ယူအီးအက္ဖ္ေအ စူပါဖလားတြင္ ရႈံးခဲ့ရင္လည္း ဆင္ေျခေပးစရာ မရွိပါဘူးလို႔ ဆိုလိုက္တဲ့ လမ္းပတ္

ခ်ယ္လ္ဆီးအသင္းနည္းျပ ဖရန္႔လမ္းပတ္က ဗုဒၶဟူးေန႔ ကစားမည့္ လီဗာပူးအသင္းနဲ႔ ယူအီးအက္ဖ္ေအ စူပါဖလား ျပိဳင္ပြဲမွာ ရႈံးနိမ့္ခဲ့ရင္လည္း လက္ခံသြားမွာျဖစ္ျပီး ဆင္ေျခေပးစရာလည္း မရွိဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။ တနဂၤေႏြေန႔ညက ကစားခဲ့ေသာ မန္ခ်က္စတာယူႏိုက္တက္ အသင္းနဲ႔ ပရီးမီးယားလိဂ္ရာသီအစ ပြဲစဥ္ တြင္ လမ္းပတ္ရဲ႕ ခ်ယ္လ္ဆီးအသင္းမွာ ၄-၀ နဲ႔ ရႈံးနိမ့္ခဲ့ျပီး စိတ္ပ်က္စရာ ရလဒ္နဲ႔ စတင္ခဲ့ရပါတယ္။ သူတို႔အသင္းအေနျဖင့္ ျပန္လာႏိုင္ရန္အခြင့္အေရးရေပမယ့္လည္း အစၥတန္ဘူလ္ မွာ ခ်န္ပီယံလိဂ္ဖလားပိုင္ရွင္ ဂ်ာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။

လမ္းပတ္မွာ ခ်ယ္လ္ဆီးကစားသမားဘ၀တုန္းက စူပါဖလား ဗုိလ္လုပြဲတြင္ အက္သလက္တီကိုမက္ဒရစ္အသင္းကို ၂၀၁၂ ခုႏွစ္တုန္းက တစ္ၾကိမ္ နဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းကို ၂၀၁၃ ခုႏွစ္တုန္းက လည္း တစ္ၾကိမ္ စုစုေပါင္း ၂ ၾကိမ္ ရႈံးနိမ့္ခဲ့ဖူးတဲ့ ကစားသမားျဖစ္ပါတယ္။ သူ႔အသင္းအေနနဲ႔ ျပည္တြင္းျပိဳင္ဘက္အသင္းကို အႏိုင္ရရွိရန္ အစြမ္းကုန္ၾကိဳးစားကစားမယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။ “ကၽြန္ေတာ့္မွာ အၾကီးမားဆံုး ဥပမာ ၂ ခုရွိပါတယ္။ အဲ့ဒါကေတာ့ အႏိုင္မရခဲ့တဲ့ နည္းလမ္း၂ ခုျဖစ္လို႔ အႏိုင္ရမယ့္ နည္းလမ္းကို ပိုျပီး ရွာေဖြလို႔ ရႏိုင္မွာပါ” လို႔ ယူအီးအက္ဖ္ေအေဒါ့ကြန္းကို ေျပာသြားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ လံုး၀ အဆင္သင့္ျဖစ္ေနဖို႔ လိုပါတယ္။ ဒီဖလားကို အသင္းက ျပင္းျပင္းထန္ထန္လိုခ်င္ေနတဲ့ ဖလား ျဖစ္ပါတယ္။ ကၽြန္ေတာ္လည္း မရဖူးခဲ့ပါဘူး။ ကစားသမားေတြ ေတာ္ေတာ္မ်ားမ်ားလည္း အဲ့ပြဲကစားခဲ့ေပမယ့္လည္း ဘယ္ေတာ့မွမရဖူးပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ အစြမ္းကုန္ၾကိဳးစားမွျဖစ္မွာပါ”

