ဒီေန႔ရဲ႕ ေန႔လယ္ခင္းအတြက္ ေနာက္ဆံုးရသတင္းတိုမ်ားလာပါၿပီခင္ဗ်ာ …..

၁။ သက္တမ္းရင့္ဝုိင္တစ္ခြက္ျဖစ္ေၾကာင္း သက္ေသျပႏုိင္ေသးတ့ဲ အီဘရာဟီမုိဗစ္
ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အမႈေဆာင္ခ်ဳပ္ေဟာင္း ေမာ့ဂီက အီဘရာဟီမုိဗစ္တစ္ေယာက္ စီးရီးေအမွာ ထိပ္တန္းအဆင့္ေျခစြမ္းကို ျပသႏုိင္ဆဲျဖစ္တယ္လို႔ ခ်ီးက်ဴးသြားခ့ဲပါတယ္။။ အသက္ (၃၇) ႏွစ္အရြယ္ ဆီြဒင္လက္ေရြးစင္ေဟာင္းႀကီးကို ေမာ့ဂီက ဂ်ဴဗင္တပ္စ္အသင္းရဲ႕တိုက္စစ္မွဴး ေရာ္နယ္ဒိုနဲ႔ ႏိႈင္းယွဥ္ၿပီး “မုိဗစ္ရဲ႕ခႏၶာကိုယ္က သူ႔ရဲ႕လက္ရွိအသက္အရြယ္မွာေတာင္ အေကာင္းဆံုးပံုစံျပသေနဆဲပါ။” လို႔ ေျပာၾကားသြားခ့ဲတာျဖစ္ပါတယ္။

၂။ စတာရစ္ခ်္ကို ေစာင့္ၾကည့္ေနဆဲျဖစ္တ့ဲ ဒီစီယူႏုိက္တက္
ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏုိက္တက္အသင္းဟာ လီဗာပူးအသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ပိုင္း အသင္းလက္မ့ဲျဖစ္ေနတ့ဲ တိုက္စစ္မွဴး စတာရစ္ခ်္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနဆဲျဖစ္တယ္လို႔ သိရွိရပါတယ္။ ဒဏ္ရာသမုိင္းေၾကာင္းနဲ႔ လုပ္ခလစာအေနအထားေၾကာင့္ စတာရစ္ခ်္ကို မေခၚယူျဖစ္ေတာ့ဘူးလို႔ သတင္းမ်ားထြက္ေပၚၿပီးမွ ရြန္းနီရဲ႕ေနရာမွာ အစားထိုးဖို႔ စတာရစ္ခ်္ကို ေစာင့္ၾကည့္ေနဆဲျဖစ္တယ္လို႔ သတင္းမ်ားျပန္လည္ထြက္ေပၚလာခ့ဲတာပါ။

၃။ ရူဂါနီအတြက္ အၿပိဳင္အဆုိင္ျဖစ္ေနၾကၿပီ
ရိုးမားအသင္းနဲ႔မုိနာကိုအသင္းတုိ႔ဟာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ေနာက္ခံလူ ရူဂါနီကုိ ေခၚယူဖုိ႔ အၿပိဳင္အဆုိင္ႀကိဳးစားေနၾကၿပီျဖစ္ပါုတယ္။ အာဆင္နယ္အသင္းကလည္း ေခၚယူဖို႔ စိတ္ဝင္စားခ့ဲတ့ဲ ရူဂါနီကို ရိုးမားအသင္းက စတင္ဆက္သြယ္ခ့ဲၿပီး လက္ရွိအခ်ိန္မွာေတာ့ အသက္ (၂၅) ႏွစ္အရြယ္ အဆုိပါေနာက္ခံလူကို ျပင္သစ္လီဂူးကလပ္အသင္းကပါ ခ်ိတ္ဆက္လာခ့ဲတာ ျဖစ္ပါတယ္။

