လီဗာပူး နဲ႔ ယူအီးအက္ဖ္ေအစူပါဖလားပြဲကို လြဲေခ်ာ္ႏိုင္တဲ့ ကန္ေတ

ခ်ယ္လ္ဆီးအသင္းကြင္းလယ္လူ ကန္ေတဟာ လီဗာပူးအသင္းနဲ႔ ယွဥ္ျပိဳင္ကစားရမည့္ ယူအီးအက္ဖ္ေအ စူပါဖလား ပြဲစဥ္ကို လြဲေခ်ာ္ႏိုင္တယ္လို႔ နည္းျပခ်ဳပ္ လမ္းပတ္က အတည္ျပဳေျပာသြားခဲ့ပါတယ္။ ျပင္သစ္လက္ေရြးစင္ကစားသမားဟာ ၾကံ့ခိုင္မႈမျပည့္၀ခဲ့ဲတဲ့အတြက္ တနဂၤေႏြေန႔က ကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအား ၄-၀ ျဖင့္ ရႈံးနိမ့္ခဲ့ေသာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္တြင္ ပြဲကစားခ်ိန္ ၁၇ မိနစ္သာ ရွိခဲ့ပါတယ္။ လမ္းပတ္က အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ အဲ့ဒီပြဲမွာ အေသးစားဒဏ္ရာ ျပႆနာထပ္ရခဲ့ျပီး ဗုဒၶဟူးေန႔တြင္ အစၥတန္ဘူလ္မွာ ကစားမည့္ လီဗာပူးအသင္းနဲ႔ပြဲအတြက္ အစည္းအေ၀ လုပ္ရေတာ့မယ္လို႔ ေျပာသြားပါတယ္။

“ကန္ေတ မပါႏိုင္ေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူ႕မွာ ဒဏ္ရာတစ္ခုရွိေနပါတယ္။ သူဟာ ဘယ္ေလာက္အေရးပါလဲဆိုတာ ကၽြန္ေတာ္လည္း သိပါတယ္” လို႔ လမ္းပတ္က လက္စတာကစားသမားေဟာင္းမပါေသာ ျပီးခဲ့တဲ့ပြဲထြက္ လူစာရင္းနဲ႔ပတ္သတ္ျပီး ၀န္ခံ ေျပာသြားခဲ့ပါတယ္။ “အဲ့ပြဲမွာ သူဟာ ေနာက္ထပ္အေသးစားဒဏ္ရာ ရရွိခဲ့လို႔ ကၽြန္ေတာ္တို႔ လက္ခံရမွာပါ”

လမ္းပတ္က ယူႏိုက္တက္နဲ႔ စိတ္ပ်က္ဖြယ္ရလဒ္ထြက္ေပၚခဲ့လို႔ စူပါဖလားပြဲစဥ္တြင္ အသင္းရဲ႕ လူစာရင္းကို အကုန္အေျပာင္းအလဲလုပ္သြားမွာမဟုတ္ဘူးလို႔လည္း ေျပာသြားခဲ့ပါတယ္။ “ကၽြန္ေတာ္အေနနဲ႔ အသက္ အရြယ္ကို ေမ့ထားျပီး ပြဲကို အႏိုင္ရဖို႔အတြက္ အေကာင္းဆံုးလူစာရင္းကို ေရြးတာပါ” လို႔ လမ္းပတ္က ေျပာသြားခဲ့ပါတယ္။

လမ္းပတ္မွာ ခ်ယ္လ္ဆီးကစားသမားဘ၀တုန္းက စူပါဖလား ဗုိလ္လုပြဲတြင္ အက္သလက္တီကိုမက္ဒရစ္အသင္းကို ၂၀၁၂ ခုႏွစ္တုန္းက (၄-၁) ရလဒ္နဲ႔ တစ္ၾကိမ္ ၊ ဘိုင္ယန္ျမဴးနစ္အသင္းကို ၂၀၁၃ ခုႏွစ္တုန္းက လည္း ပင္နယ္တီအဆံုးအျဖတ္တြင္ တစ္ၾကိမ္ စုစုေပါင္း ၂ ၾကိမ္ ရႈံးနိမ့္ခဲ့ဖူးတဲ့ ကစားသမားျဖစ္ပါတယ္။ သူ႔အသင္းအေနနဲ႔ ျပည္တြင္းျပိဳင္ဘက္အသင္းကို အႏိုင္ရရွိရန္ အစြမ္းကုန္ၾကိဳးစားကစားမယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။ “ဒီဖလားက အသင္းအတြက ္အမ်ားၾကီးအေရးပါပါတယ္။ ကၽြန္ေတာ္ ၂ ခါ ရႈံးခဲ့ပါတယ္။ တစ္ၾကမ္က ဆိုးရြားတဲ့အေျခအေနနဲ႔ ျဖစ္ျပီး ေနာက္တစ္ၾကိမ္က ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့တာေတာင္ ရႈံးခဲ့ျခင္းျဖစ္ပါတယ္။ ဒီပြဲအႏိုင္ရဖို႔ အရာရာေပးဆပ္သြားဖို႔ အေရးၾကီးပါတယ္။ ဒါက အသင္းအတြက္ ေနာက္ထပ္ဖလားတစ္လံုးျဖစ္ပါတယ္”လို႔ နည္းျပက ေျပာသြားခဲ့ပါတယ္။

