မက္ဆီအုပ္စု နဲ႔ ဂရစ္မန္းအုပ္စုဆိုျပီး ကြဲေနတဲ့ ဘာစီလိုနာအ၀တ္လဲခန္း

စပိန္သတင္းဌာနတစ္ခုျဖစ္တဲ့ Diario Gol ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းရဲ႕ အ၀တ္လဲခန္းအတြင္းမွာ မက္ဆီအုပ္စု နဲ႔ ဂရစ္မန္းအုပ္စုဆိုျပီး အဖြဲ႔ကြဲေနၾကတယ္လို႔ သိရပါတယ္။ ေနမာကို ေႏြရာသီမွာ ရရွိေအာင္ မေခၚယူႏိုင္ခဲ့တဲ့အေပၚမွာ မက္ဆီက စိတ္ပ်က္ေနတယ္လို႔ သိရျပီး အသစ္ေရာက္ရွိလာခဲ့တဲ့ ဂရစ္မန္းအေပၚမွာလည္း ေႏြးေထြးစြာၾကိဳဆိုမႈမရွိဘူးလို႔ သတင္းေတြထြက္ေပၚေနပါတယ္။

အ၀တ္လဲခန္းအတြင္းမွာလည္း အသင္းသားေတြၾကား စိတ္၀မ္းကြဲမႈေတြရွိေနျပီး အသင္းရဲ႕အေျခအေနက စိုးရိမ္ဖြယ္ရာျဖစ္ေနခဲ့ပါျပီ။ လက္ရွိအခ်ိန္ထိလည္း မက္ဆီနဲ႔ ဂရစ္မန္းတို႔ဟာ ရင္းရင္းႏွီးႏွီးေတြ႕ဆံုႏႈတ္ဆက္တာမ်ိဳးမရိွေသးတာလည္း ျဖစ္ပါတယ္။ ဂရစ္မန္းကိုယ္တိုင္ကလည္း မက္ဆီက သူ႔အေပၚ ၾကိဳဆိုမႈမရွိေသးဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးပါတယ္။

မက္ဆီအုပ္စုမွာေတာ့ ၀ါရင့္ကစားသမားေတြျဖစ္တဲ့ ဘက္ကြက္စ္၊ ဆြာရက္ဇ္တို႔ ပါ၀င္ေနျပီး အဆိုပါကစားသမားေတြက ေနမာကိုျပန္လည္ေခၚယူေပးဖို႔အတြက္ အလိုရွိေနခဲ့တဲ့ ကစားသမားေတြျဖစ္ပါတယ္။ ဂရစ္မန္းဘက္မွာေတာ့ ျပင္သစ္ကစားသမားေတြျဖစ္တဲ့ အမ္တီတီ၊ ဒမ္ဘီလီ နဲ႔ တိုဒီဘို၊ ေနာက္ခံလူလန္ဂ္လက္တို႔ ရွိေနၾကပါတယ္။

အ၀တ္လဲခန္းအတြင္းမွာ မသိမသာအၾကိတ္အခဲေတြရွိေနျပီးေတာ့ ဂရစ္မန္းကို ဦးစားေပးေခၚယူခဲ့တဲ့အတြက္ေၾကာင့္ ျဖစ္မယ္လုိ႔လည္း ယူဆရပါတယ္။ ဂရစ္မန္းဟာ အက္သလက္တီကိုမက္ဒရစ္ကေန စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္သန္း ၁၀၀ ေက်ာ္နဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး အသင္းအတြက္ ၃ပြဲကစားေပးထားကာ ၂ဂိုးသြင္းယူေပးထားသူျဖစ္ပါတယ္။

Unicode

စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Diario Gol ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ မက်ဆီအုပ်စု နဲ့ ဂရစ်မန်းအုပ်စုဆိုပြီး အဖွဲ့ကွဲနေကြတယ်လို့ သိရပါတယ်။ နေမာကို နွေရာသီမှာ ရရှိအောင် မခေါ်ယူနိုင်ခဲ့တဲ့အပေါ်မှာ မက်ဆီက စိတ်ပျက်နေတယ်လို့ သိရပြီး အသစ်ရောက်ရှိလာခဲ့တဲ့ ဂရစ်မန်းအပေါ်မှာလည်း နွေးထွေးစွာကြိုဆိုမှုမရှိဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အဝတ်လဲခန်းအတွင်းမှာလည်း အသင်းသားတွေကြား စိတ်ဝမ်းကွဲမှုတွေရှိနေပြီး အသင်းရဲ့အခြေအနေက စိုးရိမ်ဖွယ်ရာဖြစ်နေခဲ့ပါပြီ။ လက်ရှိအချိန်ထိလည်း မက်ဆီနဲ့ ဂရစ်မန်းတို့ဟာ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်တာမျိုးမရှိသေးတာလည်း ဖြစ်ပါတယ်။ ဂရစ်မန်းကိုယ်တိုင်ကလည်း မက်ဆီက သူ့အပေါ် ကြိုဆိုမှုမရှိသေးဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

မက်ဆီအုပ်စုမှာတော့ ၀ါရင့်ကစားသမားတွေဖြစ်တဲ့ ဘက်ကွက်စ်၊ ဆွာရက်ဇ်တို့ ပါဝင်နေပြီး အဆိုပါကစားသမားတွေက နေမာကိုပြန်လည်ခေါ်ယူပေးဖို့အတွက် အလိုရှိနေခဲ့တဲ့ ကစားသမားတွေဖြစ်ပါတယ်။ ဂရစ်မန်းဘက်မှာတော့ ပြင်သစ်ကစားသမားတွေဖြစ်တဲ့ အမ်တီတီ၊ ဒမ်ဘီလီ နဲ့ တိုဒီဘို၊ နောက်ခံလူလန်ဂ်လက်တို့ ရှိနေကြပါတယ်။

အဝတ်လဲခန်းအတွင်းမှာ မသိမသာအကြိတ်အခဲတွေရှိနေပြီးတော့ ဂရစ်မန်းကို ဦးစားပေးခေါ်ယူခဲ့တဲ့အတွက်ကြောင့် ဖြစ်မယ်လို့လည်း ယူဆရပါတယ်။ ဂရစ်မန်းဟာ အက်သလက်တီကိုမက်ဒရစ်ကနေ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၁၀၀ ကျော်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ၃ပွဲကစားပေးထားကာ ၂ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။