ဒေးဗစ်ဆေးလ်ဗားလိုမျိုး သူအနေနဲ့ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရူနီ

မန်စီးတီးကွင်းလယ်လူ ဒီဘရူနီက နွေရာသီအပြောင်းအရွှေ့မှာ ဆိုစီဒက်ကို ပြောင်းရွှေ့သွားတဲ့ အသင်းခေါင်ဆောင်း ဟောင်း ဒေးဗစ်ဆေးလ်ဗား စွမ်းဆောင်နိုင်ခဲ့သလိုမျိုး သူအနေနဲ့ လုပ်နိုင်မှာ မဟုတ်ဘဲ သူရဲ့ ကစားဟန်အတိုင်းသာ ကစားနိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးထဲမှာ ပါဝင် တဲ့ ဒီဘရူနီဟာ ဝုလ်ဗာဟမ်တန်ကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု PFA ကို ရခဲ့တဲ့ ဒီဘရူနီဟာ ၂၀၁၉-၂၀ ဘောလုံးရာ သီတုန်းက အာဆင်နယ်တိုက်စစ်မှူး အွန်နရီတင်ထားတဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး အကြိမ် ၂၀ ကို လိုက်မီ နိုင်ခဲ့ပါတယ်။ ဘောလုံးပရိသတ်တွေကို ဘယ်ဂျီယံကွင်းလယ်လူ ဒီဘရူနီကို လက်ရှိလောကရဲ့ အကောင်းဆုံးကွင်းလယ် လူ အဖြစ်သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။


ဝုလ်ဗာဟမ်တန်ကို အနိုင်ရတဲ့ပွဲအပြီးနောက်မှာတော့ ဒီဘရူနီက “ ဒေးဗစ်ဆေးလ်ဗားက ထူးချွန်တဲ့ ကစားသမားကောင်း တစ်ယောက်ပါ။ အသင်းအတွက် ဒေးဗစ်ဆေးလ်ဗား ပြုလုပ်ခဲ့တဲ့ ဂိုးဖန်တီးမှုတွေကို ကျွန်တော်အနေနဲ့ လုပ်နိုင်မယ်လို့ မ ထင်ပါဘူး။ အသင်းကို အမြဲကူညီနိုင်အောင်ပဲ ကြိုးစားပြီး လုပ်ကိုင်သွားမှာပါ။ လူတိုင်းမှာ သူရဲ့ ကိုယ်ပိုင်ကစားဟန် ရှိကြ ပါတယ်” လို့ ပြောခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးဆီက ပြန်လည်ရယူဖို့ ကြိုးစားရမယ့် မန်စီးတီးဟာ နွေရာသီအပြောင်းအရွှေ့မှာ တော့ ဘုန်းမောက်နောက်ခံလူ နသန်အကီနဲ့ ဗလင်စီယာကွင်းလယ်လူ ဖာရန်တောရက်စ်တို့ကို ခေါ်ယူထားပါတယ်။ ဒေး ဗစ်ဆေးလ်ဗားရဲ့ နေရာအတွက် လူငယ်ကစားသမား ဖိုဒန်က နေရာရလာနိုင်တယ်လို့ ခန့်မှန်းသတင်းတွေထွက်ပေါ်နေ ပေမယ့် ဒီဘရူနီက မန်စီးတီးကွင်းလယ်မှာ အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်နေပါတယ်။

zawgyi version

ေဒးဗစ္ေဆးလ္ဗားလိုမ်ိဳး သူအေနနဲ႔ စြမ္းေဆာင္ႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ မန္စီးတီးကြင္းလယ္လူ ဒီဘရူနီ
မန္စီးတီးကြင္းလယ္လူ ဒီဘရူနီက ေႏြရာသီအေျပာင္းအေရႊ႕မွာ ဆိုစီဒက္ကို ေျပာင္းေရႊ႕သြားတဲ့ အသင္းေခါင္ေဆာင္း ေဟာင္း ေဒးဗစ္ေဆးလ္ဗား စြမ္းေဆာင္ႏိုင္ခဲ့သလိုမ်ိဳး သူအေနနဲ႔ လုပ္ႏိုင္မွာ မဟုတ္ဘဲ သူရဲ႕ ကစားဟန္အတိုင္းသာ ကစားႏိုင္မွာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆံုးကြင္းလယ္ကစားသမားတစ္ဦးထဲမွာ ပါဝင္ တဲ့ ဒီဘရူနီဟာ ဝုလ္ဗာဟမ္တန္ကို သံုးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္ တစ္ဂိုးသြင္းၿပီး တစ္ဂိုးဖန္တီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕အေကာင္းဆံုးကစားသမားဆု PFA ကို ရခဲ့တဲ့ ဒီဘရူနီဟာ ၂၀၁၉-၂၀ ေဘာလံုးရာ သီတုန္းက အာဆင္နယ္တိုက္စစ္မွဴး အြန္နရီတင္ထားတဲ့ တစ္ရာသီအတြင္း ဂိုးဖန္တီးမႈအမ်ားဆံုး အၾကိမ္ ၂၀ ကို လိုက္မီ ႏိုင္ခဲ့ပါတယ္။ ေဘာလံုးပရိသတ္ေတြကို ဘယ္ဂ်ီယံကြင္းလယ္လူ ဒီဘရူနီကို လက္ရွိေလာကရဲ႕ အေကာင္းဆံုးကြင္းလယ္ လူ အျဖစ္သတ္မွတ္ထားၾကတာ ျဖစ္ပါတယ္။
ဝုလ္ဗာဟမ္တန္ကို အႏိုင္ရတဲ့ပြဲအၿပီးေနာက္မွာေတာ့ ဒီဘရူနီက “ ေဒးဗစ္ေဆးလ္ဗားက ထူးခြ်န္တဲ့ ကစားသမားေကာင္း တစ္ေယာက္ပါ။ အသင္းအတြက္ ေဒးဗစ္ေဆးလ္ဗား ျပဳလုပ္ခဲ့တဲ့ ဂိုးဖန္တီးမႈေတြကို ကြ်န္ေတာ္အေနနဲ႔ လုပ္ႏိုင္မယ္လို႔ မ ထင္ပါဘူး။ အသင္းကို အျမဲကူညီႏိုင္ေအာင္ပဲ ၾကိဳးစားၿပီး လုပ္ကိုင္သြားမွာပါ။ လူတိုင္းမွာ သူရဲ႕ ကိုယ္ပိုင္ကစားဟန္ ရွိၾက ပါတယ္” လို႔ ေျပာခဲ့ၾကပါတယ္။
ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို လီဗာပူးဆီက ျပန္လည္ရယူဖို႔ ၾကိဳးစားရမယ့္ မန္စီးတီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေတာ့ ဘုန္းေမာက္ေနာက္ခံလူ နသန္အကီနဲ႔ ဗလင္စီယာကြင္းလယ္လူ ဖာရန္ေတာရက္စ္တို႔ကို ေခၚယူထားပါတယ္။ ေဒး ဗစ္ေဆးလ္ဗားရဲ႕ ေနရာအတြက္ လူငယ္ကစားသမား ဖိုဒန္က ေနရာရလာႏုိင္တယ္လို႔ ခန္႔မွန္းသတင္းေတြထြက္ေပၚေန ေပမယ့္ ဒီဘရူနီက မန္စီးတီးကြင္းလယ္မွာ အေရးပါတဲ့ ကစားသမားတစ္ေယာက္ျဖစ္ေနပါတယ္။

စပို့တင်းလစ္စဘွန်း လူငယ်အကယ်ဒမီကို စီရော်နယ်ဒို လို့ အမည်ပြောင်းပြီး ဂုဏ်ပြုခဲ့တယ်လို့ သိရ

ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းက လူငယ်အကယ်ဒမီရဲ့ အမည်ကို ကစားသမားဟောင်း စီရော်နယ်ဒိုရဲ့အမည်ပြောင်း လဲပြီး ဂုဏ်ပြုခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၅ ကြိမ် ရရှိ ထားတဲ့ စီရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းလူငယ်အကယ်ဒမီက ထွက်ပေါ်လာတဲ့သူဖြစ်ပြီး လူငယ်တွေအနေနဲ့ စီရော် နယ်ဒိုကို အားကျအတုယူနိုင်အောင် အခုလို အမည်ပြောင်းလဲလိုက်တာ ဖြစ်ကြောင်းလည်း သိရပါတယ်။


စီရော်နယ်ဒိုဟာ အသက် ၁၂ နှစ်ကတည်းက စပို့တင်းလစ္စဘွန်းအသင်းကို ရောက်ရှိနေခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ စပို့တင်းလစ္စ ဘွန်းဘီ အသင်းမှာကစားခဲ့ပြီး အသင်းကြီးထံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းမှာ တစ်နှစ်တာ ကစားပြီး နောက်မှာ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ပထမဆုံးအကြိမ်ရရှိခဲ့ တာလည်း ဖြစ်ပါတယ်။


ယူနိုက်တက်မှာ ၆ နှစ်တာ ကစားခဲ့တဲ့အချိန်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို သုံးကြိမ်အထိရရှိခဲ့တဲ့ စီရော်နယ်ဒို ဟာ ၂၀၀၉ ခုနှစ်မှာ ရီးရဲလ်ကို ပြောင်းရွှေ့သွားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို နောက်ထပ် လေးကြိမ်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရီးရဲလ်မှာ ၉ နှစ်တာ ကစားပြီးနောက်မှာတော့ စီရော်နယ်ဒိုဟာ စီးရီးအေကလပ် ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့ တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်၊လာလီဂါနဲ့ စီးရီးအေပြိုင်ပွဲတွေမှာ အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။


