နိုင်ငံပေါင်း ၄ဝကို ဂိုးသွင်းနီုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ ရော်နယ်ဒို

ပေါ်တူဂီအသင်းရဲ့တိုက်စစ်မှူးရော်နယ်ဒိုဟာ လစ်သူရေးနီးယားနဲ့ပွဲမှာ အသင်းအတွက် တစ်ဦးတည်းလေးဂိုးအထိ သွင်းယူခဲ့ပြီးနောက်မှာ ဥရောပရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့နိုင်ငံတကာသွင်းဂိုးစုစုပေါင်းဟာ ၉၃ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပြီး ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ အဆိုပါစံချိန်တစ်ခုတည်း ရရှီခဲ့တာမဟုတ်ပဲနဲ့ နောက်ထပ်ထူးခြားတဲ့စံချိန်မှတ်တမ်းတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒါကတော့ ရော်နယ်ဒိုဟာ နိုင်ငံပေါင်း (၄၀)ကို ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ရရှီိခဲ့တာပဲဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာအနှံ့ကအသင်းတွေကို သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဥရောပနိုင်ငံ (၂၆)နိုင်ငံ၊ အာရှနိုင်ငံ (၆)နိုင်ငံ၊ အာဖရိကနိုင်ငံ (၄) နိုင်ငံ၊ မြောက်နဲ့တောင်အမေရိကနိုင်ငံ (၃)နိုင်ငံ၊ သမုဒ္ဒရာပို်င်းက တစ်နိုင်ငံ စုစုပေါင်း နိုင်ငံပေါင်း (၄၀)အထိ ရှိနေခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ယူရိုခြေစစ်ပွဲတွေမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကလည်း ၂၅ ဂိုးအထိရှိလာခဲ့ပြီး စံချိန်ကောင်းတစ်ခုကိုလည်း ရယူနိုင်ခဲ့ပါသေးတယ်။

ပေါ်တူဂီအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ပြိုင်ပွဲအသွင် (၄)ပွဲမှာ ၈ ဂိုးအထိ သွင်းယူပြီး ရော်နယ်ဒိုက ခြေစွမ်းပြနေခဲ့ပါတယ်။ ပေါ်တူဂီရဲ့ ထာဝရဂိုးသွင်းရှင်စာရင်းမှာလည်း ရော်နယ်ဒိုက ထိပ်ဆုံးကနေ ရှိနေခဲ့ပြီး သူ့ရဲ့ သွင်းဂိုး ၄ဂိုးဟာ များပြားတဲ့စံချိန်မှတ်တမ်းတွေကို ထပ်မံရယူဖို့ဖြစ်လာခဲ့ပြီး အသက် ၃၄ နှစ်အရွယ် ကစားသမားကြီးကတော့ အခုချိန်ထိ သွင်းဂိုးတွေနဲ့ သူ့ရဲ့ကစားသမားဘဝကို ဖြတ်သန်းနေဆဲဖြစ်ပါတယ်။