အသင်းရဲ့ခြေစွမ်းကျဆင်းမှုက ထူးဆန်းနေပြီး ဦးနှောက်ခြောက်စေတယ်လို့ ပြောခဲ့တဲ့ ဆာရီ

ဂျူဗင်တပ်အသင်းနည်းပြ ဆာရီက အသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး တသမတ်တည်းမရှိတဲ့အနေအထားက ထူးဆန်းနေ ပြီး ဦးနှောက်ခြောက်စေတယ်လို့ ပြောခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၃ပွဲမှာ နိုင်ပွဲမရခဲ့ဘဲ ၂ပွဲသရေ ၁ပွဲရှုံးခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အနေနဲ့ လက်ကျန် ၅ပွဲကစားဖို့ ကျန်နေသေးချိန်မှာ ဒုတိယနေရာက အတ္တလန္တာကို ၇ မှတ်ဖြတ်ထားနိုင်တာ ဖြစ်ပါတယ်။

NAPOLI, JUVENTUS FINALE DI COPPA ITALIA
NELLA FOTO: FESTEGGIAMENTI NAPOLI CHE VINCE LA COPPA ITALIA
FOTO ALFATER

နောက်ဆုံးကစားခဲ့တဲ့ ဆက်ဆူအိုလိုနဲ့ပွဲမှာဆိုရင် ဂျူဗင်တပ်အသင်းအနေနဲ့ ဒါနီလို၊ ဟီဂူအင်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ဆက်ဆူအိုလိုရဲ့ ချေပဂိုးတွေနဲ့ အနိုင်ဂိုးသွင်းယူတာကို ခံခဲ့ရပြီးမှ နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပါ တယ်။ အဲလက်ဆန်ဒရိုရဲ့ ချေပဂိုးကြောင့်သာ ဂျူဗင်တပ်တို့ အဝေးကွင်းမှာ ရှုံးပွဲ မတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ ဂျူဗင်တပ် ဟာ အေစီမီလန်ကို ရှုံးတဲ့ပွဲတုန်းကလည်း နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ပြီးမှ လေးဂိုးနှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ဆာရီက “ နည်းပြတစ်ယောက်အနေနဲ့ သူရဲ့အသင်းကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကောင်းဖို့အတွက် လုပ် ဆောင်ရပါတယ်။ ပွဲတစ်ပွဲကို အကောင်းဆုံးကစားနိုင်တဲ့ အနေအထားတွေမှာ ရှိနေပေမယ့် အသင်းရဲ့ခြေစွမ်းပိုင်းကိုတော့ နားမလည်နိုင်အောင်ဖြစ်နေပြီး ဦးနှောက်ခြောက်နေပါတယ်”လို့ Sky Sports Italia ကို ပြောခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ လာ မယ့်ပွဲစဉ်မှာတော့ ချန်ပီယံဆုအတွက် ဖိအားပေးနေတဲ့ လာဇီယိုကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။

ဆက်ဆူအိုလိုနဲ့ပွဲမှာ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ အနီကတ်ပြခံရမယ့်အရေးကနေ ကံကောင်းပြီး လွတ် မြောက်ခဲ့တယ်လို့ လည်း သတင်းတွေကရေးသားဖော်ပြကြပါတယ်။ စီရော်နယ်ဒိုဟာ ပွဲချိန် ၆၀ မိနစ်မှာ ဆက်ဆူအိုလို ကွင်းလယ်လူ မဂ္ဂနယ်လီ ကိုဝင်ရောက်ဖို့ ကြမ်းတမ်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အနီကတ်မပြခဲ့ဘဲ အဝါကတ်သာပြခဲ့တာ ကြောင့် ပွဲပယ်ခံရမယ့်အရေးကနေ လွတ်မြောက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

zawgyi version

အသင္းရဲ႕ေျခစြမ္းက်ဆင္းမႈက ထူးဆန္းေနၿပီး ဦးေႏွာက္ေျခာက္ေစတယ္လို႔ ေျပာခဲ့တဲ့ ဆာရီ
ဂ်ဴဗင္တပ္အသင္းနည္းျပ ဆာရီက အသင္းရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္ၿပီး တသမတ္တည္းမရွိတဲ့အေနအထားက ထူးဆန္းေန ၿပီး ဦးေႏွာက္ေျခာက္ေစတယ္လို႔ ေျပာခဲ့ပါတယ္။ ဂ်ဴဗင္တပ္ဟာ ေနာက္ဆံုးကစားခဲ့တဲ့ လိဂ္ ၃ပြဲမွာ ႏိုင္ပြဲမရခဲ့ဘဲ ၂ပဲြသေရ ၁ပြဲရႈံးခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အေနနဲ႔ လက္က်န္ ၅ပြဲကစားဖို႔ က်န္ေနေသးခ်ိန္မွာ ဒုတိယေနရာက အတၱလႏၲာကို ၇ မွတ္ျဖတ္ထားႏိုင္တာ ျဖစ္ပါတယ္။
ေနာက္ဆံုးကစားခဲ့တဲ့ ဆက္ဆူအိုလိုနဲ႔ပြဲမွာဆိုရင္ ဂ်ဴဗင္တပ္အသင္းအေနနဲ႔ ဒါနီလို၊ ဟီဂူအင္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ဦးေဆာင္ ႏိုင္ခဲ့ေပမယ့္ ဆက္ဆူအိုလိုရဲ႕ ေခ်ပဂိုးေတြနဲ႔ အႏိုင္ဂိုးသြင္းယူတာကို ခံခဲ့ရၿပီးမွ ေနာက္ကေနလိုက္ကစားခဲ့ရတာျဖစ္ပါ တယ္။ အဲလက္ဆန္ဒ႐ိုရဲ႕ ေခ်ပဂိုးေၾကာင့္သာ ဂ်ဴဗင္တပ္တို႔ အေဝးကြင္းမွာ ရႈံးပြဲ မေတြ႕ခဲ့တာပဲ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ ဟာ ေအစီမီလန္ကို ရႈံးတဲ့ပြဲတုန္းကလည္း ႏွစ္ဂိုးျပတ္နဲ႔ ဦးေဆာင္ၿပီးမွ ေလးဂိုးႏွစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။
ဆာရီက “ နည္းျပတစ္ေယာက္အေနနဲ႔ သူရဲ႕အသင္းကို စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာပါ ေကာင္းဖို႔အတြက္ လုပ္ ေဆာင္ရပါတယ္။ ပြဲတစ္ပြဲကို အေကာင္းဆံုးကစားႏိုင္တဲ့ အေနအထားေတြမွာ ရွိေနေပမယ့္ အသင္းရဲ႕ေျခစြမ္းပိုင္းကိုေတာ့ နားမလည္ႏိုင္ေအာင္ျဖစ္ေနၿပီး ဦးေႏွာက္ေျခာက္ေနပါတယ္”လို႔ Sky Sports Italia ကို ေျပာခဲ့ပါတယ္။ ဂ်ဴဗင္တပ္ဟာ လာ မယ့္ပြဲစဥ္မွာေတာ့ ခ်န္ပီယံဆုအတြက္ ဖိအားေပးေနတဲ့ လာဇီယိုကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။
ဆက္ဆူအိုလိုနဲ႔ပဲြမွာ ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုအေနနဲ႔ အနီကတ္ျပခံရမယ့္အေရးကေန ကံေကာင္းၿပီး လြတ္ ေျမာက္ခဲ့တယ္လို႔ လည္း သတင္းေတြကေရးသားေဖာ္ျပၾကပါတယ္။ စီေရာ္နယ္ဒိုဟာ ပြဲခ်ိန္ ၆၀ မိနစ္မွာ ဆက္ဆူအိုလို ကြင္းလယ္လူ မဂၢနယ္လီ ကိုဝင္ေရာက္ဖို႔ ၾကမ္းတမ္းခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က အနီကတ္မျပခဲ့ဘဲ အဝါကတ္သာျပခဲ့တာ ေၾကာင့္ ပြဲပယ္ခံရမယ့္အေရးကေန လြတ္ေျမာက္ခဲ့တာပဲ ျဖစ္ပါတယ္။

လော့ခ်ဒေါင်း တုန်းက အဝေးကွင်းမှာ ခိုးကန်ဖို့ ကြိုးစားခဲ့တဲ့ ယူနိုက်တက်တောင်ပံကစားသမား လင်ဂတ်

ယောင်္ကျားလေးအကြိုက် ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ ဓါတ်ပုံမော်ဒယ်တစ်ဦးဖြစ်တဲ့ လော်ရာဘရာဂါတိုရဲ့ ထုတ်ဖော်ပြောကြားမှု အရ ယူနိုက်တက်အသင်းတောင်ပံကစားသမား လင်ဂတ်ဟာ ကိုရိုနာဗိုင်းရပ်ကြောင့် ဘောလုံးပွဲစဉ်တွေရပ်နားထား ချိန်မှာ သူမဆီကို ဖုန်းမက်ဆေ့ချ်ကနေ စာပို့ပြီး ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်း ဘက်ကတော့ တောင်ပံကစားသမား လင်ဂတ်အနေနဲ့ လော်ရာဘရာဂါတိုရဲ့ အလှကြောင့် နောက်ပြောင်ခဲ့တယ်လို့ သူတို့ရဲ့ အသင်းသားဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပါတယ်။

လော်ရာဘရာဂါတိုက “ အဲ့ဒီတုန်းက အီတလီနိုင်ငံတစ်ခုလုံး လော့ခ်ဒေါ့င်းချထားတဲ့ အခြေအနေပေါ့။ ကျွန်မကလည်း အိမ် မှာပဲ ရှိနေသလို လင်ဂတ်ကလည်း အိမ်မှာပဲရှိနေတာပါ။ ကျွန်မက အိမ်မှာနေပြီး ရုပ်ရှင်ကြည့်လိုက်၊ အီတလီအစားအစာ တွေ စားလိုက်၊ အလှအပအတွက် လုပ်စရာရှိတာတွေလုပ်နေတုန်း လင်ဂတ်က အတူတူအနားယူဖို့ အတွက်ပြောခဲ့တာပါ” လို့ Daily Star နဲ့ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။