စပိုတင်းလစ္စဘွန်း အကယ်ဒမီရဲ့ တာဝန်ရှိသူတွေကတော့ အခုလို စီရော်နယ်ဒိုရဲ့အမည်ပြောင်းလဲပြီး ဂုဏ်ပြုခဲ့ရခြင်းက အကယ်ဒမီမှာရှိတဲ့ လူငယ်ကစားသမားတွေအနေနဲ့ စီရော်နယ်ဒိုကို အားကျအတုယူပြီး သူလိုမျိုးဖြစ်အောင်အတွက် ရည် ရွယ်တယ်လို့ ပြောခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်းရဲ့ လူငယ်အကယ်ဒမီရဲ့ အမည်ဖြစ်တဲ့ Sporting Clube de Portugal ကနေ Academia Cristiano Ronaldo ဆိုပြီး ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

စပို႔တင္းလစၥဘြန္း လူငယ္အကယ္ဒမီကို စီေရာ္နယ္ဒို လို႔ အမည္ေျပာင္းၿပီး ဂုဏ္ျပဳခဲ့တယ္လို႔ သိရ
ေပၚတူဂီကလပ္ စပို႔တင္းလစၥဘြန္းက လူငယ္အကယ္ဒမီရဲ႕ အမည္ကို ကစားသမားေဟာင္း စီေရာ္နယ္ဒိုရဲ႕အမည္ေျပာင္း လဲၿပီး ဂုဏ္ျပဳခဲ့တယ္လို႔ ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ သိရပါတယ္။ ကမၻာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ၅ ၾကိမ္ ရရွိ ထားတဲ့ စီေရာ္နယ္ဒိုဟာ စပို႔တင္းလစၥဘြန္းလူငယ္အကယ္ဒမီက ထြက္ေပၚလာတဲ့သူျဖစ္ၿပီး လူငယ္ေတြအေနနဲ႔ စီေရာ္ နယ္ဒိုကို အားက်အတုယူႏိုင္ေအာင္ အခုလို အမည္ေျပာင္းလဲလိုက္တာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။
စီေရာ္နယ္ဒိုဟာ အသက္ ၁၂ ႏွစ္ကတည္းက စပို႔တင္းလစၥဘြန္းအသင္းကို ေရာက္ရွိေနခဲ့ၿပီး ၂၀၀၂ ခုႏွစ္မွာ စပို႔တင္းလစၥ ဘြန္းဘီ အသင္းမွာကစားခဲ့ၿပီး အသင္းၾကီးထံကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ စပို႔တင္းလစၥဘြန္းမွာ တစ္ႏွစ္တာ ကစားၿပီး ေနာက္မွာ ယူႏိုက္တက္ကို ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ ကမၻာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ပထမဆံုးအၾကိမ္ရရွိခဲ့ တာလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္မွာ ၆ ႏွစ္တာ ကစားခဲ့တဲ့အခ်ိန္အတြင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို သံုးၾကိမ္အထိရရွိခဲ့တဲ့ စီေရာ္နယ္ဒို ဟာ ၂၀၀၉ ခုႏွစ္မွာ ရီးရဲလ္ကို ေျပာင္းေရႊ႕သြားခဲ့ၿပီး ကမၻာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ေနာက္ထပ္ ေလးၾကိမ္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ရီးရဲလ္မွာ ၉ ႏွစ္တာ ကစားၿပီးေနာက္မွာေတာ့ စီေရာ္နယ္ဒိုဟာ စီးရီးေအကလပ္ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ခဲ့ တာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္၊လာလီဂါနဲ႔ စီးရီးေအၿပိဳင္ပြဲေတြမွာ အမွတ္ေပးခ်န္ပီယံဆုကို ရရွိခဲ့တဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္။
စပိုတင္းလစၥဘြန္း အကယ္ဒမီရဲ႕ တာဝန္ရွိသူေတြကေတာ့ အခုလို စီေရာ္နယ္ဒိုရဲ႕အမည္ေျပာင္းလဲၿပီး ဂုဏ္ျပဳခဲ့ရျခင္းက အကယ္ဒမီမွာရွိတဲ့ လူငယ္ကစားသမားေတြအေနနဲ႔ စီေရာ္နယ္ဒိုကို အားက်အတုယူၿပီး သူလိုမ်ိဳးျဖစ္ေအာင္အတြက္ ရည္ ရြယ္တယ္လို႔ ေျပာခဲ့ပါတယ္။ စပို႔တင္းလစၥဘြန္းရဲ႕ လူငယ္အကယ္ဒမီရဲ႕ အမည္ျဖစ္တဲ့ Sporting Clube de Portugal ကေန Academia Cristiano Ronaldo ဆိုၿပီး ေျပာင္းလဲခဲ့တာပဲ ျဖစ္ပါတယ္။

ရီးရဲလ်ရဲ့ ကမ်းလှမ်းမှု ၁၀ ကြိမ်ကို ပယ်ချခဲ့ဖူးတယ်လို့ ပြောခဲ့တဲ့ အာဆင်နယ်နောက်ခံလူဟောင်း လောရင့်

ရီးရဲလ်လိုအသင်းမျိုးက ကမ်းလှမ်းလာမယ်ဆိုရင် ငြင်းပယ်နိုင်တဲ့ ကစားသမားက အတော်ကို နည်းပါလိမ့်မယ်။ဒါပေမယ့် ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှု ၁၀ ကြိမ်လောက်ကို ပယ်ချခဲ့တဲ့ကစားသမားတစ်ဦးတော့ရှိပါတယ်။အဲ့ဒီသူကတော့ အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ လောရင့် ပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ လောရင့်က သူအနေနဲ့ အာဆင်နယ်မှာ ကစားချင်တာကြောင့် ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှု ၁၀ ကြိမ်ထက်မနည်းကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။


၂၀၀၀ ခုနှစ်တုန်းက မာယော့ကာအသင်းမှာ ရှိနေတဲ့ လောရင့်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်က ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ တာဖြစ်ပေမယ့် ကစားသမားကတော့ အာဆင်နယ်ကို ပြောင်းရွှေ့ကစားချင်တာကြောင့် ရီးရဲလ်ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။လောရင့်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ရီးရဲလ်အသင်းဒုတိယဥက္ကဌ တို့ အပြောင်းအရွှေ့အတွက် ဆွေးနွေး ခဲ့ပေမယ့် ကစားသမားကတော့ ဒေးဗစ်ဒိန်းနဲ့ အာစင်ဝင်ဂါးတို့ရှိတဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ချင်ခဲ့တာပဲ ဖြစ်ပါတယ်။


အာဆင်နယ်ကို ပေါင် ၇.၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လောရင့် ဟာ အသင်းမှာ ၇ နှစ်တာ ကစားခဲ့တဲ့ ကာလအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု နှစ်ကြိမ်အပါအဝင် ချန်ပီယံဆုဖလား ၅ ကြိမ်အထိ ရရှိခဲ့ပါတယ်။ လောရင့်ဟာ အာဆင်နယ် အသင်းရဲ့ စံချိန်တစ်ခုဖြစ်တဲ့ ၄၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်မှာလည်း အဓိက,ကစားနေရာက ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။


လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စရပ်ဖြစ်ပေမယ့် အာဆင်နယ်နောက်ခံလူဟောင်း လောရင့်က “ နောက်တစ်ကြိမ် ဘောလုံးကစားခွင့်ရမယ်ဆိုရင်လည်း အာဆင်နယ်အတွက်ပဲ ကစားပေးဦးမှာပါ။ အာဆင်နယ်ဟာ ကျွန်တော်ရဲ့မိသားစု လို ဖြစ်နေတဲ့နေရာပါ။ ပိုက်ဆံထက် ဆုဖလား ရယူဖို့အတွက်ပဲ အသင်းအတွက် ကစားသမားတွေရောက်လာတာပါ။ အနီး စပ်ဆုံးပြောရမယ်ဆိုရင် အူဘာမီယန်ရဲ့ အဖြစ်အပျက်ကို ကြည့်ကြပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ရီးရဲလ္ရဲ႕ ကမ္းလွမ္းမႈ ၁၀ ၾကိမ္ကို ပယ္ခ်ခဲ့ဖူးတယ္လို႔ ေျပာခဲ့တဲ့ အာဆင္နယ္ေနာက္ခံလူေဟာင္း ေလာရင့္
ရီးရဲလ္လိုအသင္းမ်ိဳးက ကမ္းလွမ္းလာမယ္ဆိုရင္ ျငင္းပယ္ႏုိင္တဲ့ ကစားသမားက အေတာ္ကို နည္းပါလိမ့္မယ္။ဒါေပမယ့္ ရီးရဲလ္အသင္းရဲ႕ ကမ္းလွမ္းမႈ ၁၀ ၾကိမ္ေလာက္ကို ပယ္ခ်ခဲ့တဲ့ကစားသမားတစ္ဦးေတာ့ရွိပါတယ္။အဲ့ဒီသူကေတာ့ အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ့ ေလာရင့္ ပဲ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ေလာရင့္က သူအေနနဲ႔ အာဆင္နယ္မွာ ကစားခ်င္တာေၾကာင့္ ရီးရဲလ္အသင္းရဲ႕ ကမ္းလွမ္းမႈ ၁၀ ၾကိမ္ထက္မနည္းကို ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
၂၀၀၀ ခုႏွစ္တုန္းက မာေယာ့ကာအသင္းမွာ ရွိေနတဲ့ ေလာရင့္ကို ေခၚယူဖို႔အတြက္ ရီးရဲလ္က ကမ္းလွမ္းမႈေတြျပဳလုပ္ခဲ့ တာျဖစ္ေပမယ့္ ကစားသမားကေတာ့ အာဆင္နယ္ကို ေျပာင္းေရႊ႕ကစားခ်င္တာေၾကာင့္ ရီးရဲလ္ရဲ႕ ကမ္းလွမ္းမႈေတြကို ပယ္ခ်ခဲ့တာ ျဖစ္ပါတယ္။ေလာရင့္ရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ ရီးရဲလ္အသင္းဒုတိယဥကၠဌ တို႔ အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြး ခဲ့ေပမယ့္ ကစားသမားကေတာ့ ေဒးဗစ္ဒိန္းနဲ႔ အာစင္ဝင္ဂါးတို႔ရွိတဲ့ အာဆင္နယ္ကို ေျပာင္းေရႊ႕ခ်င္ခဲ့တာပဲ ျဖစ္ပါတယ္။
အာဆင္နယ္ကို ေပါင္ ၇.၂ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ေလာရင့္ ဟာ အသင္းမွာ ၇ ႏွစ္တာ ကစားခဲ့တဲ့ ကာလအတြင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆု ႏွစ္ၾကိမ္အပါအဝင္ ခ်န္ပီယံဆုဖလား ၅ ၾကိမ္အထိ ရရွိခဲ့ပါတယ္။ ေလာရင့္ဟာ အာဆင္နယ္ အသင္းရဲ႕ စံခ်ိန္တစ္ခုျဖစ္တဲ့ ၄၉ ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္မွာလည္း အဓိက,ကစားေနရာက ပါဝင္ခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ႏွစ္ ၂၀ တုန္းက ျဖစ္ခဲ့တဲ့ ကိစၥရပ္ျဖစ္ေပမယ့္ အာဆင္နယ္ေနာက္ခံလူေဟာင္း ေလာရင့္က “ ေနာက္တစ္ၾကိမ္ ေဘာလံုးကစားခြင့္ရမယ္ဆိုရင္လည္း အာဆင္နယ္အတြက္ပဲ ကစားေပးဦးမွာပါ။ အာဆင္နယ္ဟာ ကြ်န္ေတာ္ရဲ႕မိသားစု လို ျဖစ္ေနတဲ့ေနရာပါ။ ပိုက္ဆံထက္ ဆုဖလား ရယူဖို႔အတြက္ပဲ အသင္းအတြက္ ကစားသမားေတြေရာက္လာတာပါ။ အနီး စပ္ဆံုးေျပာရမယ္ဆိုရင္ အူဘာမီယန္ရဲ႕ အျဖစ္အပ်က္ကို ၾကည့္ၾကပါ” လို႔ ေျပာခဲ့ပါတယ္။

