မက္ဆီ နဲ႔ ကၽြန္ေတာ့္ၾကားက ကြာျခားခ်က္က ဘာလဲသိလား? ကၽြန္ေတာ္က ခ်န္ပီယံလိဂ္ဖလားကို သူ႔ထက္ အသင္းေတြအမ်ားၾကီးနဲ႔ ရခဲ့တာဗ်

အာဂ်င္တီးနား ၾကယ္ပြင့္ဟာ ကစားသမားဘ၀ တစ္ေလွ်ာက္လံုး ဘာစီလိုနာအသင္းမွာပဲ ကုန္ဆံုးေနစဥ္တြင္ ဂ်ဴဗင္တပ္ကစားသမားက ဥေရာပထိပ္သီးအသင္းေတြ နဲ႔ ကစားေနခဲ့သူျဖစ္ပါတယ္။ ခရစၥတီယာႏိုေရာ္နယ္ဒိုက သူ႔ရဲ႕ ကာလရွည္ ျပိဳင္ဘက္ကစားသမား မက္ဆီ နဲ႔ သူ႔ရဲ႕အၾကားတြင္ ကြားျခားခ်က္မွာ အသင္းတစ္သင္းထဲ တြင္ ကစားျပီး ခ်န္ပီယံလိဂ္ဖလားကို ၅ လံုးယူတာထက္ သူက အသင္းေတြ အမ်ားၾကီးန႔ဲ ခ်န္ပီယံလိဂ္ဖလား ၅ လံုး ယူခဲ့တာျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

တစ္ခ်ိန္လံုး ျငင္းခံုခဲ့ၾကတဲ့ ဘယ္သူပိုေကာင္းလဲ ျငင္းခံုမႈေတြျပီးသြားပါျပီ။ စပိန္မွာရွိေနစဥ္ကတညး္က ရီးရဲလ္မက္ဒရစ္ နျ႔ ဘာစီလိုနာ ပရိသတ္ေတြ ေျပာေနၾကတဲ့ ဘယ္ကစားသမားက အေကာင္းဆံုးလဲဆိုတဲ့ စကားက ပိုျပီး ပြက္ေလာရိုက္လာေတာ့မွာ ျဖစ္ပါတယ္။

ႏွစ္ေယာက္စလံုး ေဘာလြန္းဒီေအာဆုကို ၅ ၾကိမ္စီ ရရွိထားၾကေပမယ့္ မက္ဆီမွာ သူ႔ရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္လံုးတြင္ ဘာစီလိုနာအသင္းတစ္သင္းတည္းထံမွာပင္ ကစားေနလို႔ ေရာ္နယ္ဒိုက အာဂ်င္တီးနား ကစားသမားကို ပတ္၀န္းက်င္အသစ္မွာ ကစားရန္ အရိပ္အမြက္ ဆြဲေဆာင္ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

DAZN စီးရီးရုပ္သံတစ္ခုအင္တာဗ်ဴးမွာ ေရာ္နယ္ဒိုက  “မက္ဆီနဲ႔ ပတ္သတ္တဲ့ အေၾကာင္းကေတာ့ သူဟာ အေကာင္းဆံုးကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ သူရရွိခဲ့တဲ့ ေဘာလြန္းဒီေအာ ဆုေတြေၾကာင့္မဟုတ္ပဲ ႏွစ္ေပါင္းမ်ားစြာ ထိတိုင္ေအာင္ ထိပ္တန္းအဆင့္မွာ ကၽြန္ေတာ့္လိုမ်ိဳး ရပ္တည္ေနႏိုင္လို႔ျဖစ္ပါတယ္။ မက္ဆီ နဲ႔ ကၽြန္ေတာ့္ၾကားက ကြာျခားခ်က္ကေတာ့ ကၽြန္ေတာ္က မတူညီတဲ့ အသင္းေတြမွာ ကစားခဲ့ျပီး ခ်န္ပီယံလိဂ္ဖလား ကို လည္း မတူညီတဲ့အသင္းေတြနဲ႔ ရခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဖလား ၆ ၾကိ္မ္ဆက္တိုက္လည္း ဂိုးသြင္းအမ်ားဆံုးသူျဖစ္ခဲ့ပါတယ္” လို႔ ေပၚတူဂီအသင္းေခါင္းေဆာင္က ေျပာသြားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ဖလား ကို မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ၂၀၀၇-၀၈ ခုႏွစ္ တစ္ၾကိမ္ ရရွိခဲ့ျပီး ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ၄ ၾကိမ္ အထိ ရရွိခဲ့ပါတယ္။ ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္က ေရာ္နယ္ဒိုရဲ႕ ဂ်ဴဗင္တပ္အသင္းမွာ ကြာတားကေန လွည့္ျပန္ခဲ့ရျပီး ယခုႏွစ္တြင္ ဂ်ဴဗင္တပ္ အသင္းမွာ ခ်န္ပီယံလိဂ္ဖလားကို ရရွိရန္အတြက္ နညး္ျပအေျပာင္းအလဲမ်ား၊ အင္အားျဖည့္တင္းမႈမ်ား ကို ျပဳလုပ္ခဲ့ပါတယ္။

