မန္ခ်က္စတာယူႏိုက္တက္ ဂိုးသမား ပါရဲရား အငွားနဲ႔ ထြက္ခြာျပီး ယူႏိုက္တက္နဲ႔ အေျပာင္းအေရႊ႕ ပံုျပင္ ျပီးသြားျပီလို႔ ေျပာလာတဲ့ ဆာဗစ္

မန္ခ်က္စတာယူႏိုက္တက္ ဂိုးသမား ဂ်ိဳအယ္ပါရဲရား ဟာ စေကာ့တလန္ပရီးမီးယားရွစ္ကလပ္ ဟတ္စ္အသင္းထံ တစ္ရာသီအငွားျဖင့္ ေျပာင္းေရႊ႕သြားျပီျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ဂိုးသမားမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ရာသီၾကိဳ ေျခစမ္းပြဲစဥ္ခရီးမ်ားျဖစ္ေသာ ၾသစေၾတးလ် နဲ႔ အာရွ သို႔ ထြက္သြားေသာ လူစာရင္းမွာပါ၀င္ခဲ့ပါတယ္။ ပါရဲရားဟာ Perth Glory အသင္းနဲ႔ လိဒ္ယူႏိုက္တက္အသင္းတို႔ကို အႏိုင္ရခဲ့ေသာ ပြဲမ်ားတြင္ တစ္ပိုင္းလူစား၀င္ေရာက္ကစားခဲ့သူလည္းျဖစ္ပါတယ္။

ပါရဲရားဟာ အကယ္ဒီမွ မန္ခ်က္စတာယူႏိုက္တက္အသင္းၾကီးထံသို႔ ၂၀၁၅ ခုႏွစ္ကတည္းက ေရာက္ရွိလာသူျဖစ္ေပမယ့္လည္း ၃ ပြဲသာ ကစားခြင့္ရရွိခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းတြင္ ေဒးဗစ္ဒီဂီယာ၊ ဆာဂ်ီယို ရိုမီယို နဲ႔ လီဂရန္႔တို႔လည္း ပါရဲရားအေရွ႕တြင္ အစဥ္လိုက္ရွိေနလို႔ ကစားသမားမွာ ပြဲကစားခြင့္ နည္းပါးေနတာ ျဖစ္ပါတယ္။ သူဟာ အိုးထရက္ဖိုဒ့္မွ ယခုအၾကိမ္နဲ႔ဆိုရင္ ၅ ခါေျမာက္ ထြက္ခြာရသူလည္းျဖစ္ပါတယ္။ အေစာပိုင္းေတြတုန္းကလည္း Rochdale, Belenenses, Vitoria Setubal နဲ႔ Kortrijk အသင္းတို႔ထံတြင္လည္း အငွားနဲ႔ သြားေရာက္ကစားခဲ့ရသူျဖစ္ပါတယ္။

ဆက္လက္ျပီး မန္ယူႏိုက္တက္အသင္းမွ စိတ္၀င္စားခဲ့ေသာ ေပါင္သန္း ၁၀၀ ေက်ာ္တန္ မီလင္ကိုဗစ္ဆာဗစ္မွာ ယူႏိုက္တက္နဲ႔ ပံုျပင္ေတြက ျပီးဆံုးသြားျပီလို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ မီလင္ကိုဗစ္ဆာဗစ္ကို အဂၤလန္ကလပ္အသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀၇.၆ သန္းနဲ႔ ဆက္သြယ္မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားက အရာရာအဆင္ေျပေနျပီး အီတလီမွာပဲ ၅ ႏွစ္ေျမာက္ရာသီအတြက္ ျပင္ဆင္ေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ပရီးမီးယားလိဂ္အေျပာင္းအေရႊ႕ ပိတ္သြားပါျပီ။ ဒါေၾကာင့္ ယူႏိုက္တက္ နဲ႔ ပံုျပင္ေတြလည္း ျပီးသြားပါျပီ။ သတင္းစာေတြက ေဖာ္ျပမႈေတြနဲ႔႔ပတ္သတ္ျပီးကၽြန္ေတာ္ စိတ္မဆိုးပါဘူး။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္စိတ္ေတြက ရာသီသစ္အတြက္ အေကာင္းဆံုးစတင္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနလို႔ပဲ ျဖစ္ပါတယ္။ ကၽြန္ေတာ္ဒီမွာရွိေနတာ လာဇီယိုအသင္းထံက ဘာမွ လိုခ်င္လို႔မဟုတ္ပါဘူး။ အေျပာင္းအေရႊ႕ ေစ်းကြက္အေၾကာင္းလည္း ကၽြန္ေတာ္ စိတ္မ၀င္စားပါဘူး။ သတင္းေတြက ကၽြန္ေတာ္နဲ႔ပတ္သတ္ျပီး ေရးသားေဖာ္ျပခဲ့ေပမယ့္ ကၽြန္ေတာ့္မွာ စာခ်ဳပ္ရွိေနပါတယ္” လို႔ ဆားဘီယားကစားသမားက Espreso သတင္းစာကို ေျပာျပသြားခဲ့ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက် ဂိုးသမား ပါရဲရား အငှားနဲ့ ထွက်ခွာပြီး ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ပုံပြင် ပြီးသွားပြီလို့ ပြောလာတဲ့ ဆာဗစ်