အခုအသက်အရွယ်မှာ နှစ်ဂိုးသွင်းနိုင်ပေမယ့် အသက် ၂၀ တုန်းကဆိုရင် လေးဂိုးအထိ သွင်းနိုင်မယ်လို့ ပြောခဲ့တဲ့ အေဘရာဟီမိုဗစ်

၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ စီးရီးအေအဖွင့်ပွဲစဉ်အဖြစ် ဘိုလော့ဂ်နာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ အေစီမီ လန်ကတော့ တိုက်စစ်မှူး အေဘရာဟီမိုဗစ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ နည်းပြ ပိုင်အိုလီရဲ့လက်အောက်မှာ ပုံစံ ကောင်းရနေတဲ့ အေစီမီလန်ဟာ အိမ်ကွင်းပွဲစဉ်မှာတော့ အမှားအယွင်းမရှိဘဲ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံ နောက်ဆုံး ၁၉ ပွဲဆက် ရှုံးပွဲ မရှိခဲ့တာပဲ ဖြစ်ပါတယ်။


ဘိုလော့ဂ်နာကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ အေစီမီလန်အတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးသွင်းယူပေးခဲ့တဲ့ အေဘရာဟီမိုဗစ်က သူရဲ့လက်ရှိအသက်အရွယ်ကြောင့် နှစ်ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် အသက် ၂၀ ပဲရှိဦးမယ်ဆိုရင် ဘိုလော့ဂ်နာနဲ့ပွဲမှာ လေးဂိုး အထိ သွင်းယူနိုင်မယ်လို့ ပြောခဲ့ပါတယ်။ အေဘရာဟီမိုဗစ်ဟာ ဟက်ထရစ် ရယူနိုင်ဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် နောက်ထပ်တစ်ဂိုး မသွင်းယူနိုင်တာကို ရည်ရွယ်ပြီးပြောခဲ့တာဖြစ်ပါတယ်။


အေဘရာဟီမိုဗစ်အနေနဲ့ ဘိုလော့ဂ်နာနဲ့ ပွဲမှာသာ ဟက်ထရစ်သွင်းယူနိုင်ခဲ့မယ်ဆိုရင် စီးရီးအေပြိုင်ပွဲရဲ့ အသက်အကြီးဆုံး ဟက်ထရစ်ရသူအဖြစ်လည်း မှတ်တမ်းဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ပွဲအပြီးမှာတော့ အေဘရာဟီမိုဗစ်က “ ဒါက ဒီရာ သီအတွက် ဒုတိယမြောက် တရားဝင်ပြိုင်ပွဲပါ။ ကျွန်တော်တို့ အနိုင်ရခဲ့ပြီး ဒီထက် ဂိုးပိုသွင်းနိုင်ရမှာပါ။ ဒီပွဲမှာ နှစ်ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် အသက် ၂၀ တုန်းကသာ အခုပွဲကို ကစားခွင့်ရခဲ့မယ်ဆိုရင် လေးဂိုးအထိ သွင်းယူနိုင်မှာပါ” လို့ ပြောခဲ့ပါ တယ်။


အေစီမီလန်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ယူရိုပါလိဂ်ခြေစစ်ပွဲစဉ်အဖြစ် အိုင်ယာလန်ကလပ် ရှမ်ရော့ရိုဗာနဲ့ ကစားခဲ့ရပြီး အီဘရာဟီမိုဗစ်၊ ကယ်ဟာနိုဂလူတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာလည်း အေစီ မီလန်ဟာ ယူရိုပါလိဂ်တတိယအဆင့် ခြေစစ်ပွဲစဉ်အဖြစ် နော်ဝေကလပ် ဘိုဒိုဂျီမက် ကို အိမ်ကွင်းမှာလက်ခံကစားရမှာ ဖြစ် ပါတယ်။ ယူအီးအက်ဖ်အေက ခြေစစ်ပွဲအဆင့်ပွဲစဉ်တွေကို တစ်ကျော့တည်းယှဉ်ပြိုင်ကစားဖို့ ညွှန်ကြားထားတယ်လို့ သိရ ပါတယ်။

zawgyi version

အခုအသက္အရြယ္မွာ ႏွစ္ဂိုးသြင္းႏိုင္ေပမယ့္ အသက္ ၂၀ တုန္းကဆိုရင္ ေလးဂိုးအထိ သြင္းႏိုင္မယ္လို႔ ေျပာခဲ့တဲ့ ေအဘရာဟီမိုဗစ္
၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ စီးရီးေအအဖြင့္ပြဲစဥ္အျဖစ္ ဘိုေလာ့ဂ္နာအသင္းကို အိမ္ကြင္းမွာ လက္ခံကစားခဲ့တဲ့ ေအစီမီ လန္ကေတာ့ တိုက္စစ္မွဴး ေအဘရာဟီမိုဗစ္ရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ နည္းျပ ပိုင္အိုလီရဲ႕လက္ေအာက္မွာ ပံုစံ ေကာင္းရေနတဲ့ ေအစီမီလန္ဟာ အိမ္ကြင္းပြဲစဥ္မွာေတာ့ အမွားအယြင္းမရွိဘဲ အႏိုင္ရခဲ့တာေၾကာင့္ ၿပိဳင္ပြဲစံု ေနာက္ဆံုး ၁၉ ပြဲဆက္ ရႈံးပြဲ မရွိခဲ့တာပဲ ျဖစ္ပါတယ္။
ဘိုေလာ့ဂ္နာကို ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲမွာ ေအစီမီလန္အတြက္ အႏိုင္ဂိုးႏွစ္ဂိုးစလံုးသြင္းယူေပးခဲ့တဲ့ ေအဘရာဟီမိုဗစ္က သူရဲ႕လက္ရွိအသက္အရြယ္ေၾကာင့္ ႏွစ္ဂိုးသာ သြင္းႏိုင္ခဲ့ေပမယ့္ အသက္ ၂၀ ပဲရွိဦးမယ္ဆိုရင္ ဘိုေလာ့ဂ္နာနဲ႔ပြဲမွာ ေလးဂိုး အထိ သြင္းယူႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။ ေအဘရာဟီမိုဗစ္ဟာ ဟက္ထရစ္ ရယူႏိုင္ဖို႔ အခြင့္အေရးရရွိခဲ့ေပမယ့္ ေနာက္ထပ္တစ္ဂိုး မသြင္းယူႏိုင္တာကို ရည္ရြယ္ၿပီးေျပာခဲ့တာျဖစ္ပါတယ္။
ေအဘရာဟီမိုဗစ္အေနနဲ႔ ဘိုေလာ့ဂ္နာနဲ႔ ပြဲမွာသာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့မယ္ဆိုရင္ စီးရီးေအၿပိဳင္ပြဲဲရဲ႕ အသက္အၾကီးဆံုး ဟက္ထရစ္ရသူအျဖစ္လည္း မွတ္တမ္းဝင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ပြဲအၿပီးမွာေတာ့ ေအဘရာဟီမိုဗစ္က “ ဒါက ဒီရာ သီအတြက္ ဒုတိယေျမာက္ တရားဝင္ၿပိဳင္ပြဲပါ။ ကြ်န္ေတာ္တို႔ အႏိုင္ရခဲ့ၿပီး ဒီထက္ ဂိုးပိုသြင္းႏိုင္ရမွာပါ။ ဒီပြဲမွာ ႏွစ္ဂိုးသာ သြင္းႏိုင္ခဲ့ေပမယ့္ အသက္ ၂၀ တုန္းကသာ အခုပြဲကို ကစားခြင့္ရခဲ့မယ္ဆိုရင္ ေလးဂိုးအထိ သြင္းယူႏိုင္မွာပါ” လို႔ ေျပာခဲ့ပါ တယ္။
ေအစီမီလန္ဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ယူရိုပါလိဂ္ေျခစစ္ပြဲစဥ္အျဖစ္ အိုင္ယာလန္ကလပ္ ရွမ္ေရာ့ရိုဗာနဲ႔ ကစားခဲ့ရၿပီး အီဘရာဟီမိုဗစ္၊ ကယ္ဟာႏိုဂလူတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ လာမယ့္ ၾကာသပေတးေန႔မွာလည္း ေအစီ မီလန္ဟာ ယူရိုပါလိဂ္တတိယအဆင့္ ေျခစစ္ပြဲစဥ္အျဖစ္ ေနာ္ေဝကလပ္ ဘိုဒိုဂ်ီမက္ ကို အိမ္ကြင္းမွာလက္ခံကစားရမွာ ျဖစ္ ပါတယ္။ ယူအီးအက္ဖ္ေအက ေျခစစ္ပြဲအဆင့္ပြဲစဥ္ေတြကို တစ္ေက်ာ့တည္းယွဥ္ၿပိဳင္ကစားဖို႔ ညႊန္ၾကားထားတယ္လို႔ သိရ ပါတယ္။

