မက္ဂြိဳင္းရားကို ဖင္ႀကီးေနလို႔ ေခၚယူဖို႔ ျငင္းဆန္ခ့ဲတ့ဲ ယူႏုိက္တက္နည္းျပေဟာင္း မုိယက္စ္

နည္းျပတစ္ဦးျဖစ္တ့ဲ ေဒးဗစ္မိုယက္စ္က သူ႔အေနနဲ႔ ယူႏုိက္တက္အသင္းနည္းျပဘဝမွာ မက္ဂြိဳင္းရားကို ေခၚယူဖုိ႔ ေစာင့္ၾကည့္ခ့ဲေပမယ့္ တင္ပါးႀကီးေနတာေၾကာင့္ ေခၚယူဖုိ႔ မဆံုးျဖတ္ခ့ဲတာလို႔ ေျပာၾကားသြားခ့ဲပါတယ္။ မက္ဂြိဳင္းရားဟာ လက္ရွိေႏြရာသီအေျပာင္းအေရႊ႕မွာ လက္စတာအသင္းကေန ယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ေၾကးေပါင္သန္း (၈၀) နဲ႔ ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲတာျဖစ္ၿပီး ဒီေျပာင္းေရႊ႕ေၾကးဟာ ဗဟိုေနာက္ခံလူတစ္ေယာက္အတြက္ ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးတစ္ခုလည္း ျဖစ္ခ့ဲပါတယ္။

(၂၀၁၃) ခုႏွစ္မွာ ယူႏုိက္တက္အသင္းရဲ႕ဂႏၱဝင္နည္းျပႀကီး ဖာဂူဆန္အနားယူသြားၿပီးေနာက္ ေဒးဗစ္မုိယက္စ္က ဖာဂူဆန္ရဲ႕ေနရာကုိ “The Chosen One” ဆိုတ့ဲ နာမည္နဲ႔ ဆက္ခံဝင္ေရာက္ခ့ဲတာျဖစ္ၿပီး အ့ဲဒီအခ်ိန္က မုိယက္စ္အေနနဲ႔ လက္ရွိကမာၻ႕တန္ဖိုးအႀကီးမားဆံုး ေနာက္ခံလူတစ္ေယာက္ျဖစ္ေနတ့ဲ မက္ဂြိဳင္းရားကို ေျပာင္းေရႊ႕ေၾကး ေပါင္ (၄) သန္းဝန္းက်င္နဲ႔ ေခၚယူဖုိ႔ အခြင့္အေရးရရွိခ့ဲပါတယ္။ ဖာဂူဆန္ကိုယ္တိုင္ကလည္း အ့ဲဒီအခ်ိန္က ရွက္ဖီးယူႏုိက္တက္အသင္းမွာ ကစားေနတ့ဲ မက္ဂြိဳင္းရားနဲ႔ ပတ္သက္လုိ႔ ထိပ္တန္းေနာက္ခံလူတစ္ေယာက္ျဖစ္လာႏုိင္တယ္လို႔ မွတ္ခ်က္ေပးေျပာၾကားခ့ဲဖူးၿပီး လက္ရွိအခ်ိန္မွာေတာ့ မုိယက္စ္ကလည္း “ကြ်န္ေတာ္တို႔ သူ႔ (မက္ဂြိဳင္းရား) ကို ေခၚယူဖုိ႔ မႀကိဳးစားခ့ဲေပမယ့္ အ့ဲဒီအခ်ိန္မွာ ကြ်န္ေတာ္တို႔ သူ႔ကိုေခၚယူဖုိ႔ စိတ္ဝင္စားခ့ဲပါတယ္။”

