ရီးရဲလ်မက်ဒရစ် ဟာ ကျနော့် စိတ်ကူးထဲက ကလပ်အသင်းဖြစ်တယ်လို့ ပြောကြားခဲ့တဲ့ ဗန်ဒီဘိတ်

အေဂျက်ဇ် အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိတ် ဟာ သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာတဲ့ ရီးရဲလ်မက်ဒရစ်ကြောင့် စိတ်လှုပ်ရှားမိကြောင်း ၀န်ခံပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာ ကိုခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့အခါ အေဂျက်ဇ် ကွင်းလယ်လူ ဗန်ဒီဘိတ် ဘက်ကို မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။ ဗန်ဒီဘိတ် ဟာ အသက် (၂၂) နှစ်အရွယ်သာရှိသေးပြီး ပြီးခဲ့တဲ့ နှစ်က အေဂျက်ဇ် အသင်းနဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ကိုရောက်ရှိနိုင်ခဲ့ပါတယ်။

ဗန်ဒီဘိတ် ဟာ Ziggo Sport သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ‘ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကျနော့် စိတ်ကူးအိမ်မက်ထဲကအသင်းတစ်သင်းဖြစ်ပါတယ်၊ အေဂျက်ဇ် လည်းအတူတူပါပဲ၊ ကျနော် ဒီမှာ ဆက်ကစားရမလား အသင်းပြောင်းဖြစ်မလားဆိုတာတော့ မပြောတက်သေးပါဘူး၊ ကျနော့်မှာတော့ ကောင်းမွန်တဲ့ ရွေးချယ်မူတွေ ရှိနေပါတယ်၊ အချို့ ကိစ္စတွေမှာ ကျနော် စောဒက တက်လို့မရတာတွေ လည်း ရှိပါတယ်၊ ’  လို့ဖြေကြားသွားခဲ့ပါတယ်။

အေဂျက်ဇ် အသင်းဟာ ပြီးခဲ့တဲ့ နှစ်က လူငယ်အများစုနဲ့ အင်အားစုဖွဲ့မူအားကောင်းခဲ့ပြီး ပြည်တွင်းလိဂ်ဖလား ရရှိခဲ့ကာ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိ ရောက်ရှိနိုင်ခဲ့ပါတယ်။ သို့ပေမယ့် ယခုနှစ်အပြောင်းအရွေ့မှာတော့ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဒီဂျောင်းနဲ့ ဒီလစ် တို့ဟာ ဘာစီလိုနာ နဲ့ ဂျူဗီတပ်အသင်းတွေဆီ အသီးသီး ပြောင်းရွေ့သွားခဲ့တာကြောင့် မနှစ်က အသင်းရဲ့ အစုအဖွဲ့ ကိုပြန်တည်ဆောက်ဖို့ အနည်းငယ်  ခက်ခဲသွားမှာတော့ အမှန်ပဲဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီမှာ ယူရိုသန်း (၃၃၀) ၀န်းကျင်အသုံးပြုထားပြီး ကစားသမားသစ်တွေ ၀ယ်ယူအားဖြည့်ထားခဲ့ပေမယ့် ရာသီကြို ခြေစမ်းပွဲစဉ်အချို့မှာ ရလာဒ်ဆိုးရွားခဲ့တာကြောင့် နည်းပြဇီဒန်း အနေနဲ့ ကစားသမားသစ်ထပ်ခေါ်ဖို့ ပြင်ဆင်လာနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရီးရဲလ်မက်ဒရစ် ဟာ PSG အသင်းက ထွက်ခွာဖို့ လုပ်နေဆဲဖြစ်တဲ့ နေမာ ကိုလည်း ဘာစီလိုနာနဲ့ အပြိုင်ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

#Ajax #Real

 

Unicode

 






#Ajax #Real