၄။ ဘယ္သြားမလဲ မေသခ်ာေသးတ့ဲ ဘာလိုတယ္လီ
အီတလီကလပ္ ဘရက္စီယာအသင္းနဲ႔ ဘရာဇီးကလပ္ ဖလာမင္ဂုိအသင္းတို႔ဟာ ဘာလိုတယ္လီကို ေခၚယူဖို႔ ျပင္ဆင္လ်က္ရွိပါတယ္။ အသင္းလက္မ့ဲျဖစ္ေနတ့ဲ အီတလီတိုက္စစ္မွဴးဟာ လက္ရွိအခ်ိန္မွာ ဖလာမင္ဂုိအသင္းနဲ႔ ေဆြးေႏြးမႈျပဳလုုပ္ေနေပမယ့္ လက္ရွိအခ်ိန္အထိ သေဘာတူညီမႈမရရွိေသးတာေၾကာင့္ ဘာလုိတယ္လီရဲ႕ ေမြးရပ္ေျမက ကလပ္အသင္းျဖစ္တ့ဲ ဘရက္စီယာအသင္းက ဘာလုိတယ္လီကို ၾကားျဖတ္ေခၚယူဖုိ႔ ျပင္ဆင္လာတာ ျဖစ္ပါတယ္။

၅။ ခ်ီေယဆာအတြက္ လာမယ့္ေႏြမွာ အၿပိဳင္ႏဲႊမယ့္ ဂ်ဴဗင္တပ္စ္နဲ႔အင္တာမီလန္
လာမယ့္ေႏြရာသီမွာ ဖီအိုရင္တီးနားအသင္းရဲ႕ တိုက္စစ္ကစားသမား ခ်ီေယဆာအတြက္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အင္တာမီလန္အသင္းတို႔ ၿပိဳင္ဆုိင္လာၾကမယ္လို႔ အီတလီရဲ႕နာမည္ႀကီးသတင္းစာတစ္ေစာင္က ေဖာ္ျပခ့ဲပါတယ္။ အသက္ (၂၁) ႏွစ္အရြယ္ ဒီၾကယ္ပြင့္ကစားသမားကို ဖီအုိရင္တီးနားအသင္းက ေရာင္းခ်ဖို႔ စိတ္ကူးမရွိေပမယ့္ လာမယ့္ေႏြရာသီမွာေတာ့ လက္လႊတ္ရဖြယ္ရွိေနၿပီး ေျပာင္းေရႊ႕ေၾကး ယူရုိသန္း (၇၀) သတ္မွတ္ထားေၾကာင္း သိရွိရပါတယ္။

၆။ အယ္လ္ဒါဝီရယ္လ္ကို ဆံုးရံႈးရမွာေၾကာက္ေနၿပီျဖစ္တ့ဲ စပါး
စပါးအသင္းဟာ ေနာက္ခံလူ အယ္လ္ဒါဝီရယ္လ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ရမယ့္ အႏၱရာယ္နဲ႔ ရင္ဆုိင္ေနရၿပီျဖစ္ပါတယ္။ အသက္ (၃၀) အရြယ္ ဘယ္လ္ဂ်ီယံေနာက္ခံလူအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးကာလအတြင္းကို ေရာက္ရွိလာၿပီျဖစ္ၿပီး စာခ်ဳပ္သစ္မခ်ဳပ္ဆုိျဖစ္ခ့ဲပါက လာမယ့္ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ အျခားေသာကလပ္အသင္းတစ္သင္းနဲ႔ အႀကိဳသေဘာတူညီမႈ စာခ်ဳပ္ခ်ဳပ္ဆုိႏုိင္မွာျဖစ္ပါတယ္။

။ လူေတြေခၚၿပီးေနာက္ပိုင္း မလိုတာေတြ ရွင္းေတာ့မယ့္ အက္စတြန္ဗီလာ
ဘက္ဆစ္တပ္အသင္းဟာ အက္စတြန္ဗီလာအသင္းရဲ႕ တုိက္စစ္မွဴး ဂ်ိဳနသန္ကိုဒီဂ်ာကိုေခၚယူဖုိ႔ ေဆြးေႏြးေနေၾကာင္း တူရကီသတင္းမီဒီယာတစ္ခုမွ ေဖာ္ျပခ့ဲပါတယ္။ အသက္ (၂၉) ႏွစ္အရြယ္ အုိင္ဗရီကုိ႔စ္တိုက္စစ္မွဴးဟာ (၂၀၁၆) ခုႏွစ္မွာ အက္စတြန္ဗီလာအသင္းကို ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲတာ ျဖစ္ၿပီး လာမယ့္ရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမယ့္ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