“ေအာက္တန္းလိဂ္ေတြမွာ ကစားေနတ့ဲ ကစားသမားေတြနဲ႔ ပတ္သက္လို႔ ကြ်န္ေတာ္ဂရုတစိုက္ ေစာင့္ၾကည့္ျဖစ္ခ့ဲၿပီး အဲဗာတန္အသင္းမွာလည္း ကြ်န္ေတာ္ဒီလိုကစားသမားေတြကို ေခၚယူခ့ဲပါတယ္။ ဒီကစားသမားေတြထဲက တင္မ္ကာေဟးလ္ ဒါမွမဟုတ္ တျခားကစားသမားေတြလည္း ႏွစ္ေပါင္းမ်ားစြာ ေအာင္ျမင္ခ့ဲၾကသလုိ မက္ဂြိဳင္းရားကလည္း ကြ်န္ေတာ္ေစာင့္ၾကည့္ခ့ဲရတ့ဲ ကစားသမားတစ္ဦးျဖစ္ပါတယ္။ သူတို႔အိမ္ကြင္းမွာ ပရက္စတန္အသင္းနဲ႔ကစားခ့ဲတ့ဲလိဂ္ပြဲကို ကြ်န္ေတာ္သြားၾကည့္ျဖစ္ခ့ဲၿပီး သူ႔ကိုေသခ်ာေစာင့္ၾကည့္ျဖစ္ခ့ဲပါတယ္။ အ့ဲဒီပြဲကသူက ပံုစံေကာင္းျပသႏိုင္ခ့ဲတယ္ဆုိေပမယ့္ သူ႔တင္ပါး (ဖင္) ကအရမ္းကိုႀကီးမားေနပါတယ္။ ေနာင္တစ္ခ်ိန္မွာသူ႔ပစၥည္းက ဘယ္ေလာက္အထိ ႀကီးမားလာမလဲဆိုတာ မသိႏုိင္ပါဘူး။ ဘာျဖစ္လို႔လဲဆုိေတာ့ အ့ဲဒီအခ်ိန္ကသူ႔အသက္အရြယ္က ငယ္ေသးလုိ႔ပါ။” လုိ႔ ေျပာၾကားသြားခ့ဲပါတယ္။

မက္ဂြိဳင္းရားဟာ လက္ရွိအခ်ိန္မွာေတာ့ ယူႏုိက္တက္အသင္းအတြက္ ပထမဆံုးပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးအသင္းကို ေလးဂိုးျပတ္နဲ႔ အႏုိင္ရရွိခ့ဲတ့ဲပြဲမွာ ပါဝင္ကစားၿပီး ေျခစြမ္းျပႏုိင္ခ့ဲပါတယ္။ မက္ဂြိဳင္းရားရဲ႕ေျခစြမ္းနဲ႔ ပတ္သက္လို႔လည္း ယူႏုိက္တက္နည္းျပေဟာင္း ေမာ္ရင္ဟိုက အ့ဲဒီပြဲအၿပီးမွာ ခ်ီးက်ဴးေျပာၾကားမႈသြားခ့ဲေပမယ့္ လက္ရွိအခ်ိန္အထိ မုိယက္စ္ကေတာ့ “ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆုိရင္ မက္ဂြိဳင္းရားက အခုခ်ိန္အထိ တင္ပါးႀကီးေနဆဲျဖစ္ၿပီး အရင္ကနဲ႔ ဘာမွကြဲျပားသြားတာမရွိေသးပါဘူး။” လုိ႔လည္း ေျပာၾကားခ့ဲေသးပါတယ္။ မုိယက္စ္အေနနဲ႔ မက္ဂြိဳင္းရားကုိ ေခၚယူဖုိ႔အတြက္ အသည္းအသန္မလိုအပ္ခ့ဲပံုကိုလည္း “ကြ်န္ေတာ္ယူနုိက္တက္အသင္းကို စကုိင္ေတာ့ ဖာဒီနန္၊ ဗီဒစ္၊ အီဗန္စ္၊ မုိက္ကယ္ကင္း၊ ဖီးလ္ဂ်ံဳးစ္၊ စေမာလင္းတို႔ရွိေနၿပီး ေနာက္ထပ္ဗဟိုေနာက္ခံလူအသစ္တစ္ေယာက္ကို ထပ္ေခၚဖို႔ အရမ္းႀကီးမလိုအပ္ခ့ဲပါဘူး။ မက္ဂြိဳင္းရားကလည္း သူ႔လမ္းသူဆက္ေလွ်ာက္ခ့ဲၿပီး တစ္ခါတေလေတာ့ ကစားသမားေတြအေနနဲ႔ သူတုိ႔သြားရမယ့္ေနရာကိုေရာက္ဖို႔အတြက္ ခရီးဆက္ရတာေတြရွိပါေသးတယ္။ သူလည္း အ့ဲဒီအခ်ိန္က ေတာ္ေတာ္ရုန္းကန္ခ့ဲရပါတယ္။” ဟု ထပ္ေလာင္း ေျပာၾကားသြားခ့ဲတယ္လို႔ သိရွိရပါတယ္။ ေလ့လာေတြ႕ရွိခ်က္မ်ားအရ တင္ပါးႀကီးမားတ့ဲ အမ်ိဳးသမီးေတြဟာ မွတ္ဥာဏ္ပိုေကာင္းတယ္လို႔ သိထားရၿပီး  တင္ပါးႀကီးမားတ့ဲ မက္ဂြိဳင္းရားတစ္ေယာက္လည္း အမ်ိဳးသားေဘာလံုးသမားတစ္ေယာက္ျဖစ္ေနေပမယ့္ ယူႏုိက္တက္အသင္းရဲ႕ေနာက္တန္းကို ဥာဏ္ပညာရွိရွိနဲ႔ ဘယ္ေလာက္အထိဦးေဆာင္ႏုိင္မလဲ စိတ္ဝင္စားဖြယ္ရာ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာလည္း ျဖစ္ပါတယ္။