မီလန်မြို့မှာနေထိုင်တဲ့ လော်ရာဘရာဂါတိုဟာ ဥပဒေကျောင်းသူတစ်ယောက်ဖြစ်ပြီး အင်စတာဂရမ်မှာ Followers သုံးသိန်းရှစ်သောင်းကျော်ရှိသူလည်း ဖြစ်ပါတယ်။ လော်ရာဘရာဂါတိုနဲ့ လင်ဂတ်တို့ဟာ သူငယ်ချင်းအဖြစ်နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ လော်ရာဘရာဂါတိုက “ ကျွန်မက အီတလီအသင်းရဲ့ပရိသတ်တစ်ယောက်ပါ။ အကြိုက်ဆုံးကစားသမားကတော့ ကူထရိုနီဖြစ်ပြီး သူနဲ့လည်း သူငယ်ချင်းပါ။ အင်္ဂလန်မှာဆိုရင်တော့ လင်ဂတ်ကကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ပါ” လို့ ပြောခဲ့ပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ လင်ဂတ်ဟာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အတွက် ရုန်းကန်နေရပြီးနောက် အသင်းရဲ့ရောင်းချမယ့်လူစာရင်းထဲမှာပါဝင်လာသူဖြစ်ပါတယ်။ ဒီရာသီပြိုင်ပွဲစုံမှာ လင်ဂတ်ဟာ ယူနိုက်တက်အသင်းအတွက် ၃၆ ပွဲကစားပြီး ၂ဂိုးသာသွင်းယူထားနိုင်သူလည်း ဖြစ်ပါတယ်။ လင်ဂတ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အဲဗာတန်အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

ေလာ့ခ္ေဒါင္း တုန္းက အေဝးကြင္းမွာ ခိုးကန္ဖို႔ ႀကိဳးစားခဲ့တဲ့ ယူႏိုက္တက္ေတာင္ပံကစားသမား လင္ဂတ္
ေယာက်ၤားေလးအႀကိဳက္ ပေလးဘြိဳင္းမဂၢဇင္းရဲ႕ ဓါတ္ပံုေမာ္ဒယ္တစ္ဦးျဖစ္တဲ့ ေလာ္ရာဘရာဂါတိုရဲ႕ ထုတ္ေဖာ္ေျပာၾကားမႈ အရ ယူႏိုက္တက္အသင္းေတာင္ပံကစားသမား လင္ဂတ္ဟာ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ေဘာလံုးပြဲစဥ္ေတြရပ္နားထား ခ်ိန္မွာ သူမဆီကို ဖုန္းမက္ေဆ့ခ်္ကေန စာပို႔ၿပီး ဆက္သြယ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အသင္း ဘက္ကေတာ့ ေတာင္ပံကစားသမား လင္ဂတ္အေနနဲ႔ ေလာ္ရာဘရာဂါတိုရဲ႕ အလွေၾကာင့္ ေနာက္ေျပာင္ခဲ့တယ္လို႔ သူတို႔ရဲ႕ အသင္းသားဘက္ကေန ကာကြယ္ေျပာဆိုခဲ့ပါတယ္။
ေလာ္ရာဘရာဂါတိုက “ အဲ့ဒီတုန္းက အီတလီႏိုင္ငံတစ္ခုလံုး ေလာ့ခ္ေဒါ့င္းခ်ထားတဲ့ အေျခအေနေပါ့။ ကြ်န္မကလည္း အိမ္ မွာပဲ ရွိေနသလို လင္ဂတ္ကလည္း အိမ္မွာပဲရွိေနတာပါ။ ကြ်န္မက အိမ္မွာေနၿပီး ႐ုပ္ရွင္ၾကည့္လိုက္၊ အီတလီအစားအစာ ေတြ စားလိုက္၊ အလွအပအတြက္ လုပ္စရာရွိတာေတြလုပ္ေနတုန္း လင္ဂတ္က အတူတူအနားယူဖို႔ အတြက္ေျပာခဲ့တာပါ” လို႔ Daily Star နဲ႔ ေတြ႕ဆံုမႈမွာ ေျပာခဲ့ပါတယ္။
မီလန္ၿမိဳ႕မွာေနထိုင္တဲ့ ေလာ္ရာဘရာဂါတိုဟာ ဥပေဒေက်ာင္းသူတစ္ေယာက္ျဖစ္ၿပီး အင္စတာဂရမ္မွာ Followers သံုးသိန္းရွစ္ေသာင္းေက်ာ္ရွိသူလည္း ျဖစ္ပါတယ္။ ေလာ္ရာဘရာဂါတိုနဲ႔ လင္ဂတ္တို႔ဟာ သူငယ္ခ်င္းအျဖစ္ႏွစ္ေပါင္းမ်ားစြာ ရင္းႏွီးခဲ့ၾကသူေတြလည္းျဖစ္ပါတယ္။ ေလာ္ရာဘရာဂါတိုက “ ကြ်န္မက အီတလီအသင္းရဲ႕ပရိသတ္တစ္ေယာက္ပါ။ အႀကိဳက္ဆံုးကစားသမားကေတာ့ ကူထ႐ိုနီျဖစ္ၿပီး သူနဲ႔လည္း သူငယ္ခ်င္းပါ။ အဂၤလန္မွာဆိုရင္ေတာ့ လင္ဂတ္ကကြ်န္မရဲ႕ သူငယ္ခ်င္းတစ္ေယာက္ပါ” လို႔ ေျပာခဲ့ပါတယ္။
အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ လင္ဂတ္ဟာ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားရဲ႕လက္ေအာက္မွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ အတြက္ ႐ုန္းကန္ေနရၿပီးေနာက္ အသင္းရဲ႕ေရာင္းခ်မယ့္လူစာရင္းထဲမွာပါဝင္လာသူျဖစ္ပါတယ္။ ဒီရာသီၿပိဳင္ပြဲစံုမွာ လင္ဂတ္ဟာ ယူႏိုက္တက္အသင္းအတြက္ ၃၆ ပြဲကစားၿပီး ၂ဂိုးသာသြင္းယူထားႏိုင္သူလည္း ျဖစ္ပါတယ္။ လင္ဂတ္ကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ အဲဗာတန္အသင္းက စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

အားလပ်ရက်မှာ အိမ်ပြန်ပြီး အာလူးစိုက်နေရတဲ့ ဒေါမွန့်တိုက်စစ်မှူး ဟာလန်း

ကိုရိုနာဗိုင်းရပ်စ်အလွန် ဥရောပထိပ်သီးလိဂ် ၅ခုမှာ အစောဆုံးပြန်ကစားခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ ပွဲစဉ်တွေပြီးဆုံး သွားချိန်မှာ အားလပ်ရက် ရနေတဲ့ ဟာလန်းအနေနဲ့ မိခင်နိုင်ငံဖြစ်တဲ့ နော်ဝေကို ပြန်ပြီး အာလူးစိုက်ပျိုးနေတယ်လို့ သိရပါ တယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ ဟာလန်းအနေနဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ နိုက်ကလပ်တစ်ခု လုံခြုံရေးဝန် ထမ်းတွေနဲ့ တွန်းထိုးမှုတွေရှိခဲ့တာကြောင့် တောင်းပန်မှု ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

 

ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာပြီးနောက် ဥရောပကလပ်အသင်းတိုင်းကလိုချင်နေတဲ့ ဟာလန်းအနေနဲ့ ဒီရာသီမှာ ပြိုင်ပွဲ စုံမှာ သွင်းဂိုး ၄၄ ဂိုးအထိသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ဒေါ့မွန်အနေနဲ့ ဒီရာသီမှာ ချန်ပီယံဖြစ်သွားတဲ့ ဘိုင်ယန်မြူးနစ် ထက် ရမှတ် ၁၃ မှတ်နည်းပြီး အဆင့်-၂ နေရာနဲ့သာ ရာသီကုန်ဆုံးခဲ့ပေမယ့် ဟာလန်းဟာ အသင်းအတွက်ခြေစွမ်းပြနိုင်ခဲ့ တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။

 

 

ဒေါ့မွန်အသင်းကို မပြောင်းရွှေ့ခင်မှာ ယူနိုက်တက်နဲ့ ရီးရဲလ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေရှိခဲ့သလို လာမယ့် အပြောင်းအရွှေ့မှာလည်းခေါ်ယူဖို့ စိတ်ဝင်စားမှုတွေရှိနေပေမယ့် ဟာလန်းက အသင်းပြောင်းရွှေ့ဖို့စိတ်ကူးမရှိဘဲ ဒေါ့မွန် မှာပဲ သူရဲ့ကစားသမားဘဝ တိုးတက်မှုကို ရှာဖွေဦးမယ်လို့ ပြောကြားထားပါတယ်။ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို ရှုံးပြီး ပြိုင်ပွဲကနေ ဒေါ့မွန်ထွက်ခဲ့ရတာကြောင့် ဟာလန်းအနေနဲ့ လာမယ့်ရာသီမစတင်ခင်အထိ အနားရနေဦးမှာပဲ ဖြစ်ပါတယ်။

 

နိုက်ကလပ်မှာဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်ပြီး လုံခြုံရေးခေါင်းဆောင်ဖြစ်တဲ့သူက အသက် ၁၉ နှစ်သာရှိသေးတဲ့ ဟာလန်းအနေ နဲ့ အရက်သောက်ထားခြင်းမရှိကြောင်း ပြောခဲ့ပါတယ်။ ဟာလန်းရဲ့ အဖေဖြစ်သူကလည်း သူရဲ့သားကို မြို့ကြီးတွေရဲ့ ည အလှဟာ မင်းအတွက်မဟုတ်ဘူး။ဒီကိုလာပြီး အလုပ်လာလုပ်ပါလို့ ပြောခဲ့ပါတယ်။ ဟာလန်းရဲ့ မိခင်နိုင်ငံဖြစ်တဲ့ နော်ဝေ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၅၂ နှစ်ယောက်ရှိပြီး ရောဂါဖြစ်ပွားသူကတော့ ၈၉၇၄ ဦးအထိရှိတယ်လို့ သိရပါတယ်။