 

အပြန်အလှန်လေးစားမှု ရှိပေမယ့် မက်ဆီ၊ ဆွာရက်ဇ် တို့နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေမဟုတ်ဘူးလို့ ပြောခဲ့တဲ့ ရာကီတစ်

နွေရာသီအပြောင်းအရွှေ့မှာ အပြောင်းအလဲပြုလုပ်နေတဲ့ ဘာစီလိုနာကနေ အသင်းဟောင်း ဆီဗီလာကို ပြန်ပြောင်းရွှေ့ခဲ့ တဲ့ ကွင်းလယ်ကစားသမား ရာကီတစ်က ဘာစီလိုနာမှာ ၆နှစ်ကြာကစားခဲ့တာ ဖြစ်ပေမယ့် အသင်းရဲ့ အဓိကတိုက်စစ်မှူး တွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ သူငယ်ချင်းလိုမျိုး ရင်းနှီးခဲ့မှု မရှိဘဲ အပြန်အလှန်လေးစားမှုပဲ ရှိတယ်ဆိုပြီး ပြောခဲ့ပါ တယ်။


EL Desmarque ကနေတဆင့် ရာကီတစ်က “ ကျွန်တော်ဘက်အခြမ်းကနေ ပြောရမယ်ဆိုရင် မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ ဘာစီလိုနာမှာ ၆ နှစ်လောက်တွဲကစားခဲ့ဖူးပေမယ့် သူတို့နဲ့ သူငယ်ချင်းတွေကို မရင်းနှီးခဲ့ပါဘူး။ အသင်းမှာ ရှိတဲ့ ကစား သမား ၂၃ ယောက် ဒါမှမဟုတ် ၂၄ လောက်စလုံး တစ်စုတစ်စည်းထဲ မဖြစ်နိုင်ပါဘူး။ ကျွန်တော်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တွေက အင်နီယေစတာ ၊ တာစတီဂန်၊ ပရင့်ဘိုတန်နဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီကဆိုရင်တော့ ဂျူနီယာဖာပို တို့ပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ရာကီတစ်က “ သူတို့ နှစ်ယောက်စလုံးက ဘာစီလိုနာအတွက် အရေးကြီးတဲ့ကစားသမားတွေပါ။သူတို့နဲ့ အ တူ ၆ နှစ်လောက် ဘောလုံးတွဲကစားခွင့်ရတဲ့အတွက်လည်း အံသြမိပါတယ်။ မရင်းနှီးပေမယ့် သူတို့နှစ်ယောက်စလုံးနဲ့ ကျွန်တော်ကြားမှာ အပြန်အလှန်လေးစားမှုတော့ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်းဖြစ်နေတုန်းက သူတို့နဲ့ အတူရှိခဲ့ပြီး ကူညီပေးခဲ့တာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ရာကီတစ်အနေနဲ့ ခရိုအေရှားလက်ရွေးစင်အသင်းကနေ အနားယူပြီလို့ သတင်းတွေက ဖော်ပြ ခဲ့ကြပါတယ်။ အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ ရာကီတစ်ဟာ ခရိုအေရှားလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၀၆ ပွဲကစား ပေးထားပြီး ၁၅ ဂိုးသွင်းယူထားနိုင်သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဗိုလ်လုပွဲတက်ခဲ့ တဲ့ ခရိုအေရှားအသင်းမှာ ရာကီတစ်ဟာ အဓိက,ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

zawgyi version

အျပန္အလွန္ေလးစားမႈ ရွိေပမယ့္ မက္ဆီ၊ ဆြာရက္ဇ္ တို႔နဲ႔ ရင္းႏွီးတဲ့သူငယ္ခ်င္းေတြမဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ ရာကီတစ္
ေႏြရာသီအေျပာင္းအေရႊ႕မွာ အေျပာင္းအလဲျပဳလုပ္ေနတဲ့ ဘာစီလိုနာကေန အသင္းေဟာင္း ဆီဗီလာကို ျပန္ေျပာင္းေရႊ႕ခဲ့ တဲ့ ကြင္းလယ္ကစားသမား ရာကီတစ္က ဘာစီလိုနာမွာ ၆ႏွစ္ၾကာကစားခဲ့တာ ျဖစ္ေပမယ့္ အသင္းရဲ႕ အဓိကတုိက္စစ္မွဴး ေတြျဖစ္တဲ့ မက္ဆီ၊ ဆြာရက္ဇ္တို႔နဲ႔ သူငယ္ခ်င္းလိုမ်ိဳး ရင္းႏွီးခဲ့မႈ မရွိဘဲ အျပန္အလွန္ေလးစားမႈပဲ ရွိတယ္ဆိုၿပီး ေျပာခဲ့ပါ တယ္။
EL Desmarque ကေနတဆင့္ ရာကီတစ္က “ ကြ်န္ေတာ္ဘက္အျခမ္းကေန ေျပာရမယ္ဆိုရင္ မက္ဆီ၊ ဆြာရက္ဇ္တို႔နဲ႔ ဘာစီလိုနာမွာ ၆ ႏွစ္ေလာက္တြဲကစားခဲ့ဖူးေပမယ့္ သူတို႔နဲ႔ သူငယ္ခ်င္းေတြကို မရင္းႏွီးခဲ့ပါဘူး။ အသင္းမွာ ရွိတဲ့ ကစား သမား ၂၃ ေယာက္ ဒါမွမဟုတ္ ၂၄ ေလာက္စလံုး တစ္စုတစ္စည္းထဲ မျဖစ္ႏိုင္ပါဘူး။ ကြ်န္ေတာ္ရဲ႕ ရင္းႏွီးတဲ့ သူငယ္ခ်င္း ေတြက အင္နီေယစတာ ၊ တာစတီဂန္၊ ပရင့္ဘိုတန္နဲ႔ ၿပီးခဲ့တဲ့ေဘာလံုးရာသီကဆိုရင္ေတာ့ ဂ်ဴနီယာဖာပို တို႔ပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ရာကီတစ္က “ သူတို႔ ႏွစ္ေယာက္စလံုးက ဘာစီလိုနာအတြက္ အေရးၾကီးတဲ့ကစားသမားေတြပါ။သူတို႔နဲ႔ အ တူ ၆ ႏွစ္ေလာက္ ေဘာလံုးတြဲကစားခြင့္ရတဲ့အတြက္လည္း အံၾသမိပါတယ္။ မရင္းႏွီးေပမယ့္ သူတို႔ႏွစ္ေယာက္စလံုးနဲ႔ ကြ်န္ေတာ္ၾကားမွာ အျပန္အလွန္ေလးစားမႈေတာ့ ရွိပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေလာ့ခ္ေဒါင္းျဖစ္ေနတုန္းက သူတို႔နဲ႔ အတူရွိခဲ့ၿပီး ကူညီေပးခဲ့တာေတြအတြက္လည္း ေက်းဇူးတင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာပဲ ရာကီတစ္အေနနဲ႔ ခရိုေအရွားလက္ေရြးစင္အသင္းကေန အနားယူၿပီလို႔ သတင္းေတြက ေဖာ္ျပ ခဲ့ၾကပါတယ္။ အသက္ ၃၂ ႏွစ္ရွိေနၿပီျဖစ္တဲ့ ရာကီတစ္ဟာ ခရိုေအရွားလက္ေရြးစင္အသင္းအတြက္ ပြဲေပါင္း ၁၀၆ ပြဲကစား ေပးထားၿပီး ၁၅ ဂိုးသြင္းယူထားႏိုင္သူလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကမၻာ့ဖလားၿပိဳင္ပြဲတုန္းက ဗိုလ္လုပြဲတက္ခဲ့ တဲ့ ခရိုေအရွားအသင္းမွာ ရာကီတစ္ဟာ အဓိက,ကစားသမားတစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။

ဗန်ဒိုက်ရဲ့ ကစားဟန်က အေးဆေးတည်ငြိမ်ပြီး ဘဝင်မြင့်နေတာ မဟုတ်ဘူးလို့ ထောက်ခံပေးခဲ့တဲ့ နယ်သာလန်တိုက်စစ် မှူးဟောင်း ဝင်းမ်ကိတ်ချ်

