အီတလီ စီးရီးေအက ေနာက္ခံလူ တစ္ေယာက္ကို ခ်ဥ္းကပ္ေနျပန္တ့ဲ ယူႏုိက္တက္ အသင္းနဲ႔ အတူ အျခားေသာနံနက္ခင္းသတင္းမ်ား

ဂ်ဴဗင္တပ္စ္ အသင္းရဲ႕ ကြင္းလယ္ ကစားသမား ျဖစ္သူ ခီဒီရာဟာ တူရကီ ကလပ္ ဖီနာဘာခ်ီ အသင္းရဲ႕ ကမ္းလွမ္းမႈကို စဥ္းစား ေနေၾကာင္း သိရွိ ရပါတယ္။ ရမ္ေဆး၊ ရာဘီယူတို႔ ေရာက္လာၿပီး ေနာက္ပိုင္း ပံုမွန္ ပြဲထြက္ခြင့္ အတြက္ မေသခ်ာေတာ့တ့ဲေနာက္ ခီဒီရာ အေနနဲ႔ အခုလိုပဲ အသင္းက ထြက္ခြာဖုိ႔ စဥ္းစား လာတာ ျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ ဝက္စ္ဘရြန္း အသင္းရဲ႕ လူငယ္ ကစားသမား ျဖစ္သူ လူးဝစ္ဘာရီကို အေျပာင္း အေရႊ႕ အၿပီးမသတ္ခင္မွာပဲ ေခၚယူႏုိင္ခ့ဲၿပီ ျဖစ္ေၾကာင္း တရားဝင္ ထုတ္ျပန္ ေၾကညာခ့ဲတ့ဲ အေပၚ ဝက္စ္ဘရြန္း အသင္းက စိတ္ပ်က္လ်က္ ရွိေၾကာင္း သိရွိ ရပါတယ္။ အသက္ (၁၆) ႏွစ္ အရြယ္ အဆုိပါ ကစားသမားဟာ လက္ရွိ အခ်ိန္ အထိ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ ခ်ဳပ္ဆိုခြင့္ မရရွိေသးဘဲ အေျပာင္း အေရႊ႕ နဲ႔ ပတ္သက္တ့ဲ စာရြက္ စာတမ္း ကိစၥေတြ အၿပီးမသတ္ခင္မွာပဲ ဘာစီလိုနာ အသင္းက အခုလိုပဲ ေၾကညာခ့ဲတာ ျဖစ္ပါတယ္။

PSG အသင္းဟာ အီတလီ ကလပ္ ဘရက္စီယာ အသင္းရဲ႕ ကြင္းလယ္ ကစားသမား ဆန္ဒရို တိုနယ္လီကို ေခၚယူဖုိ႔ ေစာင့္ၾကည့္ေနေၾကာင္း သိရွိ ရပါတယ္။ ပီယာလို လက္သစ္ဟု နာမည္ႀကီးေနတ့ဲ အဆုိပါ ကစားသမားကို တရားဝင္ ကမ္းလွမ္းရျခင္း မရွိေသးေပမယ့္ PSG အသင္းရဲ႕ အားကစား ဒါရိုက္တာ ျဖစ္သူ လီယိုနာဒိုက ကစားသမားရဲ႕ ေအးဂ်င့္ ျဖစ္သူနဲ႔ ဆက္သြယ္မႈမ်ား ရွိေနေၾကာင္း သိရွိ ရပါတယ္။

ဒါ့အျပင္ PSG အသင္း အေနနဲ႔ ညာေနာက္ခံလူ ေသာမတ္စ္ မူနီယာကို စာခ်ဳပ္ သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈမ်ား ျပန္လည္ ျပဳလုပ္ ေနၿပီ ျဖစ္ပါတယ္။ အဆုိပါ ကစားသမားကုိ ေခၚယူဖို႔ အက္သလက္တီကို မက္ဒရစ္၊ အဲဗာတန္ အသင္းတို႔က စိတ္ဝင္စားလ်က္ ရွိၿပီး လက္ရွိ အခ်ိန္မွာေတာ့ မူနီယာကလည္း အသင္းမွာ ဆက္ေနဖို႔ ျပင္ဆင္ ေနၿပီ ျဖစ္ေၾကာင္း သိရွိ ရပါတယ္။

