“မင္းဝဋ္ျပန္လည္မယ္ ေဟ့ေကာင္။” လို႔ အေျပာခံေနရတ့ဲ ေမာ္ရင္ဟို

အတၱလန္တာယူႏုိက္တက္အသင္းရဲ႕နည္းျပျဖစ္သူ ဖရန္ဒီဘုိးဝါးက နာမည္ေက်ာ္နည္းျပတစ္ဦးျဖစ္တ့ဲ ေမာ္ရင္ဟိုကုိ သတိေပးစကားမ်ား ေျပာၾကားသြားခ့ဲတယ္လုိ႔ သိရွိရပါတယ္။ ေမာ္ရင္ဟိုနဲ႔ ဖရန္ဒီဘုိးဝါးတို႔ ႏွစ္ဦးဟာ ပရီးမီးယားလိဂ္မွာ နည္းျပမ်ားအျဖစ္ ေဆာင္ရြက္ခ့ဲခ်ိန္တည္းက အႀကိတ္အခဲမ်ားရွိခ့ဲတာျဖစ္ၿပီး ယူႏုိက္တက္အသင္းရဲ႕တိုက္စစ္မွဴး ရပ္ရွ္ဖုိ႔ဒ္ကို ဖရန္ဒီဘိုးဝါးက ေဝဖန္ေျပာၾကားခ့ဲရာမွတစ္ဆင့္ ေမာ္ရင္ဟိုက ဖရန္ဒီဘုိးဝါးကို ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အဆိုးရြားဆံုးနည္းျပတစ္ဦး အျဖစ္ ျပင္းျပင္းထန္ထန္ ျပန္လည္ထိုးႏွက္ခ့ဲတာျဖစ္ပါတယ္။

ဖရန္ဒီဘိုးဝါးရဲ႕ခရစၥတယ္ပဲေလ့စ္နည္းျပဘဝကလည္း ေမာ္ရင္ဟိုေျပာခ်င္ရင္ ေျပာရေလာက္ေအာင္ ေတာ္ေတာ္ေလးဆုိးရြားခ့ဲၿပီး ပြဲဦးထြက္ (၄) ပြဲမွာ တစ္ဂိုးမွ မသြင္းႏုိင္သလို တစ္ပဲြမွလည္း အႏုိင္မရရွိခ့ဲဘဲ (၂၀၁၇) ခုႏွစ္ စက္တင္ဘာလမွာေတာ့ ခရစၥတယ္ပဲေလ့စ္နည္းျပရာထူးကေန ထုတ္ပယ္ခံခ့ဲရပါတယ္။ ဒီလိုမ်ိဳး ျဖစ္ရပ္နဲ႔ပတ္သက္လို႔ အ့ဲဒီအခ်ိန္က ယူႏုိက္တက္နည္းျပအျဖစ္ရွိေနတ့ဲ ေမာ္ရင္ဟိုက “သူ (ဖရန္ဒီဘိုးဝါး) က ဘယ္လိုရံႈးေအာင္ ကန္ရမလဲဆုိတာကို နည္းျပေနတာပါ။ ဘာျဖစ္လို႔လဲဆုိေတာ့ သူက ပြဲတိုင္းရံႈးေနလို႔ေလ။” လို႔ ထိုးႏွက္ေဝဖန္ခ့ဲတာျဖစ္ပါတယ္။ ဒီစကားေျပာၿပီး တစ္ႏွစ္ခြဲအၾကာမွာေတာ့ ဖရန္ဒီဘုိးဝါးကလည္း သူ႔အေပၚ ေမာ္ရင္ဟိုရဲ႕ေဝဖန္မႈနဲ႔ ပတ္သက္ၿပီး သတိတရနဲ႔ ျပန္လည္တံု႔ျပန္ေျပာၾကားလာခ့ဲတာလည္း ျဖစ္ပါတယ္။