၈။ လူငယ္ေတြနဲ႔ စီးပြါးေရးလုပ္ေနဆဲ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအသင္းရဲ႕ေနာက္ခံလူ ကန္နက္အုိမီရူအုိဟာ လာလီဂါကလပ္ လီဟာနက္စ္္အသင္းကုိ ေျပာင္းေရႊ႕ေၾကး ေပါင္ (၄.၆) သန္းနဲ႔ ေျပာင္းေရႊ႕သြားခ့ဲၿပီလိုိ႔ သိရွိရပါတယ္။ ႏုိင္ဂ်ီးယားလူမ်ိဳးကစားသမားဟာ ခ်ဲလ္ဆီးအသင္းႀကီးအတြက္ တစ္ပြဲမွ ပါဝင္ကစားေပးခ့ဲဖူးျခင္းမရွိဘဲ အဂၤလန္၊ နယ္သာလန္၊ တူရကီနဲ႔စပိန္ကလပ္အသင္းေတြမွာ အငွားနဲ႔သြားေရာက္ ကစားခ့ဲရတ့ဲ ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ၿပီးခ့ဲတ့ဲရာသီက အငွားနဲ႔သြားကစားခ့ဲတ့ဲ လီဟာနက္စ္အသင္းဆီ အၿပီးသတ္ေျပာင္းေရႊ႕သြားခ့ဲတာပါ။

Unicode

၁။ သက်တမ်းရင့်ဝိုင်တစ်ခွက်ဖြစ်ကြောင်း သက်သေပြနိုင်သေးတဲ့ အီဘရာဟီမိုဗစ်
ဂျူဗင်တပ်စ်အသင်းရဲ့ အမှုဆောင်ချုပ်ဟောင်း မော့ဂီက အီဘရာဟီမိုဗစ်တစ်ယောက် စီးရီးအေမှာ ထိပ်တန်းအဆင့်ခြေစွမ်းကို ပြသနိုင်ဆဲဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။။ အသက် (၃၇) နှစ်အရွယ် ဆွီဒင်လက်ရွေးစင်ဟောင်းကြီးကို မော့ဂီက ဂျူဗင်တပ်စ်အသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ပြီး “မိုဗစ်ရဲ့ခန္ဓာကိုယ်က သူ့ရဲ့လက်ရှိအသက်အရွယ်မှာတောင် အကောင်းဆုံးပုံစံပြသနေဆဲပါ။” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

၂။ စတာရစ်ချ်ကို စောင့်ကြည့်နေဆဲဖြစ်တဲ့ ဒီစီယူနိုက်တက်
မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်မှူး စတာရစ်ချ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ ဒဏ်ရာသမိုင်းကြောင်းနဲ့ လုပ်ခလစာအနေအထားကြောင့် စတာရစ်ချ်ကို မခေါ်ယူဖြစ်တော့ဘူးလို့ သတင်းများထွက်ပေါ်ပြီးမှ ရွန်းနီရဲ့နေရာမှာ အစားထိုးဖို့ စတာရစ်ချ်ကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သတင်းများပြန်လည်ထွက်ပေါ်လာခဲ့တာပါ။

၃။ ရူဂါနီအတွက် အပြိုင်အဆိုင်ဖြစ်နေကြပြီ
ရိုးမားအသင်းနဲ့မိုနာကိုအသင်းတို့ဟာ ဂျူဗင်တပ်စ်အသင်းရဲ့နောက်ခံလူ ရူဂါနီကို ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပြီဖြစ်ပါုတယ်။ အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ရူဂါနီကို ရိုးမားအသင်းက စတင်ဆက်သွယ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အသက် (၂၅) နှစ်အရွယ် အဆိုပါနောက်ခံလူကို ပြင်သစ်လီဂူးကလပ်အသင်းကပါ ချိတ်ဆက်လာခဲ့တာ ဖြစ်ပါတယ်။