လီဗာပူးအသင်းရဲ့ အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ ဗန်ဒိုက်ခ်ရဲ့ ကစားဟန်ကြောင့် ဝေဖန်တဲ့သတင်းတွေထွက်နေပြီး အသင်းရဲ့ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ကာရေဂါက ဆိုရင် ဗန်ဒိုက်စ်အနေနဲ့ သူရဲ့စွမ်းဆောင်ရည်ကြောင့် ဘဝင်မြင့် နေတယ်လို့ သုံးသပ်ခဲ့ဖူးပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် လိဒ်နဲ့ကစားခဲ့တဲ့ပွဲတုန်းက ခံစစ်က သုံးဂိုး အထိ ပေးခဲ့ရတာကြောင့် ကာရေဂါကို ဗန်ဒိုက်စ်ကို ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။

နယ်သာလန်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ဝင်းမ်ကိတ်ချ်ကတော့ ဗန်ဒိုက်စ်ရဲ့ ကစားဟန်က တည်ငြိမ်အေးဆေးစွာ ကစားတတ်တာကြောင့် သူများတွေဝေဖန်နေသလိုမျိုး အောင်မြင်မှုတွေကြောင့် ဘဝင်မြင့်နေတာမဟုတ်ဘူးလို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။ အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ ဗန်ဒိုက်ခ်ဟာ လက်ရှိဘောလုံးလောကရဲ့ နောက်ခံလူတွေထဲမှာ ကမ္ဘာ့ အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် ပါဝင်နေသူလည်း ဖြစ်ပါတယ်။

နယ်သာလန်အသင်းနဲ့အတူ ယူရို ၈၈ ပြိုင်ပွဲတုန်းက အောင်မြင်မှုရခဲ့တဲ့ ဝင်းမ်ကိတ်ချ်က “ ဗန်ဒိုက်က ကစားသမားကောင်း တစ်ယောက်ဆိုတာ အားလုံးသိပြီးသားပါ။ သူများတွေပြောသလို သူအနေနဲ့ ဘဝင်မြင့်နေတာမျိုးမဟုတ်ပါဘူး။ တစ်ခါ တလေ ဗန်ဒိုက်အနေနဲ့ ရှေ့တန်းကို ရောက်နေတဲ့ အချိန်မျိုးတွေမှာတော့ သူအနေနဲ့ ခံစစ်အတွက် အမှားတွေပြုလုပ်နိုင် ပါတယ်။” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဝင်းမ်ကိတ်ချ်က ဗန်ဒိုက်ခ် ဦးဆောင်တဲ့ လီဗာပူးဟာ တိုက်စစ်အားကောင်းတဲ့ ချဲလ်ဆီးနဲ့ပွဲမှာဆိုရင် ပေးဂိုး မရှိအောင် အကောင်းဆုံးကစားနိုင်ခဲ့တာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာ လီဗာပူးအသင်းရဲ့နောက် ခံလူတွေဖြစ်တဲ့ ဂိုမက်ဇ်နဲ့ မာတစ်တို့ ဒဏ်ရာကြောင့် မကစားနိုင်ချိန်မှာ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖာဘင်ဟိုက ဗန်ဒိုက်ခ် ရဲ့ တွဲပြီး ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့တာဖြစ်ပေမယ့် နှစ်ယောက်စလုံးခြေစွမ်းပြနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကို ဂိုးမပေးခဲ့ ရတာ ဖြစ်ပါတယ်။

zawgyi version

ဗန္ဒိုက္ရဲ႕ ကစားဟန္က ေအးေဆးတည္ျငိမ္ၿပီး ဘဝင္ျမင့္ေနတာ မဟုတ္ဘူးလို႔ ေထာက္ခံေပးခဲ့တဲ့ နယ္သာလန္တိုက္စစ္ မွဴးေဟာင္း ဝင္းမ္ကိတ္ခ်္
လီဗာပူးအသင္းရဲ႕ အဓိက,ကစားသမားတစ္ဦးျဖစ္တဲ့ ဗန္ဒိုက္ခ္ရဲ႕ ကစားဟန္ေၾကာင့္ ေဝဖန္တဲ့သတင္းေတြထြက္ေနၿပီး အသင္းရဲ႕ေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ကာေရဂါက ဆိုရင္ ဗန္ဒိုက္စ္အေနနဲ႔ သူရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ ဘဝင္ျမင့္ ေနတယ္လို႔ သံုးသပ္ခဲ့ဖူးပါတယ္။ လီဗာပူးဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ လိဒ္နဲ႔ကစားခဲ့တဲ့ပြဲတုန္းက ခံစစ္က သံုးဂိုး အထိ ေပးခဲ့ရတာေၾကာင့္ ကာေရဂါကို ဗန္ဒိုက္စ္ကို ေဝဖန္ခဲ့တာပဲ ျဖစ္ပါတယ္။
နယ္သာလန္တိုက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ ဝင္းမ္ကိတ္ခ်္ကေတာ့ ဗန္ဒိုက္စ္ရဲ႕ ကစားဟန္က တည္ျငိမ္ေအးေဆးစြာ ကစားတတ္တာေၾကာင့္ သူမ်ားေတြေဝဖန္ေနသလိုမ်ိဳး ေအာင္ျမင္မႈေတြေၾကာင့္ ဘဝင္ျမင့္ေနတာမဟုတ္ဘူးလို႔ ကာကြယ္ ေျပာဆိုခဲ့ပါတယ္။ အသက္ ၂၉ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဗန္ဒိုက္ခ္ဟာ လက္ရွိေဘာလံုးေလာကရဲ႕ ေနာက္ခံလူေတြထဲမွာ ကမၻာ့ အေကာင္းဆံုးေနာက္ခံလူတစ္ဦးအျဖစ္ ပါဝင္ေနသူလည္း ျဖစ္ပါတယ္။
နယ္သာလန္အသင္းနဲ႔အတူ ယူရို ၈၈ ၿပိဳင္ပြဲတုန္းက ေအာင္ျမင္မႈရခဲ့တဲ့ ဝင္းမ္ကိတ္ခ်္က “ ဗန္ဒိုက္က ကစားသမားေကာင္း တစ္ေယာက္ဆိုတာ အားလံုးသိၿပီးသားပါ။ သူမ်ားေတြေျပာသလို သူအေနနဲ႔ ဘဝင္ျမင့္ေနတာမ်ိဳးမဟုတ္ပါဘူး။ တစ္ခါ တေလ ဗန္ဒိုက္အေနနဲ႔ ေရွ႕တန္းကို ေရာက္ေနတဲ့ အခ်ိန္မ်ိဳးေတြမွာေတာ့ သူအေနနဲ႔ ခံစစ္အတြက္ အမွားေတြျပဳလုပ္ႏိုင္ ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဝင္းမ္ကိတ္ခ်္က ဗန္ဒိုက္ခ္ ဦးေဆာင္တဲ့ လီဗာပူးဟာ တိုက္စစ္အားေကာင္းတဲ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာဆိုရင္ ေပးဂိုး မရွိေအာင္ အေကာင္းဆံုးကစားႏိုင္ခဲ့တာကိုလည္း ေထာက္ျပေျပာဆိုခဲ့ပါတယ္။ ခ်ဲလ္ဆီးနဲ႔ပြဲမွာ လီဗာပူးအသင္းရဲ႕ေနာက္ ခံလူေတြျဖစ္တဲ့ ဂိုမက္ဇ္နဲ႔ မာတစ္တို႔ ဒဏ္ရာေၾကာင့္ မကစားႏုိင္ခ်ိန္မွာ ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဖာဘင္ဟိုက ဗန္ဒိုက္ခ္ ရဲ႕ တြဲၿပီး ဗဟိုေနာက္ခံလူအျဖစ္ ကစားခဲ့တာျဖစ္ေပမယ့္ ႏွစ္ေယာက္စလံုးေျခစြမ္းျပႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကို ဂိုးမေပးခဲ့ ရတာ ျဖစ္ပါတယ္။

ယူနိုက်တက် အနေနဲ့ ဆိုးလ်ရှားရဲ့ လက်အောက်မှာတော့ ချန်ပီယံဆု ရမှာမဟုတ်ဘူးလို့ Goal သတင်းဌာနရဲ့ ဆောင်းပါး ရှင် အဲလက်စ်ကီဘယ်လ်က သုံးသပ်ခဲ့

အင်္ဂလန်အဆင့်မြင့်တန်းကနေ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲလိုက်ချိန်အထိ အောင်မြင်မှုအများဆုံးရခဲ့တဲ့ ယူနိုက် တက်အနေနဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိမှာမဟုတ်ဘူးလို့ Goal သတင်းဌာနရဲ့ ဆောင်းပါးရှင် အဲလက်စ်ကီဘယ်လ်က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ အမှတ်ပေးချန်ပီယံအဖြစ် အကြိမ် ၂၀ မြောက်ကို ၂၀၁၃ ခုနှစ်က နောက်ဆုံး ရရှိခဲ့တာပဲ ဖြစ်ပါတယ်။


အသင်းရဲ့ဂန္တဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန် အနားယူပြီးနောက်မှာ အမှတ်ပေးချန်ပီယံဆုကို ယူနိုက်တက်အနေနဲ့ မရခဲ့သလို ပြိုင်ဘက်အသင်းတွေကလည်း အာဆင်နယ်အပြင် ချဲလ်ဆီး၊ လီဗာပူးနဲ့ မန်စီးတီးတို့ ဖြစ်လာပါတယ်။ ရုရှား သူဌေးပိုင်ဆိုင်တဲ့ ချဲလ်ဆီးအသင်းရဲ့ပြင်ဆင်မှုတွေနဲ့ လီဗာပူး၊ မန်စီးတီးတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်ကြောင့် ယူနိုက်တက် အနေနဲ့ အမှတ်ပေးချန်ပီယံဖြစ်ဖို့ အတွက် ခက်ခဲကြောင်းကို အဲလက်စ်ကီဘယ်လ်က သုံးသပ်ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ ကိုဗစ်အလွန်ပွဲစဉ်တွေမှာ ခြေစွမ်းကောင်းရခဲ့တာကြောင့် ဒီရာသီမှာ အောင်မြင်မှုပြန်ရနိုင်မယ်လို့ ပရိ သတ်တွေအနေနဲ့ မျှော်လင့်ထားကြပေမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ်ကစားတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ယူနိုက် တက်အသင်းရဲ့ကစားပုံက စွဲမက်စရာမရှိသလို၊ အားနည်းချက်တွေလည်း ရှိနေတယ်ဆိုပြီး ဖော်ပြခဲ့ကြပါတယ်။ ယူနိုက် တက်ဟာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမယ့် သုံးဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။