မန်ချက်စတာယူနိုက်တက် ဂိုးသမား ဂျိုအယ်ပါရဲရား ဟာ စကော့တလန်ပရီးမီးယားရှစ်ကလပ် ဟတ်စ်အသင်းထံ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ဂိုးသမားမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်ခရီးများဖြစ်သော သြစတြေးလျ နဲ့ အာရှ သို့ ထွက်သွားသော လူစာရင်းမှာပါဝင်ခဲ့ပါတယ်။ ပါရဲရားဟာ Perth Glory အသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ကို အနိုင်ရခဲ့သော ပွဲများတွင် တစ်ပိုင်းလူစားဝင်ရောက်ကစားခဲ့သူလည်းဖြစ်ပါတယ်။

ပါရဲရားဟာ အကယ်ဒီမှ မန်ချက်စတာယူနိုက်တက်အသင်းကြီးထံသို့ ၂၀၁၅ ခုနှစ်ကတည်းက ရောက်ရှိလာသူဖြစ်ပေမယ့်လည်း ၃ ပွဲသာ ကစားခွင့်ရရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းတွင် ဒေးဗစ်ဒီဂီယာ၊ ဆာဂျီယို ရိုမီယို နဲ့ လီဂရန့်တို့လည်း ပါရဲရားအရှေ့တွင် အစဉ်လိုက်ရှိနေလို့ ကစားသမားမှာ ပွဲကစားခွင့် နည်းပါးနေတာ ဖြစ်ပါတယ်။ သူဟာ အိုးထရက်ဖိုဒ့်မှ ယခုအကြိမ်နဲ့ဆိုရင် ၅ ခါမြောက် ထွက်ခွာရသူလည်းဖြစ်ပါတယ်။ အစောပိုင်းတွေတုန်းကလည်း Rochdale, Belenenses, Vitoria Setubal နဲ့ Kortrijk အသင်းတို့ထံတွင်လည်း အငှားနဲ့ သွားရောက်ကစားခဲ့ရသူဖြစ်ပါတယ်။

ဆက်လက်ပြီး မန်ယူနိုက်တက်အသင်းမှ စိတ်ဝင်စားခဲ့သော ပေါင်သန်း ၁၀၀ ကျော်တန် မီလင်ကိုဗစ်ဆာဗစ်မှာ ယူနိုက်တက်နဲ့ ပုံပြင်တွေက ပြီးဆုံးသွားပြီလို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ မီလင်ကိုဗစ်ဆာဗစ်ကို အင်္ဂလန်ကလပ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁၀၇.၆ သန်းနဲ့ ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားက အရာရာအဆင်ပြေနေပြီး အီတလီမှာပဲ ၅ နှစ်မြောက်ရာသီအတွက် ပြင်ဆင်နေတယ်လို့ ပြောသွားခဲ့ပါတယ်။

“ပရီးမီးယားလိဂ်အပြောင်းအရွှေ့ ပိတ်သွားပါပြီ။ ဒါကြောင့် ယူနိုက်တက် နဲ့ ပုံပြင်တွေလည်း ပြီးသွားပါပြီ။ သတင်းစာတွေက ဖော်ပြမှုတွေနဲ့ပတ်သတ်ပြီးကျွန်တော် စိတ်မဆိုးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်စိတ်တွေက ရာသီသစ်အတွက် အကောင်းဆုံးစတင်နိုင်ဖို့အတွက် ပြင်ဆင်နေလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်ဒီမှာရှိနေတာ လာဇီယိုအသင်းထံက ဘာမှ လိုချင်လို့မဟုတ်ပါဘူး။ အပြောင်းအရွှေ့ ဈေးကွက်အကြောင်းလည်း ကျွန်တော် စိတ်မဝင်စားပါဘူး။ သတင်းတွေက ကျွန်တော်နဲ့ပတ်သတ်ပြီး ရေးသားဖော်ပြခဲ့ပေမယ့် ကျွန်တော့်မှာ စာချုပ်ရှိနေပါတယ်” လို့ ဆားဘီယားကစားသမားက Espreso သတင်းစာကို ပြောပြသွားခဲ့ပါတယ်။