရဲ႕ ေမးျမန္းမႈကိုေတာ့ မက္ဂြိဳင္းယားက “ အျခားအသင္းပရိသတ္ေတြက ကၽြန္ေတာ္တို႔ က်ရႈံးတာကိုျမင္ခ်င္ၾကပါတယ္။ ကမ႓ာ့အေကာင္းဆံုးကလပ္အသင္းအ ေၾကာင္းကို ေျပာေနခ်ိန္မွာ အျခားသူေတြက ကၽြန္ေတာ္တို႔အေကာင္းဆံုးလုပ္ႏိုင္မွာကို အလိုမရွိၾကပါဘူး။ အသင္းေခါင္း ေဆာင္တစ္ေယာက္အေနနဲ႔ ခ်န္ပီယံဆုကို ကိုင္ေႁမွာက္ႏိုင္ရင္ေတာ့ ကၽြန္ေတာ္ရဲ႕မ်က္ႏွာမွာ အျပံဳးအႀကီးႀကီးတစ္ခုကို ေတြ႕ျမင္ရမွာပါ” ဆိုၿပီး ေျပာခဲ့ပါတယ္။