မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူတစ်ဦးဖြစ်သူ ဒါမီယံ ဟာ ဒီနွေရာသီအပြောင်းအရွေ့မှာ အီတလီကလပ် ပါးမား အသင်းဆီကိုပြောင်းရွေ့သွားခဲ့ပြီဖြစ်ပါတယ်။ ဒါမီယံ ဟာ ယူနိုက်တက်မှာ (၄) ရာသီကြာကစားပေးခဲ့တာဖြစ်ပေမယ့် ပွဲထက်ခွင့်သိပ်မရရှိခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် နည်းပြဆိုးလ်ရှားလက်ထက်မှာ ပွဲထွက်ခွင့်ပိုမို ဆုံးရှုံးခဲ့ပြီး အခုလို အသင်းပြောင်းဖို့ အထိဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါမီယံကို ယူနိုက်တက်အသင်းက နည်းပြဗန်ဟား လက်ထက်မှာ တိုရီနို အသင်းကနေခေါ်ယူခဲ့တာဖြစ်ပြီး