စူပါဖလားမကန္ခင္ လီဗာပူးေနာက္ခံလူဗန္ဒုိက္ခ်္ကို ရာမို႔စ္နဲ႔ႏိႈင္းယွဥ္ၿပီး ဖားေနတ့ဲ ပတ္ဒရို

ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမားတစ္ဦးျဖစ္သူ ပတ္ဒရုိက လီဗာပူးအသင္းရဲ႕ေနာက္ခံလူ ဗန္ဒုိက္ခ်္ကုိ ရီးရဲယ္မက္ဒရစ္နဲ႔စပိန္လက္ေရြးစင္အသင္းတုိ႔ရဲ႕ အသင္းေခါင္းေဆာင္ရာမို႔စ္နဲ႔ ႏႈိင္းယွဥ္ေျပာၾကားသြားခ့ဲပါတယ္။ နည္းျပလမ္းပတ္ကိုင္တြယ္ေနတ့ဲ ခ်ဲလ္ဆီးအသင္းဟာ ၿပီးခ့ဲတ့ဲႏွစ္ေဘာလံုးရာသီက နည္းျပေဟာင္းဆာရီနဲ႔အတူ ယူရိုပါလိဂ္ဖလားကို ရယူႏုိင္ခ့ဲၿပီး တစ္ဖက္ကခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏုိင္ခ့ဲတ့ဲ လီဗာပူးအသင္းနဲ႔ ဒီေန႔ညမွာ ဥေရာပစူပါဖလား ဗိုလ္လုပြဲအျဖစ္ ရင္ဆုိင္ကစားသြားၾကမွာျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ ေနာက္ခံလူ ဗန္ဒုိက္ခ်္ဟာ ၿပီးခ့ဲတ့ဲရာသီ လီဗာပူးအသင္းရဲ႕ အျမင့္ပ်ံခရီးလမ္းမွာ အဓိကေနရာက ပါဝင္ကျပႏုိင္ခ့ဲသူတစ္ဦးျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ PFA တစ္ႏွစ္တာ အေကာင္းဆံုးကစားသမားဆုကို ရယူႏုိင္ခ့ဲတ့ဲအျပင္ (၂၀၁၉) ခုႏွစ္အတြက္ ကမာၻ႕အေကာင္းဆံုးကစားသမားဆုကိုပါ ရယူႏုိင္ဖို႔ မက္ဆီနဲ႔အၿပိဳင္ ေရပန္းစားလ်က္ရွိေနပါတယ္။ ဒီလိုမ်ိဳး ဥေရာပစူပါဖလား ဗိုလ္လုပြဲမွာ ရင္ဆုိင္ရမယ့္ ၿပိဳင္ဘက္ေနာက္ခံလူ ဗန္ဒုိက္ခ်္ကို ပတ္ဒရိုက ရာမို႔စ္နဲ႔ ႏိႈင္းယွဥ္ၿပီး “သူတို႔ႏွစ္ေယာက္လံုးက အရမ္းကုိေကာင္းတ့ဲ ဗဟိုေနာက္ခံလူႏွစ္ေယာက္ျဖစ္ၿပီး လက္ရွိအခ်ိန္မွာ သူတုိ႔ႏွစ္ေယာက္က ထိပ္တန္းေနာက္ခံလူႏွစ္ေယာက္လည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။”

“ရာမို႔စ္က အရမ္းကိုေကာင္းသလို သူ႔ကိုလည္း ကြ်န္ေတာ္သိပါတယ္။ သူကထိပ္တန္းေနာက္ခံလူတစ္ေယာက္ ျဖစ္ၿပီး ေဘာလံုးကိုင္ထားခ်ိန္မွာ အေကာင္းဆံုး ကစားႏုိင္တ့ဲ ေနာက္ခံလူႀကီးပါ။ ဗန္ဒုိက္ခ်္လည္း အတူတူပါပဲ။ သန္မာတယ္။ ေလထဲမွာ ေဘာလံုးယွဥ္လုတာလည္း ေကာင္းတယ္။ ဂုိးေတြလည္းသြင္းႏုိင္တယ္။ ႏွစ္ေယာက္လံုးက ထိပ္တန္းကစားသမားေတြပါ။” လိ႔ု ဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။ ဗန္ဒိုက္ခ်္ဟာ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲအျဖစ္ ကစားခ့ဲတ့ဲ ေနာ့ဝစ္ခ်္အသင္းနဲ႔ပဲြဲစဥ္မွာလည္း အသင္းအတြက္ အႏုိင္ဂုိးတစ္ဂိုးကို ေထာင့္ကန္ေဘာကတစ္ဆင့္ ေခါင္းတိုက္သြင္းယူႏိုင္ခ့ဲကာ လီဗာပူးအသင္းကလည္း ရာသီအဖြင့္ပြဲမွာ ၄-၁ ဂုိးနဲ႔ ဂုိးျပတ္အႏုိင္ရရွိခ့ဲပါတယ္။

