ဂ်စ္ကန္ကန္လုပ္ေနဆဲဂါရတ္ေဘးလ္နဲ႔အတူ အျခားေသာနံနက္ခင္းသတင္းတုိမ်ား …

၁။ ကံေကာင္းသြားတ့ဲ မန္စီးတီး
မန္စီးတီးအသင္းဟာ လူငယ္ကစားသမားေတြကုိ တရားမဝင္ေခၚယူခ့ဲတ့ဲ ကိစၥအတြက္ အေျပာင္းအေရႊ႕ပိတ္ပင္တ့ဲ ျပစ္ဒဏ္က်ခံရမွာမဟုတ္ဘဲ ဒဏ္ေၾကးေငြ ေပါင္ (၃၁၅,၀၀၀) သာတပ္ရိုက္ခံခ့ဲရတယ္လို႔ သိရွိရပါတယ္။ ခ်ဲလ္ဆီးအသင္းကေတာ့ မန္စီးတီးအသင္းနဲ႔ အလားတူျဖစ္ရပ္အတြက္ အေျပာင္းအေရႊ႕ႏွစ္ရာသီစာပိိတ္ပင္တ့ဲ ျပစ္ဒဏ္ကိုက်ခံေနရတာျဖစ္ၿပီး မန္စီးတီးအသင္းကေတာ့ ဒဏ္ေၾကးေဆာင္ရံုသာ အေရးယူခံခ့ဲရတာျဖစ္ပါတယ္။

၂။ ေကာ္တင္ဟိုကိုခ်ဥ္းကပ္ထားတယ္ဆုိတ့ဲ ဘုိင္ယန္ျမဴးနစ္
ဘာစီလိုနာအသင္းရဲ႕ ေျပာေရးဆုိခြင့္ရပုဂၢိဳလ္တစ္ဦးက ဘုိင္ယန္ျမဴးနစ္အသင္းအေနနဲ႔ အသင္းရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္သူ ေကာ္တင္ဟိုကို စိတ္ဝင္စားေနတယ္လို႔ အတည္ျပဳေျပာၾကားသြားခ့ဲတာျဖစ္ပါတယ္။ ဘုိင္ယန္ျမဴးနစ္အသင္းဟာ အင္တာမီလန္အသင္းရဲ႕ ေတာင္ပံကစားသမား ပါရီဆစ္ကုိ တစ္ရာသီအငွားနဲ႔ေခၚယူခ့ဲၿပီးျဖစ္ေပမယ့္ အသင္းရဲ႕ေတာင္ပံတိုက္စစ္အတြက္ ေနာက္ထပ္အင္အားျဖည့္တင္းမႈမ်ား ျပဳလုပ္သြားဖို႔ ဆႏၵရွိေနတာလည္း ျဖစ္ပါတယ္။

၃။ ေပါ့ဘာအတြက္ ကမ္းလွမ္းမႈေတြကို လက္ခံမွာ မဟုတ္တ့ဲ ယူႏုိက္တက္
ယူႏုိက္တက္အသင္းဟာ ကြင္းလယ္ကစားသမား ေပါ့ဘာနဲ႔ပတ္သက္တ့ဲ ဘယ္လိုကမ္းလွမ္းမႈမ်ိဳးကုိမွ လက္ခံစဥ္းစားသြားမွာ မဟုတ္ဘူးလို႔ သိရွိရပါတယ္။ ေပါ့ဘာကို ေခၚယူဖို႔ ဂ်ဴဗင္တပ္စ္၊ ရီးရဲယ္မက္ဒရစ္အသင္းတုိ႔က စိတ္ဝင္စားေနၿပီး ဥေရာပအေျပာင္းအေရႊ႕ရာသီ ပိတ္မယ့္ စက္တင္ဘာလ (၂) ရက္ေန႔မတုိင္ခင္မွာ ေပါ့ဘာနဲ႔ ပတ္သက္ၿပီး အရွိန္ျမွင့္ ႀကိဳးစားလာဖြယ္ရွိေပမယ့္ ယူႏုိက္တက္အသင္းကေတာ့ ေပါ့ဘာကို ေရာင္းခ်ဖို႔ စိတ္ကူးမရွိတာလည္း ျဖစ္ပါတယ္။

