ယနေ့ နောက်ဆုံးရ လှုပ်လှုပ်ရှားရှားအပြောင်းအရွေ့နှင့် အားကစားသတင်းတိုများ

လိုဗရန့်ကို ရိုးမားဆီရောင်းချတော့မယ့် လီဗာပူး

လီဗာပူးအသင်းဟာ နောက်ခံလူ လိုဗရန့်ကို အီတလီ စီးရီးအေကလပ် ရိုးမားအသင်းထံ ရောင်းချဖို့ ဆွေးနွေးမူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လိုဗရန့် ဟာ ဥရောပ ဈေးကွက်မပိတ်သိမ်းခင် အန်ဖီးလ်ကနေထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဗန်ဒိုက်ခ်ျ ရောက်ရှိခဲ့ပြီးနောက်ပိုင်းမှာ အရံကစားသမားအဖြစ်သာ ပွဲထွက်ခွင့်ရရှိနေတာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ လိုဗရန့်ကိုခေါ်ယူဖို့ ယူရို (၁၅) သန်း နဲ့ သဘောတူညီမူရရှိထားခဲ့ပြီလို့လည်း Goal.com မှာအတည်ပြုဖော်ပြသွားခဲ့ပါတယ်။

ရိုဒရီဂို ကို ယူရိုသန်း (၆၀) နဲ့ခေါ်ယူလိုက်တဲ့ တီကို

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဗလင်စီယာ အသင်းက ရိုဒရီဂို မိုရီနို ကို ယူရို သန်း (၆၀) နဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ လာလီဂါ ဈေးကွက်မပိတ်ခင် ရိုဒရီဂို ကိုလက်မှတ်ရေးထိုးသွားနိုင်ခဲ့တာဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ အသင်းနဲ့ စာချုပ်ချုပ်ဆို လက်မှတ်ထိုးသွားတော့မယ်လို့ သိရပါတယ်။

ဘာကာ ဥက္ကဌ နဲ့ စကားပြောဆိုခဲ့တဲ့ နေမာ

PSG အသင်းရဲ့ တိုက်စစ်မှူး နေမာ ဟာ ဒီရာသီမှာ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပြီး အစောပိုင်းက အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာ ကို ပြန်လည်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ နေမာ ရဲ့ပြောင်းရွေ့စရိတ်မြင့်မားလွန်းတာကြောင့် လက်လျှော့ခဲ့ပြီးနောက် တီကို တိုက်စစ်မှူး ဂရက်ဇ်စမန်း ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ပြိုင်ဘက်ရီးရဲလ်အသင်းက ခေါ်ယူဖို့လက်ရှိမှာ ပြင်ဆင်လာနေတဲ့အချိန်မှာတော့ ဘာကာ အသင်းဟာ နေမာ ရဲ့အပြောင်းအရွေ့အတွက် စကားပြောဆို ဆွေးနွေးမူပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အိုက်ကာဒီ ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရိုးမား

အင်တာမီလန် တိုက်စစ်မှူး အိုက်ကာဒီ ဟာ ဥရောပဈေးကွက်မပိတ်ခင် အသင်းရဲ့ တိုက်စစ်မှူး အိုက်ကာဒီ ကိုရောင်းချဖို့ ပြုလုပ်နေတာဖြစ်ပါတယ်။ ယူနိုက်တက်တိုက်စစ်မှူး လူကာကူ ရောက်ရှိလာခဲ့ပြီးနောက် အိုက်ကာဒီရဲ့ ကျောနံပါတ် (၉) ကိုလည်း လွှဲပြောင်းပေးခဲ့ပြီဖြစ်ပြီး လက်ရှိမှာ အဆိုပါကစားသမားကိုခေါ်ယူဖို့အတွက် မိုနာကို၊ ဂျူဗီတပ် နဲ့ ရိုးမားအသင်းတို့ ကစိတ်ဝင်စားနေတာဖြစ်ပါတယ်။ အိုက်ကာဒီ ကတော့ ရိုးမားအသင်းကိုပြောင်းရွေ့ဖို့ ဆန္ဒရှိနေပြီး ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတာဖြစ်တယ်လို့ အီတလီ Sky Sports သတင်းမှာဖော်ပြသွားခဲ့ပါတယ်။

