ေနမာရဲ႕ အက်ၤ ီ ေရာင္းခ်မႈ ကို ရပ္တန္႔လိုက္ျပီျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္း

ပီအက္စ္ဂ်ီအသင္းရဲ႕ ပစၥည္းမ်ား ေရာင္းခ်ေနေသာ ဆိုင္ထဲတြင္ ဘာစီလိုနာ အသင္း သို႔မဟုတ္ ရီးရဲလ္မက္ဒရစ္ အသင္းတို႔ နဲ႔ သတင္းမ်ားထြက္ေနတဲ့ ဘရာဇီးတိုက္စစ္မွဴးရဲ႕ အက်ၤ ီ မ်ားကို ေရာင္းခ်မႈ ရပ္တန္႔လိုက္တယ္လို႔ သတင္းမ်ားထြက္ေပၚလာခဲ့ပါတယ္။ ျပီးခဲ့တဲ့ ၂ ႏွစ္တုန္းက ဘာစီလိုနာအသင္းမွ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၉၈ သန္း နဲ႔ ေျပာင္းေရႊ႕လာခဲ့ေသာ ဘရာဇီးကစားသမားက အသင္းရဲ႕ အၾကီးအကဲမ်ားကို ယခုေႏြရာသီတြင္ စပိန္အသင္းထံ ျပန္သြားခ်င္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဘာစီလိုနာအသင္းကလည္း ေနမာကို ယခုေႏြရာသီတစ္ေလွ်ာက္လည္း စိတ္၀င္စားေနတယ္လို႔ သတင္းမ်ားထြက္ေပၚေနျပီး ရီးရဲလ္မက္ဒရစ္အသင္းကပါ မန္ယူႏိုက္တက္အသင္းထံမွ ေပါ့ဂ္ဘာကို ေခၚယူမႈ ရပ္တန္႔လိုက္ျပီး ေနမာကို ေခၚယူမယ့္ အသင္းေတြထဲ ပါ၀င္လာျပီျဖစ္ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ေနာက္ဆံုးကမ္းလွမ္းခ်က္မွာ အသင္းတြင္ ရုန္းကန္ေနဆဲျဖစ္တဲ့ ေကာ္တင္ဟို အပါ၀င္ ေပါင္ ၅၅ သန္းနဲ႔ ေနမာကို ကမ္းလွမ္းခဲ့တယ္လို႔ သတင္းထြက္ေပၚခဲ့ပါတယ္။

သို႔ေသာ္လည္း ပီအက္စ္ဂ်ီအသင္းမွာ ကာတာလန္သားေတြနဲ႔ လက္တြဲအလုပ္လုပ္ခ်င္စိတ္မရွိပဲနဲ႕ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႔သာ အလုပ္လုပ္လိုေနပါတယ္။ရီးရဲလ္မက္ဒရစ္ ဥကၠဌ ဖေလာ္ရန္တီႏို ပီရက္ဇ္သည္ ေနမာ အတြက ္လူကာမိုဒရစ္ ပါ အလိုက္ေပး ကမ္းလွမ္းခ်င္ေနတယ္လို႔ သိရွိရပါတယ္။

ဘာစီလိုနာအသင္းထံမွ ေရာက္ရွိလာကတည္းက ေနမာဟာ ျပိဳင္ပြဲစံု ၅၈ ပြဲတြင္ ၅၁ သာ သြင္းယူေပးခဲ့ျပီး ျပင္သစ္လီဂူး ၁ အမွတ္ေပးဖလား ၂ ၾကိမ္ ရရွိေအာင္ ကူညီစြမ္းေဆာင္ေပးခဲ့ပါတယ္။တနဂၤေႏြေန႕က နီမက္စ္အသင္းကို ၃-၀ ျဖင့္ အႏိုင္ကစားခဲ့ေသာ လီဂူး ၁ အမွတ္ေပးဖလား အဖြင့္ပြဲစဥ္တြင္လည္း ေနမာ မွာ ပါ၀င္ခဲ့ျခင္းမရွိပါဘူး။

#neymar #psg

Unicode

နေမာရဲ့ အင်္ကျ ီ ရောင်းချမှု ကို ရပ်တန့်လိုက်ပြီဖြစ်တဲ့ ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီအသင်းရဲ့ ပစ္စည်းများ ရောင်းချနေသော ဆိုင်ထဲတွင် ဘာစီလိုနာ အသင်း သို့မဟုတ် ရီးရဲလ်မက်ဒရစ် အသင်းတို့ နဲ့ သတင်းများထွက်နေတဲ့ ဘရာဇီးတိုက်စစ်မှူးရဲ့ အင်္ကျ ီ များကို ရောင်းချမှု ရပ်တန့်လိုက်တယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်း နဲ့ ပြောင်းရွှေ့လာခဲ့သော ဘရာဇီးကစားသမားက အသင်းရဲ့ အကြီးအကဲများကို ယခုနွေရာသီတွင် စပိန်အသင်းထံ ပြန်သွားချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းကလည်း နေမာကို ယခုနွေရာသီတစ်လျှောက်လည်း စိတ်ဝင်စားနေတယ်လို့ သတင်းများထွက်ပေါ်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းကပါ မန်ယူနိုက်တက်အသင်းထံမှ ပေါ့ဂ်ဘာကို ခေါ်ယူမှု ရပ်တန့်လိုက်ပြီး နေမာကို ခေါ်ယူမယ့် အသင်းတွေထဲ ပါဝင်လာပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ နောက်ဆုံးကမ်းလှမ်းချက်မှာ အသင်းတွင် ရုန်းကန်နေဆဲဖြစ်တဲ့ ကော်တင်ဟို အပါဝင် ပေါင် ၅၅ သန်းနဲ့ နေမာကို ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

သို့သော်လည်း ပီအက်စ်ဂျီအသင်းမှာ ကာတာလန်သားတွေနဲ့ လက်တွဲအလုပ်လုပ်ချင်စိတ်မရှိပဲနဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့သာ အလုပ်လုပ်လိုနေပါတယ်။ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်သည် နေမာ အတွက ်လူကာမိုဒရစ် ပါ အလိုက်ပေး ကမ်းလှမ်းချင်နေတယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာအသင်းထံမှ ရောက်ရှိလာကတည်းက နေမာဟာ ပြိုင်ပွဲစုံ ၅၈ ပွဲတွင် ၅၁ သာ သွင်းယူပေးခဲ့ပြီး ပြင်သစ်လီဂူး ၁ အမှတ်ပေးဖလား ၂ ကြိမ် ရရှိအောင် ကူညီစွမ်းဆောင်ပေးခဲ့ပါတယ်။တနင်္ဂနွေနေ့က နီမက်စ်အသင်းကို ၃-၀ ဖြင့် အနိုင်ကစားခဲ့သော လီဂူး ၁ အမှတ်ပေးဖလား အဖွင့်ပွဲစဉ်တွင်လည်း နေမာ မှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

#neymar #psg