 

zawgyi version

အားလပ္ရက္မွာ အိမ္ျပန္ၿပီး အာလူးစိုက္ေနရတဲ့ ေဒါမြန္႔တိုက္စစ္မွဴး ဟာလန္း
ကို႐ိုနာဗိုင္းရပ္စ္အလြန္ ဥေရာပထိပ္သီးလိဂ္ ၅ခုမွာ အေစာဆံုးျပန္ကစားခဲ့တဲ့ ဂ်ာမန္ဘြန္ဒက္လီဂါၿပိဳင္ပြဲရဲ႕ ပြဲစဥ္ေတြၿပီးဆံုး သြားခ်ိန္မွာ အားလပ္ရက္ ရေနတဲ့ ဟာလန္းအေနနဲ႔ မိခင္ႏိုင္ငံျဖစ္တဲ့ ေနာ္ေဝကို ျပန္ၿပီး အာလူးစိုက္ပ်ိဳးေနတယ္လို႔ သိရပါ တယ္။ ၿပီးခဲ့တဲ့တစ္ပတ္တုန္းကေတာ့ ဟာလန္းအေနနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အတူ ႏိုက္ကလပ္တစ္ခု လံုျခံဳေရးဝန္ ထမ္းေတြနဲ႔ တြန္းထိုးမႈေတြရွိခဲ့တာေၾကာင့္ ေတာင္းပန္မႈ ျပဳလုပ္ခဲ့ရတယ္လို႔ သိရပါတယ္။
ေဒါ့မြန္အသင္းကို ေျပာင္းေရႊ႕လာၿပီးေနာက္ ဥေရာပကလပ္အသင္းတိုင္းကလိုခ်င္ေနတဲ့ ဟာလန္းအေနနဲ႔ ဒီရာသီမွာ ၿပိဳင္ပြဲ စံုမွာ သြင္းဂိုး ၄၄ ဂိုးအထိသြင္းယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ေဒါ့မြန္အေနနဲ႔ ဒီရာသီမွာ ခ်န္ပီယံျဖစ္သြားတဲ့ ဘိုင္ယန္ျမဴးနစ္ ထက္ ရမွတ္ ၁၃ မွတ္နည္းၿပီး အဆင့္-၂ ေနရာနဲ႔သာ ရာသီကုန္ဆံုးခဲ့ေပမယ့္ ဟာလန္းဟာ အသင္းအတြက္ေျခစြမ္းျပႏိုင္ခဲ့ တဲ့ ကစားသမားတစ္ေယာက္ပဲျဖစ္ပါတယ္။
ေဒါ့မြန္အသင္းကို မေျပာင္းေရႊ႕ခင္မွာ ယူႏိုက္တက္နဲ႔ ရီးရဲလ္အသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားမႈေတြရွိခဲ့သလို လာမယ့္ အေျပာင္းအေရႊ႕မွာလည္းေခၚယူဖို႔ စိတ္ဝင္စားမႈေတြရွိေနေပမယ့္ ဟာလန္းက အသင္းေျပာင္းေရႊ႕ဖို႔စိတ္ကူးမရွိဘဲ ေဒါ့မြန္ မွာပဲ သူရဲ႕ကစားသမားဘဝ တိုးတက္မႈကို ရွာေဖြဦးမယ္လို႔ ေျပာၾကားထားပါတယ္။ ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီကို ရႈံးၿပီး ၿပိဳင္ပြဲကေန ေဒါ့မြန္ထြက္ခဲ့ရတာေၾကာင့္ ဟာလန္းအေနနဲ႔ လာမယ့္ရာသီမစတင္ခင္အထိ အနားရေနဦးမွာပဲ ျဖစ္ပါတယ္။
ႏိုက္ကလပ္မွာျဖစ္ပြားခဲ့မႈနဲ႔ ပတ္သက္ၿပီး လံုျခံဳေရးေခါင္းေဆာင္ျဖစ္တဲ့သူက အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ ဟာလန္းအေန နဲ႔ အရက္ေသာက္ထားျခင္းမရွိေၾကာင္း ေျပာခဲ့ပါတယ္။ ဟာလန္းရဲ႕ အေဖျဖစ္သူကလည္း သူရဲ႕သားကို ၿမိဳ႕ႀကီးေတြရဲ႕ ည အလွဟာ မင္းအတြက္မဟုတ္ဘူး။ဒီကိုလာၿပီး အလုပ္လာလုပ္ပါလို႔ ေျပာခဲ့ပါတယ္။ ဟာလန္းရဲ႕ မိခင္ႏိုင္ငံျဖစ္တဲ့ ေနာ္ေဝ ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ေသဆံုးသူ ၂၅၂ ႏွစ္ေယာက္ရွိၿပီး ေရာဂါျဖစ္ပြားသူကေတာ့ ၈၉၇၄ ဦးအထိရွိတယ္လို႔ သိရပါတယ္။

ဗီလာရီးရဲလ်ကို အနိုင်ယူဖို့ ကျွန်တော်တို့အားလုံးစဉ်းစား ထားပြီးပြီလို့ ပြောခဲ့တဲ့ ရီးရဲလ်နည်းပြ ဇီဒန်း

ရီးရဲလ်နည်းပြ ဇီဒန်းက ဒီနေ့ညမှာကစားမယ့် ဗီလာရီးရဲလ်နဲ့ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အသင်းအနေနဲ့ ၂၀၁၆-၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဆုကို ရရှိမှာဖြစ်ကြောင့် ဗီလာရီးရဲလ်ကို အနိုင်ကစားဖို့ အတွက် အားလုံး စဉ်းစားထားပြီးပြီလို့ ပြောခဲ့ပါတယ်။ ရီးရဲလ်ဟာ လက်ကျန်၂ပွဲကစားဖို့ ကျန်နေသေးချိန်မှာ ဘာစီလိုနာကို ၄ မှတ်ဖြတ်ထား နိုင်တာကြောင့် ဗီလာရီးရဲလ်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ဒီရာသီလာလီဂါချန်ပီယံဆုကို ရရှိမှာပဲ ဖြစ်ပါတယ်။

 

ရီးရဲလ်အနေနဲ့ ဗီလာရီးရဲလ်ကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် နောက်ဆုံး ၈ နှစ်အတွင်းမှာ ဒုတိယမြောက်ချန်ပီယံ ဖြစ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ အယ်ကလက်ဆီကိုပြိုင်ဘက် ဘာစီလိုနာကတော့ နောက်ဆုံး ၁၁ အတွင်းမှာ ချန်ပီယံ ၈ ကြိမ် ဖြစ်ခဲ့တာဖြစ်ပါတယ်။ စပိန်နိုင်ငံထုတ် ကြာသပတေးနေ့ အားကစားသတင်းတစ်စောင်မှာတော့ ဘာစီလိုနာအနေနဲ့ အိုဆာ ဆူူနာကို အနိုင်ရခဲ့မယ်ဆိုရင်တောင် ရီးရဲလ်ခြေချော်တာကို စောင့်နေရမှာဖြစ်ပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မဖြစ်နိုင် တော့ဘူးလို့ ရေးသားခဲ့ပါတယ်။

ရီးရဲလ်နဲ့ ဆက်စပ်တဲ့အခြား သတင်းတစ်ပုဒ်မှာတော့ ရီးရဲလ်တာဝန်ရှိသူတွေအနေနဲ့ ဗီလာရီးရဲလ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ရင်တောင် အသင်းပရိသတ်တွေအနေနဲ့ အောင်ပွဲခံမှုတွေကို နေအိမ်မှာပဲ ပြုလုပ်ဖို့ အသင်းဝက်ဘ်ဆိုဒ်ကနေတဆင့် တောင်းဆိုမှုပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဗုဒ္ဓဟူးနေ့က ထုတ်တဲ့ မာကာသတင်းစာမှာလည်း မက်ဒရစ်မြို့တာဝန်ရှိသူ တွေအနေနဲ့ ပရိသတ်တွေကို သတ်မှတ်ထားတဲ့အတိုင်း အောင်ပွဲခံမှုတွေပြုလုပ်ဖို့ ပြောကြားထားတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပျံနှံမှုကြောင့် စပိန်နိုင်ငံမှာ လူစုလူဝေးမပြုလုပ်ဖို့အတွက် တားမြစ်မှု ရှိနေသေးပြီး အစပိုင်းက ရီးရဲလ်အသင်းဘက်က ပရိသတ်တွေနဲ့အတူ မက်ဒရစ်မြို့အလယ်မှာ အောင်ပွဲခံမှုပြုလုပ်ဖို့ အသနားခံမှုပြုလုပ်ခဲ့ပေမယ့် တာဝန်ရှိသူတွေက ပယ်ချခဲ့တယ်လို့သိရပါတယ်။ တာဝန်ရှိသူတွေက ရီးရဲလ်ပရိသတ်တွေအနေနဲ့ ချန်ပီယံဖြစ်ဖို့ အချိန် တစ်ခုစောင့်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ အောင်ပွဲခံမှုပြုလုပ်ဖို့ မလွယ်တာကြောင့် နေအိမ်ပြတင်းပေါက်တွေကပဲ အောင်ပွဲခံ သင့်ပါတယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

