အဆင်မပြေမူတစ်ချို့ကြောင့် အသင်းပြောင်းဖို့ရှိနေတဲ့ ဆန်းချက်စ်ကို အလိုရှိနေဆဲ နည်းပြဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ကစားသမားသစ် (၃) ဦးကို ၀ယ်ယူအားဖြည့်ထားပြီး အသင်းရဲ့ ကစားသမား (၃) ဦးကိုတော့ ထွက်ခွာစေခဲ့ပါတယ်။ ပရီးမီယားလိဂ် အသင်းတွေရဲ့အပြောင်းအရွေ့ ဟာ ပိတ်သွားခဲ့ပြီဖြစ်လို့ ယူနိုက်တက်အနေနဲ့ ကစားသမားသစ်ထပ်မံခေါ်ယူခွင့်မရတော့ ပေမယ့် အသင်းရှိကစားသမားအချို့ ထွက်ခွာမယ်ဆိုရင်တော့ ခွင့်ပြုရနိုင်ပါသေးတယ်။

ဆန်းချက်စ် ဟာ ယူနိုက်တက်ကိုပြောင်းရွေ့လာခဲ့တာ (၁၉) လကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အသင်းနဲ့ အသားမကျမူတွေရှိနေဆဲဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ဂန္တ၀င်ကျောနံပါတ် (၇) ကိုဝတ်ဆင်ခွင့်ရခဲ့ပေမယ့်လည်း ပုံမှန်ခြေစွမ်းအောက်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ မှာတော့ ချီလီ လက်ရွေးစင်အသင်းမှာ အရွေးခံခဲ့ရပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာရရှိခဲ့ရတာကြောင့် ယူနိုက်တက်နဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို လာရောက်ပူးပေါင်းဖို့ နောက်ကျခဲ့ရတာဖြစ်ပါတယ်။

အဂါင်္နေ့မှာ ပြုလုပ်တဲ့ ယူနိုက်တက်ရဲ့လေ့ကျင့်ရေးအစီစဉ်မှာတော့ ဆန်းချက်စ် ဟာ အသင်းရဲ့လူငယ်ကစားသမားလေး ဂရင်းဝုဒ် နဲ့ ပြသနာအချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဂရင်းဝုဒ် ဟာ ဘောလုံးဝင်လုရာမှာ ကြမ်းတမ်းခဲ့တာကြောင့်  ဆန်းချက်စ် ကဒေါသထွက်ခဲ့ရာကစတယ်လို့ The Sun သတင်းစာမှာဖော်ပြသွားခဲ့ပါတယ်။ ဆန်းချက်စ် ဟာ ကိုပါအမေရိကဖလားမှာ ရရှိခဲ့တဲ့ ဒဏ်ရာကို ကြံခိုင်မူပြည့်ဝဖို့အတွက် အဓိကထားလေ့ကျင့်နေရဆဲဖြစ်တာကြောင့်  သူ့အနေနဲ့ ဂရင်းဝုဒ် အပေါ်အပြစ်တင်ခဲ့တာလည်းဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားကတော့ လူကာကူ မရှိတော့တဲ့ တိုက်စစ်ပိုင်းအတွက် ဆန်းချက်စ် ကိုနေရာပေးသွားဖို့ စဉ်းစားထားပြီး မာရှယ်၊ ရက်ဖို့ဒ် တို့နဲ့ အတူ ပွဲထွက်ခွင့်ပေးဖို့ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် အသက် (၁၇) နှစ် အရွယ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူးလေး ဂရင်းဝုဒ် ဟာလည်း ယူနိုက်တက်တို့ရဲ့ တိုက်စစ်မှာ မြင်တွေ့ရနိုင်ပြီး ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ လူစားလဲကစားသွားခဲ့ပါသေးတယ်။ ဆိုးလ်ရှားကတော့ ဆန်းချက်စ် နဲ့ပက်သက်ပြီး ‘ အလက်ဆစ် ဟာ အခြားအသင်းဖော်တွေထက် လေးပတ် ငါးပတ်လောက်နောက်ကျပြီးမှ အသင်းနဲ့ပူးပေါင်းနိုင်ခဲ့တာပါ၊ ဒါ့အပြင် ဒဏ်ရာပြသနာကြောင့် ရာသီကြိုပွဲစဉ်တွေကိုလည်းမကစားနိုင်ခဲ့ပါဘူး၊ အခုတော့ အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်ခန်းတွေ စတင်ပြုလုပ်နေနိုင်ပါပြီ၊ ကျနော်တို့အသင်းမှာ ဂိုးတွေရရှိဖို့ တိုက်စစ်မှူးတွေလိုအပ်ပါတယ်၊ ဒါကြောင့် သူ့ကိုအသင်းမှာ ဆက်ပြီးရှိနေစေချင်ပါတယ် ’  လို့ပြောကြားခဲ့ပါတယ်။ဆန်းချက်စ် ဟာ သူ့ရဲ့ ကြံခိုင်မူပိုမိုကောင်းမွန်ဖို့အတွက် တစ်ဦးထဲလေ့ကျင့်ခန်းအစီစဉ်တွေပြုလုပ်နေသလို ယူနိုက်တက်အရံအသင်းနဲ့လည်း သွားရောက်လေ့ကျင့်ခန်းဆင်းနေရတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

#Sanchez #ManUtd #Solskjaer

 

Unicode






#Sanchez #ManUtd #Solskjaer