လီဗာပူးနဲ့ နယူးကာဆယ်ပွဲအတွက် ပွဲကြိုအထောက်အကူပြုအချက်အလက်များ

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု အချက်အလက်မှတ်တမ်းများ
၁။ နယူးကာဆယ်က လီဗာပူးနဲ့ ထိပ်တိုက်တွေ့တဲ့ အဆင့်မြင့်တန်းပွဲစဉ် (၇၅) ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ဒါဟာ တခြားဘယ်အသင်းထက်မဆို လီဗာပူးအသင်းကို ပိုမို ရှုံးနိမ့်ထားတာပါ။
၂။ လီဗာပူးက နယူးကာဆယ်ကို အိမ်ကွင်းမှာဧည့်ခံကစားရတဲ့ လိဂ်ပွဲ နောက်ဆုံး (၂၃) ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ (၁၉) ပွဲနိုင် (၄) ပွဲသရေနဲ့ ပွဲတိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
၃။ အန်ဖီးလ်ကွင်းမှာ နယူးကာဆယ်ရဲ့ နောက်ဆုံးနိုင်ပွဲက (၁၉၉၄) ခုနှစ် ဧပြီလကဖြစ်ပြီး ဝ-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
၄။ လီဗာပူးဟာ နယူးကာဆယ်နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရဂိုး (၉၈) ဂိုးအထိ ရှိခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ထူးခြားအချက်အလက်မှတ်တမ်းများ
၁။ ဒီပွဲမှာသာ နိုင်ခဲ့မယ်ဆိုရင် လီဗာပူးက အဆင့်မြင့်တန်းလိဂ်မှာ (၁၄) ပွဲဆက်တိုက် နိုင်ပွဲရရှိတဲ့ (၄) သင်းမြောက် အင်္ဂလန်အသင်းဖြစ်လာဖို့ရှိပြီး ဒီပွဲတွေမှာ တစ်ဂိုးထက်ပိုသွင်းနိုင်တဲ့ ပထမဆုံး အသင်းဖြစ်လာနိုင်ဖွယ်လည်း ရှိပါတယ်။
၂။ (၂၀၁၇) ခုနှစ် ဧပြီလနောက်ပိုင်း အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး လိဂ်ပွဲ (၄၂) ပွဲမှာ လီဗာပူးအသင်းက ရှုံးပွဲမရှိခဲ့ပါဘူး။
၃။ လီဗာပူးဟာ သူတို့တင်ရှိထားတဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း (၁၀) ပွဲဆက်တိုက် အနိုင်ရရှိတဲ့ စံချိန်ကိုလည်း ဒီပွဲမှာ လိုက်မှီနိုင်ဖို့ ကြိုးစားသွားမှာပါ။
၄။ ပြီးခဲ့တဲ့ အောက်တိုဘာလက မန်စီးတီးအသင်းနဲ့ ဂိုးမရှိသရေကျပြီးနောက်ပိုင်း နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း လိဂ်ပွဲ (၁၇) ပွဲဆက်တိုက် လီဗာပူးတို့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
၅။ လီဗာပူးရဲ့ တိုက်စစ်မှူး ဆာလာဟာ နယူူူးကာဆယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံးလိဂ်ပွဲ (၃) ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာပါ။

နယူးကာဆယ်အသင်းရဲ့ ထူးခြားမှတ်တမ်း အချက်အလက်များ
၁။ နယူးကာဆယ်ဟာ သူတို့ရဲ့နောက်ဆုံးအဝေးကွင်းလိဂ်ပွဲ (၅) ပွဲမှာ (၃) ပွဲအထိ အနိုင်ရရှိခဲ့ပြီး ဒီ (၅) ပွဲမတိုင်ခင် နောက်ဆုံး (၂၄) ပွဲမှာ အနိုင်ရရှိခဲ့တဲ့ နိုင်ပွဲအရေအတွက်နဲ့ တူညီခဲ့ပါတယ်။
၂။ ဒါ့အပြင် အဝေးကွင်းနောက်ဆုံး (၇) ပွဲမှာလည်း (၆) ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။
၃။ ဒါပေမယ့် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဝေးကွင်းနောက်ဆုံး (၂၇) ပွဲမှာ နယူးကာဆယ်တို့ နိုင်ပွဲမရှိခဲ့ပါဘူး။

၄။ အသင်းရဲ့ ကွင်းလယ်ကစားသမား အယ်လ်မီရွန်ဟာ ဒီရာသီမှာ လူကျွံဘော (၇) ကြိမ်အထိ ရှိထားပြီး ဒီအရေအတွက်ဟာ လီဗာပူးတစ်သင်းလုံးပေါင်း လူကျွံထားတဲ့ အရေအတွက်ထက် (၄) ကြိမ်ပိုများနေပါတယ်။
၅။ စတိဗ်ဘရုစ်ဟာ အန်ဖီးလ်ကွင်းမှာ လာရောက်ရင်ဆိုင်ခဲ့တဲ့ လိဂ်ပွဲ (၁၂) ပွဲမှာ နိုင်ပွဲ (၁) ပွဲသာရှိခဲ့တာပါ။