တက်တူးအသစ်ထိုးခဲ့တာကြောင့် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိစောင့်ကြည့် စစ်ဆေးခံနေရတဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်


အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်တဲ့ အူဘာမီယန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဗြိတိန်နိုင်ငံက ကိုဗစ်အတွက် တားမြစ်ထားတဲ့စည်းကမ်းကို ချိုးဖောက်ပြီး တက်တူးအသစ်ထိုးခဲ့တာကြောင့် ရောဂါပိုးကူးစက်ခံရခြင်းရှိ၊ မရှိ စောင့်ကြည့် ခံနေရတယ်လို့ သိရပါတယ်။ အူဘာမီယန်ဟာ မိခင်ရဲ့အဖျားဝေဒနာကြောင့် ပြင်သစ်နိုင်ငံကို သွားစဉ်မှာ တက်တူးအသစ် ကို ရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။


စပိန်နိုင်ငံသားတက်တူးပညာရှင် နီကိုးလက်စ်ဘာနယ်လ်က သူရဲ့အင်စတာဂရမ်အကောင့်မှာ တက်တူးထိုးနေတုန်းက ပုံကို တင်ထားခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြခဲ့ပြီး အဲ့ဒီအချိန်မှာ ဘာနယ်လ်နဲ့ အူဘာမီယန်တို့ဟာ Mask (မျက်နှာအ ကာအကွယ်) တပ်ဆင်ထားခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ မျက်နှာအကာအကွယ်တပ်ဆင်ထားခြင်းမရှိတာဟာ ဗြိတိန်နိုင်ငံက ကိုဗစ်အတွက်ထုတ်ပြန်ထားတဲ့စည်းမျဉ်းကို ဖောက်ဖျက်တာဖြစ်တယ်ဆိုပြီးတော့ သတင်းတွေကဖော်ပြခဲ့ ကြတာ ဖြစ်ပါတယ်။


အူဘာမီယန်ဟာ ပြီးခဲ့တဲ့လိဒ်ယူနိုက်တက်ကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် သူရဲ့ပထမဆုံးပရီးမီးယားလိဂ်ဟက်ထရစ် ကို သွင်းယူနိုင်ခဲ့ပေမယ့် အဲ့ဒီပွဲမှာ တက်တူးအသစ်ကို ဖုံးအုပ်တဲ့အနေနဲ့ လက်အိတ်စွပ်ပြီး ကစားခဲ့တယ်လို့လည်း သိရပါ တယ်။ အာဆင်နယ်အသင်းတာဝန်ရှိသူတစ်ဦးကတော့ အူဘာမီယန်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကစားသမားနဲ့ ပြော ဆိုဆွေးနွေးမှုတွေ ပြုလုပ်ထားခဲ့ပြီလို့ ပြောဆိုသွားခဲ့ပါတယ်။

zawgyi version


ယူနိုက်တက်အသင်းက စိတ်ဓာတ်ပိုင်းလိုအပ်နေတာမဟုတ်ပဲ မှော်ဆန်တဲ့ဖြစ်ရပ်မျိုး လိုအပ်နေတာလို့ ဆိုလိုက်တဲ့ နည်းပြဆိုးလ်ရှား

ယူနိုက်တက်နည်းပြဆိုးလ်ရှားက သူ့အသင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဘာလိုအပ်ချက်မှ မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ ယူနိုက်တက်အသင်းဟာ ဝက်စ်ဘရွန်းနဲ့ (၁-၁) သရေကျခဲ့ပြီး ချန်ပီယံဆုတိုက်ပွဲအတွက် (၂) မှတ်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။…

ရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်အသင်းကနေ သေချာပေါက် ထွက်ခွာမယ့် အသင်းခေါင်းဆောင် ရာမိုစ့်

ရာမိုစ့်ဟာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာရန် ရာခိုင်နှုန်းများနေတယ်လို့ စပိန်မှာ သတင်းများ ထွက်ပေါ်လာပါတယ်။ စပိန်လက်ရွေးစင်နောက်ခံလူဟာ လာလီဂါကလပ်အသင်းကို ၂၀၀၅ ခုနှစ်ကတည်းက ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း…

ယူနိုက်တက်အသင်းအနေနဲ့ ဒိုင်တွေကို အားကိုးလို့ မရတော့ဘူးလို့ ဝက်စ်ဘရွန်းနဲ့ ပွဲအပြီးမှာ ဆိုလိုက်တဲ့ မက်ဂွဲရား