နယူကာဆယ် နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ရတဲ့အကြောင်းပြောပြခဲ့တဲ့ ဘင်နီတက်ဇ်

လက်ရှိတရုတ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရီဖန့် အသင်းရဲ့နည်းပြရာထူးကို တာဝန်ယူထားခဲ့တဲ့ နည်းပြ ဘင်နီတက်ဇ် ဟာ သူ နယူးကာဆယ် ကနေထွက်ခွာခဲ့ရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ဘင်နီတက်ဇ် ဟာ နယူးကာဆယ်ကို ပိုင်ရှင်အသစ် ၀ယ်ယူခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ လေ့ကျင့်ရေးလုပ်ငန်းအစီစဉ်နဲ့ပက်သက်ပြီး ပိုင်ရှင်က ၀င်ရောက်စွက်ဖက်မူတွေပြုလုပ်ခဲ့ကာ ကတိအချို့ ဖောက်ဖျက်ခဲ့တာကြောင့် နည်းပြရာထူးကနေထွက်ခွာခဲ့တာလို့ ရှင်းလင်းပြောပြသွားခဲ့ပါတယ်။

ကမ်းလှမ်းထားတဲ့ အသင်း (၁၃) သင်းအထိရှိနေတဲ့ ဒန်နီရယ်စတားရစ်ခ်ျ

လီဗာပူးအသင်းကနေ ယခုရာသီမှာ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ စတားရစ်ခ်ျ ကို ခေါ်ယူဖို့ကမ်းလှမ်းမူပြုလုပ်ထားတဲ့အသင်းဟာ (၁၃) သင်းအထိရှိနေခဲ့တယ်လို့ The Telegraph မှာဖော်ပြသွားခဲ့ပါတယ်။ အဆိုပါအသင်းတွေမှာ စပိန်၊ အီတလီ နဲ့ တူရကီ ကလပ်အသင်းတွေအပြင်  အမေရိကန်မေဂျာလိဂ်ကအသင်းတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။ စတားရစ်ခ်ျကို ဒီရာသီမှာခေါ်ယူမယ်ဆိုရင် အလွတ်ပြောင်းရွေ့ကြေးနဲ့ ရရှိမှာပဲဖြစ်ပါတယ်။

နေမာကိုခေါ်ယူဖို့ အဆုံးသတ်သွားပြီလို့ ဇီဒန်းဝန်ခံ

ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG ကနေထွက်ခွာဖို့ပြင်ဆင်နေတဲ့ နေမာ ကိုခေါ်ယူဖို့ ပြုလုပ်တော့မှာမဟုတ်တော့ဘူးလို့ နည်းပြဇီဒန်း က ပြောပြသွားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ တောင်ပံတိုက်စစ်နေရာအတွက် ဟာဇက်ကိုခေါ်ယူလိုက်ပြီး ဖြစ်ပေမယ့် ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ရလာဒ်မကောင်းခဲ့တာကြောင့် နေမာကို ခေါ်ယူဖို့ပြင်လည်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ သို့ပေမယ့် နည်းပြဇီဒန်း ဟာ အဆိုပါကစားသမားရဲ့အပြောင်းအရွေ့ဟာ ကြန့်ကြာနေခဲ့ပြီး လာမယ့်အပတ်မှာလည်း လာလီဂါပွဲစဉ်တွေ စတင်တော့မှာဖြစ်တာကြောင့် နေမာကိုခေါ်ယူဖို့ ဟာ အဆုံးသတ်သွားခဲ့ပြီလို့ ၀န်ခံသွားခဲ့ပါတယ်။

#MKW

Unicode





ဘာကာ ဥက်ကဌ နဲ့ စကားပွောဆိုခဲ့တဲ့ နမော










#MKW