ဗီလာရီးရဲလ္ကို အႏိုင္ယူဖို႔ ကြ်န္ေတာ္တို႔အားလံုးစဥ္းစား ထားၿပီးၿပီလို႔ ေျပာခဲ့တဲ့ ရီးရဲလ္နည္းျပ ဇီဒန္း
ရီးရဲလ္နည္းျပ ဇီဒန္းက ဒီေန႔ညမွာကစားမယ့္ ဗီလာရီးရဲလ္နဲ႔ပြဲမွာ အႏိုင္ရခဲ့မယ္ဆိုရင္ အသင္းအေနနဲ႔ ၂၀၁၆-၁၇ ခုႏွစ္ ေနာက္ပိုင္း ပထမဆံုးအႀကိမ္ အမွတ္ေပးခ်န္ပီယံဆုကို ရရွိမွာျဖစ္ေၾကာင့္ ဗီလာရီးရဲလ္ကို အႏိုင္ကစားဖို႔ အတြက္ အားလံုး စဥ္းစားထားၿပီးၿပီလို႔ ေျပာခဲ့ပါတယ္။ ရီးရဲလ္ဟာ လက္က်န္၂ပြဲကစားဖို႔ က်န္ေနေသးခ်ိန္မွာ ဘာစီလိုနာကို ၄ မွတ္ျဖတ္ထား ႏိုင္တာေၾကာင့္ ဗီလာရီးရဲလ္ကိုသာ အႏိုင္ရခဲ့မယ္ဆိုရင္ ဒီရာသီလာလီဂါခ်န္ပီယံဆုကို ရရွိမွာပဲ ျဖစ္ပါတယ္။
ရီးရဲလ္အေနနဲ႔ ဗီလာရီးရဲလ္ကို အႏိုင္ရၿပီး ခ်န္ပီယံျဖစ္ခဲ့မယ္ဆိုရင္ ေနာက္ဆံုး ၈ ႏွစ္အတြင္းမွာ ဒုတိယေျမာက္ခ်န္ပီယံ ျဖစ္ခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ အယ္ကလက္ဆီကိုၿပိဳင္ဘက္ ဘာစီလိုနာကေတာ့ ေနာက္ဆံုး ၁၁ အတြင္းမွာ ခ်န္ပီယံ ၈ ႀကိမ္ ျဖစ္ခဲ့တာျဖစ္ပါတယ္။ စပိန္ႏိုင္ငံထုတ္ ၾကာသပေတးေန႔ အားကစားသတင္းတစ္ေစာင္မွာေတာ့ ဘာစီလိုနာအေနနဲ႔ အိုဆာ ဆူူနာကို အႏိုင္ရခဲ့မယ္ဆိုရင္ေတာင္ ရီးရဲလ္ေျခေခ်ာ္တာကို ေစာင့္ေနရမွွာျဖစ္ၿပီး ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ မျဖစ္ႏိုင္ ေတာ့ဘူးလို႔ ေရးသားခဲ့ပါတယ္။
ရီးရဲလ္နဲ႔ ဆက္စပ္တဲ့အျခား သတင္းတစ္ပုဒ္မွာေတာ့ ရီးရဲလ္တာဝန္ရွိသူေတြအေနနဲ႔ ဗီလာရီးရဲလ္ကို အႏိုင္ယူၿပီး ခ်န္ပီယံ ျဖစ္ခဲ့ရင္ေတာင္ အသင္းပရိသတ္ေတြအေနနဲ႔ ေအာင္ပြဲခံမႈေတြကို ေနအိမ္မွာပဲ ျပဳလုပ္ဖို႔ အသင္းဝက္ဘ္ဆိုဒ္ကေနတဆင့္ ေတာင္းဆိုမႈျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ ဗုဒၶဟူးေန႔က ထုတ္တဲ့ မာကာသတင္းစာမွာလည္း မက္ဒရစ္ၿမိဳ႕တာဝန္ရွိသူ ေတြအေနနဲ႔ ပရိသတ္ေတြကို သတ္မွတ္ထားတဲ့အတိုင္း ေအာင္ပြဲခံမႈေတြျပဳလုပ္ဖို႔ ေျပာၾကားထားတယ္လို႔ သိရပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး ပ်ံႏွံမႈေၾကာင့္ စပိန္ႏိုင္ငံမွာ လူစုလူေဝးမျပဳလုပ္ဖို႔အတြက္ တားျမစ္မႈ ရွိေနေသးၿပီး အစပိုင္းက ရီးရဲလ္အသင္းဘက္က ပရိသတ္ေတြနဲ႔အတူ မက္ဒရစ္ၿမိဳ႕အလယ္မွာ ေအာင္ပြဲခံမႈျပဳလုပ္ဖို႔ အသနားခံမႈျပဳလုပ္ခဲ့ေပမယ့္ တာဝန္ရွိသူေတြက ပယ္ခ်ခဲ့တယ္လို႔သိရပါတယ္။ တာဝန္ရွိသူေတြက ရီးရဲလ္ပရိသတ္ေတြအေနနဲ႔ ခ်န္ပီယံျဖစ္ဖို႔ အခ်ိန္ တစ္ခုေစာင့္ခဲ့ရေပမယ့္ ဒီႏွစ္မွာေတာ့ ေအာင္ပြဲခံမႈျပဳလုပ္ဖို႔ မလြယ္တာေၾကာင့္ ေနအိမ္ျပတင္းေပါက္ေတြကပဲ ေအာင္ပြဲခံ သင့္ပါတယ္လို႔ ေျပာခဲ့ပါတယ္။

နွေရာသီဆိုရင် ဇာဟာရဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်လာပြီး အက်သလက်တီကိုနဲ့ ဘိုင်ယန်မြူးနစ်ကို စိတ်ဝင်စားနေ ဟု သိရ

ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြနေတာကြောင့်အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်လေ့ရှိတဲ့ တောင်ပံကစား သမား ဇာဟာရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ ဒီရာသီမှာလည်း ထွက်ပေါ်လာပြန်ပါပြီ။ ဇာဟာကို ဒီနွေရာသီမှာ ခေါ် ယူချင်တဲ့အသင်းတွေမှာ အက်သလက်တီကို၊ ဘိုင်ယန်မြူးနစ်တို့လို ထိပ်သီးအသင်းတွေအပြင် နယူးကာဆယ်၊ အဲဗာတန် တို့လိုအသင်းတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က Sportsmail နဲ့ အင်တာဗျူးတစ်ခုမှာတော့ ဇာဟာအနေနဲ့ အသင်းကနေပြောင်းဖို့အတွက် စီစဉ်နေတယ်လို့ ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ အဲဗာ တန်တို့က ဇာဟာကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် သူရဲ့ပြောင်းရွှေ့ကြေးပေါင် သန်း ၈၀ ကြောင့်မခေါ်ဖြစ်ခဲ့တာပဲ ဖြစ်ပါ တယ်။ ဇာဟာ အနေနဲ့ ဒီရာသီမှာလည်း ခြေစွမ်းပြပြီး ခရစ္စတယ်ပဲလေ့စ်အသင်းကို တန်းမဆင်းရအောင် လုပ်ဆောင်ပေး ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

အဲဗာတန်အသင်းအနေနဲ့ ဇာဟာကို ခေါ်ယူဖို့ ဆက်လက်စောင့်ကြည့်နေတာဖြစ်ပြီး ပိုင်ရှင်အပြောင်းအလဲဖြစ်လာဖို့ ရှိနေ တဲ့နယူးကာဆယ်ကလည်း ဇာဟာကိုခေါ်ဖို့ စိတ်ဝင်စားလာတာဖြစ်ပါတယ်။ဇာဟာကိုယ်တိုင်က ကစားသမားဘဝစိန်ခေါ်မှု အသစ်အဖြစ် အခြားတစ်သင်းမှာပြောင်းရွှေ့ကစားချင်နေတာကြောင့် အသင်းကနေ ထွက်ချင်တာနေတာပဲဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားဟောင်း ဇာဟာအနေနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် ကျန်ရှိနေသေးတာ လည်း ဖြစ်ပါတယ်။

ဇာဟာအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ အက်စ်တွန်ဗီလာနဲ့ ပွဲမတိုင်ခင်မှာ လူမျိုးရေးခွဲခြားမှု ခံခဲ့ရပေမယ့် ခရစ္စတယ်ပဲလေ့စ် နည်းပြ ရွိုင်းဟော့ဆန်ကတော့ ဇာဟာဘက်က အပြည့်အဝထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။ လူငယ်ကစားသမားဘဝ ကို ခရစ္စတယ်ပဲလေ့စ်လူငယ်အသင်းနဲ့ စခဲ့ပြီး အသင်းကြီးဆီရောက်လာတဲ့ ဇာဟာ အနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ ပေမယ့် မိခင်အသင်းထံအဌားချခံရတာများခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ်ကိုအပြီးသတ်ပြန်ပြောင်းရွှေ့ခဲ့ တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအတွက် ဇာဟာအနေနဲ့ ၂ ပွဲသာကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

 

zawgyi version

ေႏြရာသီဆိုရင္ ဇာဟာရဲ႕ အေျပာင္းအေရႊ႕သတင္းေတြ ထြက္လာၿပီး အက္သလက္တီကိုနဲ႔ ဘိုင္ယန္ျမဴးနစ္ကို စိတ္ဝင္စားေန ဟု သိရ
ခရစၥတယ္ပဲေလ့စ္အသင္းမွာ ေျခစြမ္းျပေနတာေၾကာင့္အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေလ့ရွိတဲ့ ေတာင္ပံကစား သမား ဇာဟာရဲ႕ အေျပာင္းအေရႊ႕သတင္းေတြဟာ ဒီရာသီမွာလည္း ထြက္ေပၚလာျပန္ပါၿပီ။ ဇာဟာကို ဒီေႏြရာသီမွာ ေခၚ ယူခ်င္တဲ့အသင္းေတြမွာ အက္သလက္တီကို၊ ဘိုင္ယန္ျမဴးနစ္တို႔လို ထိပ္သီးအသင္းေတြအျပင္ နယူးကာဆယ္၊ အဲဗာတန္ တို႔လိုအသင္းေတြလည္း ပါဝင္ေနတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က Sportsmail နဲ႔ အင္တာဗ်ဴးတစ္ခုမွာေတာ့ ဇာဟာအေနနဲ႔ အသင္းကေနေျပာင္းဖို႔အတြက္ စီစဥ္ေနတယ္လို႔ ထုတ္ေဖာ္ေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ပရီးမီးယားလိဂ္ကလပ္အသင္းေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ အဲဗာ တန္တို႔က ဇာဟာကိုေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ သူရဲ႕ေျပာင္းေရႊ႕ေၾကးေပါင္ သန္း ၈၀ ေၾကာင့္မေခၚျဖစ္ခဲ့တာပဲ ျဖစ္ပါ တယ္။ ဇာဟာ အေနနဲ႔ ဒီရာသီမွာလည္း ေျခစြမ္းျပၿပီး ခရစၥတယ္ပဲေလ့စ္အသင္းကို တန္းမဆင္းရေအာင္ လုပ္ေဆာင္ေပး ခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။
အဗဲာတန္အသင္းအေနနဲ႔ ဇာဟာကို ေခၚယူဖို႔ ဆက္လက္ေစာင့္ၾကည့္ေနတာျဖစ္ၿပီး ပိုင္ရွင္အေျပာင္းအလဲျဖစ္လာဖို႔ ရွိေန တဲ့နယူးကာဆယ္ကလည္း ဇာဟာကိုေခၚဖို႔ စိတ္ဝင္စားလာတာျဖစ္ပါတယ္။ဇာဟာကိုယ္တိုင္က ကစားသမားဘဝစိန္ေခၚမႈ အသစ္အျဖစ္ အျခားတစ္သင္းမွာေျပာင္းေရႊ႕ကစားခ်င္ေနတာေၾကာင့္ အသင္းကေန ထြက္ခ်င္တာေနတာပဲျဖစ္ပါတယ္။ ယူႏိုက္တက္ကစားသမားေဟာင္း ဇာဟာအေနနဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၃ႏွစ္ က်န္ရွိေနေသးတာ လည္း ျဖစ္ပါတယ္။
ဇာဟာအေနနဲ႔ ေနာက္ဆံုးကစားခဲ့တဲ့ အက္စ္တြန္ဗီလာနဲ႔ ပြဲမတိုင္ခင္မွာ လူမ်ိဳးေရးခြဲျခားမႈ ခံခဲ့ရေပမယ့္ ခရစၥတယ္ပဲေလ့စ္ နည္းျပ ရြိဳင္းေဟာ့ဆန္ကေတာ့ ဇာဟာဘက္က အျပည့္အဝေထာက္ခံေၾကာင္း ေျပာဆိုခဲ့ပါတယ္။ လူငယ္ကစားသမားဘဝ ကို ခရစၥတယ္ပဲေလ့စ္လူငယ္အသင္းနဲ႔ စခဲ့ၿပီး အသင္းႀကီးဆီေရာက္လာတဲ့ ဇာဟာ အေနနဲ႔ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ခဲ့ ေပမယ့္ မိခင္အသင္းထံအဌားခ်ခံရတာမ်ားခဲ့ၿပီးေနာက္ ၂၀၁၅ ခုႏွစ္မွာ ခရစၥတယ္ပဲေလ့စ္ကိုအၿပီးသတ္ျပန္ေျပာင္းေရႊ႕ခဲ့ တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအတြက္ ဇာဟာအေနနဲ႔ ၂ ပြဲသာကစားခြင့္ရခဲ့တာ ျဖစ္ပါတယ္။

