ဘာစီလိုနာ နဲ့ နာပိုလီပွဲကို နာပိုလီဥက္ကဌ ဒီလော်ရန်တစ် က ပေါ်တူဂီမှာ ကစားရန် တောင်းဆိုလိုက်သော်လည်း နူးကမ့်မှာပဲ ကစားမယ်လို့ ကာတလန်အစိုးရ အတည်ပြု

ဘာစီလိုနာ နဲ့ နာပိုလီ ချန်ပီယံလိဂ်ပြိုင်ပွဲကို နူးကမ့်မှာပဲ ကစားမှာ ဖြစ်တယ်လို့ ကာတလိုနီယာ အစိုးရက အတည်ပြုသွားခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ စပိန်မှာ အဆိုးဆုံး ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့…

ဘာစီလိုနာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ နာပိုလီ အသင်းရဲ့ ကြယ်ပွင့် အင်ဆစ်ဂ်နီ ပါဝင်နိုင်ဖွယ်မရှိ

နာပိုလီအသင်းဟာ ဘာစီလိုနာအသင်းနဲ့ သောကြာနေ့ ကစားမယ့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲမှာ တိုက်စစ်မှူး အင်ဆစ်ဂ်နီကို လက်လွှတ်ရဖွယ်ရှိနေပါတယ်။ အသင်းခေါင်းဆောင်ဟာ တနင်္ဂနွေနေ့က လာဇီယိုအသင်းကို (၃-၁)…

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့်အသင်းတွေကို ဟောကိန်းထုတ်ခဲ့တဲ့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါး

အာဆင်နယ်အသင်းကို နှစ် ၂၀ ကျော်ကြာကိုင်တွယ်ခဲ့တဲ့ နည်းပြအာစင်ဝင်းဂါးအနေနဲ့ လာမယ့်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရနိုင်တဲ့အသင်းကို ရွေးချယ်ခဲ့ပြီး မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ဟာ ချန်ပီယံလိဂ်ရနိုင်တဲ့အသင်းတွေလို့ ပြောဆိုခဲ့ တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို ၅ လတာရပ်နားခဲ့ရပြီး ဒီလမှာမှ ပြိုင်ပွဲပုံစံအသစ် နဲ့ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ ရှုံးထွက် ၁၆သင်းအဆင့် ဒုတိယအကျော့ကစားဖို့ ကျန်နေသေးတယ်ဆိုပေမယ့် ပထမအကျော့ကရီးရဲလ် ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရထားတာကြောင့် ကွာတားဖိုင်နယ်တက်ရောက်ဖို့များနေပါတယ်။ ပြောင်းလဲလိုက်တဲ့ပြိုင်ပွဲ ပုံစံအရ ကွာတားဖိုင်နယ်ရောက်နေတဲ့အသင်းတွေဟာ ချန်ပီယံဖြစ်ဖို့ အတွက် သုံးပွဲပဲ ကစားရမှာဖြစ်တာကြောင့် ကစားသ မားအင်အားတောင့်တင်းတဲ့အသင်းတွေအနေနဲ့ ချန်ပီယံဆုရဖို့အတွက် အခွင့်အရေးများနေတာပဲ ဖြစ်ပါတယ်။

ပြည်တွင်းဖလားတွေမှာ အောင်မြင်မှုရထားတဲ့ ပီအက်စ်ဂျီအနေနဲ့လည်း ကွာတားဖိုင်နယ်မှာ ဥရောပအတွေ့အကြုံနည်းတဲ့ အတ္တလန္တာနဲ့ ကစားရမှာဖြစ်တာကြောင့် အသာရဖို့များနေသလို ဆီမီးဖိုင်နယ်တက်နိုင်ခဲ့မယ်ဆိုရင်လည်း လစ်ပ်ဇစ်-အက် သလက်တီကို အတွဲကအနိုင်ရတဲ့အသင်းနဲ့ ကစားရမှာမို့ ဆက်ပြီးအသာရနေတာဖြစ်ပါတယ်။ကာတာအားကစားရင်းနှီးမြုပ် နှံသူတွေ ပိုင်ဆိုင်ပြီးနောက်မှာ ပီအက်သစ်ဂျီဟာ ချန်ပီယံလိဂ်ရဖို့အတွက် ကစားသမားကောင်းတွေကိုခေါ်ယူအားဖြည့်ခဲ့ တာဖြစ်ပါတယ်။

