ပြင်သစ်အသင်းဂိုးပြတ်နိုင်သော်လည်း ဂရစ်ဇ်မန်း ပင်နယ်တီ လွဲနေဆဲ

ကိုးမန်း၊ လင်ဂလက် နဲ့ ဘင်ယက်ဒါ တို့က အင်္ဂါနေ့က ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် ပြင်သစ်အသင်းဟာ အန်ဒိုရာ အသင်းကို (၃-၀) ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။စနေနေ့က အယ်ဘေးနီးယားကို (၄-၁) ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲတွင် (၂) ဂိုးသွင်းခဲ့တဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ကိုးမန်း ဟာ ယနေ့ပွဲတွင်လည်း ပွဲကစားချိန် ၁၈ မိနစ်တွင် တစ်ဂိုး ထပ်သွင်းယူပေးခဲ့ပါတယ်။
ဂရစ်ဇ်မန်း ပင်နယ်တီလွဲချော်ခဲ့ပေမယ့် လင်ဂလက်ဟာ ဒုတိယပိုင်းတွင် ပြင်သစ်အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးတွင် ဘင်ယက်ဒါက တတိယဂိုး ထပ်သွင်းပေးခဲ့ပါတယ်။


ယခုပွဲအနိုင်ရလဒ်ကြောင့် ပြင်သစ်အသင်းဟာ အုပ်စု (H) တွင် ဦးဆောင်နေတဲ့ တူရကီ နဲ့ အမှတ်တူသွားပြီး တတိယနေရာက အိုက်စလန်အသင်းကို (၃) မှတ်ဖြတ်ထားလိုက်နိုင်ပါတယ်။ ပြင်သစ်အသင်းဟာ အုပ်စုအဖွင့်ပွဲများတွင် ရုန်းကန်ခဲ့ရပါတယ်။
ပွဲချိန် (၁၈) မိနစ်တွင် အိုင်ကုန်း ဟာ ဂိုးရှေ့ကို ထိုးပေးလိုက်တဲ့ဘောလုံးကို ကိုးမန်း က အလိုက်သင့်ပြေးထွက်ပြီး တည်ငြိမ်အေးဆေးစွာ နဲ့ အဆုံးသတ်ပေးခဲ့တာပါ။


ပွဲကစားချိန် ၂၈ မိနစ်တွင် အန်ဒိုရာ ကစားသမား မွိုက်ဆက်စ်ဆန်နီကိုလပ်စ်ဟာ ဂရစ်ဇ်မန်းကို ပင်နယ်တီ ဧရိယာအတွင်းတွင် ဆွဲလှဲချလို့ ပြင်သစ်အသင်း ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ဂရစ်ဇ်မန်းရဲ့ ကန်သွင်းချက်ကို အန်ဒိုရာ ဂိုးသမား ဂျိုးဆပ်ဂိုးမက်စ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပြင်သစ်နောက်ခံလူ ဗာရာနီရဲ့ ကိုက် (၃၀) အကွာအဝေးကန်ချက်ကိုလည်း အန်ဒိုရာ ဂိုးသမား ထပ်ပြီး ကာကွယ်သွားခဲ့ပါတယ်။


ဒုတိယပိုင်း ပွဲကစားချိန် (၅၂) မိနစ်တွင် ပြင်သစ်အသင်းဟာ လင်ဂလက် ဟာ ဂရစ်ဇ်န်းရဲ့ ပြစ်ဒဏ်ဘောကန်တင်ရာမှ တစ်ဆင့် (၆) ကိုက်အကွာကနေ ခေါင်းတိုက်သွင်းပေးခဲ့ပါတယ်။နာကျင်အချိန်ပိုတွင် လူစားဝင်လာတဲ့ တိုက်စစ်မှူး ဘင်ယက်ဒါဟာ တတိယဂိုးသွင်းပေးခဲ့လို့ ပြင်သစ်အသင်းဟာ (၃-၀) နဲ့ အနိုင်ရသွားခဲ့ပါတယ်။ နောက်လတွင် ပြင်သစ်အသင်းဟာ အဆင့် (၁) နဲ့ (၃) က အသင်းတွေဖြစ်တဲ့ အိုက်စလန် နဲ့ တူရကီ အသင်းတို့နဲ့ ပွဲကြီးပွဲကောင်းတွေကို (၃) ရက်ခြားပြီး ကစားရမည်ဖြစ်ပါတယ်။