ဆက္လက္ၿပီးေတာ့ ပတ္ဒရိုက “ဗန္ဒုိက္ခ်္က လက္ရွိအခ်ိန္မွာ အေကာင္းဆံုးပံုစံရေနၿပီး ၿပီးခ့ဲတ့ဲရာသီမွာလည္း ခ်န္ပီယံလိဂ္ဖလားရခ့ဲသလို ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုး ကစားသမားလည္း ျဖစ္ခ့ဲပါတယ္။” လို႔ သံုးသပ္ေျပာၾကားခ့ဲပါေသးတယ္။ လီဗာပူးအသင္းနဲ႔ ရင္ဆုိင္ရမယ့္ ဥေရာပစူပါဖလားဗိုလ္လုပြဲနဲ႔ ပတ္သက္လုိ႔လည္း အသက္ (၃၂) ႏွစ္အရြယ္ စပိန္ေတာင္ပံကစားသမား ပတ္ဒရုိက “ဒါက ေနာက္ထပ္ဆုဖလားတစ္လံုးျဖစ္ၿပီး ရာသီအစမွာ ဆုဖလားေအာင္ျမင္မႈနဲ႔ စတင္ႏုိင္မယ္ဆုိရင္ အသင္းရဲ႕အနာဂတ္အတြက္ ေကာင္းမြန္သလုိ ယံုၾကည္မႈလည္း ရရွိလာႏုိင္ပါတယ္။ လီဗာပူးအသင္းက ထိပ္တန္းကစားသမားေတြနဲ႔ စုဖြဲ႕ထားတ့ဲ ထိပ္တန္းအသင္းတစ္သင္းပါ။ ေတာင့္တင္းတ့ဲအသင္းတစ္သင္းျဖစ္သလုိ တန္ျပန္တိုက္စစ္လည္း ေကာင္းပါတယ္။ ကြ်န္ေတာ္တို႔ပြဲကို အေကာင္းဆံုးဖတ္ရႈႏုိင္ဖုိ႔ လိုအပ္ပါတယ္။”

“အခ်ိန္ျပည့္ တိုက္ပြဲဝင္ေနရမွာျဖစ္ၿပီး ကြ်န္ေတာ္တို႔ အႏုိင္ရခ်င္တယ္ဆုိရင္ အခြင့္အေရးေတြဖန္တီးၿပီး ဂိုးေတြလည္း သြင္းႏုိင္ဖို႔ လိုအပ္ပါတယ္။ ဒါက ကြ်န္ေတာ့္အတြက္ (၄) ႀကိမ္ေျမာက္ စူပါဖလားဖိုင္နယ္ပါ။ ေရွ႕က (၃) ႀကိမ္မွာေတာ့ ကြ်န္ေတာ္ကံေကာင္းစြာနဲ႔ပဲ အႏုိင္ရရွိခ့ဲၿပီး ေနာက္ဆံုးကန္ခ့ဲတ့ဲ (၂၀၁၅) ခုႏွစ္ ဖိုင္နယ္မွာ အမွတ္တရေကာင္းေတြ ရွိခ့ဲပါတယ္။ အဓိကအခ်က္က စိတ္ပိုင္းဆုိင္ရာျဖစ္ၿပီးသန္မာဖုိ႔နဲ႔ က်စ္က်စ္လ်စ္လ်စ္ ကစားႏုိင္ဖုိ႔ လိုအပ္ပါတယ္။” လို႔လည္း ေျပာၾကားခ့ဲတာ ျဖစ္ပါတယ္။

Unicode

ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်သူ ပတ်ဒရိုက လီဗာပူးအသင်းရဲ့နောက်ခံလူ ဗန်ဒိုက်ချ်ကို ရီးရဲယ်မက်ဒရစ်နဲ့စပိန်လက်ရွေးစင်အသင်းတို့ရဲ့ အသင်းခေါင်းဆောင်ရာမို့စ်နဲ့ နှိုင်းယှဉ်ပြောကြားသွားခဲ့ပါတယ်။ နည်းပြလမ်းပတ်ကိုင်တွယ်နေတဲ့ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက နည်းပြဟောင်းဆာရီနဲ့အတူ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး တစ်ဖက်ကချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ လီဗာပူးအသင်းနဲ့ ဒီနေ့ညမှာ ဥရောပစူပါဖလား ဗိုလ်လုပွဲအဖြစ် ရင်ဆိုင်ကစားသွားကြမှာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ နောက်ခံလူ ဗန်ဒိုက်ချ်ဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးအသင်းရဲ့ အမြင့်ပျံခရီးလမ်းမှာ အဓိကနေရာက ပါဝင်ကပြနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်မှာ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တဲ့အပြင် (၂၀၁၉) ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ဖို့ မက်ဆီနဲ့အပြိုင် ရေပန်းစားလျက်ရှိနေပါတယ်။ ဒီလိုမျိုး ဥရောပစူပါဖလား ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်နောက်ခံလူ ဗန်ဒိုက်ချ်ကို ပတ်ဒရိုက ရာမို့စ်နဲ့ နှိုင်းယှဉ်ပြီး “သူတို့နှစ်ယောက်လုံးက အရမ်းကိုကောင်းတဲ့ ဗဟိုနောက်ခံလူနှစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာ သူတို့နှစ်ယောက်က ထိပ်တန်းနောက်ခံလူနှစ်ယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”