ဂ်ာမန္ ဘြန္ဒက္စ္လီဂါ ကလပ္ လုိက္ဇစ္ပ္ အသင္းဟာ အဲဗာတန္ အသင္းရဲ႕ ကစားသမားျဖစ္သူ လြတ္ခ္မန္းကို လက္ရွိ ေႏြရာသီ အေျပာင္း အေရႊ႕မွာ အၿပီးသတ္ ေခၚယူႏုိင္ရန္ ေမွ်ာ္လင့္ေနေၾကာင္း သိရွိ ရပါတယ္။ အဆုိပါ ကစားသမားဟာ ၿပီးခ့ဲတ့ဲ (၂၀၁၇-၁၈) ေဘာလံုး ရာသီဝက္ရဲ႕ ဒုတိယ ရာသီဝက္မွာ လိုက္ဇစ္ပ္ အသင္းကုိ အငွားနဲ႔ သြားကစားခ့ဲဖူးၿပီး အသင္း အတြက္ (၁၁) ပြဲ ကစားေပးခ့ဲရာမွာ (၅) ဂိုးသြင္းယူ ေပးႏုိင္ခ့ဲပါတယ္။

ယူႏိုက္တက္ အသင္းဟာ ဖီအုိရင္တီးနား အသင္းရဲ႕ ေနာက္ခံလူ နီကိုလာ မီလင္ကိုဗစ္ကို ေခၚယူဖို႔ အတြက္ ခ်ဥ္းကပ္လ်က္ ရွိေၾကာင္း သိရွိ ရပါတယ္။ အသက္ (၂၁) ႏွစ္ အရြယ္ အဆိုပါ ေနာက္ခံလူကုိ ေခၚယူဖို႔ ယူႏုိက္တက္ အသင္းက ယူရို သန္း (၄၀) နဲ႔ ကမ္းလွမ္းခ့ဲေပမယ့္ ဖီအုိရင္တီးနား အသင္းကေတာ့ သူတို႔ရဲ႕ ကစားသမား အတြက္ ေျပာင္းေရႊ႕ေၾကး အနည္းဆံုး ယူရုိ သန္း (၅၀) အလိုိ ရွိေနပါတယ္။

ေဒါ့မြန္ အသင္းဟာ လီဗာပူး အသင္းရဲ႕ ဆယ္ေက်ာ္သက္ လူငယ္ ကစားသမားေလး ေဘာ္ဘီ ဒန္ကန္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သိရွိ ရပါတယ္။ ဂ်ာရတ္ရဲ႕ တစ္ဝမ္းကြဲ ညီ ျဖစ္တ့ဲ ဒန္ကန္ဟာ လီဗာပူး အသင္း နဲ႔ ေနာက္ထပ္ ႏွစ္ႏွစ္ စာခ်ဳပ္ သက္တမ္း က်န္ရွိေနၿပီး ေဒါ့မြန္ အသင္းကေတာ့ လက္ရွိ ေႏြရာသီ အေျပာင္း အေရႊ႕မွာပဲ ဒန္ကန္ကုိ ေခၚယူဖုိ႔ ျပင္ဆင္ ေနတာလည္း ျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ အက္သလက္တီကို အသင္းရဲ႕ ကစားသမား ဂရစ္ဇ္မန္းကို ေခၚယူႏုိင္ေၾကာင္း ေသာၾကာေန႔ (ဒီေန႔) မွာ တရားဝင္ ေၾကညာမွာ ျဖစ္ေၾကာင္း သိရွိ ရပါတယ္။ ဂရစ္ဇ္မန္းဟာ ဘာစီလိုနာ အသင္းကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရရွိထားၿပီး ကလပ္ ႏွစ္သင္း အၾကား ေဆြးေႏြး ညွိႏိႈင္းမႈမ်ား ၾကန္႔ၾကာေနခ့ဲတာေၾကာင့္ လက္ရွိ အခ်ိန္ အထိ တရားဝင္ မေၾကညာခ့ဲတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ ေဒါ့မြန္ အသင္းရဲ႕ ေနာက္ခံလူ တုိလီဂ်န္ဟာ အီတလီ စီးရီးေအ ကလပ္ ဆာဆူအုိလို အသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕ သြားခ့ဲၿပီလို႔ သိရွိ ရပါတယ္။ တိုလီဂ်န္ အေနနဲ႔ ၿပီးခ့ဲတ့ဲ ရာသီက နည္းျပ ေဖဘီယန္ဗာရဲ႕ လက္ေအာက္မွာ လိဂ္ပြဲ တစ္ပြဲမွ ကစားခြင့္ မရရွိခ့ဲဘဲ ဒုတိယ ရာသီဝက္မွာေတာ့ စေကာ့တလန္ ကလပ္ ဆဲလ္တစ္ အသင္းမွာ အငွားနဲ႔ သြားကစားခ့ဲပါတယ္။