၂၀၂၀ ကမ္ဘာ့အကောင်းဆုံးဘောလုံးကစားသမားစာရင်းမှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကို အသာရနေတဲ့ လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးအနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ်ကမ္ဘာ့အကောင်းဆုံးဘောလုံးကစားသမားစာရင်း မှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုတို့ထက် ပိုပြီး ရေပန်းစားနေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ ရုန်းကန်နေရတဲ့ ဘာစီလိုနာကြောင့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၆ ကြိမ်ရရှိထားတဲ့ မက်ဆီကတော့ အလေးပေးမှုမှာ ၄လေး ၁လေးနဲ့ လီဝန်ဒေါစကီးရဲ့ နောက် ဒုတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။

 

ထိပ်ဆုံးရေပန်းစားသူ ၃ ဦးစာရင်းမှာတော့ ပရီးမီးယားလိဂ်က ပထမဆုံးအကြိမ်ပါဝင်တဲ့ကစားသမားအဖြစ် မန်စီးတီးကွင်း လယ်ကစားသမား ဒီဘရူနီက ၉လေး၂လေးနဲ့ တတိယနေရာမှာရှိနေတာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ကို ၅ကြိမ်ရထားတဲ့ စီရော်နယ်ဒိုကတော့ အလေးပေးမှု ၅လေး၁လေးနဲ့ စတုတ္ထနေရာမှာ ရှိနေတာပဲ ဖြစ်ပါတယ်။လီဗာပူး အသင်းသားတွေဖြစ်တဲ့ မာနေးက ၁၂လေး၁လေး၊ ဆာလက်နဲ့ ဗန်ဂျစ်တို့က ၁၆လေး၁လေးတို့နဲ့ ရေပန်းစားမှုမှာ အစဉ် လိုက်ရပ်တည်နေပါတယ်။

ပိုလန်တိုက်စစ်မှူးဖြစ်တဲ့ လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် လိဂ် ၃၁ ပွဲမှာ ၃၄ ဂိုးသွင်းယူပေး ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း သွင်းဂိုး ၁၁ ဂိုးအထိသွင်းယူပေးထားသူလည်းဖြစ်ပါတယ်။ နောက်ဆုံး ၁၂ နှစ်အတွင်း ၂၀၁၈ ခုနှစ် မိုဒရစ်ရရှိခဲ့တဲ့ တစ်ကြိမ်ကလွဲပြီး ကမ္ဘာ့အကောင်းဆုံးဆုရရှိခဲ့တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ် နောက်ဆုံး ၁၂ ရာသီမှာ ဂိုးသွင်းအများဆုံးကစားသမားဆုကို ရရှိခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းမှာခြေစွမ်းပြနေတဲ့ အမ်ဘတ်ပီနဲ့ နေမာတို့ကတော့ ၂၀၂၀ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် အလေးပေးမှုမှာ အမ်ဘတ်ပီက ၂၀လေး၁လေး၊ နေမာက ၂၅လေး၁လေး ဖြစ်နေပါတယ်။ အင်္ဂလန်ကစားသမားတွေထဲမှာ တော့ မန်စီးတီးတောင်ပံကစားသမား စတာလင်က ၁၆လေး၁လေးနဲ့ ထိပ်ဆုံးမှာရှိနေပြီး ဆန်ချိုနဲ့ ဟယ်ရီကိန်းတို့ကတော့ ၅၀ လေး ၁လေးနဲ့ အတူတူရှိနေတာ ဖြစ်ပါတယ်။

 

zawgyi version

၂၀၂၀ ကမ႓ာ့အေကာင္းဆံုးေဘာလံုးကစားသမားစာရင္းမွာ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ကို အသာရေနတဲ့ လီဝန္ေဒါစကီး
ဘိုင္ယန္ျမဴးနစ္တိုက္စစ္မွဴး လီဝန္ေဒါစကီးအေနနဲ႔ လာမယ့္ ၂၀၂၀ ခုႏွစ္ကမ႓ာ့အေကာင္းဆံုးေဘာလံုးကစားသမားစာရင္း မွာ ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီ၊ ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုတို႔ထက္ ပိုၿပီး ေရပန္းစားေနတယ္လို႔ သိရပါတယ္။ ဒီရာသီမွာ ႐ုန္းကန္ေနရတဲ့ ဘာစီလိုနာေၾကာင့္ ကမ႓ာ့အေကာင္းဆံုးကစားသမားဆုကို ၆ ႀကိမ္ရရွိထားတဲ့ မက္ဆီကေတာ့ အေလးေပးမႈမွာ ၄ေလး ၁ေလးနဲ႔ လီဝန္ေဒါစကီးရဲ႕ ေနာက္ ဒုတိယေနရာမွာ ရွိေနတာျဖစ္ပါတယ္။
ထိပ္ဆံုုးေရပန္းစားသူ ၃ ဦးစာရင္းမွာေတာ့ ပရီးမီးယားလိဂ္က ပထမဆံုးအႀကိမ္ပါဝင္တဲ့ကစားသမားအျဖစ္ မန္စီးတီးကြင္း လယ္ကစားသမား ဒီဘ႐ူနီက ၉ေလး၂ေလးနဲ႔ တတိယေနရာမွာရွိေနတာျဖစ္ပါတယ္။ ကမ႓ာ့အေကာင္းဆံုးကစားသမားဆု ကို ၅ႀကိမ္ရထားတဲ့ စီေရာ္နယ္ဒိုကေတာ့ အေလးေပးမႈ ၅ေလး၁ေလးနဲ႔ စတုတၳေနရာမွာ ရွိေနတာပဲ ျဖစ္ပါတယ္။လီဗာပူး အသင္းသားေတြျဖစ္တဲ့ မာေနးက ၁၂ေလး၁ေလး၊ ဆာလက္နဲ႔ ဗန္ဂ်စ္တို႔က ၁၆ေလး၁ေလးတို႔နဲ႔ ေရပန္းစားမႈမွာ အစဥ္ လိုက္ရပ္တည္ေနပါတယ္။
ပိုလန္တိုက္စစ္မွဴးျဖစ္တဲ့ လီဝန္ေဒါစကီးဟာ ဒီရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ လိဂ္ ၃၁ ပြဲမွာ ၃၄ ဂိုးသြင္းယူေပး ခဲ့သူျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာလည္း သြင္းဂိုး ၁၁ ဂိုးအထိသြင္းယူေပးထားသူလည္းျဖစ္ပါတယ္။ ေနာက္ဆံုး ၁၂ ႏွစ္အတြင္း ၂၀၁၈ ခုႏွစ္ မိုဒရစ္ရရွိခဲ့တဲ့ တစ္ႀကိမ္ကလြဲၿပီး ကမ႓ာ့အေကာင္းဆံုးဆုရရွိခဲ့တဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ ေနာက္ဆံုး ၁၂ ရာသီမွာ ဂိုးသြင္းအမ်ားဆံုးကစားသမားဆုကို ရရွိခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းမွာေျခစြမ္းျပေနတဲ့ အမ္ဘတ္ပီနဲ႔ ေနမာတို႔ကေတာ့ ၂၀၂၀ ကမ႓ာ့အေကာင္းဆံုးကစားသမားဆုအတြက္ အေလးေပးမႈမွာ အမ္ဘတ္ပီက ၂၀ေလး၁ေလး၊ ေနမာက ၂၅ေလး၁ေလး ျဖစ္ေနပါတယ္။ အဂၤလန္ကစားသမားေတြထဲမွာ ေတာ့ မန္စီးတီးေတာင္ပံကစားသမား စတာလင္က ၁၆ေလး၁ေလးနဲ႔ ထိပ္ဆံုးမွာရွိေနၿပီး ဆန္ခ်ိဳနဲ႔ ဟယ္ရီကိန္းတို႔ကေတာ့ ၅၀ ေလး ၁ေလးနဲ႔ အတူတူရွိေနတာ ျဖစ္ပါတယ္။

ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပွဲချိန်ဇယား ထုတ်ပြန်ကြေညာခဲ့

ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပွဲချိန်ဇယားကို ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့ မှာ စတင်ကျင်းပမှာဖြစ်ပြီး ခရစ္စမတ်မတိုင်ခင် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဗိုလ်လုပွဲကျင်းပမှာဖြစ်ပါတယ်။ ကာတာကမ္ဘာ့ လားပြိုင်ပွဲဟာ ဆောင်းရာသီမှာကျင်းပတဲ့ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စတင်ကျင်းပမယ့်အုပ်စုပွဲစဉ်တွေကို တစ်နေ့ ၄ပွဲ ကျင်းပမှာဖြစ်ပြီး ယူကေစံတော်ချိန်ဖြစ်တဲ့ နံနက် ၁၀ နာရီ၊ နေ့ခင်း ၁ နာရီ၊ ညနေ ၄ နာရီနဲ့ ည ၇ နာရီတွေမှာ ကျင်းပမှာဖြစ်ပါတယ်။ ကာတာနိုင်ငံရဲ့ဒေသစံတော်ချိန် ဟာ ယူကေစံချိန်တော်ထက် ၂ နာရီစောပြီး မြန်မာစံတော်ချိန်ထက်တော့ ၃နာရီခွဲ နောက်ကျတာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့က စတင်ကစားမယ့် အုပ်စုအဆင့်ပွဲစဉ်တွေမှာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

 