ဆောင်းပါးရှင်ဖြစ်တဲ့ အဲလက်စ်ကီဘယ်လ်က မော်ဒန်ဘောလုံးလောကမှာ တိုက်စစ်အားပြုကစားတဲ့အသင်းက ပြိုင်ဘက် ကို အသာရလေ့ရှိတယ်လို့ ရေးသားဖော်ပြခဲ့ပြီး လီဗာပူး၊ မန်စီးတီးတို့ရဲ့ ကစားဟန်အပြင် ချဲလ်ဆီး၊စပါးတို့ရဲ့ ကစားဟန် တွေအကြောင်းကိုလည်း ဖော်ပြခဲ့ပါတယ်။ မော်ရင်ဟိုလို ခံစစ်အားပြုတဲ့ နည်းပြမျိုးတောင် တိုက်စစ်ဆင်ကစားနေချိန်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်က အားရစရာမရှိဘူးလို့လည်း အဲလက်စ်ကီဘယ်လ်က ရေးသားခဲ့တာ ဖြစ်ပါတယ်။

zawgyi version

ယူႏိုက္တက္ အေနနဲ႔ ဆိုးလ္ရွားရဲ႕ လက္ေအာက္မွာေတာ့ ခ်န္ပီယံဆု ရမွာမဟုတ္ဘူးလို႔ Goal သတင္းဌာနရဲ႕ ေဆာင္းပါး ရွင္ အဲလက္စ္ကီဘယ္လ္က သံုးသပ္ခဲ့

အဂၤလန္အဆင့္ျမင့္တန္းကေန ပရီးမီးယားလိဂ္လို႔ အမည္ေျပာင္းလဲလိုက္ခ်ိန္အထိ ေအာင္ျမင္မႈအမ်ားဆံုးရခဲ့တဲ့ ယူႏိုက္ တက္အေနနဲ႔ လက္ရွိနည္းျပ ဆိုးလ္ရွားရဲ႕ လက္ေအာက္မွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရရွိမွာမဟုတ္ဘူးလို႔ Goal သတင္းဌာနရဲ႕ ေဆာင္းပါးရွင္ အဲလက္စ္ကီဘယ္လ္က ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္ဟာ အမွတ္ေပးခ်န္ပီယံအျဖစ္ အၾကိမ္ ၂၀ ေျမာက္ကို ၂၀၁၃ ခုႏွစ္က ေနာက္ဆံုး ရရွိခဲ့တာပဲ ျဖစ္ပါတယ္။
အသင္းရဲ႕ဂႏၱဝင္နည္းျပၾကီး ဆာအဲလက္ဖာဂူဆန္ အနားယူၿပီးေနာက္မွာ အမွတ္ေပးခ်န္ပီယံဆုကို ယူႏိုက္တက္အေနနဲ႔ မရခဲ့သလို ၿပိဳင္ဘက္အသင္းေတြကလည္း အာဆင္နယ္အျပင္ ခ်ဲလ္ဆီး၊ လီဗာပူးနဲ႔ မန္စီးတီးတို႔ ျဖစ္လာပါတယ္။ ရုရွား သူေဌးပိုင္ဆိုင္တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ျပင္ဆင္မႈေတြနဲ႔ လီဗာပူး၊ မန္စီးတီးတို႔ရဲ႕ လက္ရွိစြမ္းေဆာင္ရည္ေၾကာင့္ ယူႏိုက္တက္ အေနနဲ႔ အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ အတြက္ ခက္ခဲေၾကာင္းကို အဲလက္စ္ကီဘယ္လ္က သံုးသပ္ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ကိုဗစ္အလြန္ပြဲစဥ္ေတြမွာ ေျခစြမ္းေကာင္းရခဲ့တာေၾကာင့္ ဒီရာသီမွာ ေအာင္ျမင္မႈျပန္ရႏိုင္မယ္လို႔ ပရိ သတ္ေတြအေနနဲ႔ ေမွ်ာ္လင့္ထားၾကေပမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ကစားတဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲစဥ္မွာ ယူႏိုက္ တက္အသင္းရဲ႕ကစားပံုက စြဲမက္စရာမရွိသလို၊ အားနည္းခ်က္ေတြလည္း ရွိေနတယ္ဆိုၿပီး ေဖာ္ျပခဲ့ၾကပါတယ္။ ယူႏိုက္ တက္ဟာ ခရစၥတယ္ပဲေလ့စ္ကို အိမ္ကြင္းမွာ ကစားရတာျဖစ္ေပမယ့္ သံုးဂိုးတစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။
ေဆာင္းပါးရွင္ျဖစ္တဲ့ အဲလက္စ္ကီဘယ္လ္က ေမာ္ဒန္ေဘာလံုးေလာကမွာ တိုက္စစ္အားျပဳကစားတဲ့အသင္းက ျပိဳင္ဘက္ ကို အသာရေလ့ရွိတယ္လို႔ ေရးသားေဖာ္ျပခဲ့ၿပီး လီဗာပူး၊ မန္စီးတီးတို႔ရဲ႕ ကစားဟန္အျပင္ ခ်ဲလ္ဆီး၊စပါးတို႔ရဲ႕ ကစားဟန္ ေတြအေၾကာင္းကိုလည္း ေဖာ္ျပခဲ့ပါတယ္။ ေမာ္ရင္ဟိုလို ခံစစ္အားျပဳတဲ့ နည္းျပမ်ိဳးေတာင္ တိုက္စစ္ဆင္ကစားေနခ်ိန္မွာ ယူႏိုက္တက္ရဲ႕ တိုက္စစ္က အားရစရာမရွိဘူးလို႔လည္း အဲလက္စ္ကီဘယ္လ္က ေရးသားခဲ့တာ ျဖစ္ပါတယ္။

နောက်ထပ် ပေါ်တူဂီသား တစ်ယောက်ဖြစ်တဲ့ ဆီမီဒိုကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ ဝုဗ် အသင်း

အသင်းမှာ ပေါ်တူဂီနိုင်ငံ ကိုယ်စားပြုသူတွေများနေတာကြောင့် ပရီးမီးယားလိဂ်ရဲ့ ပေါ်တူဂီအသင်းလို့ ခေါ်ခံနေရတဲ့ ဝုလ် ဗာဟမ်တန်အသင်းဟာ နောက်ထပ်ပေါ်တူဂီကစားသမားသစ်တစ်ဦးကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဝုလ်ဗာဟမ် တန်အသင်းက ခေါ်ယူမယ့် ကစားသမားကတော့ ဘာစီလိုနာညာနောက်ခံလူဖြစ်တဲ့ ဆီမီဒို ဖြစ်ပြီး ပေါင် ၃၅ သန်းနဲ့ ခေါ် ယူဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။


စပါးအသင်းကို ပြောင်းရွှေ့သွားတဲ့ ညာနောက်ခံလူနေရာအတွက် ဝုလ်ဗာဟမ်တန်ဟာ ကစားသမားသစ် ရှာဖွေနေတာ ဖြစ်ပြီး ဘာစီလိုနာမှာ ရုန်းကန်နေရတဲ့ ဆီမီဒိုကို ခေါ်ယူဖို့အတွက် စီစဉ်ခဲ့တာပဲ ဖြစ်တယ်လို့ Guardian သတင်းဌာနရဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုကတော့ ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းရဲ့ လက်အောက်မှာ ဆီမီဒိုအနေနဲ့ ပုံမှန်ကစားခွင့်ရဖို့ မလွယ်တာကြောင့် အသင်းပြောင်းရွှေ့မယ့်သတင်းတွေလည်း ထွက် ပေါ်နေခဲ့တာ ဖြစ်ပါတယ်။


ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ ဘာစီလိုနာညာနောက်ခံလူဟာ ဝုလ်ဗာဟမ်တန်အသင်းကို ပြောင်းရွှေ့ဖို့အ တွ့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ ပါဝင်ခဲ့ပါတယ်။ လာမယ့်အပတ်မှာ ဆီမီဒို အနေနဲ့ အင်္ဂလန်ကိုလာပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုပြုလုပ်မယ်လို့လည်း သိရပါတယ်။


