ပရီးမီးယားလိဂ္ကလပ္ေတြ စတင္ပါ၀င္လာတဲ့ ခရာေဘာင္းဖလား ဒုတိယအဆင့္မဲခြဲပြဲ ဘယ္အသင္းေတြ ထိပ္တုိက္ေတြ႔သြားသလဲ

ကာရာေဘာင္ဖလား ဒုတိယအဆင့္ မဲခြဲပြဲ တြင္ နယူးကာဆယ္အသင္းနဲ႔ လက္စတာ အသင္းတို႔ ပရီးမီးယားလိဂ္ ၂ သင္း ထိပ္တိုက္ေတြ႕ဆံုတဲ့ အျပင္ ပရီးမီးယားလိဂ္ အသင္းမ်ား လည္း ပါ၀င္လာပါတယ္။ ပထမအဆင့္ ပြဲစဥ္မ်ားအျပီးတြင္ တက္ေရာက္လာေသာ အသင္းမ်ား ဟာ ပရီးမီးယားလိဂ္ ၇ သင္းအပါ၀င္ ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။

နယူးကာဆယ္အသင္း န႔ဲ လက္စတာ အသင္းတို႔ရဲ႕ ပြဲစဥ္က ယခုထြက္ေပၚလာတဲ့ မဲခြဲရလဒ္တြင္ ေတာင္ဘက္ပိုင္းက ပြဲမ်ား နဲ႔ ေျမာက္ဘက္ပိုင္း က ပြဲမ်ားထဲတြင္ လူစိတ္၀င္စားမႈ အခံရဆံုး ပြဲျဖစ္လာမွာပါ။ အသင္းမ်ား ကန္မည့္ အတိအက်ရက္ကို မသတ္မွတ္လိုက္ရေသးေပမယ့္လည္း ပ်မ္းမွ်အားျဖင့္ ၾသဂုတ္လ ၂၆ ရက္ေန႔ကို သတ္မွတ္ထားပါတယ္။

ေနာက္ထပ္လူစိတ္၀စားမႈ အခံရဆံုးပြဲတစ္ပြဲကလည္း ေနာ္တင္ဟမ္ေဖာရက္စ္အသင္းနဲ႔ ဒါဘီအသင္းတို႔ ကစားရမည့္ အေရွ႕အလယ္ပိုင္း ဒါဘီပြဲစဥ္ျဖစ္ပါတယ္။ ဒါ့အျပင္ ျပီးခဲ့တဲ့ႏွစ္က အက္ဖ္ေအဖလားပြဲမွာ ရႈံးခဲ့ေသာ လင္ကြန္ အသင္းမွာလည္း ပရီးမီးယားလိဂ္အသင္းၾကီး အဲဗာတန္အသင္းန႔ဲ ျပန္လည္ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။

မေန႔ညက (အဂၤါေန႔) က ခ်ာလ္တန္အသင္းကို ပင္နယ္တီအဆံုးအျဖတ္နဲ႔ ရင္ဆိုင္ကစားလာတဲ့ ေဖာရက္စ္ဂရင္းရိုဗာဟာ ဘုန္းေမာက္ အသင္းထံ သြားေရာက္ကစားရမွာျဖစ္ပါတယ္။ေနာက္ထပ္ ပရီးမီးယားလိဂ္အသင္းျဖစ္တဲ့ ၀က္ဖိုဒ္အသင္းက အိမ္ကြင္းမွာ ကိုဗင္ထရီ ၊ ၀က္စ္ဟမ္းအသင္းက နယူးပို႔တ္ေကာင္တီ အသင္း နဲ႔ ကစားၾကရမွာ ျဖစ္ျပီး လြန္ခဲ့တ့ဲႏွစ္ေတြတုန္းက ျပိဳင္ဆိုင္မႈမ်ား ျပင္းထန္ခဲ့ၾကတဲ့ ေဆာက္သမ္တန္ အသင္းဟာ ဖူလ္ဟမ္အသင္း နဲ႔ ေတြ႕ဆံုေနပါတယ္။