ယူနိုက်တက်အသင်းခေါင်းဆောင် နောက်ခံလူ မက်ဂွဲရားက အသင်းအနေနဲ့ နိုင်ပွဲတွေရရှိရန် VAR အကူအညီကို အားကိုးလို့မရတော့ဘူးလို့ တနင်္ဂနွေနေ့က ဝက်စ်ဘရွန်းနဲ့ (၁-၁) သရေကျခဲ့တဲ့ပွဲအပြီးမှာ ဝန်ခံပြောသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အခွင့်အရေးတွေ အများအပြားရခဲ့ပြီး…

၀က်စ်ဘရွန်းနဲ့ ပွဲ စွမ်းဆောင်ရည်က အနိုင် (၃) မှတ်နဲ့ မထိုက်တန်ဘူးလို့ ဆိုလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုလ်းရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက တနင်္ဂနွေနေ့က ဝက်စ်ဘရွန်းအသင်းနဲ့ ပွဲမှာ သူ့အသင်းဟာ အနိုင်ရလဒ်နဲ့ မထိုက်တန်ဘူးလို့ ဝန်ခံပြောသွားခဲ့ပါတယ်။ ပွဲအစ (၂) မိနစ်ကတည်းက ဝက်စ်ဘရွန်းအသင်းနဲ့ ဦးဆောင်ဂိုးကို ဘရူနိုဖာနန်ဒက်စ်က ဒုတိယပိုင်းမှာ…

ဖူလ်ဟမ်အသင်း အမှတ်ပေးဇယား အောက်ဆုံး (၃) သင်းထဲမှာ ပါနေတာ အံ့အားသင့်မိတယ်လို့ ဆိုလိုက်တဲ့ အဲဗာတန်နည်းပြ အန်စလော့တီ

အဲဗာတန်နည်းပြ အန်စလော့တီက ဖူလ်ဟမ်အသင်းရဲ့ အမှတ်ပေးဇယားရပ်တည်ချက်အနေအထားကို အံ့အားသင့်မိတယ်လို့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းဟာ ဂူဆင်ပတ်ခ်မှာ (၂-ဝ) နဲ့ အနိုင်ရခဲ့ပေမယ့် တန်းဆင်းဇုန်က လွတ်မြောက်ရန် (၇)…

အသက် (၄၀) အရွယ်မှာ အနားယူပြီးရင် နည်းပြလောကကို ဝင်ရောက်ရန် ရည်ရွယ်ထားတဲ့ ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗား

ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားက သူဟာ အသက် (၄၀) အရွယ်အထိ ကစားနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောသွားခဲ့ပါတယ်။ ဘရာဇီးကစားသမားကို ကစားသမားဘဝပြီးရင် ဘာတွေဆက်လုပ်မလဲလို့ သတင်းထောက်များက အင်တာဗျူးတစ်ခုမှာ မေးမြန်းသွားခဲ့တာ ဖြစ်ပါတယ်။…

ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးအသင်း ရပြီလို့ ကျိန်းသေမပြောနိုင်သေးဘူးလို့ ဆိုလိုက်တဲ့ ကွင်းလယ်လူ ဂန်ဒိုဂန်

မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်က သူ့အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ဆွတ်ခူးသွားပြီလို့ ပြောဆိုနေတာတွေကို ငြင်းပယ်သွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ စနေနေ့က လီဗာပူးလ်အသင်းကို (၄-၁) နဲ့ အနိုင်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်…

ရှက်ဖီးယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပူလီဆစ်ကို ဘာကြောင့် ထည့်မကစားရတာလဲဆိုတာကို ရှင်းပြခဲ့တဲ့ ချဲလ်ဆီးနည်းပြ တူချယ်လ်

ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်လ်က စနေနေ့က ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အမေရိကန် ကစားသမား ပူလီဆစ်ကို ဘာကြောင့် ထည့်မကစားခဲ့ရတာလဲဆိုတာကို ပြောသွားခဲ့ပါတယ်။ တောင်ပံတိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက စပါးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ…

အာဆင်နယ်အသင်းမှာ ကာလရှည် ဆက်နေသွားရန် ပြင်ဆင်နေတဲ့ အိုဒီဂတ်

နော်ဝေးလက်ရွေးစင်ကစားသမား မာတင်အိုဒီဂတ်က အာဆင်နယ်အသင်းမှာ ကာလရှည် ဆက်နေသွားရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ကွင်းလယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းဆီကို ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အငှားစာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူခွင့်ကို ထည့်သွင်းမချုပ်ဆိုထားသော်လည်း…