Unicode

နည်းပြတစ်ဦးဖြစ်တဲ့ ဒေးဗစ်မိုယက်စ်က သူ့အနေနဲ့ ယူနိုက်တက်အသင်းနည်းပြဘဝမှာ မက်ဂွိုင်းရားကို ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ပေမယ့် တင်ပါးကြီးနေတာကြောင့် ခေါ်ယူဖို့ မဆုံးဖြတ်ခဲ့တာလို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ လက်စတာအသင်းကနေ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း (၈၀) နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီပြောင်းရွှေ့ကြေးဟာ ဗဟိုနောက်ခံလူတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

(၂၀၁၃) ခုနှစ်မှာ ယူနိုက်တက်အသင်းရဲ့ဂန္တဝင်နည်းပြကြီး ဖာဂူဆန်အနားယူသွားပြီးနောက် ဒေးဗစ်မိုယက်စ်က ဖာဂူဆန်ရဲ့နေရာကို “The Chosen One” ဆိုတဲ့ နာမည်နဲ့ ဆက်ခံဝင်ရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က မိုယက်စ်အနေနဲ့ လက်ရှိကမ္ဘာ့တန်ဖိုးအကြီးမားဆုံး နောက်ခံလူတစ်ယောက်ဖြစ်နေတဲ့ မက်ဂွိုင်းရားကို ပြောင်းရွှေ့ကြေး ပေါင် (၄) သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။ ဖာဂူဆန်ကိုယ်တိုင်ကလည်း အဲ့ဒီအချိန်က ရှက်ဖီးယူနိုက်တက်အသင်းမှာ ကစားနေတဲ့ မက်ဂွိုင်းရားနဲ့ ပတ်သက်လို့ ထိပ်တန်းနောက်ခံလူတစ်ယောက်ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးပြောကြားခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ မိုယက်စ်ကလည်း “ကျွန်တော်တို့ သူ့ (မက်ဂွိုင်းရား) ကို ခေါ်ယူဖို့ မကြိုးစားခဲ့ပေမယ့် အဲ့ဒီအချိန်မှာ ကျွန်တော်တို့ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။”

