မက်ဆီမပါ ၊ အဂူရိုမပါလည်း ပြဿနာမရှိတော့တဲ့ အာဂျင်တီးနား

အင်္ဂါနေ့ (ယနေ့မနက်) တွင်ကစားခဲ့တဲ့ မက္ကဆီကို နဲ့ အာဂျင်တီးနား တို့ ပွဲစဉ်တွင် အာဂျင်တီးနား တိုက်စစ်မှူး လော်တရိုမာတီနက်ဇ်ရဲ့ အထူးကောင်းမွန်တဲ့ ခြေစွမ်းနဲ့အတူ (၄-ဝ) ဂိုးရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ပထမပိုင်း ၄၅ မိနစ်မှာပင် ဟက်ထရစ်သွင်းယူပေးပြီး အာဂျင်တီးနားအသင်းအတွက် ခြေစွမ်းပြခဲ့ခြင်းဖြစ်ပါတယ်။ အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ ပွဲပယ်ပြစ်ဒဏ် ခံနေရချိန်တွင် အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်ဟာ အာဂျင်တီးနားအတွက် (၃) လုံးသွင်းယူပေးခဲ့ပြီး ပါရီဒက်စ်ကတော့ ပင်နယ်တီက တစ်ဆင့် (၁) ဂိုးသွင်းယူပေးခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ဒုတိယပိုင်းတွင် ဒိုင်ဘားလား နဲ့ လူစားလဲခဲ့ရပေမဲ့ အာဂျင်တီနးားအသင်းအတွက် ပြီးပြည့်စုံတဲ့ အောင်ပွဲရလဒ်ကို အဓိက ဖော်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။

ယခုပွဲဟာ ဇန်နဝါရီက အသင်းကို စပြီး တာဝန်ယူကိုင်တွယ်လာတဲ့ မက္ကဆီကို နည်းပြ Gerardo Martino ရဲ့ လက်ထက် ပထမဆုံး ရှုံးပွဲဖြစ်ပါတယ်။ မက္ကဆီကို အသင်းဟာ ပင်နယ်တီဧရိယာအတွင်း လက်နဲ့ထိခဲ့လို့ ပင်နယ်တီပြစ်ဒဏ်ဘော စောစောစီးစီးပေးခဲ့ရပေမယ့် ပွဲကစားချိန် ၁၇ မိနစ်ကတည်းက ဂိုးတွေသွင်းထားခြင်းခံ ထားရတာဖြစ်ပါတယ်။


မာတီနက်ဇ်ဟာ ပါရီဒက်စ်ရဲ့ ကိုက် (၃၀) အကွာက ပေးပို့မှုကို ဆွဲပြေးပြီး မက်ဆီကို နောက်ခံလူ (၃) ယောက်ကို မွှေနှောက်၍ ဘယ်ခြေနဲ့ ဂိုးသမား ညာထောင့်ကို ကန်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ပထမဂိုးသွင်းပြီး (၅) မိနစ် အကြာမှာပင် မာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းအတွက် နောက်ထပ် တစ်ဂိုး သွင်းပေးခဲ့ပါတယ်။ ပါလာစီယိုစ့် ရဲ့ မက္ကဆီကို နောက်ခံလူတွေကြားထဲက ထိုးပေးလိုက်တဲ့ဘောလုံးကို မာတီနက်ဇ်ဟာ ချိန်သားကို ပြေးထွက်သွားပြီး ဂိုးသမား ညာအောက်ထောင့်ကိုပဲ ကန်သွင်းပြီး အဆုံးသတ်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ မယုံနိုင်စရာကောင်းတဲ့ စွမ်းဆောင်ရည်ဟာ ဆက်လက်ကောင်းမွန်နေပြီး ပွဲချိန် (၃၃) မိနစ်မှာ မက္ကဆီကို ကစားသမား ကာလိုစ့် ဆယ်စီဒို ဘောလုံးကို လက်နဲ့ထိမိလို့ ပင်နယ်တီပေးခဲ့ရပါတယ်။ ပင်နယ်တီကို ပါရီဒက်စ်က အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့လို့ (၃-ဝ) နဲ့ အနိုင်ရနေပါတယ်။


ထိန်းမနိုင် သိမ်းမနိုင်ဖြစ်နေတဲ့ မာတီနက်ဇ်အတွက် ဟက်ထရစ်ဖြစ်စေမယ့်ဂိုးဟာ ပွဲချိန် (၃၉) မိနစ်တွင် ပါလာစီယိုစ့်ရဲ့ ပေးပို့မှုကတစ်ဆင့် မက္ကဆီကိုနောက်ခံလူ Nestor Araujo တားဆီးရာက ထပ်မံ လျှံထွက်လာတဲ့ ဘောလုံးကို မာတီနက်ဇ်ကပဲ ညာခြေနဲ့ အပြင်းကန်သွင်းပေးခြ့ပါတယ်။ မာတီနက်ဇ်ဟာ ပထမပိုင်းအပြီးတွင် လူစားလဲခံခဲ့ရပါတယ်။ ဒုတိယပိုင်းလူစားလဲမှုတွေ ပြုလုပ်ပြီးနောက် အာဂျင်တီးနားဟာ ပထမပိုင်းကလောက် မက္ကဆီကို အသင်းကို အန္တရယ်မပေးနိုင်ခဲ့ပါဘူး။
အာဂျင်တီးနား နည်းပြ စကာလိုနီဟာ လက်ရွေးစင်အသင်းကို တာဝန်ယူကတည်းက ဝေဖန်မှုတွေ ခံနေရပေမယ့် ယခုပွဲပထမပိုင်း စွမ်းဆောင်ရည်ဟာ အာဂျင်တီးနားအသင်းကို ပြီးခဲ့တဲ့ နှစ်သြဂုတ်လ ကတည်းက တာဝန်ယူပြီးနောက်ပိုင်း အကောင်းဆုံး စွမ်းဆောင်ဖြစ်ပါတယ်။