 

Unicode

မက်ဆီ နဲ့ ကျွန်တော့်ကြားက ကွာခြားချက်က ဘာလဲသိလား? ကျွန်တော်က ချန်ပီယံလိဂ်ဖလားကို သူ့ထက် အသင်းတွေအများကြီးနဲ့ ရခဲ့တာဗျ

အာဂျင်တီးနား ကြယ်ပွင့်ဟာ ကစားသမားဘ၀ တစ်လျှောက်လုံး ဘာစီလိုနာအသင်းမှာပဲ ကုန်ဆုံးနေစဉ်တွင် ဂျူဗင်တပ်ကစားသမားက ဥရောပထိပ်သီးအသင်းတွေ နဲ့ ကစားနေခဲ့သူဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုက သူ့ရဲ့ ကာလရှည် ပြိုင်ဘက်ကစားသမား မက်ဆီ နဲ့ သူ့ရဲ့အကြားတွင် ကွားခြားချက်မှာ အသင်းတစ်သင်းထဲ တွင် ကစားပြီး ချန်ပီယံလိဂ်ဖလားကို ၅ လုံးယူတာထက် သူက အသင်းတွေ အများကြီးနဲ့ ချန်ပီယံလိဂ်ဖလား ၅ လုံး ယူခဲ့တာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

တစ်ချိန်လုံး ငြင်းခုံခဲ့ကြတဲ့ ဘယ်သူပိုကောင်းလဲ ငြင်းခုံမှုတွေပြီးသွားပါပြီ။ စပိန်မှာရှိနေစဉ်ကတည်းက ရီးရဲလ်မက်ဒရစ် နြ့ ဘာစီလိုနာ ပရိသတ်တွေ ပြောနေကြတဲ့ ဘယ်ကစားသမားက အကောင်းဆုံးလဲဆိုတဲ့ စကားက ပိုပြီး ပွက်လောရိုက်လာတော့မှာ ဖြစ်ပါတယ်။

နှစ်ယောက်စလုံး ဘောလွန်းဒီအောဆုကို ၅ ကြိမ်စီ ရရှိထားကြပေမယ့် မက်ဆီမှာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးတွင် ဘာစီလိုနာအသင်းတစ်သင်းတည်းထံမှာပင် ကစားနေလို့ ရော်နယ်ဒိုက အာဂျင်တီးနား ကစားသမားကို ပတ်ဝန်းကျင်အသစ်မှာ ကစားရန် အရိပ်အမွက် ဆွဲဆောင်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

DAZN စီးရီးရုပ်သံတစ်ခုအင်တာဗျူးမှာ ရော်နယ်ဒိုက  “မက်ဆီနဲ့ ပတ်သတ်တဲ့ အကြောင်းကတော့ သူဟာ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူရရှိခဲ့တဲ့ ဘောလွန်းဒီအော ဆုတွေကြောင့်မဟုတ်ပဲ နှစ်ပေါင်းများစွာ ထိတိုင်အောင် ထိပ်တန်းအဆင့်မှာ ကျွန်တော့်လိုမျိုး ရပ်တည်နေနိုင်လို့ဖြစ်ပါတယ်။ မက်ဆီ နဲ့ ကျွန်တော့်ကြားက ကွာခြားချက်ကတော့ ကျွန်တော်က မတူညီတဲ့ အသင်းတွေမှာ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား ကို လည်း မတူညီတဲ့အသင်းတွေနဲ့ ရခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်ဆက်တိုက်လည်း ဂိုးသွင်းအများဆုံးသူဖြစ်ခဲ့ပါတယ်” လို့ ပေါ်တူဂီအသင်းခေါင်းဆောင်က ပြောသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဖလား ကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၂၀၀၇-၀၈ ခုနှစ် တစ်ကြိမ် ရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၄ ကြိမ် အထိ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်က ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းမှာ ကွာတားကနေ လှည့်ပြန်ခဲ့ရပြီး ယခုနှစ်တွင် ဂျူဗင်တပ် အသင်းမှာ ချန်ပီယံလိဂ်ဖလားကို ရရှိရန်အတွက် နည်းပြအပြောင်းအလဲများ၊ အင်အားဖြည့်တင်းမှုများ ကို ပြုလုပ်ခဲ့ပါတယ်။