“အောက်တန်းလိဂ်တွေမှာ ကစားနေတဲ့ ကစားသမားတွေနဲ့ ပတ်သက်လို့ ကျွန်တော်ဂရုတစိုက် စောင့်ကြည့်ဖြစ်ခဲ့ပြီး အဲဗာတန်အသင်းမှာလည်း ကျွန်တော်ဒီလိုကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။ ဒီကစားသမားတွေထဲက တင်မ်ကာဟေးလ် ဒါမှမဟုတ် တခြားကစားသမားတွေလည်း နှစ်ပေါင်းများစွာ အောင်မြင်ခဲ့ကြသလို မက်ဂွိုင်းရားကလည်း ကျွန်တော်စောင့်ကြည့်ခဲ့ရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူတို့အိမ်ကွင်းမှာ ပရက်စတန်အသင်းနဲ့ကစားခဲ့တဲ့လိဂ်ပွဲကို ကျွန်တော်သွားကြည့်ဖြစ်ခဲ့ပြီး သူ့ကိုသေချာစောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီပွဲကသူက ပုံစံကောင်းပြသနိုင်ခဲ့တယ်ဆိုပေမယ့် သူ့တင်ပါး (ဖင်) ကအရမ်းကိုကြီးမားနေပါတယ်။ နောင်တစ်ချိန်မှာသူ့ပစ္စည်းက ဘယ်လောက်အထိ ကြီးမားလာမလဲဆိုတာ မသိနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအချိန်ကသူ့အသက်အရွယ်က ငယ်သေးလို့ပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

မက်ဂွိုင်းရားဟာ လက်ရှိအချိန်မှာတော့ ယူနိုက်တက်အသင်းအတွက် ပထမဆုံးပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပါဝင်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မက်ဂွိုင်းရားရဲ့ခြေစွမ်းနဲ့ ပတ်သက်လို့လည်း ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုက အဲ့ဒီပွဲအပြီးမှာ ချီးကျူးပြောကြားမှုသွားခဲ့ပေမယ့် လက်ရှိအချိန်အထိ မိုယက်စ်ကတော့ “ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် မက်ဂွိုင်းရားက အခုချိန်အထိ တင်ပါးကြီးနေဆဲဖြစ်ပြီး အရင်ကနဲ့ ဘာမှကွဲပြားသွားတာမရှိသေးပါဘူး။” လို့လည်း ပြောကြားခဲ့သေးပါတယ်။ မိုယက်စ်အနေနဲ့ မက်ဂွိုင်းရားကို ခေါ်ယူဖို့အတွက် အသည်းအသန်မလိုအပ်ခဲ့ပုံကိုလည်း “ကျွန်တော်ယူနိုက်တက်အသင်းကို စကိုင်တော့ ဖာဒီနန်၊ ဗီဒစ်၊ အီဗန်စ်၊ မိုက်ကယ်ကင်း၊ ဖီးလ်ဂျုံးစ်၊ စမောလင်းတို့ရှိနေပြီး နောက်ထပ်ဗဟိုနောက်ခံလူအသစ်တစ်ယောက်ကို ထပ်ခေါ်ဖို့ အရမ်းကြီးမလိုအပ်ခဲ့ပါဘူး။ မက်ဂွိုင်းရားကလည်း သူ့လမ်းသူဆက်လျှောက်ခဲ့ပြီး တစ်ခါတလေတော့ ကစားသမားတွေအနေနဲ့ သူတို့သွားရမယ့်နေရာကိုရောက်ဖို့အတွက် ခရီးဆက်ရတာတွေရှိပါသေးတယ်။ သူလည်း အဲ့ဒီအချိန်က တော်တော်ရုန်းကန်ခဲ့ရပါတယ်။” ဟု ထပ်လောင်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ လေ့လာတွေ့ရှိချက်များအရ တင်ပါးကြီးမားတဲ့ အမျိုးသမီးတွေဟာ မှတ်ဉာဏ်ပိုကောင်းတယ်လို့ သိထားရပြီး  တင်ပါးကြီးမားတဲ့ မက်ဂွိုင်းရားတစ်ယောက်လည်း အမျိုးသားဘောလုံးသမားတစ်ယောက်ဖြစ်နေပေမယ့် ယူနိုက်တက်အသင်းရဲ့နောက်တန်းကို ဉာဏ်ပညာရှိရှိနဲ့ ဘယ်လောက်အထိဦးဆောင်နိုင်မလဲ စိတ်ဝင်စားဖွယ်ရာ ဆက်လက်စောင့်ကြည့်ရတော့မှာလည်း ဖြစ်ပါတယ်။