ရှုံးထွက် ၁၆သင်းအဆင့် ပွဲစဉ်တွေကိုတော့ ဒီဇင်ဘာလ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိကျင်းပမှာဖြစ်ပြီး ကွာတား ဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဒီဇင်ဘာ ၉၊ ၁၀ရက်တွေမှာ ကျင်းပမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဒီဇင်ဘာ ၁၃၊ ၁၄ မှာ ကျင်းပမှာပါ။ နောက်ဆုံး ဗိုလ်လုပွဲကိုတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပမှာပါ။ဗိုလ်လုပွဲကိုတော့ ကာတာနိုင်ငံရဲ့ မြို့တော်မှာရှိတဲ့ လူဆေးလ်စတေဒီယမ်ကွင်းမှာ ယူကေစံချိန်တော် ညနေ ၃ နာရီမှာကျင်းပမှာဖြစ်ပါတယ်။

 

 

လူဆေးလ်စတေဒီယမ်ကွင်းဟာ အာရတ်လူမျိုးတို့ရဲ့ ရိုးရာလက်ဆွဲမီးအိမ်ပုံ တည်ဆောက်ထားတဲ့ကွင်းဖြစ်ပြီး ပရိသတ်ဦး ရေ ၈၀၀၀၀ ခန့်အထိ ဝင်ဆန့်တယ်လို့ သိရပါတယ်။ ကာတာနိုင်ငံရဲ့ ကမ္ဘာ့ဖလားအချိန်စာရင်းထုတ်ပြန်ခဲ့တဲ့ပုံမှာ ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ကို အသုံးပြုခဲ့တာကြောင့် အင်္ဂလန်ပရိသတ်တွေအနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ အိပ်မက်တွေပိုပြီး ရှင်သန် ခဲ့တယ်လို့သိရပါတယ်။ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ စတုထ္ထဆုပဲရခဲ့တာဖြစ်ပါတယ်။

 

zawgyi version

ကာတာႏိုင္ငံမွာ က်င္းပမယ့္ ၂၀၂၂ ခုႏွစ္ကမ႓ာ့ဖလားၿပိဳင္ပြဲအတြက္ ပြဲခ်ိန္ဇယား ထုတ္ျပန္ေၾကညာခဲ့
ကာတာႏိုင္ငံမွာ က်င္းပမယ့္ ၂၀၂၂ခုႏွစ္ ကမ႓ာ့ဖလားၿပိဳင္ပြဲအတြက္ ပြဲခ်ိန္ဇယားကို ထုတ္ျပန္ခဲ့ၿပီး ႏိုဝင္ဘာလ ၂၁ ရက္ေန႔ မွာ စတင္က်င္းပမွာျဖစ္ၿပီး ခရစၥမတ္မတိုင္ခင္ ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ ဗိုလ္လုပြဲက်င္းပမွာျဖစ္ပါတယ္။ ကာတာကမ႓ာ့ လားၿပိဳင္ပြဲဟာ ေဆာင္းရာသီမွာက်င္းပတဲ့ ပထမဆံုးကမ႓ာ့ဖလားၿပိဳင္ပြဲလည္း ျဖစ္လာမွာ ျဖစ္ပါတယ္။
ႏိုဝင္ဘာလ ၂၁ ရက္ေန႔မွာ စတင္က်င္းပမယ့္အုပ္စုပြဲစဥ္ေတြကို တစ္ေန႔ ၄ပဲြ က်င္းပမွာျဖစ္ၿပီး ယူေကစံေတာ္ခ်ိန္ျဖစ္တဲ့ နံနက္ ၁၀ နာရီ၊ ေန႔ခင္း ၁ နာရီ၊ ညေန ၄ နာရီနဲ႔ ည ၇ နာရီေတြမွာ က်င္းပမွာျဖစ္ပါတယ္။ ကာတာႏိုင္ငံရဲ႕ေဒသစံေတာ္ခ်ိန္ ဟာ ယူေကစံခ်ိန္ေတာ္ထက္ ၂ နာရီေစာၿပီး ျမန္မာစံေတာ္ခ်ိန္ထက္ေတာ့ ၃နာရီခြဲ ေနာက္က်တာျဖစ္ပါတယ္။ ႏိုဝင္ဘာ ၂၁ ရက္ေန႔က စတင္ကစားမယ့္ အုပ္စုအဆင့္ပြဲစဥ္ေတြမွာ ဒီဇင္ဘာလ ၂ ရက္ေန႔မွာ ၿပီးဆံုးမွာျဖစ္ပါတယ္။
ရႈံးထြက္ ၁၆သင္းအဆင့္ ပြဲစဥ္ေတြကိုေတာ့ ဒီဇင္ဘာလ ၃ ရက္ေန႔ကေန ၆ ရက္ေန႔အထိက်င္းပမွာျဖစ္ၿပီး ကြာတား ဖိုင္နယ္ပြဲစဥ္ေတြကိုေတာ့ ဒီဇင္ဘာ ၉၊ ၁၀ရက္ေတြမွာ က်င္းပမွာျဖစ္ၿပီး ဆီမီးဖိုင္နယ္ပြဲစဥ္ေတြကိုေတာ့ ဒီဇင္ဘာ ၁၃၊ ၁၄ မွာ က်င္းပမွာပါ။ ေနာက္ဆံုး ဗိုလ္လုပြဲကိုေတာ့ ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ က်င္းပမွာပါ။ဗိုလ္လုပြဲကိုေတာ့ ကာတာႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္မွာရွိတဲ့ လူေဆးလ္စေတဒီယမ္ကြင္းမွာ ယူေကစံခ်ိန္ေတာ္ ညေန ၃ နာရီမွာက်င္းပမွာျဖစ္ပါတယ္။
လူေဆးလ္စေတဒီယမ္ကြင္းဟာ အာရတ္လူမ်ိဳးတို႔ရဲ႕ ႐ိုးရာလက္ဆြဲမီးအိမ္ပံု တည္ေဆာက္ထားတဲ့ကြင္းျဖစ္ၿပီး ပရိသတ္ဦး ေရ ၈၀၀၀၀ ခန္႔အထိ ဝင္ဆန္႔တယ္လို႔ သိရပါတယ္။ ကာတာႏိုင္ငံရဲ႕ ကမ႓ာ့ဖလားအခ်ိန္စာရင္းထုတ္ျပန္ခဲ့တဲ့ပံုမွာ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္တို႔ကို အသံုးျပဳခဲ့တာေၾကာင့္ အဂၤလန္ပရိသတ္ေတြအေနနဲ႔ ကမ႓ာ့ဖလားခ်န္ပီယံျဖစ္ဖို႔ အိပ္မက္ေတြပိုၿပီး ရွင္သန္ ခဲ့တယ္လို႔သိရပါတယ္။ အဂၤလန္အသင္းဟာ ၿပီးခဲ့တဲ့၂၀၁၈ ခုႏွစ္ကမ႓ာ့ဖလားၿပိဳင္ပြဲမွာေတာ့ စတုထၳဆုပဲရခဲ့တာျဖစ္ပါတယ္။

လူမှုအကျိုးဆောင်မှုတွေ လုပ်ခဲ့တာကြောင့် မန်ချက်စတာတက္ကသိုလ်ရဲ့ အမြင့်ဆုံးပါရဂူဆု ချီးမြင့်ခံခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်

ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ လူမှုအကျိုးဆောင်တဲ့လုပ်ရပ်တွေ ကြောင့် မန်ချက်စတာတက္ကသိုလ်ရဲ့ အမြင့်ဆုံးဆုကို ချီးမြင့်ခံခဲ့ရတယ်လို့ သိရပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့ ကလေးသူငယ် များ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့တာဖြစ်ပြီး သူရဲ့လုပ်ဆောင်မှုကြောင့် အစိုးရအဖွဲ့ကနေ ပေါင် ၁.၃ မီလီယံ ထောက်ပံမှု ပြုလုပ်တော့မှာဖြစ်ပါတယ်။

 

အသက် ၂၂ နှစ်သာရှိသေးတဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ မန်ချက်စတာတက္ကသိုလ်က ချီးမြင့်တဲ့ဆုကိုရခဲ့တာကြောင့် အသက် အငယ်ဆုံးနဲ့ ဆုရရှိသူအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန်နဲ့ ဂန္တဝင်ကစားသမား ဆာဘော်ဘီချာလ်တန်တို့လည်း မန်ချက်စတာတက္ကသိုလ်က ချီးမြင့်တဲ့ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ ဖူးကြပါတယ်။

 

ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က “ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ဂုဏ်ယူရတဲ့နေ့တစ်နေ့ပါပဲ။ ဒီပါရဂူဆု ဟာ အတိတ်ကစွမ်းဆောင်ခဲ့တာတွေကိုကြည့်ပြီးမှ ပေးတဲ့ဆုပါ။ ဒီဆုကို ရရှိခဲ့တဲ့သူတွေကလည်း နာမည်ကြီးကျယ်တဲ့သူ တွေချည်းပါပဲ” လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားကလည်း “ ရှက်ရှ်ဖို့ဒ်က စွမ်းဆောင်မှုကြီးမားတဲ့ သူတစ်ဦးပါ။သူအတွက် ဂုဏ်ယူရသလို ဒီလိုမျိုးတွေကို သူဘဝတစ်လျှောက်လုံးလုပ်ဆောင်နိုင်မယ်” လို့ ပြောခဲ့ပါတယ်။

 

မန်ချက်စတာတက္ကသိုလ်ရဲ့ ဥက္ကဌနဲ့ အဓိပတိဖြစ်တဲ့ ပါမောက္ခ ဒိန်းနန်စီရော့ဝဲလ်က “ ရက်ရှ်ဖို့ဒ်ဟာ သာမန်ထက်ပိုပြီး ထူးချွန်တဲ့လူငယ်တစ်ယောက်ပါ။သူရဲ့အရည်အချင်းတွေကို ဘောလုံးလောကမှာ ပြသနိုင်သလို လူမှုအကျိုးလုပ်ဆောင် မှုလုပ်ငန်းတွေမှာလည်း ပြသနိုင်ခဲ့ပါတယ်။ မန်ချက်စတာမြို့မှာ ရှိတဲ့သူတိုင်းကတော့ သူအတွက် ဂုဏ်ယူနေမှာပါ” လို့ ပြောခဲ့ပါတယ်။