ဖရန္ဒီဘုိးဝါးက “အ့ဲဒီအခိုက္အတန္႔မွာ ေမာ္ရင္ဟိုက အ့ဲဒီလိုေျပာႏုိင္ပါတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ ကြ်န္ေတာ့္မွတ္တမ္းက အရမ္းကိုဆုိးရြားေနလုိ႔ပါ။ အ့ဲဒါဟုတ္ပါတယ္။ သူသာ အ့ဲဒီစကားကို တကယ္ေျပာခ့ဲမယ္ဆုိလည္း ကြ်န္ေတာ္က ဒါေတြကိုျပန္ၿပီးတံု႔ျပန္ေနမွာ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆုိေတာ့ ဝဋ္ဆုိတာလည္တတ္လုိ႔ပါ။” လုိ႔ တံု႔ျပန္ေျပာၾကားခ့ဲပါတယ္။ ဖရန္ဒီဘုိးဝါးဟာ ခရစၥတယ္ပဲေလ့စ္အသင္းက အထုတ္ခံရၿပီးေနာက္ အင္တာမီလန္အသင္းကို ဆက္လက္ကိုင္တြယ္ခ့ဲေပမယ့္ ရက္ေပါင္း (၈၅) ရက္အၾကာမွာပဲ ရာထူးကေန ျပန္လည္အထုတ္ခံခ့ဲရပါတယ္။

ေအဂ်က္စ္အသင္းနဲ႔အတူ ျပည္တြင္းအမွတ္ေပးခ်န္ပီယံဆုကို ေလးႀကိမ္ရယူႏုိင္ခ့ဲတ့ဲ ဖရန္ဒီဘုိးဝါးဟာ လက္ရွိအခ်ိန္မွာေတာ့ ေမဂ်ာလိဂ္ကလပ္ အတၱလန္တာယူႏုိက္တက္အသင္းကို ကိုင္တြယ္လ်က္ရွိၿပီး ခရစၥတယ္ပဲေလ့စ္အသင္း နည္းျပဘဝရဲ႕ အခိုက္အတန္႔မ်ားကိုလည္း ျပန္ေျပာင္းေျပာၾကားသြားခ့ဲပါတယ္။ ဖရန္ဒီဘိုးဝါးက “ကြ်န္ေတာ္ကေတာ့ ေအးေအးေဆးေဆးရွိခ့ဲပါတယ္။ ကြ်န္ေတာ္တို႔ကိုသာ ရသင့္ရထိုက္တ့ဲအခ်ိန္ေပးမယ္ဆုိရင္ ကြ်န္ေတာ္တို႔ အ့ဲဒီအေျခအေနေတြကို ေသခ်ာေပါက္ ေျပာင္းျပန္လွန္ပစ္လိုက္မွာပါ။ အထူးသျဖင့္ ခရစၥတယ္ပဲေလ့စ္လုိ အသင္းမွာေပါ့။ သူတုိ႔က ကြ်န္ေတာ့္ကို ထုတ္လိုက္ေတာ့ ကြ်န္ေတာ္ ေတာ္ေတာ္ေလး ေဒါသထြက္ခ့ဲရပါတယ္။ သူတုိ႔က ကတိတခ်ိဳ႕ေပးခ့ဲၾကၿပီး ဒီအသင္းကို ေတာင့္တင္းတ့ဲအသင္းတစ္သင္းျဖစ္ေစခ်င္ပါတယ္ဆုိၿပီး ေျပာပါတယ္။ ဥပမာေျပာရရင္ ခရစၥတယ္ပဲေလ့စ္အသင္းက တန္းမဆင္းရရံုကန္တာမဟုတ္ဘဲ ေခတ္မွီကစားကြက္နဲ႔ အသင္းတစ္သင္း ျဖစ္ခ်င္ခ့ဲၾကတာပါ။” လို႔လည္း ေျပာၾကားသြားခ့ဲတာ ျဖစ္ပါတယ္။

Unicode

အတ္တလန်တာယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ ဖရန်ဒီဘိုးဝါးက နာမည်ကျော်နည်းပြတစ်ဦးဖြစ်တဲ့ မော်ရင်ဟိုကို သတိပေးစကားများ ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ မော်ရင်ဟိုနဲ့ ဖရန်ဒီဘိုးဝါးတို့ နှစ်ဦးဟာ ပရီးမီးယားလိဂ်မှာ နည်းပြများအဖြစ် ဆောင်ရွက်ခဲ့ချိန်တည်းက အကြိတ်အခဲများရှိခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ဖရန်ဒီဘိုးဝါးက ဝေဖန်ပြောကြားခဲ့ရာမှတစ်ဆင့် မော်ရင်ဟိုက ဖရန်ဒီဘိုးဝါးကို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနည်းပြတစ်ဦး အဖြစ် ပြင်းပြင်းထန်ထန် ပြန်လည်ထိုးနှက်ခဲ့တာဖြစ်ပါတယ်။