Unicode

ဂျူဗင်တပ်စ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ခီဒီရာဟာ တူရကီ ကလပ် ဖီနာဘာချီ အသင်းရဲ့ ကမ်းလှမ်းမှုကို စဉ်းစား နေကြောင်း သိရှိ ရပါတယ်။ ရမ်ဆေး၊ ရာဘီယူတို့ ရောက်လာပြီး နောက်ပိုင်း ပုံမှန် ပွဲထွက်ခွင့် အတွက် မသေချာတော့တဲ့နောက် ခီဒီရာ အနေနဲ့ အခုလိုပဲ အသင်းက ထွက်ခွာဖို့ စဉ်းစား လာတာ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဝက်စ်ဘရွန်း အသင်းရဲ့ လူငယ် ကစားသမား ဖြစ်သူ လူးဝစ်ဘာရီကို အပြောင်း အရွှေ့ အပြီးမသတ်ခင်မှာပဲ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့တဲ့ အပေါ် ဝက်စ်ဘရွန်း အသင်းက စိတ်ပျက်လျက် ရှိကြောင်း သိရှိ ရပါတယ်။ အသက် (၁၆) နှစ် အရွယ် အဆိုပါ ကစားသမားဟာ လက်ရှိ အချိန် အထိ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခွင့် မရရှိသေးဘဲ အပြောင်း အရွှေ့ နဲ့ ပတ်သက်တဲ့ စာရွက် စာတမ်း ကိစ္စတွေ အပြီးမသတ်ခင်မှာပဲ ဘာစီလိုနာ အသင်းက အခုလိုပဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။

PSG အသင်းဟာ အီတလီ ကလပ် ဘရက်စီယာ အသင်းရဲ့ ကွင်းလယ် ကစားသမား ဆန်ဒရို တိုနယ်လီကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သိရှိ ရပါတယ်။ ပီယာလို လက်သစ်ဟု နာမည်ကြီးနေတဲ့ အဆိုပါ ကစားသမားကို တရားဝင် ကမ်းလှမ်းရခြင်း မရှိသေးပေမယ့် PSG အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ လီယိုနာဒိုက ကစားသမားရဲ့ အေးဂျင့် ဖြစ်သူနဲ့ ဆက်သွယ်မှုများ ရှိနေကြောင်း သိရှိ ရပါတယ်။