၂၀၁၇ ခုနှစ်ကတည်းက ဘာစီလိုနာကို ရောက်ရှိနေခဲ့တဲ့ ဆီမီဒိုဟာ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၂၄ ပွဲအထိ ကစားပေးခဲ့သူုဖြစ်ပြီး အသင်းရဲ့ အဓိက,ကစားသမားတစ်ဦးလို့ ဆိုရမှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ရာသီဖြစ်ခဲ့သလို ဘိုင်ယန်မြူး နစ်ကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အရှက်တကွဲ ရှုံးခဲ့ရတာကြောင့် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေသူလည်းဖြစ်ပါတယ်။ ဆီမီဒို အနေနဲ့ ဝုလ်ဗာဟမ်တန်ကို ပြောင်းရွှေ့လာပါက နွေရာသီအပြောင်းအရွှေ့မှာ ဝုဗ်အနေနဲ့ ကစားသမား ၅ဦးမြောက် အဖြစ် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

zawgyi version

ေနာက္ထပ္ ေပၚတူဂီသား တစ္ေယာက္ျဖစ္တဲ့ ဆီမီဒိုကို ေပါင္ ၃၅ သန္းနဲ႔ ေခၚယူဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ ဝုဗ္ အသင္း
အသင္းမွာ ေပၚတူဂီႏိုင္ငံ ကိုယ္စားျပဳသူေတြမ်ားေနတာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ ေပၚတူဂီအသင္းလို႔ ေခၚခံေနရတဲ့ ဝုလ္ ဗာဟမ္တန္အသင္းဟာ ေနာက္ထပ္ေပၚတူဂီကစားသမားသစ္တစ္ဦးကို ေခၚယူဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။ ဝုလ္ဗာဟမ္ တန္အသင္းက ေခၚယူမယ့္ ကစားသမားကေတာ့ ဘာစီလိုနာညာေနာက္ခံလူျဖစ္တဲ့ ဆီမီဒို ျဖစ္ၿပီး ေပါင္ ၃၅ သန္းနဲ႔ ေခၚ ယူဖို႔ စီစဥ္ေနတာျဖစ္တယ္လို႔ သိရပါတယ္။
စပါးအသင္းကို ေျပာင္းေရႊ႕သြားတဲ့ ညာေနာက္ခံလူေနရာအတြက္ ဝုလ္ဗာဟမ္တန္ဟာ ကစားသမားသစ္ ရွာေဖြေနတာ ျဖစ္ၿပီး ဘာစီလိုနာမွာ ရုန္းကန္ေနရတဲ့ ဆီမီဒိုကို ေခၚယူဖို႔အတြက္ စီစဥ္ခဲ့တာပဲ ျဖစ္တယ္လို႔ Guardian သတင္းဌာနရဲ႕ သတင္းေထာက္တစ္ဦးျဖစ္တဲ့ ဖာဘရီဇီယို ရိုမာႏိုကေတာ့ ေဖာ္ျပခဲ့ပါတယ္။ ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းရဲ႕ လက္ေအာက္မွာ ဆီမီဒိုအေနနဲ႔ ပံုမွန္ကစားခြင့္ရဖို႔ မလြယ္တာေၾကာင့္ အသင္းေျပာင္းေရႊ႕မယ့္သတင္းေတြလည္း ထြက္ ေပၚေနခဲ့တာ ျဖစ္ပါတယ္။
ဖာဘရီဇီယို ရိုမာႏိုရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ဘာစီလိုနာညာေနာက္ခံလူဟာ ဝုလ္ဗာဟမ္တန္အသင္းကို ေျပာင္းေရႊ႕ဖို႔အ တြ႕္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၆ သန္းနဲ႔ ငါးႏွစ္စာခ်ဳပ္ ခ်ုပ္ဆိုခဲ့တာျဖစ္တယ္လို႔ ပါဝင္ခဲ့ပါတယ္။ လာမယ့္အပတ္မွာ ဆီမီဒို အေနနဲ႔ အဂၤလန္ကိုလာၿပီး အေျပာင္းအေရႊ႕အတြက္ ေဆးစစ္မႈျပဳလုပ္မယ္လို႔လည္း သိရပါ တယ္။
၂၀၁၇ ခုႏွစ္ကတည္းက ဘာစီလိုနာကို ေရာက္ရွိေနခဲ့တဲ့ ဆီမီဒိုဟာ ၿပိဳင္ပြဲစံု ပြဲေပါင္း ၁၂၄ ပြဲအထိ ကစားေပးခဲ့သူုျဖစ္ၿပီး အသင္းရဲ႕ အဓိက,ကစားသမားတစ္ဦးလို႔ ဆိုရမွာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ရာသီက ဖလားလက္မဲ့ရာသီျဖစ္ခဲ့သလို ဘိုင္ယန္ျမဴး နစ္ကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အရွက္တကြဲ ရႈံးခဲ့ရတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔ စဥ္းစားေနသူလည္းျဖစ္ပါတယ္။ ဆီမီဒို အေနနဲ႔ ဝုလ္ဗာဟမ္တန္ကို ေျပာင္းေရႊ႕လာပါက ေႏြရာသီအေျပာင္းအေရႊ႕မွာ ဝုဗ္အေနနဲ႔ ကစားသမား ၅ဦးေျမာက္ အျဖစ္ ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဂျူဗင်တပ်က ဆွာရက်ဇ် ကို မခေါ်တော့ဘူးဆိုတာကို အတည်ပြုခဲ့တဲ့ အားကစားဒါရိုက်တာ ပါရာတီဆီ

ဂျူဗင်တပ်အသင်းအားကစားဒါရိုက်တာ ဖေဘီယို ပါရာတီဆီက ဘာစီလိုနာကနေထွက်ဖို့ ရှိနေတဲ့ တိုက်စစ်မှူး ဆွာရက်ဇ် ကို အသင်းအနေနဲ့ ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ အတည်ပြုပြောခဲ့ပါတယ်။ အစောပိုင်းတုန်းက ဆွာရက်ဇ်နဲ့ ဂျူဗင်တပ် တို့ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုထားပြီး အပြောင်းအရွှေ့အတွက် နိုင်ငံကူးလက်မှတ်ရဖို့ စောင့်ဆိုင်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းတုန်းက ဆွာရက်ဇ် အနေနဲ့ နိုင်ငံကူးလက်မှတ်ရဖို့အတွက် အီတလီဘာသာစကား စာမေးပွဲဖြေဆို ခဲ့ပြီး အောင်မြင်မှုရခဲ့တာကြောင့် ဂျူဗင်တပ်အသင်းကို ယူရို ၁၀ သန်းနဲ့ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေက ခိုင်မာ စွာ ထွက်ပေါ်ခဲ့ပေမယ့် အခုချိန်မှာတော့ ဂျူဗင်တပ်အားကစားဒါရိုက်တာ ပါရာတီဆီက ဆွာရက်ဇ်ကို ဂျူဗင်တပ်အနေနဲ့ ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။


ဂျူဗင်တပ်ဟာ ဆွာရက်ဇ်ကို ခေါ်ယူတော့မဟုတ်ပေမယ့် ရိုးမားက ဒီဇီကို ကိုခေါ်ယူဖို့အတွက် နီးစပ်နေပြီလို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရိုးမားရဲ့ စီးရီးအေအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဗီရိုနာနဲ့ ပွဲမှာတော့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဒီဇီကို ဟာ အရန်စာရင်းမှာပဲ ရှိနေခဲ့ပြီး ပါဝင်ကစားခဲ့ခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။ အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ ဒီဇီကို ဟာ ရိုးမားအသင်းရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။


ဂျူဗင်တပ်အသင်းဒါရိုက်တာ ဖေဘီယိုပါရာတီဆီက “ အသင်းမှာ တိုက်စစ်မှူးလိုအပ်တယ်ဆိုပေမယ့် တစ်ဦးကိုပဲ ခေါ်ယူ ဖို့ လိုတာပါ။ နှစ်ဦးအထိခေါ်ယူဖို့ မလိုအပ်ပါဘူး။ လက်ရှိမှာ စီးရီးအေအတွေ့အကြုံပိုများတဲ့ ဒီဇီကို ကိုခေါ်ယူဖို့က အခွင့် အရေးပိုကောင်းနေတာကြောင့် အသင်းအနေနဲ့ ဆွာရက်ဇ်ကို ခေါ်ယူတော့မှာ မဟုတ်ဘူး” လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဆွာ ရက်ဇ်ကို အသင်းဟောင်းတွေဖြစ်တဲ့ အေဂျက်နဲ့ လီဗာပူးတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

ဂ်ဴဗင္တပ္က ဆြာရက္ဇ္ ကို မေခၚေတာ့ဘူးဆိုတာကို အတည္ျပဳခဲ့တဲ့ အားကစားဒါရိုက္တာ ပါရာတီဆီ