ဖရန်ဒီဘိုးဝါးရဲ့ခရစ္စတယ်ပဲလေ့စ်နည်းပြဘဝကလည်း မော်ရင်ဟိုပြောချင်ရင် ပြောရလောက်အောင် တော်တော်လေးဆိုးရွားခဲ့ပြီး ပွဲဦးထွက် (၄) ပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်သလို တစ်ပွဲမှလည်း အနိုင်မရရှိခဲ့ဘဲ (၂၀၁၇) ခုနှစ် စက်တင်ဘာလမှာတော့ ခရစ္စတယ်ပဲလေ့စ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီလိုမျိုး ဖြစ်ရပ်နဲ့ပတ်သက်လို့ အဲ့ဒီအချိန်က ယူနိုက်တက်နည်းပြအဖြစ်ရှိနေတဲ့ မော်ရင်ဟိုက “သူ (ဖရန်ဒီဘိုးဝါး) က ဘယ်လိုရှုံးအောင် ကန်ရမလဲဆိုတာကို နည်းပြနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက ပွဲတိုင်းရှုံးနေလို့လေ။” လို့ ထိုးနှက်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဒီစကားပြောပြီး တစ်နှစ်ခွဲအကြာမှာတော့ ဖရန်ဒီဘိုးဝါးကလည်း သူ့အပေါ် မော်ရင်ဟိုရဲ့ဝေဖန်မှုနဲ့ ပတ်သက်ပြီး သတိတရနဲ့ ပြန်လည်တုံ့ပြန်ပြောကြားလာခဲ့တာလည်း ဖြစ်ပါတယ်။

ဖရန်ဒီဘိုးဝါးက “အဲ့ဒီအခိုက်အတန့်မှာ မော်ရင်ဟိုက အဲ့ဒီလိုပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှတ်တမ်းက အရမ်းကိုဆိုးရွားနေလို့ပါ။ အဲ့ဒါဟုတ်ပါတယ်။ သူသာ အဲ့ဒီစကားကို တကယ်ပြောခဲ့မယ်ဆိုလည်း ကျွန်တော်က ဒါတွေကိုပြန်ပြီးတုံ့ပြန်နေမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝဋ်ဆိုတာလည်တတ်လို့ပါ။” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ဖရန်ဒီဘိုးဝါးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းက အထုတ်ခံရပြီးနောက် အင်တာမီလန်အသင်းကို ဆက်လက်ကိုင်တွယ်ခဲ့ပေမယ့် ရက်ပေါင်း (၈၅) ရက်အကြာမှာပဲ ရာထူးကနေ ပြန်လည်အထုတ်ခံခဲ့ရပါတယ်။

အေဂျက်စ်အသင်းနဲ့အတူ ပြည်တွင်းအမှတ်ပေးချန်ပီယံဆုကို လေးကြိမ်ရယူနိုင်ခဲ့တဲ့ ဖရန်ဒီဘိုးဝါးဟာ လက်ရှိအချိန်မှာတော့ မေဂျာလိဂ်ကလပ် အတ္တလန်တာယူနိုက်တက်အသင်းကို ကိုင်တွယ်လျက်ရှိပြီး ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြဘဝရဲ့ အခိုက်အတန့်များကိုလည်း ပြန်ပြောင်းပြောကြားသွားခဲ့ပါတယ်။ ဖရန်ဒီဘိုးဝါးက “ကျွန်တော်ကတော့ အေးအေးဆေးဆေးရှိခဲ့ပါတယ်။ ကျွန်တော်တို့ကိုသာ ရသင့်ရထိုက်တဲ့အချိန်ပေးမယ်ဆိုရင် ကျွန်တော်တို့ အဲ့ဒီအခြေအနေတွေကို သေချာပေါက် ပြောင်းပြန်လှန်ပစ်လိုက်မှာပါ။ အထူးသဖြင့် ခရစ္စတယ်ပဲလေ့စ်လို အသင်းမှာပေါ့။ သူတို့က ကျွန်တော့်ကို ထုတ်လိုက်တော့ ကျွန်တော် တော်တော်လေး ဒေါသထွက်ခဲ့ရပါတယ်။ သူတို့က ကတိတချို့ပေးခဲ့ကြပြီး ဒီအသင်းကို တောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်စေချင်ပါတယ်ဆိုပြီး ပြောပါတယ်။ ဥပမာပြောရရင် ခရစ္စတယ်ပဲလေ့စ်အသင်းက တန်းမဆင်းရရုံကန်တာမဟုတ်ဘဲ ခေတ်မှီကစားကွက်နဲ့ အသင်းတစ်သင်း ဖြစ်ချင်ခဲ့ကြတာပါ။” လို့လည်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။