အဆန္စီယိုကို လုိခ်င္ရင္ မာေနးကို ျပန္ေပးကိုေပးရမယ္လို႔ သတိေပးလုိက္တ့ဲ ရီးရဲယ္မက္ဒရစ္

လီဗာပူး အသင္း အေနနဲ႔ အဆန္စီယိုကို လိုခ်င္ပါက အသင္းရဲ႕ ေတာင္ပံ ကစားသမား ျဖစ္သူ မာေနးကို ျပန္လည္ ေပးဆပ္ရမယ္လုိ႔ ရီးရဲယ္မက္ဒရစ္ အသင္းက သတိေပးလိုက္ေၾကာင္း သိရွိ ရပါတယ္။ လီဗာပူး အသင္းဟာ ရီးရဲယ္မက္ဒရစ္ အသင္းမွာ အနာဂတ္ မတည္မၿငိမ္ ျဖစ္ေနတ့ဲ အဆန္စီယို အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၆၇) သန္းနဲ႔ ကမ္းလွမ္း သြားမယ္လုိ႔ သတင္းမ်ား ထြက္ေပၚလာၿပီးေနာက္ ရီးရဲယ္မက္ဒရစ္ အသင္းက အခုလုိပဲ လီဗာပူး အသင္းထံ သတိေပးထားတာလည္း ျဖစ္ပါတယ္။

အဆန္စီယုိဟာ ၿပီးခ့ဲတ့ဲ ေဘာလံုး ရာသီမွာ အသင္း အတြက္ လိဂ္ပြဲ (၁၉) ပြဲသာ ကစားခြင့္ ရရွိခ့ဲၿပီး ရီးရဲယ္မက္ဒရစ္ အသင္း အေနနဲ႔ အဆန္ စီယို အတြက္ သင့္ေတာ္တ့ဲ ကမ္းလွမ္းမႈသာ ရရွိခ့ဲပါက ေရာင္းခ် သြားဖုိ႔ ျပင္ဆင္ ထားေၾကာင္း သိရွိ ရပါတယ္။ ဒါေပမယ့္ လီဗာပူး အသင္းက စိတ္ဝင္စားလာတ့ဲ ေနာက္မွာေတာ့ ရီးရဲယ္မက္ဒရစ္ အသင္းက အဆန္စီယို အတြက္ ေျပာင္းေရႊ႕ေၾကး သီးသန္႔ျဖင့္ လက္လႊတ္ သြားမွာ မဟုတ္ဘဲ မာေနးကုိ အေျပာင္း အေရႊ႕ မွာ ေသခ်ာေပါက္ ထည့္သြင္းရမယ္လို႔ အသိေပးထာားေၾကာင္း သိရိွိရပါတယ္။

ဒါေပမယ့္ လီဗာပူး အသင္း အေနနဲ႔ အဆုိပါ အေျပာင္းအေရႊ႕ကိုေတာ့ လက္ခံဖြယ္ မရွိဘဲ ၿပီးခ့ဲတ့ဲ ရာသီမွာ အသင္း အတြက္ အေကာင္းဆံုး ေျခစြမ္းျပ ကစားၿပီး ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆု ရယူႏုိင္ခ့ဲတ့ဲ မာေနးကုိ လက္လႊတ္ဖို႔ စိတ္ကူး မရွိတာလည္း ျဖစ္ပါတယ္။ ရီးရဲယ္မက္ဒရစ္ အသင္း အေနနဲ႔ကလည္း မာေနးကို အခုမွ စိတ္ဝင္စားခ့ဲတာ မဟုတ္ဘဲ ၿပီးခ့ဲတ့ဲ (၂၀၁၇-၁၈) ခုႏွစ္ ေဘာလံုး ရာသီ ၿပီးဆံုးခ်ိန္တည္းက စိတ္ဝင္စားခ့ဲတာ ျဖစ္ပါတယ္။

ရီးရဲယ္မက္ဒရစ္ အသင္းရဲ႕ နည္းျပ ဇီဒန္းဟာ မာေနးရဲ႕ ပရိသတ္ တစ္ေယာက္ ျဖစ္ၿပီး မာေနးကို ေခၚယူဖို႔ ေဆြးေႏြးမႈမ်ား စတင္ ျပဳလုပ္ေနခ်ိန္ ေရာက္မွ ဇီဒန္း တစ္ေယာက္ ရာထူးကေန ရုတ္တရက္ ႏႈတ္ထြက္ သြားခ့ဲတာေၾကာင့္ မာေနးနဲ႔ ရီးရဲယ္မက္ဒရစ္ အသင္းတို႔ရဲ႕ အေျပာင္း အေရႊ႕က ရပ္တန္႔ခ့ဲရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိ အခ်ိန္မွာေတာ့ ဇီဒန္း အသင္းကို ျပန္လည္ ကိုင္တြယ္ ျဖစ္ခ့ဲျခင္း နဲ႔ အတူ ရီးရဲယ္မက္ဒရစ္ကလည္း မာေနးကုိ ျပန္လည္ စိတ္ဝင္စားလာခ့ဲတာ ျဖစ္ၿပီး လီဗာပူး အသင္း အလို ရွိေနတ့ဲ အဆန္စီယုိကို လက္လႊတ္ခ့ဲရပါက မာေနးကုိ ျပန္လည္ အရ ေခၚယူဖုိ႔ ႀကံစည္ေနတာလည္း ျဖစ္ပါတယ္။