 

zawgyi version

လူမႈအက်ိဳးေဆာင္မႈေတြ လုပ္ခဲ့တာေၾကာင့္ မန္ခ်က္စတာတကၠသိုလ္ရဲ႕ အျမင့္ဆံုးပါရဂူဆု ခ်ီးျမင့္ခံခဲ့ရတဲ့ ရက္ရွ္ဖို႔ဒ္
ယူႏိုက္တက္အသင္းတိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္အေနနဲ႔ ၿပီးခဲ့တဲ့လပိုင္းအတြင္းမွာ ျပဳလုပ္ခဲ့တဲ့ လူမႈအက်ိဳးေဆာင္တဲ့လုပ္ရပ္ေတြ ေၾကာင့္ မန္ခ်က္စတာတကၠသိုလ္ရဲ႕ အျမင့္ဆံုးဆုကို ခ်ီးျမင့္ခံခဲ့ရတယ္လို႔ သိရပါတယ္။ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ကေလးသူငယ္ မ်ား ဆင္းရဲႏြမ္းပါးမႈပေပ်ာက္ေရးအတြက္ ဦးေဆာင္လႈပ္ရွားခဲ့တာျဖစ္ၿပီး သူရဲ႕လုပ္ေဆာင္မႈေၾကာင့္ အစိုးရအဖြဲ႔ကေန ေပါင္ ၁.၃ မီလီယံ ေထာက္ပံမႈ ျပဳလုပ္ေတာ့မွာျဖစ္ပါတယ္။
အသက္ ၂၂ ႏွစ္သာရွိေသးတဲ့ ရက္ရွ္ဖို႔ဒ္အေနနဲ႔ မန္ခ်က္စတာတကၠသိုလ္က ခ်ီးျမင့္တဲ့ဆုကိုရခဲ့တာေၾကာင့္ အသက္ အငယ္ဆံုးနဲ႔ ဆုရရွိသူအျဖစ္ မွတ္တမ္းဝင္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္ဖာဂူဆန္နဲ႔ ဂႏၲဝင္ကစားသမား ဆာေဘာ္ဘီခ်ာလ္တန္တို႔လည္း မန္ခ်က္စတာတကၠသိုလ္က ခ်ီးျမင့္တဲ့ဂုဏ္ထူးေဆာင္ဆုကို ရရွိခဲ့ ဖူးၾကပါတယ္။
ယူႏိုက္တက္တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္က “ ကြ်န္ေတာ္နဲ႔ ကြ်န္ေတာ့္မိသားစုအတြက္ ဂုဏ္ယူရတဲ့ေန႔တစ္ေန႔ပါပဲ။ ဒီပါရဂူဆု ဟာ အတိတ္ကစြမ္းေဆာင္ခဲ့တာေတြကိုၾကည့္ၿပီးမွ ေပးတဲ့ဆုပါ။ ဒီဆုကို ရရွိခဲ့တဲ့သူေတြကလည္း နာမည္ႀကီးက်ယ္တဲ့သူ ေတြခ်ည္းပါပဲ” လို႔ ေျပာခဲ့ပါတယ္။ ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားကလည္း “ ရွက္ရွ္ဖို႔ဒ္က စြမ္းေဆာင္မႈႀကီးမားတဲ့ သူတစ္ဦးပါ။သူအတြက္ ဂုဏ္ယူရသလို ဒီလိုမ်ိဳးေတြကို သူဘဝတစ္ေလွ်ာက္လံုးလုပ္ေဆာင္ႏိုင္မယ္” လို႔ ေျပာခဲ့ပါတယ္။
မန္ခ်က္စတာတကၠသိုလ္ရဲ႕ ဥကၠဌနဲ႔ အဓိပတိျဖစ္တဲ့ ပါေမာကၡ ဒိန္းနန္စီေရာ့ဝဲလ္က “ ရက္ရွ္ဖို႔ဒ္ဟာ သာမန္ထက္ပိုၿပီး ထူးခြ်န္တဲ့လူငယ္တစ္ေယာက္ပါ။သူရဲ႕အရည္အခ်င္းေတြကို ေဘာလံုးေလာကမွာ ျပသႏိုင္သလို လူမႈအက်ိဳးလုပ္ေဆာင္ မႈလုပ္ငန္းေတြမွာလည္း ျပသႏိုင္ခဲ့ပါတယ္။ မန္ခ်က္စတာၿမိဳ႕မွာ ရွိတဲ့သူတိုင္းကေတာ့ သူအတြက္ ဂုဏ္ယူေနမွာပါ” လို႔ ေျပာခဲ့ပါတယ္။

မန်စီးတီးက မမှန်သလို CAS ကလည်း မှားခဲ့တယ်လို့ လာလီဂါဘောလုံးအဖွဲ့ချုပ် ဥက္ကဌ တီဘက်စ် ပြောဆို

မန်စီးတီးအသင်းရဲ့ ဥရောပပြိုင်ပွဲပိတ်ပင်ခံရမှုအရေးကို ပြီးခဲ့တဲ့ တနင်္လာနေ့က ပယ်ဖျက်ခဲ့ပြီးနောက် လာလီဂါဘောလုံး အဖွဲ့ချုပ်ဥက္ကဌ တီဘက်စ်အနေနဲ့ ဆွစ်ဇာလန်အခြေစိုက် အားကစားဆိုင်ရာခုံရုံးအနေနဲ့ သေဆုံးသွားပြီဖြစ်ကြောင်း ပြောခဲ့ ပါတယ်။ မန်စီးတီးအနေနဲ့ ဥရောပပြိုင်ပွဲ ၂နှစ်ပိတ်ပင်ခံရမယ့်အရေးက ကင်းလွတ်ခွင့်ရခဲ့သလို ပေးဆောင်ရမယ့်ဒဏ်ကြေး ယူရိုသန်း ၃၀ ကနေလည်း ၁၀ သန်းသာ ပေးဆောင်ရတော့မှာဖြစ်တာကြောင့် တီဘက်စ်က အခုလိုပြောခဲ့တာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက မန်စီးတီးအနေနဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို ချိုးဖောက်တယ်ဆိုပြီး ဥရောပပြိုင်ပွဲ ၂နှစ်ပွဲပယ်ပြစ် ဒဏ်နဲ့ ယူရိုသန်း ၃၀ ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် မန်စီးတီးအသင်းက အားကစားဆိုင်တရားခုံရုံးဖြစ်တဲ့ CAS မှာ အယူခံဝင်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲပိတ်ပင်ခံရမယ့်အရေးက ကင်းလွတ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ရဖို့ ကြိုးစားနေတဲ့အသင်းလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဌအနေနဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုကို မနာ လိုနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ထက် လာလီဂါကိုသာပိုပြီးအာရုံစိုက်ဖို့ ပြောခဲ့ပါတယ်။ တီဘက်စ်ဟာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားတဲ့ နေမာရဲ့အပြောင်းအရွှေ့တုန်းကလည်း ပီအက်စ်ဂျီ အသင်းကို ဘဏ္ဍာရေးမျှခြေစည်းမျဉ်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဝေဖန်ခဲ့ဖူးပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ ပြောစကားကို တီဘက်စ်အနေနဲ့ ချက်ချင်းတုန့်ပြန်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တီဘက်စ် က “ အားကစားဆိုင်ရာတရားခုံရုံးက မန်စီးတီးကို ပြစ်ဒဏ်အဖြစ် ယူရို ၁၀သန်းပေးဆောင်ဖို့ သတ်မှတ်ခဲ့ပါ တယ်။ တကယ်လို့ မန်စီးတီးအနေနဲ့ အပြစ်မရှိဘူးဆိုရင် ဒါကိုပေးဆောင်ရဖို့ မလိုအပ်ပါဘူး။ မန်စီးတီးက အချို့အချက် အလက်တွေကို ဖုံးကွယ်ထားသလို CAS ရဲ့ ဆုံးဖြတ်ချက်ကလည်း မှန်ကန်မှုမရှိခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။

 

zawgyi version

မန္စီးတီးက မမွန္သလို CAS ကလည္း မွားခဲ့တယ္လို႔ လာလီဂါေဘာလံုးအဖြဲ႕ခ်ဳပ္ ဥကၠဌ တီဘက္စ္ ေျပာဆို
မန္စီးတီးအသင္းရဲ႕ ဥေရာပၿပိဳင္ပြဲပိတ္ပင္ခံရမႈအေရးကို ၿပီးခဲ့တဲ့ တနလၤာေန႔က ပယ္ဖ်က္ခဲ့ၿပီးေနာက္ လာလီဂါေဘာလံုး အဖြဲ႕ခ်ဳပ္ဥကၠဌ တီဘက္စ္အေနနဲ႔ ဆြစ္ဇာလန္အေျခစိုက္ အားကစားဆိုင္ရာခုံရံုးအေနနဲ႔ ေသဆံုးသြားၿပီျဖစ္ေၾကာင္း ေျပာခဲ့ ပါတယ္။ မန္စီးတီးအေနနဲ႔ ဥေရာပၿပိဳင္ပြဲ ၂ႏွစ္ပိတ္ပင္ခံရမယ့္အေရးက ကင္းလြတ္ခြင့္ရခဲ့သလို ေပးေဆာင္ရမယ့္ဒဏ္ေၾကး ယူ႐ိုသန္း ၃၀ ကေနလည္း ၁၀ သန္းသာ ေပးေဆာင္ရေတာ့မွာျဖစ္တာေၾကာင့္ တီဘက္စ္က အခုလိုေျပာခဲ့တာျဖစ္ပါတယ္။
ယူအီးအက္ဖ္ေအက မန္စီးတီးအေနနဲ႔ ဘ႑ာေရးမွ်ေျခစည္းမ်ဥ္းကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ဥေရာပၿပိဳင္ပြဲ ၂ႏွစ္ပဲြပယ္ျပစ္ ဒဏ္နဲ႔ ယူ႐ိုသန္း ၃၀ ေပးေဆာင္ဖို႔ ျပစ္ဒဏ္ခ်မွတ္ခဲ့ေပမယ့္ မန္စီးတီးအသင္းက အားကစားဆိုင္တရားခံုရံုးျဖစ္တဲ့ CAS မွာ အယူခံဝင္ခဲ့တာေၾကာင့္ ဥေရာပၿပိဳင္ပြဲပိတ္ပင္ခံရမယ့္အေရးက ကင္းလြတ္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။ မန္စီးတီးဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ခ်န္ပီယံလိဂ္ရဖို႔ ႀကိဳးစားေနတဲ့အသင္းလည္း ျဖစ္ပါတယ္။
မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာကေတာ့ လာလီဂါေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠဌအေနနဲ႔ ပရီးမီးယားလိဂ္ေအာင္ျမင္မႈကို မနာ လိုေနတာျဖစ္ၿပီး ပရီးမီးယားလိဂ္ထက္ လာလီဂါကိုသာပိုၿပီးအာရံုစိုက္ဖို႔ ေျပာခဲ့ပါတယ္။ တီဘက္စ္ဟာ ဘာစီလိုနာကေန ပီအက္စ္ဂ်ီကို ကမ႓ာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕သြားတဲ့ ေနမာရဲ႕အေျပာင္းအေရႊ႕တုန္းကလည္း ပီအက္စ္ဂ်ီ အသင္းကို ဘ႑ာေရးမွ်ေျခစည္းမ်ဥ္းနဲ႔ ကိုက္ညီမႈမရွိဘူးလို႔ ေဝဖန္ခဲ့ဖူးပါတယ္။
မန္စီးတီးနည္းျပ ဂြါဒီယိုလာရဲ႕ ေျပာစကားကို တီဘက္စ္အေနနဲ႔ ခ်က္ခ်င္းတုန္႔ျပန္မႈျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ တီဘက္စ္ က “ အားကစားဆိုင္ရာတရားခံုရံုးက မန္စီးတီးကို ျပစ္ဒဏ္အျဖစ္ ယူ႐ို ၁၀သန္းေပးေဆာင္ဖို႔ သတ္မွတ္ခဲ့ပါ တယ္။ တကယ္လို႔ မန္စီးတီးအေနနဲ႔ အျပစ္မရွိဘူးဆိုရင္ ဒါကိုေပးေဆာင္ရဖို႔ မလိုအပ္ပါဘူး။ မန္စီးတီးက အခ်ိဳ႕အခ်က္ အလက္ေတြကို ဖံုးကြယ္ထားသလို CAS ရဲ႕ ဆံုးျဖတ္ခ်က္ကလည္း မွန္ကန္မႈမရွိခဲ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