လီဗာပူးလို အရည္အေသြးမ်ိဳးရွိတဲ့ အသင္းမ်ိဳးနဲ႔ ဗိုလ္လုပြဲမွာ ကစားရတာက ဗိုလ္လုပြဲလိုမ်ိဳး ျပင္းထန္မႈေတြ ရွိဦးမွာပါ။ ဗိုလ္လုပြဲေတြရႈံးရင္ အရမး္ကို ခက္ခဲၾကမ္းတမ္းပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ မျပင္ဆင္ပဲနဲ႔ ရႈံးလို႔ မရပါဘူး။ ကၽြန္ေတာ္တို႔မွာ အႏိုင္ရလိုမႈကို ဆာေလာင္စိတ္ ဒါမွမဟုတ္ လိုခ်င္တပ္မက္စိတ္ မရွိရင္လည္း ရွိလာေအာင္ ၾကိဳးစားလုပ္ဖို႔ လိုအပ္ပါတယ္” လို႔ နည္းျပက ေျပာသြားခဲ့ပါတယ္။

Unicode

ယူအီးအက်ဖ်အေ စူပါဖလားတွင် ရှုံးခဲ့ရင်လည်း ဆင်ခြေပေးစရာ မရှိပါဘူးလို့ ဆိုလိုက်တဲ့ လမ်းပတ်

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ဗုဒ္ဓဟူးနေ့ ကစားမည့် လီဗာပူးအသင်းနဲ့ ယူအီးအက်ဖ်အေ စူပါဖလား ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ရင်လည်း လက်ခံသွားမှာဖြစ်ပြီး ဆင်ခြေပေးစရာလည်း မရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ညက ကစားခဲ့သော မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပရီးမီးယားလိဂ်ရာသီအစ ပွဲစဉ် တွင် လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းမှာ ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး စိတ်ပျက်စရာ ရလဒ်နဲ့ စတင်ခဲ့ရပါတယ်။ သူတို့အသင်းအနေဖြင့် ပြန်လာနိုင်ရန်အခွင့်အရေးရပေမယ့်လည်း အစ္စတန်ဘူလ် မှာ ချန်ပီယံလိဂ်ဖလားပိုင်ရှင် ဂျာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

လမ်းပတ်မှာ ချယ်လ်ဆီးကစားသမားဘဝတုန်းက စူပါဖလား ဗိုလ်လုပွဲတွင် အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂၀၁၂ ခုနှစ်တုန်းက တစ်ကြိမ် နဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၃ ခုနှစ်တုန်းက လည်း တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ရှုံးနိမ့်ခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။ သူ့အသင်းအနေနဲ့ ပြည်တွင်းပြိုင်ဘက်အသင်းကို အနိုင်ရရှိရန် အစွမ်းကုန်ကြိုးစားကစားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော့်မှာ အကြီးမားဆုံး ဥပမာ ၂ ခုရှိပါတယ်။ အဲ့ဒါကတော့ အနိုင်မရခဲ့တဲ့ နည်းလမ်း၂ ခုဖြစ်လို့ အနိုင်ရမယ့် နည်းလမ်းကို ပိုပြီး ရှာဖွေလို့ ရနိုင်မှာပါ” လို့ ယူအီးအက်ဖ်အေဒေါ့ကွန်းကို ပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့ လုံး၀ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ ဒီဖလားကို အသင်းက ပြင်းပြင်းထန်ထန်လိုချင်နေတဲ့ ဖလား ဖြစ်ပါတယ်။ ကျွန်တော်လည်း မရဖူးခဲ့ပါဘူး။ ကစားသမားတွေ တော်တော်များများလည်း အဲ့ပွဲကစားခဲ့ပေမယ့်လည်း ဘယ်တော့မှမရဖူးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားမှဖြစ်မှာပါ”

လီဗာပူးလို အရည်အသွေးမျိုးရှိတဲ့ အသင်းမျိုးနဲ့ ဗိုလ်လုပွဲမှာ ကစားရတာက ဗိုလ်လုပွဲလိုမျိုး ပြင်းထန်မှုတွေ ရှိဦးမှာပါ။ ဗိုလ်လုပွဲတွေရှုံးရင် အရမ်းကို ခက်ခဲကြမ်းတမ်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မပြင်ဆင်ပဲနဲ့ ရှုံးလို့ မရပါဘူး။ ကျွန်တော်တို့မှာ အနိုင်ရလိုမှုကို ဆာလောင်စိတ် ဒါမှမဟုတ် လိုချင်တပ်မက်စိတ် မရှိရင်လည်း ရှိလာအောင် ကြိုးစားလုပ်ဖို့ လိုအပ်ပါတယ်” လို့ နည်းပြက ပြောသွားခဲ့ပါတယ်။