“ရာမို့စ်က အရမ်းကိုကောင်းသလို သူ့ကိုလည်း ကျွန်တော်သိပါတယ်။ သူကထိပ်တန်းနောက်ခံလူတစ်ယောက် ဖြစ်ပြီး ဘောလုံးကိုင်ထားချိန်မှာ အကောင်းဆုံး ကစားနိုင်တဲ့ နောက်ခံလူကြီးပါ။ ဗန်ဒိုက်ချ်လည်း အတူတူပါပဲ။ သန်မာတယ်။ လေထဲမှာ ဘောလုံးယှဉ်လုတာလည်း ကောင်းတယ်။ ဂိုးတွေလည်းသွင်းနိုင်တယ်။ နှစ်ယောက်လုံးက ထိပ်တန်းကစားသမားတွေပါ။” လိ့ု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဗန်ဒိုက်ချ်ဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် ကစားခဲ့တဲ့ နော့ဝစ်ချ်အသင်းနဲ့ပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို ထောင့်ကန်ဘောကတစ်ဆင့် ခေါင်းတိုက်သွင်းယူနိုင်ခဲ့ကာ လီဗာပူးအသင်းကလည်း ရာသီအဖွင့်ပွဲမှာ ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ပတ်ဒရိုက “ဗန်ဒိုက်ချ်က လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံရနေပြီး ပြီးခဲ့တဲ့ရာသီမှာလည်း ချန်ပီယံလိဂ်ဖလားရခဲ့သလို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။” လို့ သုံးသပ်ပြောကြားခဲ့ပါသေးတယ်။ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမယ့် ဥရောပစူပါဖလားဗိုလ်လုပွဲနဲ့ ပတ်သက်လို့လည်း အသက် (၃၂) နှစ်အရွယ် စပိန်တောင်ပံကစားသမား ပတ်ဒရိုက “ဒါက နောက်ထပ်ဆုဖလားတစ်လုံးဖြစ်ပြီး ရာသီအစမှာ ဆုဖလားအောင်မြင်မှုနဲ့ စတင်နိုင်မယ်ဆိုရင် အသင်းရဲ့အနာဂတ်အတွက် ကောင်းမွန်သလို ယုံကြည်မှုလည်း ရရှိလာနိုင်ပါတယ်။ လီဗာပူးအသင်းက ထိပ်တန်းကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ထိပ်တန်းအသင်းတစ်သင်းပါ။ တောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်သလို တန်ပြန်တိုက်စစ်လည်း ကောင်းပါတယ်။ ကျွန်တော်တို့ပွဲကို အကောင်းဆုံးဖတ်ရှုနိုင်ဖို့ လိုအပ်ပါတယ်။”

“အချိန်ပြည့် တိုက်ပွဲဝင်နေရမှာဖြစ်ပြီး ကျွန်တော်တို့ အနိုင်ရချင်တယ်ဆိုရင် အခွင့်အရေးတွေဖန်တီးပြီး ဂိုးတွေလည်း သွင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက ကျွန်တော့်အတွက် (၄) ကြိမ်မြောက် စူပါဖလားဖိုင်နယ်ပါ။ ရှေ့က (၃) ကြိမ်မှာတော့ ကျွန်တော်ကံကောင်းစွာနဲ့ပဲ အနိုင်ရရှိခဲ့ပြီး နောက်ဆုံးကန်ခဲ့တဲ့ (၂၀၁၅) ခုနှစ် ဖိုင်နယ်မှာ အမှတ်တရကောင်းတွေ ရှိခဲ့ပါတယ်။ အဓိကအချက်က စိတ်ပိုင်းဆိုင်ရာဖြစ်ပြီးသန်မာဖို့နဲ့ ကျစ်ကျစ်လျစ်လျစ် ကစားနိုင်ဖို့ လိုအပ်ပါတယ်။” လို့လည်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။