လက်ရှိမှာ ဖီဖာရဲ့ဘောလုံးဖွံဖြိုးတိုးတက်မှုခေါင်းဆောင်အဖြစ်လုပ်ကိုင်နေတဲ့ အာစင်ဝင်းဂါးက “ ဒီနှစ်ချန်ပီယံလိဂ်ဖလား ကို မန်စီးတီးနဲ့ ပီအက်စ်ဂျီ နှစ်သင်းတည်းက တစ်သင်းရနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကို၊ ဘာစီလိုနာ တို့ဟာ အသင်းကောင်းတွေဆိုပေမယ့် ကျွန်တော်အတွက်တော့ ဒီနှစ်သင်းက ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးပဲ ဖြစ်ပါ တယ်။ ချန်ပီယံလိဂ်ကစားခွင့်ရတဲ့ အသင်းတွေက အသင်းကောင်းတွေဆိုပေမယ့် ဒီနှစ်သင်းကိုယှဉ်နိုင်ဖို့တော့ ခက်ပါ လိမ့်မယ် ” လို့ပြောခဲ့ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲမယ့္အသင္းေတြကို ေဟာကိန္းထုတ္ခဲ့တဲ့ အာဆင္နယ္နည္းျပေဟာင္း အာစင္ဝင္းဂါး

အာဆင္နယ္အသင္းကို ႏွစ္ ၂၀ ေက်ာ္ၾကာကိုင္တြယ္ခဲ့တဲ့ နည္းျပအာစင္ဝင္းဂါးအေနနဲ႔ လာမယ့္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုရႏိုင္တဲ့အသင္းကို ေရြးခ်ယ္ခဲ့ၿပီး မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီတို႔ဟာ ခ်န္ပီယံလိဂ္ရႏိုင္တဲ့အသင္းေတြလို႔ ေျပာဆိုခဲ့ တာျဖစ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္တို႔ကို ၅ လတာရပ္နားခဲ့ရၿပီး ဒီလမွာမွ ၿပိဳင္ပြဲပံုစံအသစ္ နဲ႔ ျပန္လည္က်င္းပမွာ ျဖစ္ပါတယ္။
မန္စီးတီးအေနနဲ႔ ရႈံးထြက္ ၁၆သင္းအဆင့္ ဒုတိယအေက်ာ့ကစားဖို႔ က်န္ေနေသးတယ္ဆိုေပမယ့္ ပထမအေက်ာ့ကရီးရဲလ္ ကြင္းမွာ ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရထားတာေၾကာင့္ ကြာတားဖိုင္နယ္တက္ေရာက္ဖို႔မ်ားေနပါတယ္။ ေျပာင္းလဲလိုက္တဲ့ၿပိဳင္ပြဲ ပံုစံအရ ကြာတားဖိုင္နယ္ေရာက္ေနတဲ့အသင္းေတြဟာ ခ်န္ပီယံျဖစ္ဖို႔ အတြက္ သံုးပြဲပဲ ကစားရမွာျဖစ္တာေၾကာင့္ ကစားသ မားအင္အားေတာင့္တင္းတဲ့အသင္းေတြအေနနဲ႔ ခ်န္ပီယံဆုရဖို႔အတြက္ အခြင့္အေရးမ်ားေနတာပဲ ျဖစ္ပါတယ္။
ျပည္တြင္းဖလားေတြမွာ ေအာင္ျမင္မႈရထားတဲ့ ပီအက္စ္ဂ်ီအေနနဲ႔လည္း ကြာတားဖိုင္နယ္မွာ ဥေရာပအေတြ႕အၾကံဳနည္းတဲ့ အတၱလႏၲာနဲ႔ ကစားရမွာျဖစ္တာေၾကာင့္ အသာရဖို႔မ်ားေနသလို ဆီမီးဖိုင္နယ္တက္ႏိုင္ခဲ့မယ္ဆိုရင္လည္း လစ္ပ္ဇစ္-အက္ သလက္တီကို အတြဲကအႏိုင္ရတဲ့အသင္းနဲ႔ ကစားရမွာမို႔ ဆက္ၿပီးအသာရေနတာျဖစ္ပါတယ္။ကာတာအားကစားရင္းႏွီးျမဳပ္ ႏွံသူေတြ ပိုင္ဆိုင္ၿပီးေနာက္မွာ ပီအက္သစ္ဂ်ီဟာ ခ်န္ပီယံလိဂ္ရဖို႔အတြက္ ကစားသမားေကာင္းေတြကိုေခၚယူအားျဖည့္ခဲ့ တာျဖစ္ပါတယ္။
လက္ရွိမွာ ဖီဖာရဲ႕ေဘာလံုးဖြံၿဖိဳးတိုးတက္မႈေခါင္းေဆာင္အျဖစ္လုပ္ကိုင္ေနတဲ့ အာစင္ဝင္းဂါးက “ ဒီႏွစ္ခ်န္ပီယံလိဂ္ဖလား ကို မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီ ႏွစ္သင္းတည္းက တစ္သင္းရႏိုင္ပါတယ္။ ဘိုင္ယန္ျမဴးနစ္၊ အက္သလက္တီကို၊ ဘာစီလိုနာ တို႔ဟာ အသင္းေကာင္းေတြဆိုေပမယ့္ ကြ်န္ေတာ္အတြက္ေတာ့ ဒီႏွစ္သင္းက ဗိုလ္စြဲဖို႔အတြက္ ေရပန္းအစားဆံုးပဲ ျဖစ္ပါ တယ္။ ခ်န္ပီယံလိဂ္ကစားခြင့္ရတဲ့ အသင္းေတြက အသင္းေကာင္းေတြဆိုေပမယ့္ ဒီႏွစ္သင္းကိုယွဥ္ႏိုင္ဖို႔ေတာ့ ခက္ပါ လိမ့္မယ္ ” လို႔ေျပာခဲ့ပါတယ္။

မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ဒီထက်ပိုကောင်းတဲ့ အခွင့်အရေးမရနိုင်တော့ပါဘူးလို့ ဆိုလိုက်တဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ

မန်စီးတီးအသင်းဟာ ဥရောပအကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ စပိန်လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရဲ့ ဂိုးသွင်းခြင်းခံရတာကို သောကြာနေ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ တားဆီးဖို့ ခက်ခဲမယ်လို့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီက ပြောသွားခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်…

ချန်ပီယံလိဂ်အတွက် ရိုးမားနဲ့ပွဲမှာ စီရော်နယ်ဒိုကို အနားပေးနိုင်ကြောင်း ပြောခဲ့တဲ့ ဆာရီ

ဂျူဗင်တပ်အသင်းနည်းပြ ဆာရီက စီးရီးအေရာသီသိမ်းနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ရိုးမားတဲ့ကစားရမယ့်ပွဲမှာ တိုက်စစ်မှူး စီရော်နယ်ဒိုကို အနားပေးနိုင်ကြောင်းပြောခဲ့ပါတယ်။ စီးရီးအေချန်ပီယံဆုကို ဂျူဗင်တပ်အနေနဲ့ ရရှိခဲ့ပြီဆိုပေမယ့် စီရော် နယ်ဒိုဟာ ဂိုးသွင်းအများဆုံးအတွက် လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီနဲ့ အပြိုင်ဖြစ်နေပါတယ်။လက်ရှိမှာ အင်မိုဘိုလီက သွင်းဂိုး ၃၅ ဂိုးနဲ့ ဦးဆောင်နေတဲ့အနေအထားကြောင့် နောက်ဆုံးပွဲမှာသာ ပါဝင်ကစားခွင့်မရခဲ့ဘူးဆိုရင် စီရော်နယ်ဒိုအနေ နဲ့ ဒီနှစ်အတွက် စီးရီးအေ ရွှေဖိနပ်ဆုကို ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

စီရော်နယ်ဒိုဟာ ကိုဗစ်အလွန်ပြန်ကစားတဲ့ပွဲစဉ်တွေမှာ ဂျူဗင်တပ်အတွက် ပွဲတိုင်းပါဝင်ကစားပေးထားသူဖြစ်ပြီး ဒီရာသီမှာ လိဂ်သွင်းဂိုး ၃၁ ဂိုးအထိသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ စီးရီးအေပြိုင်ပွဲပြီးဆုံးပြီး နောက်တစ်ပတ်မှာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းပွဲစဉ်အဖြစ် လိုင်ယွန်အသင်းနဲ့ ကစားဖို့ရှိနေတာဖြစ်ပါတယ်။ ပထမအကျော့ လိုင်ယွန်ကွင်း တစ်ဂိုး ဂိုးမရှိတဲ့ ရှုံးထားတာကြောင့် ဂျူဗင်တပ်အနေနဲ့ နောက်တစ်ဆင့်တက်ဖို့အတွက် အိမ်ကွင်းမှာပြန်ပြီး အနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။

လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီနဲ့ စီရော်နယ်ဒို ကြားမှာ သွင်းဂိုး ၄ဂိုးအထိကွာဟနေတာကြောင့် စီးရီးအေရွှေဖိနပ်ဆု အတွက် စီရော်နယ်ဒိုအနေနဲ့ မျှော်လင့်ချက်နည်းနေတာကြောင့် ဆာရီအနေနဲ့ အနားပေးဖို့ စဉ်းစားနေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြကြတာဖြစ်ပါတယ်။လိုင်ယွန်နဲ့ပွဲအတွက် တိုက်စစ်မှူးဒိုင်ဘာလာကလည်း ဒဏ်ရာက သက်သာလာ တာကြောင့် ပြန်လည်ပါဝင်လာဖို့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဆာရီက “ မနက်ဖြန်မှာ ရိုးမားနဲ့ကစားရမှာဖြစ်ပေမယ့် အသင်းအတွက် အရေးကြီးတဲ့အခြေအနေမှာ ရှိမနေပါဘူး။ လိုင်ယွန်နဲ့ကစားရမယ့်ပွဲကသာ အသင်းအတွက်အရေးကြီးတာ ပါ။မနက်ဖြန်နဲ့ လာမယ့်သောကြာနေ့မှာ ကစားရမယ့်ပွဲနှစ်ပွဲအတွက် ကျွန်တော်တို့အသင်းထားရမယ့်စိတ်က မတူပါဘူး။ စီ ရော်နယ်ဒိုက ကစားသမားကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို တစ်ရာသီလုံး သက်သေပြခဲ့ပြီးပါပြီ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္အတြက္ ႐ိုးမားနဲ႔ပြဲမွာ စီေရာ္နယ္ဒိုကို အနားေပးႏိုင္ေၾကာင္း ေျပာခဲ့တဲ့ ဆာရီ

ဂ်ဴဗင္တပ္အသင္းနည္းျပ ဆာရီက စီးရီးေအရာသီသိမ္းေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ ႐ိုးမားတဲ့ကစားရမယ့္ပြဲမွာ တိုက္စစ္မွဴး စီေရာ္နယ္ဒိုကို အနားေပးႏိုင္ေၾကာင္းေျပာခဲ့ပါတယ္။ စီးရီးေအခ်န္ပီယံဆုကို ဂ်ဴဗင္တပ္အေနနဲ႔ ရရွိခဲ့ၿပီဆိုေပမယ့္ စီေရာ္ နယ္ဒိုဟာ ဂိုးသြင္းအမ်ားဆံုးအတြက္ လာဇီယိုတိုက္စစ္မွဴး အင္မိုဘီလီနဲ႔ အၿပိဳင္ျဖစ္ေနပါတယ္။လက္ရွိမွာ အင္မိုဘိုလီက သြင္းဂိုး ၃၅ ဂိုးနဲ႔ ဦးေဆာင္ေနတဲ့အေနအထားေၾကာင့္ ေနာက္ဆံုးပြဲမွာသာ ပါဝင္ကစားခြင့္မရခဲ့ဘူးဆိုရင္ စီေရာ္နယ္ဒိုအေန နဲ႔ ဒီႏွစ္အတြက္ စီးရီးေအ ေရႊဖိနပ္ဆုကို ရရွိႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

စီေရာ္နယ္ဒိုဟာ ကိုဗစ္အလြန္ျပန္ကစားတဲ့ပြဲစဥ္ေတြမွာ ဂ်ဴဗင္တပ္အတြက္ ပြဲတိုင္းပါဝင္ကစားေပးထားသူျဖစ္ၿပီး ဒီရာသီမွာ လိဂ္သြင္းဂိုး ၃၁ ဂိုးအထိသြင္းယူထားႏိုင္သူလည္းျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ဟာ စီးရီးေအၿပိဳင္ပြဲၿပီးဆံုးၿပီး ေနာက္တစ္ပတ္မွာ ခ်န္ပီယံလိဂ္ရႈံးထြက္ ၁၆ သင္းပြဲစဥ္အျဖစ္ လိုင္ယြန္အသင္းနဲ႔ ကစားဖို႔ရွိေနတာျဖစ္ပါတယ္။ ပထမအေက်ာ့ လိုင္ယြန္ကြင္း တစ္ဂိုး ဂိုးမရွိတဲ့ ရႈံးထားတာေၾကာင့္ ဂ်ဴဗင္တပ္အေနနဲ႔ ေနာက္တစ္ဆင့္တက္ဖို႔အတြက္ အိမ္ကြင္းမွာျပန္ၿပီး အႏိုင္ရဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