Unicode

လီဗာပူး အသင်း အနေနဲ့ အဆန်စီယိုကို လိုချင်ပါက အသင်းရဲ့ တောင်ပံ ကစားသမား ဖြစ်သူ မာနေးကို ပြန်လည် ပေးဆပ်ရမယ်လို့ ရီးရဲယ်မက်ဒရစ် အသင်းက သတိပေးလိုက်ကြောင်း သိရှိ ရပါတယ်။ လီဗာပူး အသင်းဟာ ရီးရဲယ်မက်ဒရစ် အသင်းမှာ အနာဂတ် မတည်မငြိမ် ဖြစ်နေတဲ့ အဆန်စီယို အတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၇) သန်းနဲ့ ကမ်းလှမ်း သွားမယ်လို့ သတင်းများ ထွက်ပေါ်လာပြီးနောက် ရီးရဲယ်မက်ဒရစ် အသင်းက အခုလိုပဲ လီဗာပူး အသင်းထံ သတိပေးထားတာလည်း ဖြစ်ပါတယ်။

အဆန်စီယိုဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ အသင်း အတွက် လိဂ်ပွဲ (၁၉) ပွဲသာ ကစားခွင့် ရရှိခဲ့ပြီး ရီးရဲယ်မက်ဒရစ် အသင်း အနေနဲ့ အဆန် စီယို အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရရှိခဲ့ပါက ရောင်းချ သွားဖို့ ပြင်ဆင် ထားကြောင်း သိရှိ ရပါတယ်။ ဒါပေမယ့် လီဗာပူး အသင်းက စိတ်ဝင်စားလာတဲ့ နောက်မှာတော့ ရီးရဲယ်မက်ဒရစ် အသင်းက အဆန်စီယို အတွက် ပြောင်းရွှေ့ကြေး သီးသန့်ဖြင့် လက်လွှတ် သွားမှာ မဟုတ်ဘဲ မာနေးကို အပြောင်း အရွှေ့ မှာ သေချာပေါက် ထည့်သွင်းရမယ်လို့ အသိပေးထာားကြောင်း သိရှိရပါတယ်။

ဒါပေမယ့် လီဗာပူး အသင်း အနေနဲ့ အဆိုပါ အပြောင်းအရွှေ့ကိုတော့ လက်ခံဖွယ် မရှိဘဲ ပြီးခဲ့တဲ့ ရာသီမှာ အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ရယူနိုင်ခဲ့တဲ့ မာနေးကို လက်လွှတ်ဖို့ စိတ်ကူး မရှိတာလည်း ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ် အသင်း အနေနဲ့ကလည်း မာနေးကို အခုမှ စိတ်ဝင်စားခဲ့တာ မဟုတ်ဘဲ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ခုနှစ် ဘောလုံး ရာသီ ပြီးဆုံးချိန်တည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ် အသင်းရဲ့ နည်းပြ ဇီဒန်းဟာ မာနေးရဲ့ ပရိသတ် တစ်ယောက် ဖြစ်ပြီး မာနေးကို ခေါ်ယူဖို့ ဆွေးနွေးမှုများ စတင် ပြုလုပ်နေချိန် ရောက်မှ ဇီဒန်း တစ်ယောက် ရာထူးကနေ ရုတ်တရက် နှုတ်ထွက် သွားခဲ့တာကြောင့် မာနေးနဲ့ ရီးရဲယ်မက်ဒရစ် အသင်းတို့ရဲ့ အပြောင်း အရွှေ့က ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ဇီဒန်း အသင်းကို ပြန်လည် ကိုင်တွယ် ဖြစ်ခဲ့ခြင်း နဲ့ အတူ ရီးရဲယ်မက်ဒရစ်ကလည်း မာနေးကို ပြန်လည် စိတ်ဝင်စားလာခဲ့တာ ဖြစ်ပြီး လီဗာပူး အသင်း အလို ရှိနေတဲ့ အဆန်စီယိုကို လက်လွှတ်ခဲ့ရပါက မာနေးကို ပြန်လည် အရ ခေါ်ယူဖို့ ကြံစည်နေတာလည်း ဖြစ်ပါတယ်။