ဒါ့အပြင် PSG အသင်း အနေနဲ့ ညာနောက်ခံလူ သောမတ်စ် မူနီယာကို စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုများ ပြန်လည် ပြုလုပ် နေပြီ ဖြစ်ပါတယ်။ အဆိုပါ ကစားသမားကို ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ်၊ အဲဗာတန် အသင်းတို့က စိတ်ဝင်စားလျက် ရှိပြီး လက်ရှိ အချိန်မှာတော့ မူနီယာကလည်း အသင်းမှာ ဆက်နေဖို့ ပြင်ဆင် နေပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်။

ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ဇစ်ပ် အသင်းဟာ အဲဗာတန် အသင်းရဲ့ ကစားသမားဖြစ်သူ လွတ်ခ်မန်းကို လက်ရှိ နွေရာသီ အပြောင်း အရွှေ့မှာ အပြီးသတ် ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း သိရှိ ရပါတယ်။ အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ဘောလုံး ရာသီဝက်ရဲ့ ဒုတိယ ရာသီဝက်မှာ လိုက်ဇစ်ပ် အသင်းကို အငှားနဲ့ သွားကစားခဲ့ဖူးပြီး အသင်း အတွက် (၁၁) ပွဲ ကစားပေးခဲ့ရာမှာ (၅) ဂိုးသွင်းယူ ပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက် အသင်းဟာ ဖီအိုရင်တီးနား အသင်းရဲ့ နောက်ခံလူ နီကိုလာ မီလင်ကိုဗစ်ကို ခေါ်ယူဖို့ အတွက် ချဉ်းကပ်လျက် ရှိကြောင်း သိရှိ ရပါတယ်။ အသက် (၂၁) နှစ် အရွယ် အဆိုပါ နောက်ခံလူကို ခေါ်ယူဖို့ ယူနိုက်တက် အသင်းက ယူရို သန်း (၄၀) နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဖီအိုရင်တီးနား အသင်းကတော့ သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရို သန်း (၅၀) အလို ရှိနေပါတယ်။

ဒေါ့မွန် အသင်းဟာ လီဗာပူး အသင်းရဲ့ ဆယ်ကျော်သက် လူငယ် ကစားသမားလေး ဘော်ဘီ ဒန်ကန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိ ရပါတယ်။ ဂျာရတ်ရဲ့ တစ်ဝမ်းကွဲ ညီ ဖြစ်တဲ့ ဒန်ကန်ဟာ လီဗာပူး အသင်း နဲ့ နောက်ထပ် နှစ်နှစ် စာချုပ် သက်တမ်း ကျန်ရှိနေပြီး ဒေါ့မွန် အသင်းကတော့ လက်ရှိ နွေရာသီ အပြောင်း အရွှေ့မှာပဲ ဒန်ကန်ကို ခေါ်ယူဖို့ ပြင်ဆင် နေတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ အက်သလက်တီကို အသင်းရဲ့ ကစားသမား ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ကြောင်း သောကြာနေ့ (ဒီနေ့) မှာ တရားဝင် ကြေညာမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး ကလပ် နှစ်သင်း အကြား ဆွေးနွေး ညှိနှိုင်းမှုများ ကြန့်ကြာနေခဲ့တာကြောင့် လက်ရှိ အချိန် အထိ တရားဝင် မကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ့မွန် အသင်းရဲ့ နောက်ခံလူ တိုလီဂျန်ဟာ အီတလီ စီးရီးအေ ကလပ် ဆာဆူအိုလို အသင်းကို အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့ပြီလို့ သိရှိ ရပါတယ်။ တိုလီဂျန် အနေနဲ့ ပြီးခဲ့တဲ့ ရာသီက နည်းပြ ဖေဘီယန်ဗာရဲ့ လက်အောက်မှာ လိဂ်ပွဲ တစ်ပွဲမှ ကစားခွင့် မရရှိခဲ့ဘဲ ဒုတိယ ရာသီဝက်မှာတော့ စကော့တလန် ကလပ် ဆဲလ်တစ် အသင်းမှာ အငှားနဲ့ သွားကစားခဲ့ပါတယ်။