ဂ်ဴဗင္တပ္အသင္းအားကစားဒါရိုက္တာ ေဖဘီယို ပါရာတီဆီက ဘာစီလိုနာကေနထြက္ဖို႔ ရွိေနတဲ့ တိုက္စစ္မွဴး ဆြာရက္ဇ္ ကို အသင္းအေနနဲ႔ ေခၚယူေတာ့မွာ မဟုတ္ဘူးလို႔ အတည္ျပဳေျပာခဲ့ပါတယ္။ အေစာပိုင္းတုန္းက ဆြာရက္ဇ္နဲ႔ ဂ်ဴဗင္တပ္ တို႔ဟာ ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈထားၿပီး အေျပာင္းအေရႊ႕အတြက္ ႏိုင္ငံကူးလက္မွတ္ရဖို႔ ေစာင့္ဆိုင္းေနတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းတုန္းက ဆြာရက္ဇ္ အေနနဲ႔ ႏိုင္ငံကူးလက္မွတ္ရဖို႔အတြက္ အီတလီဘာသာစကား စာေမးပြဲေျဖဆို ခဲ့ၿပီး ေအာင္ျမင္မႈရခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္အသင္းကို ယူရို ၁၀ သန္းနဲ႔ ေျပာင္းေရႊ႕ေတာ့မယ္ဆိုတဲ့ သတင္းေတြက ခုိင္မာ စြာ ထြက္ေပၚခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ဂ်ဴဗင္တပ္အားကစားဒါရိုက္တာ ပါရာတီဆီက ဆြာရက္ဇ္ကို ဂ်ဴဗင္တပ္အေနနဲ႔ ေခၚယူေတာ့မွာ မဟုတ္ဘူးလို႔ အတည္ျပဳေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္ဟာ ဆြာရက္ဇ္ကို ေခၚယူေတာ့မဟုတ္ေပမယ့္ ရိုးမားက ဒီဇီကို ကိုေခၚယူဖို႔အတြက္ နီးစပ္ေနၿပီလို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ရိုးမားရဲ႕ စီးရီးေအအဖြင့္ပြဲစဥ္ျဖစ္တဲ့ ဗီရိုနာနဲ႔ ပြဲမွာေတာ့ အဓိကတိုက္စစ္မွဴးျဖစ္တဲ့ ဒီဇီကို ဟာ အရန္စာရင္းမွာပဲ ရွိေနခဲ့ၿပီး ပါဝင္ကစားခဲ့ျခင္းမရွိတာကိုလည္း ေတြ႔ရပါတယ္။ အသက္ ၃၄ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဒီဇီကို ဟာ ရိုးမားအသင္းရဲ႕ ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္အသင္းဒါရိုက္တာ ေဖဘီယိုပါရာတီဆီက “ အသင္းမွာ တိုက္စစ္မွဴးလိုအပ္တယ္ဆိုေပမယ့္ တစ္ဦးကိုပဲ ေခၚယူ ဖို႔ လိုတာပါ။ ႏွစ္ဦးအထိေခၚယူဖို႔ မလိုအပ္ပါဘူး။ လက္ရွိမွာ စီးရီးေအအေတြ႕အၾကံဳပိုမ်ားတဲ့ ဒီဇီကို ကိုေခၚယူဖို႔က အခြင့္ အေရးပိုေကာင္းေနတာေၾကာင့္ အသင္းအေနနဲ႔ ဆြာရက္ဇ္ကို ေခၚယူေတာ့မွာ မဟုတ္ဘူး” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။ ဆြာ ရက္ဇ္ကို အသင္းေဟာင္းေတြျဖစ္တဲ့ ေအဂ်က္နဲ႔ လီဗာပူးတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ချဲလ်ဆီးကစားသမား ခရစ္စတန်ဆန်ရဲ့အနီကတ်ပြခံရချိန်မှာ လက်ခုပ်တီးခဲ့တဲ့ အဖွဲ့ဝင်ကြောင့် မပျော်မရွှင်ဖြစ်နေတဲ့ ကလော့ပ်

ပြန်လည်စတင်နေပြီဖြစ်တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲလည်း ပါဝင်တာဖြစ်ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ချဲလ်ဆီး နဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ လီဗာပူးက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သလို ချဲလ်ဆီးကလည်း ရာသီသစ် အတွက် ကစားသမားသစ်တွေကို ခေါ်ယူထားတာကြောင့် ပွဲမစခင်တုန်းက ပရိသတ်တွေအနေနဲ့ ဒီပွဲအတွက် ရင်ခုန်ခဲ့ကြ တာဖြစ်ပါတယ်။


ပွဲကစားချိန်မှာလည်း နှစ်သင်းစလုံးဟာ အကောင်းဆုံးပုံစံနဲ့ ကစားနေကြတာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှာ ချဲလ်ဆီးနောက်ခံ လူ ခရစ္စတန်ဆန်ထုတ်ပယ်ခံရတာက ပွဲရဲ့ရလဒ်ကို အပြောင်းအလဲဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ ခရစ္စတန်ဆန် ထုတ်ပယ် ခံရပြီးနောက်မှာ တစ်ယောက်အသာရသွားတဲ့ လီဗာပူးက အနိုင်ဂိုးတွေရသွားခဲ့ပြီး မာနေးတစ်ဦးတည်းက နှစ်ဂိုးသွင်းယူခဲ့ တာပဲ ဖြစ်ပါတယ်။


ဒီပွဲမှာ ကွင်းလယ်ဒိုင်အနေနဲ့ ခရစ္စတန်ဆန်ကို အစောပိုင်းတုန်းက အဝါကတ်သာ ပြခဲ့တာဖြစ်ပေမယ့် VAR ပြန်ကြည့်ပြီးချိန် မှာတော့ အဝါကတ်ကနေ အနီကတ်ကို ပြောင်းလဲ့ခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတန်ဆန်ရဲ့ အနီကတ်ပြခံရချိန်မှာ လီဗာပူးနည်း ပြအဖွဲ့ဝင်တစ်ဦးက လက်ခုပ်တီးပြီး အောင်ပွဲခံခဲ့တာကြောင့် နည်းပြချုပ် ကလော့ပ်အနေနဲ့ မပျော်မရွှင်ဖြစ်နေတယ်လို့ သိ ရပါတယ်။


ပွဲအပြီးမှာတော့ သတင်းထောက်တွေကို လီဗာပူးနည်းပြ ကလော့ပ်က “ နည်းပြအဖွဲ့ဝင်တွေ နေရာကနေ လက်ခုပ်တီးသံ ကြားရပြီးနောက်မှာ ဒီလို မလုပ်ဖို့အတွက် ကျွန်တော်အနေနဲ့ အော်ဟစ်ခဲ့ပါတယ်။ ကျွန်တော်လည်း ခရစ္စတန်ဆန်ရဲ့ အနီ ကတ်ကို မြင်တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းပေါ်ကို လေးစားမှုရှိရပါမယ်။ ကစားသမားတစ်ယောက် အသာရ တာ နိုင်ပွဲရဖို့ အခွင့်အရေးသာသွားပေမယ့် အခုလိုမျိုး အောင်ပွဲခံတာမျိုးတွေ မလုပ်သင့်ပါဘူး” လို့ ပြောခဲ့ပါတယ်။

zawgyi version

ခ်ဲလ္ဆီးကစားသမား ခရစၥတန္ဆန္ရဲ႕အနီကတ္ျပခံရခ်ိန္မွာ လက္ခုပ္တီးခဲ့တဲ့ အဖြဲ႔ဝင္ေၾကာင့္ မေပ်ာ္မရႊင္ျဖစ္ေနတဲ့ ကေလာ့ပ္
ျပန္လည္စတင္ေနၿပီျဖစ္တဲ့ ေဘာလံုးရာသီမွာ ပရီးမီးယားလိဂ္ျပိဳင္ပြဲလည္း ပါဝင္တာျဖစ္ၿပီး ၿပီးခဲ့တဲ့တနဂၤေႏြေန႔မွာ ခ်ဲလ္ဆီး နဲ႔ လီဗာပူးတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကပါတယ္။ လီဗာပူးက ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္သလို ခ်ဲလ္ဆီးကလည္း ရာသီသစ္ အတြက္ ကစားသမားသစ္ေတြကို ေခၚယူထားတာေၾကာင့္ ပြဲမစခင္တုန္းက ပရိသတ္ေတြအေနနဲ႔ ဒီပြဲအတြက္ ရင္ခုန္ခဲ့ၾက တာျဖစ္ပါတယ္။
ပြဲကစားခ်ိန္မွာလည္း ႏွစ္သင္းစလံုးဟာ အေကာင္းဆံုးပံုစံနဲ႔ ကစားေနၾကတာျဖစ္ၿပီး ပထမပိုင္းၿပီးခါနီးမွာ ခ်ဲလ္ဆီးေနာက္ခံ လူ ခရစၥတန္ဆန္ထုတ္ပယ္ခံရတာက ပြဲရဲ႕ရလဒ္ကို အေျပာင္းအလဲျဖစ္ေစခဲ့တာပဲ ျဖစ္ပါတယ္။ ခရစၥတန္ဆန္ ထုတ္ပယ္ ခံရၿပီးေနာက္မွာ တစ္ေယာက္အသာရသြားတဲ့ လီဗာပူးက အႏိုင္ဂိုးေတြရသြားခဲ့ၿပီး မာေနးတစ္ဦးတည္းက ႏွစ္ဂိုးသြင္းယူခဲ့ တာပဲ ျဖစ္ပါတယ္။
ဒီပြဲမွာ ကြင္းလယ္ဒိုင္အေနနဲ႔ ခရစၥတန္ဆန္ကို အေစာပိုင္းတုန္းက အဝါကတ္သာ ျပခဲ့တာျဖစ္ေပမယ့္ VAR ျပန္ၾကည့္ၿပီးခ်ိန္ မွာေတာ့ အဝါကတ္ကေန အနီကတ္ကို ေျပာင္းလဲ့ခဲ့တာ ျဖစ္ပါတယ္။ ခရစၥတန္ဆန္ရဲ႕ အနီကတ္ျပခံရခ်ိန္မွာ လီဗာပူးနည္း ျပအဖြဲ႕ဝင္တစ္ဦးက လက္ခုပ္တီးၿပီး ေအာင္ပြဲခံခဲ့တာေၾကာင့္ နည္းျပခ်ဳပ္ ကေလာ့ပ္အေနနဲ႔ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ သိ ရပါတယ္။
ပြဲအၿပီးမွာေတာ့ သတင္းေထာက္ေတြကို လီဗာပူးနည္းျပ ကေလာ့ပ္က “ နည္းျပအဖြဲ႔ဝင္ေတြ ေနရာကေန လက္ခုပ္တီးသံ ၾကားရၿပီးေနာက္မွာ ဒီလို မလုပ္ဖို႔အတြက္ ကြ်န္ေတာ္အေနနဲ႔ ေအာ္ဟစ္ခဲ့ပါတယ္။ ကြ်န္ေတာ္လည္း ခရစၥတန္ဆန္ရဲ႕ အနီ ကတ္ကို ျမင္ေတြ႕ခဲ့ပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးအသင္းေပၚကို ေလးစားမႈရွိရပါမယ္။ ကစားသမားတစ္ေယာက္ အသာရ တာ ႏိုင္ပြဲရဖို႔ အခြင့္အေရးသာသြားေပမယ့္ အခုလိုမ်ိဳး ေအာင္ပြဲခံတာမ်ိဳးေတြ မလုပ္သင့္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။