အာဆင်နယ်ကြောင့်အမှတ်(၁၀၀)အိပ်မက် ဖျက်ဆီးခဲ့ရတဲ့လီဗာပူးအသင်း

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် လီဗာပူးအနေနဲ့ ရရှိနိုင်သေးတဲ့ စံချိန်နှစ်ခုဟာ တစ်ပတ်အတွင်းမှာပဲ နှစ်ခုစလုံးပျက် စီးခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ ဘန်လေနဲ့ပွဲမှာလည်း တစ်ဂိုးစီသရေကျခဲ့တာကြောင့် အိမ်ကွင်းပွဲတိုင်းနိုင်မယ့် အသင်းအဖြစ်ရေးထိုးနိုင်မယ့်စံချိန်ပျက်ခဲ့သလို အာဆင်နယ်နဲ့ပွဲမှာလည်း အရေးနိမ့်ခဲ့တာကြောင့် ရမှတ် ၁၀၀ နဲ့ ချန်ပီယံဖြစ်နိုင်မယ့်အသင်းမှတ်တမ်းလည်း ပျက်ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးဟာ အာဆင်နယ်နဲ့ပွဲမှာ ဒဏ်ရာရနေတဲ့အသင်းခေါင်းဆောင် ဟန်ဒါဆင်ကလွဲရင် အဓိက,ကစားသမားအစုံအလင် နဲ့ပွဲထွက်လာခဲ့တာဖြစ်ပြီး မာနေးရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ လီဗာပူးနောက်တန်းအနေနဲ့ အမှားများခဲ့ပြီး အာဆင်နယ်ရဲ့သွင်းဂိုးနှစ်ဂိုးစလုံး လီဗာပူးခံစစ်အမှားကနေ ပေးခဲ့ရတာပဲဖြစ်ပါတယ်။ ဒီရာသီမှာ တတိယ မြောက် ရှုံးပွဲကြုံပြီးနောက်မှာတော့ လီဗာပူးအနေနဲ့ ၂၁၀၇-၁၈ ဘောလုံးရာသီက ရမှတ် ၁၀၀နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့စံချိန်ကို ချိုးဖျက်နိုင်မှာ မဟုတ်တော့တာ ဖြစ်ပါတယ်။

လီဗာပူးအနေနဲ့ ၄ ရက်အတွင်း နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲမှာ ရမှတ် ၅ မှတ်အထိလျော့ကျသွားခဲ့တာဖြစ်ပြီး အခုလို ဖြစ်ရပ်ဟာ ၂၀၁၆ ဒီဇင်ဘာတုန်းက ပထမအကြိမ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဂိုးသမား ကော်ရီးယပ်စ်နဲ့ နောက်ခံ လူ ကလာဗန်တို့ရဲ့ အမှားတွေကနေ လီဗာပူးဟာ ရမှတ်တွေ့လျော့ကျခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာလည်း ဂိုးသမား အလစ်ဆန်နဲ့ နောက်ခံလူ ဗန်ဂျစ်တို့ရဲ့ အမှားတွေကနေတဆင့် အာဆင်နယ်ရဲ့ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းယူတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းတာဝန်ရှိသူတွေကတော့ အခုလိုရမှတ်ဆုံးရှုံးမှုတွေအတွက် အပြစ်တင်မှု တစ်စုံတရာမရှိဘဲ လိဂ်ပြိုင်ပွဲ ဆိုတာ စံချိန်တင်မှတ်တမ်းမှာပါဖို့ ယှဉ်ပြိုင်နေရတာမဟုတ်ဘူးလို့ ပြောခဲ့သလို တိုက်စစ်မှူး ဆာလက်အနေနဲ့ ရွှေဖိနပ်ဆု အတွက် မျှော်လင့်နိုင်သေးသလို ဂိုးသမားအလစ်ဆန်အနေနဲ့ ရွှေလက်အိတ်ဆုကို မျှော်လင့်နိုင်သေးကြောင်း ပြောခဲ့ပါ တယ်။ လီဗာပူဟာ လက်ကျန်ပွဲစဉ် ၂ ပွဲမှာ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ကို ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

အာဆင္နယ္ေၾကာင့္ အမွတ္ ၁၀၀ အိပ္မက္ ဖ်က္ဆီးခဲ့ရတဲ့ လီဗာပူးအသင္း

ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ၿပီးေနာက္ လီဗာပူးအေနနဲ႔ ရရွိႏိုင္ေသးတဲ့ စံခ်ိန္ႏွစ္ခုဟာ တစ္ပတ္အတြင္းမွာပဲ ႏွစ္ခုစလံုးပ်က္ စီးခဲ့တာပဲ ျဖစ္ပါတယ္။ လီဗာပူးဟာ ၿပီးခဲ့တဲ့စေနေန႔က ကစားခဲ့တဲ့ ဘန္ေလနဲ႔ပဲြမွာလည္း တစ္ဂိုးစီသေရက်ခဲ့တာေၾကာင့္ အိမ္ကြင္းပြဲတိုင္းႏိုင္မယ့္ အသင္းအျဖစ္ေရးထိုးႏိုင္မယ့္စံခ်ိန္ပ်က္ခဲ့သလို အာဆင္နယ္နဲ႔ပြဲမွာလည္း အေရးနိမ့္ခဲ့တာေၾကာင့္ ရမွတ္ ၁၀၀ နဲ႔ ခ်န္ပီယံျဖစ္ႏိုင္မယ့္အသင္းမွတ္တမ္းလည္း ပ်က္ခဲ့ရတာျဖစ္ပါတယ္။

လီဗာပူးဟာ အာဆင္နယ္နဲ႔ပြဲမွာ ဒဏ္ရာရေနတဲ့အသင္းေခါင္းေဆာင္ ဟန္ဒါဆင္ကလြဲရင္ အဓိက,ကစားသမားအစံုအလင္ နဲ႔ပြဲထြက္လာခဲ့တာျဖစ္ၿပီး မာေနးရဲ႕သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ အာဆင္နယ္နဲ႔ပဲြမွာ လီဗာပူးေနာက္တန္းအေနနဲ႔ အမွားမ်ားခဲ့ၿပီး အာဆင္နယ္ရဲ႕သြင္းဂိုးႏွစ္ဂိုးစလံုး လီဗာပူးခံစစ္အမွားကေန ေပးခဲ့ရတာပဲျဖစ္ပါတယ္။ ဒီရာသီမွာ တတိယ ေျမာက္ ရႈံးပြဲၾကံဳၿပီးေနာက္မွာေတာ့ လီဗာပူးအေနနဲ႔ ၂၁၀၇-၁၈ ေဘာလံုးရာသီက ရမွတ္ ၁၀၀နဲ႔ ခ်န္ပီယံျဖစ္ခဲ့တဲ့စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မွာ မဟုတ္ေတာ့တာ ျဖစ္ပါတယ္။

လီဗာပူးအေနနဲ႔ ၄ ရက္အတြင္း ေနာက္ဆံုး ကစားခဲ့တဲ့ ႏွစ္ပြဲမွာ ရမွတ္ ၅ မွတ္အထိေလ်ာ့က်သြားခဲ့တာျဖစ္ၿပီး အခုလို ျဖစ္ရပ္ဟာ ၂၀၁၆ ဒီဇင္ဘာတုန္းက ပထမအႀကိမ္ျဖစ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ဂိုးသမား ေကာ္ရီးယပ္စ္နဲ႔ ေနာက္ခံ လူ ကလာဗန္တို႔ရဲ႕ အမွားေတြကေန လီဗာပူးဟာ ရမွတ္ေတြ႕ေလ်ာ့က်ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္နဲ႔ပြဲမွာလည္း ဂိုးသမား အလစ္ဆန္နဲ႔ ေနာက္ခံလူ ဗန္ဂ်စ္တို႔ရဲ႕ အမွားေတြကေနတဆင့္ အာဆင္နယ္ရဲ႕ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးသြင္းယူတာကို ခံခဲ့ရတာ ျဖစ္ပါတယ္။

လီဗာပူးအသင္းတာဝန္ရွိသူေတြကေတာ့ အခုလိုရမွတ္ဆံုးရႈံးမႈေတြအတြက္ အျပစ္တင္မႈ တစ္စံုတရာမရွိဘဲ လိဂ္ၿပိဳင္ပြဲ ဆိုတာ စံခ်ိန္တင္မွတ္တမ္းမွာပါဖို႔ ယွဥ္ၿပိဳင္ေနရတာမဟုတ္ဘူးလို႔ ေျပာခဲ့သလို တိုက္စစ္မွဴး ဆာလက္အေနနဲ႔ ေရႊဖိနပ္ဆု အတြက္ ေမွ်ာ္လင့္ႏိုင္ေသးသလို ဂိုးသမားအလစ္ဆန္အေနနဲ႔ ေရႊလက္အိတ္ဆုကို ေမွ်ာ္လင့္ႏိုင္ေသးေၾကာင္း ေျပာခဲ့ပါ တယ္။ လီဗာပူဟာ လက္က်န္ပြဲစဥ္ ၂ ပြဲမွာ ခ်ဲလ္ဆီးနဲ႔ နယူးကာဆယ္တို႔ကို ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။