လာဇီယိုုတိုက္စစ္မွဴး အင္မိုဘီလီနဲ႔ စီေရာ္နယ္ဒို ၾကားမွာ သြင္းဂိုး ၄ဂိုးအထိကြာဟေနတာေၾကာင့္ စီးရီးေအေရႊဖိနပ္ဆု အတြက္ စီေရာ္နယ္ဒိုအေနနဲ႔ ေမွ်ာ္လင့္ခ်က္နည္းေနတာေၾကာင့္ ဆာရီအေနနဲ႔ အနားေပးဖို႔စဥ္းစားေနတာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပၾကတာျဖစ္ပါတယ္။လိုင္ယြန္နဲ႔ပြဲအတြက္ တိုက္စစ္မွဴးဒိုင္ဘာလာကလည္း ဒဏ္ရာက သက္သာလာ တာေၾကာင့္ ျပန္လည္ပါဝင္လာဖို႔ရွိတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ေသာၾကာေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ဆာရီက “ မနက္ျဖန္မွာ ႐ိုးမားနဲ႔ကစားရမွာျဖစ္ေပမယ့္ အသင္းအတြက္ အေရးႀကီးတဲ့အေျခအေနမွာ ရွိမေနပါဘူး။ လိုင္ယြန္နဲ႔ကစားရမယ့္ပြဲကသာ အသင္းအတြက္အေရးႀကီးတာ ပါ။မနက္ျဖန္နဲ႔ လာမယ့္ေသာၾကာေန႔မွာ ကစားရမယ့္ပြဲႏွစ္ပြဲအတြက္ ကြ်န္ေတာ္တို႔အသင္းထားရမယ့္စိတ္က မတူပါဘူး။ စီ ေရာ္နယ္ဒိုက ကစားသမားေကာင္းတစ္ေယာက္ ျဖစ္တယ္ဆိုတာကို တစ္ရာသီလံုး သက္ေသျပခဲ့ၿပီးပါၿပီ” လို႔ ေျပာခဲ့ပါ တယ္။

ဘာစီလိုနာ နဲ့ ဒုတိယအကျော့ ချန်ပီယံလိဂ်ပွဲကို စပိန်မှာ မကစားပဲ ပေါ်တူဂီမှာ ကစားရန် တောင်းဆိုလိုက်တဲ့ နာပိုလီအသင်းဥက္ကဌ

နာပိုလီအသင်းဥက္ကဌ ဒီလော်ရန်တစ်စ်ဟာ ကာတလန်မြို့က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနှုန်းမြင့်တက်လာတာကြောင့် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို ပေါ်တူဂီမှာ ကစားရန် ပြောဆိုသွားခဲ့ပါတယ်။ ဖေဖော်ဝါရီလက နေပယ်မှာ ကစားခဲ့တဲ့ ရှုံးထွက် (၁၆)…

မန်စီးတီးနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မာရီယာနိုမှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိ

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မာရီယာနိုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့လို့ သူဟာ နောက်တစ်ပတ် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ စပိန်လာလီဂါ အမှတ်ပေးဖလား…

ဒေးဗစ်ဆေးလ်ဗား အတွက် ချန်ပီယံလိဂ်ဖလားအရယူရန် မျက်စိကျနေတဲ့ ဒီဘရိုင်း

မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းက အသင်းက ထွက်ခွာတော့မယ့် ဒေးဗစ်ဆေးလ်ဗားအတွက် ချန်ပီယံလိဂ်ဖလား အရယူနိုင်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ခွဲခွာမှု ဖြစ်မယ်လို့ ယုံကြည်နေပါတယ်။ ကွင်းလယ်ဖန်တီးရှင် ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးအသင်း သြဂုတ်လ ၇…

ယူနိုက်တက်အသင်းဟာ အသင်းကြီးဖြစ်လို့ ချန်ပီယံလိဂ်မှာ နှစ်တိုင်းရှိသင့်တယ်လို့ ဆိုလိုက်တဲ့ ဖရက်ဒ်

ဖရက်ဒ်က ယူနိုက်တက်လိုအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်း ကစားသင့်တဲ့အသင်းဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ နောက်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်တစ်နေရာအတွက် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲကို လက်စတာအသင်းရဲ့ ကင်းပါဝါ ကွင်းကြီးမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။…

ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ အဂူရို ပါဝင်ကစားနိုင်မယ်လို့ အရိပ်အမွက် ပြောကြားလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူး အဂူရိုဟာ နောက်လမှာကစားမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာနိုင်ဖွယ်ရှိတယ်လို့ အရိပ်အမွက်ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဟာ ပြီးခဲ့တဲ့ လက ဒူးဒဏ်ရာခွဲစိတ်မှု ခံခဲ့ရတာဖြစ်ပြီး…