ဆိုးလ်ရှားလက်ထက်မှာ မာစီယယ် ခြေစွမ်းပြန်တက်လာတယ်လို့ ပြင်သစ်နည်းပြ ပြော

ယူနိုက်တက် တောင်ပံကစားသမား မာစီယယ်ရဲ့ ခြေစွမ်းကို သဘောကျကျေနပ်မိတယ်လို့ ပြင်သစ်နည်းပြ ဒီဒီယာဒေးရွှန့်က ပြောပါတယ်။ ယူနိုက်တက်အသင်း ယာယီနည်းပြအဖြစ် ဆိုးလ်ရှားကို ခန့်အပ်ခဲ့ပြီးနောက်ပိုင်း မာစီယယ်ရဲ့ ခြေစွမ်း တိုးတက်လာတယ်လို့ ဒေးရွှန့်က ပြောပါတယ်။ ”ကစားသမားတစ်ယောက် ဘာဖြစ်လဲဆိုတာ သိနိုင်ဖို့ ခက်ခဲပါတယ်။ […]

Full Details

ရာမို့စ်ကို ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးလို့ ချီလီနီ ချီးကျူး

အက်သလက်တီကိုနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်မတိုင်ခင် ဂျူဗင်တပ်အသင်းရဲ့ ဝါရင့်နောက်ခံလူ ချီလီနီက ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်ကို ကမ္ဘာ့အကောင်းဆုံးခံစစ်မှူးလို့ ချီးကျူးခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဆီဗီလာကနေ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တဲ့ ရာမို့စ်ဟာ ရီးရဲလ်အသင်းမှာ […]

Full Details

ပေါင်သန်း ၁၅၀ သုံးပြီး အင်္ဂလန်ကစားသမားတွေခေါ်ဖို့ စီစဉ်နေတဲ့ မန်စီးတီး

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း ၁၅၀ အသုံးပြုပြီး အင်္ဂလန် ကစားသမားတွေ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ မန်စီးတီးဟာ ၆ နှစ်အတွင်း တတိယမြောက် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်မယ့် အလားအလာရှိနေပေမဲ့ အနာဂတ်ကာလမှာ […]

Full Details

ယူနိုက်တက်က အရမ်းကောင်းတဲ့ အသင်းဖြစ်လာဖို့ နီးစပ်နေပါပြီ

ယူနိုက်တက်အသင်းအတွက် ယာယီနည်းပြ ဆိုးလ်ရှားရဲ့ စွမ်းဆောင်မှုကို အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ချီးကျူးခဲ့ပါတယ်။ ယူနိုက်တက်ဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ ချဲလ်ဆီးကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကစားခဲ့တဲ့ […]

Full Details

ရမ်ဆေးနေရာမှာ အစားထိုးဖို့ ဘာနီဂါကို ချိန်ရွယ်နေတဲ့ အမ်မရီ

အာဆင်နယ်နည်းပြ အမ်မရီဟာ ဂျူဗင်တပ်ကို ပြောင်းရွှေ့မယ့် ကွင်းလယ်လူ ရမ်ဆေးနေရာမှာ အစားထိုးဖို့အတွက် ဆီဗီလာကွင်းလယ်လူ ဘာနီဂါကို ခေါ်ယူဖို့ လိုလားနေပါတယ်။ အာဂျင်တီးနားကွင်းလယ်လူ ဘာနီဂါအတွက် ဆီဗီလာအသင်းက ပေါင် ၁၇ သန်း သတ်မှတ်ထားပါတယ်။ အမ်မရီဟာ ဗလင်စီယာအသင်းကို ကိုင်တွယ်ခဲ့ချိန်တုန်းက […]

Full Details

ချဲလ်ဆီးပရိသတ်တွေက ဆာရီကို ထုတ်ပယ်ဖို့ တောင်းဆို

ယူနိုက်တက်ကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီးမှာ ချဲလ်ဆီး ပရိသတ်တွေက နည်းပြ ဆာရီကို ရာထူးက ထုတ်ပယ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ချဲလ်ဆီးအသင်း ပရိသတ်တွေက ”ဆာရီရဲ့ သောက်တလွဲ ဘောလုံးကစားဟန်”၊ ” […]

Full Details

စပိန်စူပါဖလားပွဲကို ၄ သင်းအထိ တိုးချဲ့ကျင်းပဖို့ စီစဉ်

စပိန်စူပါဖလားပွဲစဉ်ကို ၄ သင်းအထိ တိုးချဲ့ပြီး အကြီးအကျယ် ပြောင်းလဲပြင်ဆင်ဖို့ ရှိနေတယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရူဘီယာလက်စ်က ပြောပါတယ်။ ပြောင်းလဲပြင်ဆင်မယ့် အစီအစဉ်အရ အသင်း ၄ သင်းပါဝင်မှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ် ၂ ပွဲနဲ့ ဗိုလ်လုပွဲကို […]

Full Details

ဘေးလ်ရဲ့အေးဂျင့်နဲ့ ရီးရဲလ်အသင်းကြား သဘောထားကွဲလွဲ

ရီးရဲလ်ဟာ လာမယ့်နွေရာသီမှာ ဂါရတ်ဘေးလ်ကို ချဲလ်ဆီးအသင်းထံ ရောင်းချဖို့ လိုလားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘေးလ်ရဲ့အေးဂျင့်ဖြစ်တဲ့ ဂျိုနသန်ဘားနက်ကတော့ သူ့ကစားသမားကို ချဲလ်ဆီးအသင်းထံ မပြောင်းရွှေ့စေချင်ဘဲ ယူနိုက်တက်ထံ ပြောင်းရွှေ့စေချင်တယ်လို့ ဆိုပါတယ်။ ရီးရဲလ်ဟာ ချဲလ်ဆီးအသင်း ကွင်းလယ်ဖန်တီးရှင် ဟာဇက်ကို […]

Full Details

ဆရာဟောင်း ဂျာဂန်ကလော့ကို လီဝမ်ဒေါစကီး ဂုဏ်ပြု

လီဗာပူးနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်မတိုင်ခင် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးက လီဗာပူးနည်းပြ ဂျာဂန်ကလော့ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဂျာဂန်ကလော့နဲ့ လီဝမ်ဒေါစကီးဟာ ဒေါ့မွန်အသင်းမှာ လက်တွဲခဲ့သူတွေပါ။ အဲဒီနောက်မှာ လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့ပြီး ဂျာဂန်ကလော့က […]

Full Details

ဘိုင်ယန်နဲ့ပွဲမှာ ဖာဘင်ဟိုကို ခံစစ်မှူးအဖြစ် အသုံးပြုဖွယ်ရှိတယ်လို့ ဂျာဂန်ကလော့ ဆို

တံကောက်ကြောဒဏ်ရာကနေ လိုဗရန် အချိန်မီ သက်သာလာခြင်းမရှိရင် ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဖာဘင်ဟိုကို ခံစစ်မှူးအဖြစ် ကစားခိုင်းဖို့ အသင့်ပြင်ဆင်ထားတယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။ လီဗာပူးအသင်းရဲ့ အဓိကခံစစ်မှူး ဗန်ဒစ်ခ်ဟာ ပွဲပယ်ပြစ်ဒဏ် ခံထားရလို့ ဘိုင်ယန်မြူးနစ်နဲ့ပွဲကို လွဲချော်ရမှာပါ။ […]

Full Details