ဆိုးလ္ရွားကိုေထာက္ခံျပီး ေမာ္ရင္ဟိုကို ေဖာင္းထုလိုက္တဲ့ ရက္ရွ္ဖို႔ဒ္

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕တိုက္စစ္မွဴးမားကပ္စ္ရက္ရွ္ဖို႔ဒ္က အသင္းနည္းျပဆိုးလ္ရွားဟာ ကစားသမားေတြနဲ႔ ဆက္ဆံရာမွာ နည္းျပေဟာင္းေမာ္ရင္ဟိုထက္ ပိုမိုေကာင္းမြန္တယ္လို႔ ေျပာဆိုလိုက္ျပီး အသင္းနည္းျပရာထူးနဲ႔ ကာလရွည္ထိုက္တန္တယ္လို႔လည္း
ေထာက္ခံေျပာဆိုသြားခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ကေတာ့ ဆိုးလ္ရွားလက္ထက္မွာ အသင္းရဲ႕ဦးစားေပးတိုက္စစ္မွဴးအျဖစ္ သတ္မွတ္ခံခဲ့ရသူျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္အေနနဲ႔ သူ႔အေပၚယံုၾကည္မႈေပးခဲ့တဲ့ ဆိုးလ္ရွားအေပၚမွာ ျပန္လည္ယံုၾကည္ေနတာျဖစ္ျပီး အသင္းအတြက္ အေကာင္းဆံုးျဖစ္ေအာင္ျပဳလုပ္ေပးႏိုင္မယ္လို႔လည္း ယူဆေနပါတယ္။ ရက္ရွ္ဖို႔ဒ္ကို အေထာင္တိုက္စစ္မွဴးအျဖစ္ ေနရာေပးဖို႔အတြက္ ဆိုးလ္ရွားက လူကာကူကို ပြဲထြက္ခြင့္မေပးခဲ့ပဲ ေနာက္ဆံုးမွာ အင္တာမီလန္ကို ေရာင္းထုတ္ခဲ့ပါတယ္။

“လက္ရွိအခ်ိန္မွာ ကစားသမားအားလံုးက နည္းျပအေပၚယံုၾကည္ေနၾကပါတယ္၊ ကၽြန္ေတာ္တို႔ရလဒ္ေတြက မျပည့္စံုေသးဘူးဆိုေပမယ့္ သူ႔ရဲ႕နည္းစနစ္ေတြ၊ ေလ့က်င့္ခန္းေတြက တကယ့္ကို အံ့မခန္းပါပဲ၊ ကၽြန္ေတာ့္အတြက္ အရင္နည္းျပေတြနဲ႔ ကြဲျပားတဲ့ စီမံမႈေတြရွိေနပါတယ္၊ ဒါက ဒီရာသီတစ္ခုတည္းအတြက္မဟုတ္ပဲ တစ္ပြဲခ်င္းစီအတြက္ေရာ၊ ေနာက္ႏွစ္ေတြအတြက္ပါ ရွိေနတာပါ”

“နည္းျပေနာက္မွာ ရပ္တည္ဖို႔ လိုအပ္မယ္လုိ႔ ကၽြန္ေတာ္ထင္ပါတယ္၊ မၾကာခဏဆိုသလို နည္းျပအေျပာင္းအလဲျဖစ္လာဖို႔ ကၽြန္ေတာ္တုိ႔အလိုမရွိပါဘူး၊ ဘာလို႔လဲဆိုေတာ့ ဘယ္ေတာ့မွအထိုင္က်မွာမဟုတ္လို႔ပါပဲ” လို႔ ရက္ရွ္ဖို႔ဒ္က ေျပာဆိုခဲ့ပါတယ္။ ဆိုးလ္ရွားဟာ ျပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလအတြင္းက ေမာ္ရင္ဟိုေနရာကို ယာယီနည္းျပအျဖစ္ အစားထိုး၀င္ေရာက္ခဲ့ျပိးေနာက္ အျမဲတမ္းနည္းျပအျဖစ္ တာ၀န္ေပးခံခဲ့ရသူျဖစ္ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်က အသင်းနည်းပြဆိုးလ်ရှားဟာ ကစားသမားတွေနဲ့ ဆက်ဆံရာမှာ နည်းပြဟောင်းမော်ရင်ဟိုထက် ပိုမိုကောင်းမွန်တယ်လို့ ပြောဆိုလိုက်ပြီး အသင်းနည်းပြရာထူးနဲ့ ကာလရှည်ထိုက်တန်တယ်လို့လည်း
ထောက်ခံပြောဆိုသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ ဆိုးလ်ရှားလက်ထက်မှာ အသင်းရဲ့ဦးစားပေးတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်အနေနဲ့ သူ့အပေါ်ယုံကြည်မှုပေးခဲ့တဲ့ ဆိုးလ်ရှားအပေါ်မှာ ပြန်လည်ယုံကြည်နေတာဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးဖြစ်အောင်ပြုလုပ်ပေးနိုင်မယ်လို့လည်း ယူဆနေပါတယ်။ ရက်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှူးအဖြစ် နေရာပေးဖို့အတွက် ဆိုးလ်ရှားက လူကာကူကို ပွဲထွက်ခွင့်မပေးခဲ့ပဲ နောက်ဆုံးမှာ အင်တာမီလန်ကို ရောင်းထုတ်ခဲ့ပါတယ်။

“လက်ရှိအချိန်မှာ ကစားသမားအားလုံးက နည်းပြအပေါ်ယုံကြည်နေကြပါတယ်၊ ကျွန်တော်တို့ရလဒ်တွေက မပြည့်စုံသေးဘူးဆိုပေမယ့် သူ့ရဲ့နည်းစနစ်တွေ၊ လေ့ကျင့်ခန်းတွေက တကယ့်ကို အံ့မခန်းပါပဲ၊ ကျွန်တော့်အတွက် အရင်နည်းပြတွေနဲ့ ကွဲပြားတဲ့ စီမံမှုတွေရှိနေပါတယ်၊ ဒါက ဒီရာသီတစ်ခုတည်းအတွက်မဟုတ်ပဲ တစ်ပွဲချင်းစီအတွက်ရော၊ နောက်နှစ်တွေအတွက်ပါ ရှိနေတာပါ”

“နည်းပြနောက်မှာ ရပ်တည်ဖို့ လိုအပ်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ မကြာခဏဆိုသလို နည်းပြအပြောင်းအလဲဖြစ်လာဖို့ ကျွန်တော်တို့အလိုမရှိပါဘူး၊ ဘာလို့လဲဆိုတော့ ဘယ်တော့မှအထိုင်ကျမှာမဟုတ်လို့ပါပဲ” လို့ ရက်ရှ်ဖို့ဒ်က ပြောဆိုခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မော်ရင်ဟိုနေရာကို ယာယီနည်းပြအဖြစ် အစားထိုးဝင်ရောက်ခဲ့ပြိးနောက် အမြဲတမ်းနည်းပြအဖြစ် တာဝန်ပေးခံခဲ့ရသူဖြစ်ပါတယ်။