၄။ အခုပဲေရာက္ၿပီး အခုပဲျပန္ထြက္ဦးမယ့္ကစားသမား
ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေနာက္ခံအစြန္လူ ပယ္လီဂရီနီဟာ ကယ္ဂလီယာရီအသင္းကုိ တစ္ရာသီအငွားနဲ႔ ေျပာင္းေရႊ႕ေတာ့မယ္လုိ႔ သိရပါတယ္။ အသက္ (၂၀) အရြယ္ ပယ္လီဂရီနီဟာ ၿပီးခ့ဲတ့ဲရာသီကလည္း ကယ္ဂလီယာရီအသင္းမွာ အငွားနဲ႔ သြားကစားခ့ဲတ့ဲ ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိေႏြရာသီမွ ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲေပမယ့္ အခုလိုပဲ အငွားနဲ႔ထြက္ကစားဖို႔ ျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။

၅။ ထိပ္သီးအသင္းေတြကို ေနာက္ေကာက္ခ်လုိက္တ့ဲ ေဟာ့ဖန္းဟိမ္း
ရက္ဒ္ဘူးလ္ဆဲလ္ဘာ့ဂ္အသင္းရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္သူ ဆာမက္ဆီကူဟာ ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ ေဟာ့ဖန္းဟိမ္းအသင္းကို ေျပာင္းေရႊ႕ေၾကး ယူရို (၁၄) သန္းနဲ႔ ေျပာင္းေရႊ႕ေတာ့မယ္လို႔ သိရွိရပါတယ္။ အသက္ (၂၃) ႏွစ္အရြယ္ ဒီကစားသမားကိုေတာ့ ေအစီမီလန္၊ လက္စတာ၊ ေဒါ့မြန္အသင္းတို႔လို ထိပ္တန္းအသင္းေတြက ေခၚယူဖို႔ စိတ္ဝင္စားခ့ဲေပမယ့္ ေဟာ့ဖန္းဟိမ္းအသင္းက ဆာမက္ဆီကူအတြက္ လက္ဦးမႈရယူကာ ေခၚယူႏုိင္ခ့ဲတာျဖစ္ပါတယ္။

၆။ ဂ်စ္ကန္ကန္လုပ္ေနဆဲ ဂါရတ္ေဘးလ္
ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ ေတာင္ပံကစားသမားျဖစ္သူ ဂါရတ္ေဘးလ္ဟာ ေနမာကို ေခၚယူဖို႔ ႀကိဳးစားေနတ့ဲ အသင္းရဲ႕အေျပာင္းအေရႊ႕ကိစၥရပ္မွာ တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ဖို႔ ျငင္းဆန္ခ့ဲတယ္လို႔ သိရွိရပါတယ္။ ရီးရဲယ္မက္ဒရစ္အသင္းဟာ ေနမာကိုေခၚယူဖို႔ ဘာစီလိုနာနဲ႔ အၿပိဳင္ စိတ္ဝင္စားေနတာျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကး ယူရုိသန္း (၉၀) အျပင္ ဂါရတ္ေဘးလ္နဲ႔ပါ အလုိက္ေပးကမ္းလွမ္းဖုိ႔ ျပင္ဆင္ခ့ဲတာျဖစ္ေပမယ့္ ဂါရတ္ေဘးလ္ကေတာ့ ဒီလိုမ်ိဳး အေျပာင္းအေရႊ႕မွာ အသံုးခ်ခံမျဖစ္လိုတ့ဲဆႏၵရွိေနတာလည္း ျဖစ္ပါတယ္။

၇။ ေနမာကိုေခၚဖို႔ ပဲရစ္ၿမိဳ႕ကို အေရာက္သြားေနတ့ဲ ဘာစီလိုနာဘုတ္အဖြဲ႕
ဘာစီလိုနာအသင္းကလည္း ေနမာအတြက္ ေျပာင္းေရႊ႕ေၾကး ယူရိုသန္း (၁၀၀) အျပင္ ကြင္းလယ္ကစားသမား ေကာ္တင္ဟိုကိုပါ အလုိက္ေပးၿပီး PSG အသင္းထံ ကမ္းလွမ္းထားတယ္လို႔ သိရွိရပတယ္။ ဒါ့အျပင္ ဘာစီလိုနာအသင္းရဲ႕နည္းစနစ္ဒါရိုက္တာ အဘီဒယ္လ္၊ ဘုတ္အဖြဲ႕ဝင္မ်ားျဖစ္တ့ဲ ဟာဗီယာေဘာ္ဒက္စ္၊ အန္ဒရီကူရီတို႔ကလည္း ေနမာကိုေခၚယူႏုိင္ဖို႔အတြက္ ပဲရစ္ၿမိဳ႕ကို ထြက္ခြာသြားခ့ဲၿပီးျဖစ္တယ္လို႔ သိရွိရပါတယ္။

၈။ အေျပာင္းအေရႊ႕မွာဆက္တိုက္ၾကမ္းေနဆဲ အက္သလက္တီကိုမက္ဒရစ္
ဗလင္စီယာအသင္းရဲ႕ တိုက္စစ္ကစားသမားတစ္ဦးျဖစ္သူ ရိုဒရီဂိုဟာ အက္သလက္တီကိုမက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ေတာ့မွာျဖစ္တယ္လို႔ မာကာသတင္းစာက ေဖာ္ျပခ့ဲပါတယ္။ ကစားသမားအေနနဲ႔ ဗလင္စီယာအသင္းေဖာ္ေတြနဲ႔ ႏႈတ္ဆက္ပြဲက်င္းပခ့ဲၿပီးျဖစ္ၿပီး အသက္ (၂၈) ႏွစ္အရြယ္ ဒီကစားသမားအတြက္ အက္သလက္တီကိုမက္ဒရစ္အသင္းက ေျပာင္းေရႊ႕ေၾကး ယူရိုသန္း (၆၀) ေပးေခ်သြားမွာျဖစ္ပါတယ္။

Unicode

၁။ ကံကောင်းသွားတဲ့ မန်စီးတီး
မန်စီးတီးအသင်းဟာ လူငယ်ကစားသမားတွေကို တရားမဝင်ခေါ်ယူခဲ့တဲ့ ကိစ္စအတွက် အပြောင်းအရွှေ့ပိတ်ပင်တဲ့ ပြစ်ဒဏ်ကျခံရမှာမဟုတ်ဘဲ ဒဏ်ကြေးငွေ ပေါင် (၃၁၅,၀၀၀) သာတပ်ရိုက်ခံခဲ့ရတယ်လို့ သိရှိရပါတယ်။ ချဲလ်ဆီးအသင်းကတော့ မန်စီးတီးအသင်းနဲ့ အလားတူဖြစ်ရပ်အတွက် အပြောင်းအရွှေ့နှစ်ရာသီစာပိတ်ပင်တဲ့ ပြစ်ဒဏ်ကိုကျခံနေရတာဖြစ်ပြီး မန်စီးတီးအသင်းကတော့ ဒဏ်ကြေးဆောင်ရုံသာ အရေးယူခံခဲ့ရတာဖြစ်ပါတယ်။

၂။ ကော်တင်ဟိုကိုချဉ်းကပ်ထားတယ်ဆိုတဲ့ ဘိုင်ယန်မြူးနစ်
ဘာစီလိုနာအသင်းရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ကော်တင်ဟိုကို စိတ်ဝင်စားနေတယ်လို့ အတည်ပြုပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ အင်တာမီလန်အသင်းရဲ့ တောင်ပံကစားသမား ပါရီဆစ်ကို တစ်ရာသီအငှားနဲ့ခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် အသင်းရဲ့တောင်ပံတိုက်စစ်အတွက် နောက်ထပ်အင်အားဖြည့်တင်းမှုများ ပြုလုပ်သွားဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

၃။ ပေါ့ဘာအတွက် ကမ်းလှမ်းမှုတွေကို လက်ခံမှာ မဟုတ်တဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကစားသမား ပေါ့ဘာနဲ့ပတ်သက်တဲ့ ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ လက်ခံစဉ်းစားသွားမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ ပေါ့ဘာကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်၊ ရီးရဲယ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေပြီး ဥရောပအပြောင်းအရွှေ့ရာသီ ပိတ်မယ့် စက်တင်ဘာလ (၂) ရက်နေ့မတိုင်ခင်မှာ ပေါ့ဘာနဲ့ ပတ်သက်ပြီး အရှိန်မြှင့် ကြိုးစားလာဖွယ်ရှိပေမယ့် ယူနိုက်တက်အသင်းကတော့ ပေါ့ဘာကို ရောင်းချဖို့ စိတ်ကူးမရှိတာလည်း ဖြစ်ပါတယ်။

၄။ အခုပဲရောက်ပြီး အခုပဲပြန်ထွက်ဦးမယ့်ကစားသမား
ဂျူဗင်တပ်စ်အသင်းရဲ့ နောက်ခံအစွန်လူ ပယ်လီဂရီနီဟာ ကယ်ဂလီယာရီအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ အသက် (၂၀) အရွယ် ပယ်လီဂရီနီဟာ ပြီးခဲ့တဲ့ရာသီကလည်း ကယ်ဂလီယာရီအသင်းမှာ အငှားနဲ့ သွားကစားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိနွေရာသီမှ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပေမယ့် အခုလိုပဲ အငှားနဲ့ထွက်ကစားဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

၅။ ထိပ်သီးအသင်းတွေကို နောက်ကောက်ချလိုက်တဲ့ ဟော့ဖန်းဟိမ်း
ရက်ဒ်ဘူးလ်ဆဲလ်ဘာ့ဂ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ဆာမက်ဆီကူဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဟော့ဖန်းဟိမ်းအသင်းကို ပြောင်းရွှေ့ကြေး ယူရို (၁၄) သန်းနဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရှိရပါတယ်။ အသက် (၂၃) နှစ်အရွယ် ဒီကစားသမားကိုတော့ အေစီမီလန်၊ လက်စတာ၊ ဒေါ့မွန်အသင်းတို့လို ထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဟော့ဖန်းဟိမ်းအသင်းက ဆာမက်ဆီကူအတွက် လက်ဦးမှုရယူကာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

၆။ ဂျစ်ကန်ကန်လုပ်နေဆဲ ဂါရတ်ဘေးလ်
ရီးရဲယ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ ဂါရတ်ဘေးလ်ဟာ နေမာကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းရဲ့အပြောင်းအရွှေ့ကိစ္စရပ်မှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရှိရပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းဟာ နေမာကိုခေါ်ယူဖို့ ဘာစီလိုနာနဲ့ အပြိုင် စိတ်ဝင်စားနေတာဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း (၉၀) အပြင် ဂါရတ်ဘေးလ်နဲ့ပါ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့တာဖြစ်ပေမယ့် ဂါရတ်ဘေးလ်ကတော့ ဒီလိုမျိုး အပြောင်းအရွှေ့မှာ အသုံးချခံမဖြစ်လိုတဲ့ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

၇။ နေမာကိုခေါ်ဖို့ ပဲရစ်မြို့ကို အရောက်သွားနေတဲ့ ဘာစီလိုနာဘုတ်အဖွဲ့
ဘာစီလိုနာအသင်းကလည်း နေမာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) အပြင် ကွင်းလယ်ကစားသမား ကော်တင်ဟိုကိုပါ အလိုက်ပေးပြီး PSG အသင်းထံ ကမ်းလှမ်းထားတယ်လို့ သိရှိရပတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းရဲ့နည်းစနစ်ဒါရိုက်တာ အဘီဒယ်လ်၊ ဘုတ်အဖွဲ့ဝင်များဖြစ်တဲ့ ဟာဗီယာဘော်ဒက်စ်၊ အန်ဒရီကူရီတို့ကလည်း နေမာကိုခေါ်ယူနိုင်ဖို့အတွက် ပဲရစ်မြို့ကို ထွက်ခွာသွားခဲ့ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။

၈။ အပြောင်းအရွှေ့မှာဆက်တိုက်ကြမ်းနေဆဲ အက်သလက်တီကိုမက်ဒရစ်
ဗလင်စီယာအသင်းရဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ ရိုဒရီဂိုဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ မာကာသတင်းစာက ဖော်ပြခဲ့ပါတယ်။ ကစားသမားအနေနဲ့ ဗလင်စီယာအသင်းဖော်တွေနဲ့ နှုတ်ဆက်ပွဲကျင်းပခဲ့ပြီးဖြစ်ပြီး အသက် (၂၈) နှစ်အရွယ် ဒီကစားသမားအတွက် အက်သလက်တီကိုမက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) ပေးချေသွားမှာဖြစ်ပါတယ်။