အျခားပရီးမီးယားလိဂ္ကလပ္ျဖစ္တဲ့ အက္စတန္ဗီလာက ခရီ၀ီ နဲ႔ ရွက္ဖီးလ္ယူႏိုက္တက္ က ဘလက္ဘန္း ၊ ကာရာေဘာင္ဖလားကို ႏွစ္ၾကိမ္ ရထားတဲ့ ေနာေ၀့ခ်္ အသင္းက ကေရာေလေတာင္း အသင္းနဲ႔ အေ၀းကြင္းမွာ ကစားရမွာ ျဖစ္ပါတယ္။ ခရစၥတယ္ပဲေလ့စ္က ကိုလ္းခ်က္စတာ အသင္း၊ ဘရိုက္တန္က ဘရစၥတိုးလ္ရိုဗာ ၊ ဘန္ေလ က အိမ္ကြင္းတြင္ ဆန္းဒါးလန္းအသင္း ကို ဧည့္ခံကစားရမွာ ျဖစ္ပါတယ္။

Unicode

ပရီးမီးယားလိဂ်ကလပ်တွေ စတင်ပါဝင်လာတဲ့ ခရာဘောင်းဖလား ဒုတိယအဆင့်မဲခွဲပွဲ ဘယ်အသင်းတွေ ထိပ်တိုက်တွေ့သွားသလဲ

ကာရာဘောင်ဖလား ဒုတိယအဆင့် မဲခွဲပွဲ တွင် နယူးကာဆယ်အသင်းနဲ့ လက်စတာ အသင်းတို့ ပရီးမီးယားလိဂ် ၂ သင်း ထိပ်တိုက်တွေ့ဆုံတဲ့ အပြင် ပရီးမီးယားလိဂ် အသင်းများ လည်း ပါဝင်လာပါတယ်။ ပထမအဆင့် ပွဲစဉ်များအပြီးတွင် တက်ရောက်လာသော အသင်းများ ဟာ ပရီးမီးယားလိဂ် ၇ သင်းအပါဝင် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်း နဲ့ လက်စတာ အသင်းတို့ရဲ့ ပွဲစဉ်က ယခုထွက်ပေါ်လာတဲ့ မဲခွဲရလဒ်တွင် တောင်ဘက်ပိုင်းက ပွဲများ နဲ့ မြောက်ဘက်ပိုင်း က ပွဲများထဲတွင် လူစိတ်ဝင်စားမှု အခံရဆုံး ပွဲဖြစ်လာမှာပါ။ အသင်းများ ကန်မည့် အတိအကျရက်ကို မသတ်မှတ်လိုက်ရသေးပေမယ့်လည်း ပျမ်းမျှအားဖြင့် သြဂုတ်လ ၂၆ ရက်နေ့ကို သတ်မှတ်ထားပါတယ်။

နောက်ထပ်လူစိတ်ဝစားမှု အခံရဆုံးပွဲတစ်ပွဲကလည်း နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ဒါဘီအသင်းတို့ ကစားရမည့် အရှေ့အလယ်ပိုင်း ဒါဘီပွဲစဉ်ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က အက်ဖ်အေဖလားပွဲမှာ ရှုံးခဲ့သော လင်ကွန် အသင်းမှာလည်း ပရီးမီးယားလိဂ်အသင်းကြီး အဲဗာတန်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

မနေ့ညက (အင်္ဂါနေ့) က ချာလ်တန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရင်ဆိုင်ကစားလာတဲ့ ဖောရက်စ်ဂရင်းရိုဗာဟာ ဘုန်းမောက် အသင်းထံ သွားရောက်ကစားရမှာဖြစ်ပါတယ်။နောက်ထပ် ပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ ဝက်ဖိုဒ်အသင်းက အိမ်ကွင်းမှာ ကိုဗင်ထရီ ၊ ဝက်စ်ဟမ်းအသင်းက နယူးပို့တ်ကောင်တီ အသင်း နဲ့ ကစားကြရမှာ ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်တွေတုန်းက ပြိုင်ဆိုင်မှုများ ပြင်းထန်ခဲ့ကြတဲ့ ဆောက်သမ်တန် အသင်းဟာ ဖူလ်ဟမ်အသင်း နဲ့ တွေ့ဆုံနေပါတယ်။

အခြားပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ အက်စတန်ဗီလာက ခရီဝီ နဲ့ ရှက်ဖီးလ်ယူနိုက်တက် က ဘလက်ဘန်း ၊ ကာရာဘောင်ဖလားကို နှစ်ကြိမ် ရထားတဲ့ နောဝေ့ချ် အသင်းက ကရောလေတောင်း အသင်းနဲ့ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်က ကိုလ်းချက်စတာ အသင်း၊ ဘရိုက်တန်က ဘရစ္စတိုးလ်ရိုဗာ ၊ ဘန်လေ က အိမ်ကွင်းတွင် ဆန်းဒါးလန်းအသင်း ကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။