Unicode

လီဗာပူး နဲ့ ယူအီးအက်ဖ်အေစူပါဖလားပွဲကို လွဲချော်နိုင်တဲ့ ကန်တေ

ချယ်လ်ဆီးအသင်းကွင်းလယ်လူ ကန်တေဟာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမည့် ယူအီးအက်ဖ်အေ စူပါဖလား ပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ နည်းပြချုပ် လမ်းပတ်က အတည်ပြုပြောသွားခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ကြံ့ခိုင်မှုမပြည့်ဝခဲ့ဲတဲ့အတွက် တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအား ၄-၀ ဖြင့် ရှုံးနိမ့်ခဲ့သော ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ပွဲကစားချိန် ၁၇ မိနစ်သာ ရှိခဲ့ပါတယ်။ လမ်းပတ်က အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ အဲ့ဒီပွဲမှာ အသေးစားဒဏ်ရာ ပြဿနာထပ်ရခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် အစ္စတန်ဘူလ်မှာ ကစားမည့် လီဗာပူးအသင်းနဲ့ပွဲအတွက် အစည်းအေ၀ လုပ်ရတော့မယ်လို့ ပြောသွားပါတယ်။

“ကန်တေ မပါနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ ဒဏ်ရာတစ်ခုရှိနေပါတယ်။ သူဟာ ဘယ်လောက်အရေးပါလဲဆိုတာ ကျွန်တော်လည်း သိပါတယ်” လို့ လမ်းပတ်က လက်စတာကစားသမားဟောင်းမပါသော ပြီးခဲ့တဲ့ပွဲထွက် လူစာရင်းနဲ့ပတ်သတ်ပြီး ဝန်ခံ ပြောသွားခဲ့ပါတယ်။ “အဲ့ပွဲမှာ သူဟာ နောက်ထပ်အသေးစားဒဏ်ရာ ရရှိခဲ့လို့ ကျွန်တော်တို့ လက်ခံရမှာပါ”

လမ်းပတ်က ယူနိုက်တက်နဲ့ စိတ်ပျက်ဖွယ်ရလဒ်ထွက်ပေါ်ခဲ့လို့ စူပါဖလားပွဲစဉ်တွင် အသင်းရဲ့ လူစာရင်းကို အကုန်အပြောင်းအလဲလုပ်သွားမှာမဟုတ်ဘူးလို့လည်း ပြောသွားခဲ့ပါတယ်။ “ကျွန်တော်အနေနဲ့ အသက် အရွယ်ကို မေ့ထားပြီး ပွဲကို အနိုင်ရဖို့အတွက် အကောင်းဆုံးလူစာရင်းကို ရွေးတာပါ” လို့ လမ်းပတ်က ပြောသွားခဲ့ပါတယ်။

လမ်းပတ်မှာ ချယ်လ်ဆီးကစားသမားဘဝတုန်းက စူပါဖလား ဗိုလ်လုပွဲတွင် အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂၀၁၂ ခုနှစ်တုန်းက (၄-၁) ရလဒ်နဲ့ တစ်ကြိမ် ၊ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၃ ခုနှစ်တုန်းက လည်း ပင်နယ်တီအဆုံးအဖြတ်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ရှုံးနိမ့်ခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။ သူ့အသင်းအနေနဲ့ ပြည်တွင်းပြိုင်ဘက်အသင်းကို အနိုင်ရရှိရန် အစွမ်းကုန်ကြိုးစားကစားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ “ဒီဖလားက အသင်းအတွက ်အများကြီးအရေးပါပါတယ်။ ကျွန်တော် ၂ ခါ ရှုံးခဲ့ပါတယ်။ တစ်ကြမ်က ဆိုးရွားတဲ့အခြေအနေနဲ့ ဖြစ်ပြီး နောက်တစ်ကြိမ်က ချန်ပီယံလိဂ်ဖလား ရရှိခဲ့တာတောင် ရှုံးခဲ့ခြင်းဖြစ်ပါတယ်။ ဒီပွဲအနိုင်ရဖို့ အရာရာပေးဆပ်သွားဖို့ အရေးကြီးပါတယ်။ ဒါက အသင်းအတွက် နောက်ထပ်ဖလားတစ်လုံးဖြစ်ပါတယ်”လို့ နည်းပြက ပြောသွားခဲ့ပါတယ်။