၄။ ဘယ်သွားမလဲ မသေချာသေးတဲ့ ဘာလိုတယ်လီ
အီတလီကလပ် ဘရက်စီယာအသင်းနဲ့ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းတို့ဟာ ဘာလိုတယ်လီကို ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိပါတယ်။ အသင်းလက်မဲ့ဖြစ်နေတဲ့ အီတလီတိုက်စစ်မှူးဟာ လက်ရှိအချိန်မှာ ဖလာမင်ဂိုအသင်းနဲ့ ဆွေးနွေးမှုပြုလုပ်နေပေမယ့် လက်ရှိအချိန်အထိ သဘောတူညီမှုမရရှိသေးတာကြောင့် ဘာလိုတယ်လီရဲ့ မွေးရပ်မြေက ကလပ်အသင်းဖြစ်တဲ့ ဘရက်စီယာအသင်းက ဘာလိုတယ်လီကို ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

၅။ ချီယေဆာအတွက် လာမယ့်နွေမှာ အပြိုင်နွဲှမယ့် ဂျူဗင်တပ်စ်နဲ့အင်တာမီလန်
လာမယ့်နွေရာသီမှာ ဖီအိုရင်တီးနားအသင်းရဲ့ တိုက်စစ်ကစားသမား ချီယေဆာအတွက် ဂျူဗင်တပ်စ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ ပြိုင်ဆိုင်လာကြမယ်လို့ အီတလီရဲ့နာမည်ကြီးသတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။ အသက် (၂၁) နှစ်အရွယ် ဒီကြယ်ပွင့်ကစားသမားကို ဖီအိုရင်တီးနားအသင်းက ရောင်းချဖို့ စိတ်ကူးမရှိပေမယ့် လာမယ့်နွေရာသီမှာတော့ လက်လွှတ်ရဖွယ်ရှိနေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) သတ်မှတ်ထားကြောင်း သိရှိရပါတယ်။

၆။ အယ်လ်ဒါဝီရယ်လ်ကို ဆုံးရှုံးရမှာကြောက်နေပြီဖြစ်တဲ့ စပါး
စပါးအသင်းဟာ နောက်ခံလူ အယ်လ်ဒါဝီရယ်လ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အသက် (၃၀) အရွယ် ဘယ်လ်ဂျီယံနောက်ခံလူအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာပြီဖြစ်ပြီး စာချုပ်သစ်မချုပ်ဆိုဖြစ်ခဲ့ပါက လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာ အခြားသောကလပ်အသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်။

၇။ လူတွေခေါ်ပြီးနောက်ပိုင်း မလိုတာတွေ ရှင်းတော့မယ့် အက်စတွန်ဗီလာ
ဘက်ဆစ်တပ်အသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ တိုက်စစ်မှူး ဂျိုနသန်ကိုဒီဂျာကိုခေါ်ယူဖို့ ဆွေးနွေးနေကြောင်း တူရကီသတင်းမီဒီယာတစ်ခုမှ ဖော်ပြခဲ့ပါတယ်။ အသက် (၂၉) နှစ်အရွယ် အိုင်ဗရီကို့စ်တိုက်စစ်မှူးဟာ (၂၀၁၆) ခုနှစ်မှာ အက်စတွန်ဗီလာအသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လာမယ့်ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

၈။ လူငယ်တွေနဲ့ စီးပွါးရေးလုပ်နေဆဲ ချဲလ်ဆီး
ချဲလ်ဆီးအသင်းရဲ့နောက်ခံလူ ကန်နက်အိုမီရူအိုဟာ လာလီဂါကလပ် လီဟာနက်စ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၄.၆) သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရှိရပါတယ်။ နိုင်ဂျီးယားလူမျိုးကစားသမားဟာ ချဲလ်ဆီးအသင်းကြီးအတွက် တစ်ပွဲမှ ပါဝင်ကစားပေးခဲ့ဖူးခြင်းမရှိဘဲ အင်္ဂလန်၊ နယ်သာလန်၊ တူရကီနဲ့စပိန်ကလပ်အသင်းတွေမှာ အငှားနဲ့သွားရောက် ကစားခဲ့ရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပြီးခဲ့တဲ့ရာသီက အငှားနဲ့သွားကစားခဲ့တဲ့ လီဟာနက်စ်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာပါ။